သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

RCSS စစ္သားအတင္းစုေဆာင္းလို႔ ေဒသခံမ်ားစိုးရိမ္


RCSS စစ္သားမ်ား

(Zawgyi/Unicode)

ရွမ္းျပည္ေျမာက္ပုိင္း၊ ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ ေဒသခံအမ်ိဳးသားေတြကုိ RCSS ဘက္က ဖမ္းဆီးေခၚေဆာင္တာေတြ ဒီလထဲမွာ ခပ္စိတ္စိတ္ျဖစ္လာတယ္လုိ႔ ေခၚေဆာင္ခံရသူ မိသားစုဝင္ေတြက ေျပာပါတယ္။ အခုလို ေခၚေဆာင္ခံရသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ေက်ာင္းေနအရြယ္ လူငယ္ေတြ ပါေနတာေၾကာင့္ မိသားစုဝင္ေတြက စုိးရိမ္ေနၾကတာပါ။ ဒါနဲ႔ပတ္သက္ၿပီး RCSS ဘက္ကေတာ့ ဒီအေတာအတြင္း တပ္သားသစ္စုေဆာင္းတာ မရွိဘူးလို႔ ဆုိပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္း ေပးပို႔ထားပါတယ္။

ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕က ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာရွိတဲ့ အမ်ိဳးသားေတြကုိ တပ္သားသစ္စုေဆာင္းတဲ့အေနနဲ႔ ဖမ္းဆီးတာေတြလုပ္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၁၈ရက္ေန႔တုန္းကလည္း မုိင္းတင္းေက်းရြာအုပ္စုထဲက အမ်ိဳးသား ၃၅ေယာက္ကုိ ေက်းရြာဥကၠ႒ကိုယ္တုိင္က RCSS ကသတ္မွတ္ထားတဲ့ ေနရာကို သြားေရာက္ပုိ႔ေဆာင္ေပးခဲ့ရတယ္လို႔ သူတုိ႔ရဲ႕မိသားစုဝင္ေတြက အတည္ျပဳေျပာဆုိထားပါတယ္။

တပ္သားသစ္စုေဆာင္းတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး RCSS ျပန္ၾကားေရးတာဝန္ခံ ဒုဗိုလ္မွဴးႀကီး စုိင္းဦးကေတာ့ အထက္က ညႊန္ၾကားထားတာ မရွိဘူးလို႔ ဆုိပါတယ္။

“ဒီအေတာ တြင္းေတြမွာ တပ္သားသစ္စုတာတို႔ ဆိုတာေတာ့ က်ေတာ္တို႔က အထက္ကညႊန္ၾကားခ်က္ေတာ့ မရွိပါဘူး။ တပ္ကလႈပ္ရွားမႈေတြက တပ္အပုိင္းနဲ႔ပဲ ဆုိင္တယ္ေပါ့ေနာ္။ က်ေတာ္တို႔ဆီကေတာ့ ဒီလႈပ္ရွားမႈေတြ ဒီလိုအေျခအေနရွိတယ္ဆိုတာ ဝင္တာေတာ့ မရွိဘူးေပါ့။ က်ေတာ္တို႔ ဆက္ဆံေရးရံုး အေနနဲ႔။”

RCSS အဖြဲ႕က တပ္သားအေနနဲ႔ေခၚယူ စုေဆာင္းတာေတြဟာ မၾကာခဏရွိေနၿပီး ေက်ာက္မဲနဲ႔ ၁၅မုိင္ေဝးတဲ့ ေနာင္ပိန္ရြာထဲမွာလည္း အခုရက္ပုိင္းတြင္း ေခၚေဆာင္ခံရသူ ၁၅ဦးရွိတယ္လုိ႔ ေဒသခံေတြက ဆုိပါတယ္။

မိသားစုဝင္ေတြ ေနအိမ္မွာမရွိခ်ိန္ ေပ်ာက္ဆံုးသြားတဲ့ သားျဖစ္သူကို တပ္သားသစ္ စုေဆာင္းတဲ့အဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတာလို႔အမည္မေဖာ္လိုသူ မိသားစုဝင္တဦးက ေျပာပါတယ္။

ေခၚေဆာင္ခံရသူေတြထဲမွာ တခ်ိဳ႕ကုိမိသားစုဝင္ေတြနဲ႔ ေတြ႕ဆံုခြင့္ေပးခဲ့ေပမယ့္ ျပန္လႊတ္ေပးတာမ်ိဳးေတာ့ မရွိခဲ့ပါဘူး။ ေခၚေဆာင္ဖို႔ ေရာက္လာတဲ့ တပ္သားေတြကေတာ့ လူငယ္ေတြကုိ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးအတြက္ သင္တန္းေပးဖုိ႔ ေခၚေဆာင္တာလို႔ ဆိုပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္၊ အမွတ္ ၁၊ ျပည္နယ္လႊတ္ေတာ္ ကုိယ္စားလွယ္ စုိင္းထြန္းဥာဏ္က ေဒသခံေတြကုိ RCSS ဘက္က ေခၚယူေနတယ္ဆုိတာ တဆင့္ၾကားသိရတာသာျဖစ္ၿပီး၊ ဒီကိစၥကို လာေရာက္ တုိင္ၾကားတာမ်ိဳး မရွိေသးဘူးလို႔ ဆုိပါတယ္။

“တရားဝင္တပ္သား စုေဆာင္းတယ္ဆုိတဲ့ ေခါင္းစဥ္နဲ႔ သူတို႔လာတာေတာ့ တခါမွမရွိဘူးဗ်။ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္သူကို သူတို႔ဖမ္းဆီးၿပီးေတာ့မွ သင္တန္းေပးတာတုိ႔၊ ၿပီးေတာ့ ဒီလူငယ္ေတြကုိ မူးယစ္ေဆးဝါး တုိက္ဖ်က္တဲ့အဖြဲ႕ ဖြဲ႕စည္းေပးတာတို႔ အဲလိုမ်ိဳးေတာ့ ရွိတယ္ဗ်။”

ေက်ာက္မဲၿမိဳ႕နယ္ထဲက ေက်းရြာေတြမွာ အခုလထဲ RCSS ဘက္က လူငယ္ေတြကုိ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးအတြက္ သင္တန္းေပးဖို႔ ေခၚေဆာင္တာလို႔ ေျပာဆုိေပမယ့္ အဲဒီထဲမွာ အသက္မျပည့္ေသးတဲ့ လူငယ္ေတြပါေနတာေၾကာင့္ သူတို႔ရဲ႕မိသားစုဝင္ေတြကေတာ့ တပ္သားသစ္စုေဆာင္းတဲ့အထဲ ထည့္လိုက္မွာကို စုိးရိမ္ေနၾကတယ္လုိ႔ အမည္မေဖာ္လုိတဲ့ ေနာက္ထပ္ မိသားစုဝင္တဦးက ေျပာပါတယ္။

ရွမ္းျပည္ျပန္လည္ ထူေထာင္ေရးေကာင္စီ RCSS အဖြဲ႕ဟာ တႏုိင္ငံလံုးပစ္ခတ္ တုိက္ခိုက္မႈ ရပ္စဲေရး NCA ကို ၂၀၁၅ ေအာက္တုိဘာလတုန္းက ေရးထုိးခဲ့ၿပီး၊ အဲဒီေနာက္မွာပဲ တပ္မေတာ္နဲ႔ တုိက္ပြဲ ၅၂ႀကိမ္ ျဖစ္ပြားခဲ့တယ္လို႔ မေန႔ကျပဳလုပ္တဲ့ RCSS ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

RCSS စစ်သားအတင်းစုဆောင်းလို့ ဒေသခံများစိုးရိမ်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ ဒေသခံအမျိုးသားတွေကို RCSS ဘက်က ဖမ်းဆီးခေါ်ဆောင်တာတွေ ဒီလထဲမှာ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့ ခေါ်ဆောင်ခံရသူ မိသားစုဝင်တွေက ပြောပါတယ်။ အခုလို ခေါ်ဆောင်ခံရသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကျောင်းနေအရွယ် လူငယ်တွေ ပါနေတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။ ဒါနဲ့ပတ်သက်ပြီး RCSS ဘက်ကတော့ ဒီအတောအတွင်း တပ်သားသစ်စုဆောင်းတာ မရှိဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာရှိတဲ့ အမျိုးသားတွေကို တပ်သားသစ်စုဆောင်းတဲ့အနေနဲ့ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၁၈ရက်နေ့တုန်းကလည်း မိုင်းတင်းကျေးရွာအုပ်စုထဲက အမျိုးသား ၃၅ယောက်ကို ကျေးရွာဥက္ကဋ္ဌကိုယ်တိုင်က RCSS ကသတ်မှတ်ထားတဲ့ နေရာကို သွားရောက်ပို့ဆောင်ပေးခဲ့ရတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက အတည်ပြုပြောဆိုထားပါတယ်။

တပ်သားသစ်စုဆောင်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး RCSS ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးကတော့ အထက်က ညွှန်ကြားထားတာ မရှိဘူးလို့ ဆိုပါတယ်။

“ဒီအတော တွင်းတွေမှာ တပ်သားသစ်စုတာတို့ ဆိုတာတော့ ကျတော်တို့က အထက်ကညွှန်ကြားချက်တော့ မရှိပါဘူး။ တပ်ကလှုပ်ရှားမှုတွေက တပ်အပိုင်းနဲ့ပဲ ဆိုင်တယ်ပေါ့နော်။ ကျတော်တို့ဆီကတော့ ဒီလှုပ်ရှားမှုတွေ ဒီလိုအခြေအနေရှိတယ်ဆိုတာ ဝင်တာတော့ မရှိဘူးပေါ့။ ကျတော်တို့ ဆက်ဆံရေးရုံး အနေနဲ့။”

RCSS အဖွဲ့က တပ်သားအနေနဲ့ခေါ်ယူ စုဆောင်းတာတွေဟာ မကြာခဏရှိနေပြီး ကျောက်မဲနဲ့ ၁၅မိုင်ဝေးတဲ့ နောင်ပိန်ရွာထဲမှာလည်း အခုရက်ပိုင်းတွင်း ခေါ်ဆောင်ခံရသူ ၁၅ဦးရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မိသားစုဝင်တွေ နေအိမ်မှာမရှိချိန် ပျောက်ဆုံးသွားတဲ့ သားဖြစ်သူကို တပ်သားသစ် စုဆောင်းတဲ့အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာလို့အမည်မဖော်လိုသူ မိသားစုဝင်တဦးက ပြောပါတယ်။

ခေါ်ဆောင်ခံရသူတွေထဲမှာ တချို့ကိုမိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပေမယ့် ပြန်လွှတ်ပေးတာမျိုးတော့ မရှိခဲ့ပါဘူး။ ခေါ်ဆောင်ဖို့ ရောက်လာတဲ့ တပ်သားတွေကတော့ လူငယ်တွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သင်တန်းပေးဖို့ ခေါ်ဆောင်တာလို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ်၊ အမှတ် ၁၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဒေသခံတွေကို RCSS ဘက်က ခေါ်ယူနေတယ်ဆိုတာ တဆင့်ကြားသိရတာသာဖြစ်ပြီး၊ ဒီကိစ္စကို လာရောက် တိုင်ကြားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“တရားဝင်တပ်သား စုဆောင်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့လာတာတော့ တခါမှမရှိဘူးဗျ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူကို သူတို့ဖမ်းဆီးပြီးတော့မှ သင်တန်းပေးတာတို့၊ ပြီးတော့ ဒီလူငယ်တွေကို မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အဖွဲ့ ဖွဲ့စည်းပေးတာတို့ အဲလိုမျိုးတော့ ရှိတယ်ဗျ။”

ကျောက်မဲမြို့နယ်ထဲက ကျေးရွာတွေမှာ အခုလထဲ RCSS ဘက်က လူငယ်တွေကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သင်တန်းပေးဖို့ ခေါ်ဆောင်တာလို့ ပြောဆိုပေမယ့် အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေပါနေတာကြောင့် သူတို့ရဲ့မိသားစုဝင်တွေကတော့ တပ်သားသစ်စုဆောင်းတဲ့အထဲ ထည့်လိုက်မှာကို စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ နောက်ထပ် မိသားစုဝင်တဦးက ပြောပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့ဟာ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး NCA ကို ၂၀၁၅ အောက်တိုဘာလတုန်းက ရေးထိုးခဲ့ပြီး၊ အဲဒီနောက်မှာပဲ တပ်မတော်နဲ့ တိုက်ပွဲ ၅၂ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ RCSS ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG