သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ေအာင္ျမင္ဖို႔လို


ျပည္ေထာင္စု Institute ဒါ႐ိုက္တာ ဦးခြန္စိုင္း
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံက ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြမွာ ဘုံလိုလားခ်က္ကို အေျခခံေဆြးေႏြးတာမ်ိဳးမဟုတ္ဘဲ တဘက္နဲ႔တဘက္ အေၾကာက္တရားအေပၚ အေျခခံေဆြးေႏြးေနၾကတဲ့အတြက္ မေအာင္မျမင္ ျဖစ္ရတယ္လို႔ ျပည္ေထာင္စု Institute က ဒါ႐ိုက္တာ ဦးခြန္စိုင္းက ေျပာပါတယ္။ ကိုေဇာ္ဝင္းလႈိင္ က ေတြ႔ဆုံေမးျမန္းထားပါတယ္။

ေမး ။ ။ ပထမဦးဆံုး က်ေနာ္ေမးခ်င္တာက အခုသြားေနတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြအေၾကာင္းပါ။ မၾကာေသးခင္ကပဲ က်ဳိင္းတံုေဆြးေႏြးမႈ လုပ္ခဲ့တယ္။ ေမွ်ာ္လင့္ထားသေလာက္ ေအာင္ျမင္မႈမရခဲ့ဘူးေပါ့။ ဆိုေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကလည္း လုပ္ခဲ့ၾကတာၾကာၿပီ။ ႏွစ္ေတြလည္းေတာ္ေတာ္ၾကာၿပီ။ အစိုးရႏွစ္ဆက္လည္း ေျပာင္းခဲ့ၿပီ။ ဆိုေတာ့ အတိုင္းအတာတခုအထိ အနည္းငယ္ေအာင္ျမင္မႈ ရတယ္လို႔ ေျပာလို႔ရႏိုင္တဲ့ အေနအထား ရိွသလားဆိုတာလဲ ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္။ ဆိုေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ေႏွာင့္ေႏွးၾကန္႔ၾကာေနတာ၊ မေအာင္မျမင္ ျဖစ္ေနရတာ ဘယ္ဟာေတြမွာမ်ား အေျခခံေနလို႔လဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ရဲ ႔ ၿငိမ္းခ်မ္းေရးကို ကိုယ္လိုလားတဲ့၊ အားလံုးလိုလားတဲ့ ဘံုရည္မွန္းခ်က္တရပ္အေပၚမွာ အေျခခံၿပီးေတာ့ ေဆြးေႏြးရမွာျဖစ္တယ္။ သို႔ေသာ္လဲပဲ က်ေနာ္တုိ႔ တကယ္တမ္း ေဆြးေႏြးတဲ့အခါၾကေတာ့ ကိုယ့္မွာရိွတဲ့ အေၾကာက္တရား၊ သူ႔မွာရိွတဲ့ အေၾကာက္တရား၊ အဲဒါေတြအေျခခံၿပီးေတာ့ ေဆြးေႏြးေနၾကတယ္။ အေၾကာက္တရား ရိွတဲ့အခါၾကေတာ့ သူ႔ကိုကိုယ္မယံု၊ ကိုယ့္ကိုယ္သူမယံုျဖစ္ကာ၊ လက္မွတ္ထိုးထားတဲ့ အဖြဲ႔ေတြပဲျဖစ္ျဖစ္၊ မထုိးထားတဲ့ အဖြဲ႔ေတြပဲျဖစ္ျဖစ္ ဒီဟာက ျပႆနာ ျဖစ္ေနတယ္။ အဲဒီလိုျဖစ္ေနေတာ့ ဒီကိစၥမွာ အေၾကာက္တရားျဖစ္တယ္ဆိုတာ EAO ေတြပဲ ျဖစ္တာ မဟုတ္ဘူး။ အစိုးရဘက္နဲ႔ တပ္မေတာ္ဘက္ကလည္း ျဖစ္ေနတယ္။ ႏွစ္ဘက္စလံုး ျဖစ္ေနေတာ့ ဒီဥစၥာကို က်ေနာ္တို႔ ဖယ္ရွားႏုိင္ဖိုိ႔လိုတယ္။

ဥပမာဆုိပါေတာ့ က်ဳိင္းတံု ဆိုလို႔ရိွရင္ သူတုိ႔ ျပႆနာ ျဖစ္ေနတာ ႏွစ္ရပ္ ျဖစ္တယ္။ တစ္ရပ္က ဘာလဲဆိုေတာ့ တပ္ေနရာ ခ်ထားေရး ျဖစ္တယ္။ AA က ရခိုင္မွာ မေနနဲ႔။ ေကအိုင္အိုနယ္ေျမကို ျပန္ပါ။ ဒီဥစၥာက ေကအိုင္အိုနယ္ေျမကို ျပန္မယ္ဆိုရင္ အဲဒါလက္ေတြ႔မက်ဘူးလို႔ အမ်ားကေျပာၾကတာေပါ့။ ဒီလိုဆိုလို႔ရိွရင္ ဗမာ့တပ္မေတာ္ကလဲ ဘန္ေကာက္မွာစၿပီးေတာ့ တည္ေထာင္ခဲ့ေတာ့ ဘန္ေကာက္ကို ျပန္ရမယ္ထင္တယ္လို႔ ေျပာတဲ့ဟာေတြ ရိွလာတယ္။ ရခိုင္တပ္မေတာ္ဟာ ရခိုင္မွာေနတယ္ဆိုတာဟာ သူကစကတည္းက အဲဒီမွာေနဖို႔ လုပ္လာခဲ့တာ။ ကိုယ့္ရဲ ႔စိုးရိမ္ခ်က္နဲ႔ သူကိုသြားၿပီးေတာ့ ဒီလိုလုပ္တယ္ဆိုလို႔ရိွရင္ သူကလည္း ျပန္ရမွာေၾကာက္တာေပါ့။ မျပန္ႏိုင္ဘူး။ ကိုယ္ကလည္း အတင္းျပန္ခိုင္းတယ္။ ဒီဥစၥာကို ဘယ္နည္းနဲ႔မွ မေျဖရွင္းႏိုင္ဘူးေပါ့။ ေနာက္တခုက ဘာလဲဆိုေတာ့ တရုတ္ပါေရး၊ မပါေရး။ ဝပါေရး၊ မပါေရး ကိစၥေတြလည္းရိွတယ္။ ဒါေတြလဲ အေၾကာက္တရားေၾကာင့္ ျဖစ္တာ။ မယံုလို႔ျဖစ္တာ။ အဓိကေတာ့ က်ေနာ္တုိ႔ တကယ္တမ္း ယံုၾကည္စိတ္ခ်တယ္ဆိုရင္ ဘယ္သူမွမပါလဲ ျဖစ္တယ္။ ဒါေပမဲ့ က်ေနာ္တုိ႔အခ်င္းခ်င္းရဲ ႔ ယံုၾကည္စိတ္ခ်မႈ မရိွလာတဲ့အခါ ဒါမ်ဳိးေတြ ျဖစ္လာတာေပါ့။

ေမး ။ ။ ျမန္မာအစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ တရုတ္နဲ႔ ဒီေလာက္ရင္းႏီွးၿပီးေတာ့ ထိေတြ႔ဆက္ဆံသြားလာေနၾကတာ ဒီၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမွာ တရုတ္က ေလ့လာသူအျဖစ္၊ ဒိုင္းလူႀကီးအျဖစ္ ဝင္ထိုင္ေပးမယ့္ကိစၥကိုိ စစ္တပ္ဘက္က လက္မခံဘူးဆိုတာ ထူးဆန္းေနသလို ျဖစ္မေနဘူးလား။

ေျဖ ။ ။ က်ေနာ္တို႔ ဗမာႏိုင္ငံအေရးက တရုတ္က အၿမဲတမ္းပါဝင္ပတ္သက္ခဲ့တယ္။ အေဟာင္းေတြကို သူတုိ႔ကလဲ မေမပဘူး။ ရွည္ရွည္ေဝးေဝး မၾကည့္နဲ႔ ၁၉၆၈ မွာဆိုရင္ ဗကပ ဝင္တုိက္လာေတာ့ သူတုိ႔ဆီမွာ တရုတ္ volunteers ေတြနဲ႔ အလံုးအရင္း ဝင္တိုက္ခဲ့တယ္။ အဲဒီကေန ၁၉၈၉ အထိ ျဖစ္လာခဲ့တယ္။ ဒီဥစၥာေတြကိုလဲ ဗမာ့တပ္မေတာ္က ေမ့ပံုမရဘူး။ ဒီကိစၥေတြကို ေမ့စရာ မလုိပါဘူး။ သို႔ေသာ္လဲ က်ေနာ္တုိ႔ သင္ခန္းစာ ယူၿပီး၊ ဘာေတြဆက္လုပ္ရင္ ေကာင္းမလဲ - တကယ္တမ္း ျဖစ္တာကေတာ့ EAO ေတြရဲ ႔ ေတာင္းဆိုခ်က္ေၾကာင့္ ျဖစ္တယ္။ EAO ေတြက တရုတ္ပါပါလို႔ ေျပာတာမဟုတ္ဘူး။ သို႔ေသာ္လဲပဲ ႏုိင္ငံျခားကလူေတြ US, UK တို႔ စသျဖင့္ေပါ့။

ေမး ။ ။ အခုန ဦးခြန္စိုင္းေျပာတဲ့ အေၾကာက္တရားကို ျပန္ေျပာမယ္ဆိုရင္ ရိုးရိုးရွင္းရွင္းေလး၊ သေဘာရိုးနဲ႔ ေဆြးေႏြးၾကမယ္ဆိုရင္ အဲဒီလို အေၾကာက္တရားလဲ ရိွစရာ မလိုဘူး။ တစ္ခံေနတဲ့ အေၾကာင္းအရာေတြလဲ ဘာမွရိွစရာ မလုိဘူး။ သေဘာက အေပးအယူ ႏွစ္ဘက္မွ်တေအာင္လုပ္ၿပီး ေဆြးေႏြးၾကမယ္ဆိုရင္ေတာ့ ျမန္ျမန္ဆန္ဆန္ ေျပလည္သြားစရာ ရိွတယ္လို႔ လူပိန္းေတြး ေတြးမယ္ဆိုရင္ေတာ့ ေတြးလို႔ရတာေပါ့။ ဒါေပမဲ့ ေစာေစာကေျပာသလို တရုတ္အပိုင္းနဲ႔ အႏုစိတ္ေတြ ပါလာေတာ့ အဲဒီမွာ တင္းခံေနၾကတာ ရခိုင္ေအေအကို ရခိုင္ျပည္နယ္ထဲမွာ ေနခြင့္ျပဳမလား၊ မျပဳဘူးလားဆိုတဲ့ ကိစၥရပ္ေတြက ေတာ္ေတာ္ရႈပ္ေထြးလာတယ္ဆိုေတာ့ ေျပာရရင္ေတာ့ ႏွစ္ဘက္စလံုးမွာ သေဘာရိုးခံနဲ႔ ဒီေဆြးေႏြးပြဲေတြကို ေဆြးေႏြးေနၾကတာ မဟုတ္ဘူးဆိုတဲ့ အျမင္မ်ဳိး ျဖစ္ႏုိင္သလား။

ေျဖ ။ ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ရိွရင္ အခုေလာေလာဆယ္မွာေတာ့ က်ေနာ္မွတ္မိတာ ရိွတယ္။ ၿပီးခဲ့တဲ့လတုန္းက ႏိုင္ငံျခားက ပုဂၢိဳလ္ႀကီးတေယာက္ - သူက တပ္မေတာ္နဲ႔လဲ ရင္းႏီွးတယ္။ သူက RCSS ဥကၠ႒ကို ေမးပါတယ္။ အခုလိပ္ခဲတင္းလဲ ျဖစ္ေနတဲ့ ကိစၥကို ေျဖရွင္းမယ္ဆိုရင္ ဘယ္လိုလုပ္ရင္ေကာင္းမလဲ - အဲဒီေတာ့ သူက အႀကံ (၃) ခ်က္ ေပးပါတယ္။ ဒါက စဥ္းစားစရာပါ။ (၁) ဗမာအစိုးရ တပ္မေတာ္အေနနဲ႔ တရုတ္ကိုလည္း ေဆြးေႏြးဖို႔လိုတယ္။ ဘယ္လိုလုပ္သင့္သလဲ။ (၂) ဒီအဖြဲ႔ေတြ အမ်ားစုက UWSA ကို မီွခိုေနတဲ့အတြက္ေၾကာင့္မို႔ UWSA ကိုလည္း ေဆြးေႏြးဖို႔သင့္တယ္။ (၃) ဒီအဖြဲ႔ေတြကို ေဆြးေႏြးဖို႔ဆိုရင္ အစိုးရ - တပ္မေတာ္တင္မကဘူး၊ အခုလက္မွတ္ထိုးထားတဲ့ EAO ေတြလည္း ပါဝင္သင့္တယ္။ အဲဒီလို အႀကံျပဳခဲ့တယ္။

ေမး ။ ။ ေျပာေနၾကတဲ့ မဟာမိတ္ေလးဖြဲ႔ တည္ရိွရာနယ္ေျမ ဒီရွမ္းျပည္နယ္အတြင္းမွာ အဲဒီေဒသ ရွမ္းျပည္နယ္အတြင္းမွာ တရုတ္နယ္စပ္ ရွမ္းျပည္နယ္အတြင္း အခုေနာက္ပိုင္း ထူးျခားတဲ့ျဖစ္စဥ္က ဘာလဲဆိုေတာ့ မူးယစ္ေဆးဝါးနဲ႔အသံ နည္းနည္းအသံျပန္ထြက္လာတာ ရိွတယ္။ အသံက ႏွစ္ကာလအတန္ၾကာ တိတ္သြားၿပီးေတာ့ မူးယစ္ေဆးဝါးကိစၥေတြ ျပန္ဖမ္းမိတာေတြ၊ ထုတ္တာေတြ၊ ျပန္ၿပီးေတာ့ နည္းနည္းအသံထြက္လာေတာ့ သတင္းေတြထဲမွာ ျပန္ေတြ႔ရေတာ့ ဒီကိစၥကေရာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ၊ ပထဝီအေနအထားေတြကို ဘယ္လိုအက်ဳိးသက္ေရာက္မႈ ရိွႏုိင္သလဲ။ တခ်ိန္တုန္းကေတာ့ မူးယစ္ေဆးဝါးနဲ႔ အေတာ္ေလးနာမည္ပ်က္ ရိွခဲ့တယ္။ အေတာ္ေလး ဆိုးဆိုးဝါးဝါး ျဖစ္ခဲ့တဲ့ေဒသျဖစ္ေတာ့ ခဏတိမ္သြားၿပီး၊ ျမဳပ္သြားၿပီးမွ အခုျပန္ေပၚလာတဲ့သေဘာမ်ား ျဖစ္ေနသလား။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ အေနအထားေတြကို ဘယ္လိုအက်ဳိးသက္ေရာက္မႈ ျဖစ္ႏိုင္သလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ ျပည္ေထာင္စုတရပ္လံုးအေနနဲ႔ေတာ့ မေျပာႏုိင္ဘူး။ ရွမ္းျပည္အေနနဲ႔ ေျပာမယ္ဆိုရင္ေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းက လားရိႈးမွာ ဘိန္းစိုက္ပ်ဳိးသူ ေတာင္သူမ်ားရဲ ႔ဖိုရိမ္ ဆိုၿပီးေတာ့ ေခၚတယ္။ Myanmar Opium Farmers' Forum ဆိုၿပီး အစည္းအေဝး လုပ္ၾကတယ္။ အဲဒီက ေၾကညာခ်က္မွာ ဘာေတြ႔ရသလဲဆိုေတာ့ က်ေနာ္တုိ႔ ရွမ္းျပည္နယ္မွာ မူးယစ္ေဆးဝါးျပႆနာနဲ႔ စစ္ေရးပဋိပကၡ ျဖစ္ေနတာကို ခြဲလို႔မရဘူး။ ေခါင္းနဲ႔ပန္းနဲ႔ ခြဲလို႔မရဘူး ျဖစ္ေနတယ္။ အဲဒီေတာ့ ဘယ္နည္းနဲ႔မဆို က်ေနာ္ျမင္တာကေတာ့ ဒီျပႆနာကို ေျဖရွင္းမယ္ဆိုရင္ အားလံုးဝိုင္းဝန္းၿပီးေတာ့ ေျဖရွင္းရလိမ့္မယ္။ အစိုးရႀကီးပဲ မေျဖရွင္းပါနဲ႔။ တပ္မေတာ္ပဲ မေျဖရွင္းပါနဲ႔။ EAO ေတြပဲ မေျဖရွင္းပါနဲ႔။ က်ေနာ္တို႔ အကုန္လံုး ဝိုင္းဝန္းေပါင္းၿပီးေတာ့ ေျဖရွင္းၾကရမယ္။ အဲဒီလို မလုပ္ဘဲနဲ႔ အရင္ကနည္းအတိုင္း ျပန္သြားမယ္ဆိုရင္ က်ေနာ္တို႔ ပိုဆိုးသြားမယ္။ အဲဒီအခ်ိန္မွာဆိုရင္ သူက အင္အားႀကီးႏိုင္ငံေတြ၊ ယဥ္ၿပိဳင္တဲ့ကိစၥေတြကလဲ ပါဝင္ထပ္ပါလာေတာ့မယ္။ တရုတ္ဘက္ကို လိုက္မယ္ဆိုရင္လဲ အေမရိကန္ဘက္က ႀကိဳက္မွာမဟုတ္ဘူး။ အေမရိကန္ဘက္လိုက္လဲ တရုတ္ဘက္က ႀကိဳက္မွာမဟုတ္ဘူး။ အဲဒီေတာ့ က်ေနာ္တုိ႔ ႏုိင္ငံက စစ္တလင္း ျဖစ္မယ္။ အဲဒီထဲမွာ အဆိုးဆံုးျဖစ္မွာက ရွမ္းျပည္နယ္ ျဖစ္မယ္။ ရွမ္းျပည္က ၁၉၄၉-၈၉ အထိ အလူးအလဲ ခံရၿပီးၿပီ။ ဒီဥစၥာကို က်ေနာ္တို႔ ထပ္မျဖစ္ခ်င္ေတာ့ဘူး။

ေမး ။ ။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြမွာလဲ မူးယစ္ေဆးဝါးကိစၥကို ေခါင္းစဥ္တခုအေနနဲ႔ ေဆြးေႏြးသင့္တယ္။

ေျဖ ။ ။ အခုေလာေလာဆယ္ေတာ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမွာ သူတို႔သေဘာတူညီခ်က္ အစိတ္အပိုင္းတစ္နဲ႔ အစိိတ္အပိုင္းႏွစ္ဆိုၿပီး အဲဒီအထဲမွာ ပါေတာ့ပါတယ္။ သို႔ေသာ္လဲ ထူးျခားခ်က္က တစ္ခုပဲ ရိွတယ္။ မူးယစ္ေဆးဝါးကိစၥမွာ အရင္ကလို မူးယစ္ေဆးဝါးသံုးစြဲတယ္ ဆိုလို႔ရိွရင္ ရာဇဝတ္သား မဟုတ္ဘဲနဲ႔ လူတဦးလိုပဲ အဲဒီလိုမ်ဳိးပဲ ဆက္ဆံဖို႔ အဲဒီေလာက္ နည္းနည္းတုိးတက္လာတာပဲ ရိွတယ္။ သို႔ေသာ္လဲပဲ ေျဖရွင္းဖို႔ကိစၥကို ဘယ္လိုကိုင္တြယ္ေျဖရွင္းမယ္ဆိုတာ မပါေသးဘူး။ ဒါေတြကို က်ေနာ္တို႔ ဆက္လုပ္ဖို႔ လုိပါတယ္။

ေမး ။ ။ အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

==Unicode==

မြန်မာနိုင်ငံက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ဘုံလိုလားချက်ကို အခြေခံဆွေးနွေးတာမျိုးမဟုတ်ဘဲ တဘက်နဲ့တဘက် အကြောက်တရားအပေါ် အခြေခံဆွေးနွေးနေကြတဲ့အတွက် မအောင်မမြင် ဖြစ်ရတယ်လို့ ပြည်ထောင်စု Institute က ဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါတယ်။ ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာက အခုသွားနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေအကြောင်းပါ။ မကြာသေးခင်ကပဲ ကျိုင်းတုံဆွေးနွေးမှု လုပ်ခဲ့တယ်။ မျှော်လင့်ထားသလောက် အောင်မြင်မှုမရခဲ့ဘူးပေါ့။ ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလည်း လုပ်ခဲ့ကြတာကြာပြီ။ နှစ်တွေလည်းတော်တော်ကြာပြီ။ အစိုးရနှစ်ဆက်လည်း ပြောင်းခဲ့ပြီ။ ဆိုတော့ အတိုင်းအတာတခုအထိ အနည်းငယ်အောင်မြင်မှု ရတယ်လို့ ပြောလို့ရနိုင်တဲ့ အနေအထား ရှိသလားဆိုတာလဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နှောင့်နှေးကြန့်ကြာနေတာ၊ မအောင်မမြင် ဖြစ်နေရတာ ဘယ်ဟာတွေမှာများ အခြေခံနေလို့လဲ။

ဖြေ ။ ။ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကို ကိုယ်လိုလားတဲ့၊ အားလုံးလိုလားတဲ့ ဘုံရည်မှန်းချက်တရပ်အပေါ်မှာ အခြေခံပြီးတော့ ဆွေးနွေးရမှာဖြစ်တယ်။ သို့သော်လဲပဲ ကျနော်တို့ တကယ်တမ်း ဆွေးနွေးတဲ့အခါကြတော့ ကိုယ့်မှာရှိတဲ့ အကြောက်တရား၊ သူ့မှာရှိတဲ့ အကြောက်တရား၊ အဲဒါတွေအခြေခံပြီးတော့ ဆွေးနွေးနေကြတယ်။ အကြောက်တရား ရှိတဲ့အခါကြတော့ သူ့ကိုကိုယ်မယုံ၊ ကိုယ့်ကိုယ်သူမယုံဖြစ်ကာ၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ်၊ မထိုးထားတဲ့ အဖွဲ့တွေပဲဖြစ်ဖြစ် ဒီဟာက ပြဿနာ ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတော့ ဒီကိစ္စမှာ အကြောက်တရားဖြစ်တယ်ဆိုတာ EAO တွေပဲ ဖြစ်တာ မဟုတ်ဘူး။ အစိုးရဘက်နဲ့ တပ်မတော်ဘက်ကလည်း ဖြစ်နေတယ်။ နှစ်ဘက်စလုံး ဖြစ်နေတော့ ဒီဥစ္စာကို ကျနော်တို့ ဖယ်ရှားနိုင်ဖို့လိုတယ်။

ဥပမာဆိုပါတော့ ကျိုင်းတုံ ဆိုလို့ရှိရင် သူတို့ ပြဿနာ ဖြစ်နေတာ နှစ်ရပ် ဖြစ်တယ်။ တစ်ရပ်က ဘာလဲဆိုတော့ တပ်နေရာ ချထားရေး ဖြစ်တယ်။ AA က ရခိုင်မှာ မနေနဲ့။ ကေအိုင်အိုနယ်မြေကို ပြန်ပါ။ ဒီဥစ္စာက ကေအိုင်အိုနယ်မြေကို ပြန်မယ်ဆိုရင် အဲဒါလက်တွေ့မကျဘူးလို့ အများကပြောကြတာပေါ့။ ဒီလိုဆိုလို့ရှိရင် ဗမာ့တပ်မတော်ကလဲ ဘန်ကောက်မှာစပြီးတော့ တည်ထောင်ခဲ့တော့ ဘန်ကောက်ကို ပြန်ရမယ်ထင်တယ်လို့ ပြောတဲ့ဟာတွေ ရှိလာတယ်။ ရခိုင်တပ်မတော်ဟာ ရခိုင်မှာနေတယ်ဆိုတာဟာ သူကစကတည်းက အဲဒီမှာနေဖို့ လုပ်လာခဲ့တာ။ ကိုယ့်ရဲ့စိုးရိမ်ချက်နဲ့ သူကိုသွားပြီးတော့ ဒီလိုလုပ်တယ်ဆိုလို့ရှိရင် သူကလည်း ပြန်ရမှာကြောက်တာပေါ့။ မပြန်နိုင်ဘူး။ ကိုယ်ကလည်း အတင်းပြန်ခိုင်းတယ်။ ဒီဥစ္စာကို ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူးပေါ့။ နောက်တခုက ဘာလဲဆိုတော့ တရုတ်ပါရေး၊ မပါရေး။ ဝပါရေး၊ မပါရေး ကိစ္စတွေလည်းရှိတယ်။ ဒါတွေလဲ အကြောက်တရားကြောင့် ဖြစ်တာ။ မယုံလို့ဖြစ်တာ။ အဓိကတော့ ကျနော်တို့ တကယ်တမ်း ယုံကြည်စိတ်ချတယ်ဆိုရင် ဘယ်သူမှမပါလဲ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့အချင်းချင်းရဲ့ ယုံကြည်စိတ်ချမှု မရှိလာတဲ့အခါ ဒါမျိုးတွေ ဖြစ်လာတာပေါ့။

မေး ။ ။ မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ တရုတ်နဲ့ ဒီလောက်ရင်းနှီးပြီးတော့ ထိတွေ့ဆက်ဆံသွားလာနေကြတာ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်က လေ့လာသူအဖြစ်၊ ဒိုင်းလူကြီးအဖြစ် ဝင်ထိုင်ပေးမယ့်ကိစ္စကို စစ်တပ်ဘက်က လက်မခံဘူးဆိုတာ ထူးဆန်းနေသလို ဖြစ်မနေဘူးလား။

ဖြေ ။ ။ ကျနော်တို့ ဗမာနိုင်ငံအရေးက တရုတ်က အမြဲတမ်းပါဝင်ပတ်သက်ခဲ့တယ်။ အဟောင်းတွေကို သူတို့ကလဲ မမေပဘူး။ ရှည်ရှည်ဝေးဝေး မကြည့်နဲ့ ၁၉၆၈ မှာဆိုရင် ဗကပ ဝင်တိုက်လာတော့ သူတို့ဆီမှာ တရုတ် volunteers တွေနဲ့ အလုံးအရင်း ဝင်တိုက်ခဲ့တယ်။ အဲဒီကနေ ၁၉၈၉ အထိ ဖြစ်လာခဲ့တယ်။ ဒီဥစ္စာတွေကိုလဲ ဗမာ့တပ်မတော်က မေ့ပုံမရဘူး။ ဒီကိစ္စတွေကို မေ့စရာ မလိုပါဘူး။ သို့သော်လဲ ကျနော်တို့ သင်ခန်းစာ ယူပြီး၊ ဘာတွေဆက်လုပ်ရင် ကောင်းမလဲ - တကယ်တမ်း ဖြစ်တာကတော့ EAO တွေရဲ့ တောင်းဆိုချက်ကြောင့် ဖြစ်တယ်။ EAO တွေက တရုတ်ပါပါလို့ ပြောတာမဟုတ်ဘူး။ သို့သော်လဲပဲ နိုင်ငံခြားကလူတွေ US, UK တို့ စသဖြင့်ပေါ့။

မေး ။ ။ အခုန ဦးခွန်စိုင်းပြောတဲ့ အကြောက်တရားကို ပြန်ပြောမယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေး၊ သဘောရိုးနဲ့ ဆွေးနွေးကြမယ်ဆိုရင် အဲဒီလို အကြောက်တရားလဲ ရှိစရာ မလိုဘူး။ တစ်ခံနေတဲ့ အကြောင်းအရာတွေလဲ ဘာမှရှိစရာ မလိုဘူး။ သဘောက အပေးအယူ နှစ်ဘက်မျှတအောင်လုပ်ပြီး ဆွေးနွေးကြမယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန် ပြေလည်သွားစရာ ရှိတယ်လို့ လူပိန်းတွေး တွေးမယ်ဆိုရင်တော့ တွေးလို့ရတာပေါ့။ ဒါပေမဲ့ စောစောကပြောသလို တရုတ်အပိုင်းနဲ့ အနုစိတ်တွေ ပါလာတော့ အဲဒီမှာ တင်းခံနေကြတာ ရခိုင်အေအေကို ရခိုင်ပြည်နယ်ထဲမှာ နေခွင့်ပြုမလား၊ မပြုဘူးလားဆိုတဲ့ ကိစ္စရပ်တွေက တော်တော်ရှုပ်ထွေးလာတယ်ဆိုတော့ ပြောရရင်တော့ နှစ်ဘက်စလုံးမှာ သဘောရိုးခံနဲ့ ဒီဆွေးနွေးပွဲတွေကို ဆွေးနွေးနေကြတာ မဟုတ်ဘူးဆိုတဲ့ အမြင်မျိုး ဖြစ်နိုင်သလား။

ဖြေ ။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် အခုလောလောဆယ်မှာတော့ ကျနော်မှတ်မိတာ ရှိတယ်။ ပြီးခဲ့တဲ့လတုန်းက နိုင်ငံခြားက ပုဂ္ဂိုလ်ကြီးတယောက် - သူက တပ်မတော်နဲ့လဲ ရင်းနှီးတယ်။ သူက RCSS ဥက္ကဋ္ဌကို မေးပါတယ်။ အခုလိပ်ခဲတင်းလဲ ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းမယ်ဆိုရင် ဘယ်လိုလုပ်ရင်ကောင်းမလဲ - အဲဒီတော့ သူက အကြံ (၃) ချက် ပေးပါတယ်။ ဒါက စဉ်းစားစရာပါ။ (၁) ဗမာအစိုးရ တပ်မတော်အနေနဲ့ တရုတ်ကိုလည်း ဆွေးနွေးဖို့လိုတယ်။ ဘယ်လိုလုပ်သင့်သလဲ။ (၂) ဒီအဖွဲ့တွေ အများစုက UWSA ကို မှီခိုနေတဲ့အတွက်ကြောင့်မို့ UWSA ကိုလည်း ဆွေးနွေးဖို့သင့်တယ်။ (၃) ဒီအဖွဲ့တွေကို ဆွေးနွေးဖို့ဆိုရင် အစိုးရ - တပ်မတော်တင်မကဘူး၊ အခုလက်မှတ်ထိုးထားတဲ့ EAO တွေလည်း ပါဝင်သင့်တယ်။ အဲဒီလို အကြံပြုခဲ့တယ်။

မေး ။ ။ ပြောနေကြတဲ့ မဟာမိတ်လေးဖွဲ့ တည်ရှိရာနယ်မြေ ဒီရှမ်းပြည်နယ်အတွင်းမှာ အဲဒီဒေသ ရှမ်းပြည်နယ်အတွင်းမှာ တရုတ်နယ်စပ် ရှမ်းပြည်နယ်အတွင်း အခုနောက်ပိုင်း ထူးခြားတဲ့ဖြစ်စဉ်က ဘာလဲဆိုတော့ မူးယစ်ဆေးဝါးနဲ့အသံ နည်းနည်းအသံပြန်ထွက်လာတာ ရှိတယ်။ အသံက နှစ်ကာလအတန်ကြာ တိတ်သွားပြီးတော့ မူးယစ်ဆေးဝါးကိစ္စတွေ ပြန်ဖမ်းမိတာတွေ၊ ထုတ်တာတွေ၊ ပြန်ပြီးတော့ နည်းနည်းအသံထွက်လာတော့ သတင်းတွေထဲမှာ ပြန်တွေ့ရတော့ ဒီကိစ္စကရော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ပထဝီအနေအထားတွေကို ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်သလဲ။ တချိန်တုန်းကတော့ မူးယစ်ဆေးဝါးနဲ့ အတော်လေးနာမည်ပျက် ရှိခဲ့တယ်။ အတော်လေး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ဒေသဖြစ်တော့ ခဏတိမ်သွားပြီး၊ မြုပ်သွားပြီးမှ အခုပြန်ပေါ်လာတဲ့သဘောများ ဖြစ်နေသလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အနေအထားတွေကို ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်နိုင်သလဲ။

ဖြေ ။ ။ ကျနော်တို့ ပြည်ထောင်စုတရပ်လုံးအနေနဲ့တော့ မပြောနိုင်ဘူး။ ရှမ်းပြည်အနေနဲ့ ပြောမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်တုန်းက လားရှိုးမှာ ဘိန်းစိုက်ပျိုးသူ တောင်သူများရဲ့ဖိုရိမ် ဆိုပြီးတော့ ခေါ်တယ်။ Myanmar Opium Farmers' Forum ဆိုပြီး အစည်းအဝေး လုပ်ကြတယ်။ အဲဒီက ကြေညာချက်မှာ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာနဲ့ စစ်ရေးပဋိပက္ခ ဖြစ်နေတာကို ခွဲလို့မရဘူး။ ခေါင်းနဲ့ပန်းနဲ့ ခွဲလို့မရဘူး ဖြစ်နေတယ်။ အဲဒီတော့ ဘယ်နည်းနဲ့မဆို ကျနော်မြင်တာကတော့ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် အားလုံးဝိုင်းဝန်းပြီးတော့ ဖြေရှင်းရလိမ့်မယ်။ အစိုးရကြီးပဲ မဖြေရှင်းပါနဲ့။ တပ်မတော်ပဲ မဖြေရှင်းပါနဲ့။ EAO တွေပဲ မဖြေရှင်းပါနဲ့။ ကျနော်တို့ အကုန်လုံး ဝိုင်းဝန်းပေါင်းပြီးတော့ ဖြေရှင်းကြရမယ်။ အဲဒီလို မလုပ်ဘဲနဲ့ အရင်ကနည်းအတိုင်း ပြန်သွားမယ်ဆိုရင် ကျနော်တို့ ပိုဆိုးသွားမယ်။ အဲဒီအချိန်မှာဆိုရင် သူက အင်အားကြီးနိုင်ငံတွေ၊ ယဉ်ပြိုင်တဲ့ကိစ္စတွေကလဲ ပါဝင်ထပ်ပါလာတော့မယ်။ တရုတ်ဘက်ကို လိုက်မယ်ဆိုရင်လဲ အမေရိကန်ဘက်က ကြိုက်မှာမဟုတ်ဘူး။ အမေရိကန်ဘက်လိုက်လဲ တရုတ်ဘက်က ကြိုက်မှာမဟုတ်ဘူး။ အဲဒီတော့ ကျနော်တို့ နိုင်ငံက စစ်တလင်း ဖြစ်မယ်။ အဲဒီထဲမှာ အဆိုးဆုံးဖြစ်မှာက ရှမ်းပြည်နယ် ဖြစ်မယ်။ ရှမ်းပြည်က ၁၉၄၉-၈၉ အထိ အလူးအလဲ ခံရပြီးပြီ။ ဒီဥစ္စာကို ကျနော်တို့ ထပ်မဖြစ်ချင်တော့ဘူး။

မေး ။ ။ အဲဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလဲ မူးယစ်ဆေးဝါးကိစ္စကို ခေါင်းစဉ်တခုအနေနဲ့ ဆွေးနွေးသင့်တယ်။

ဖြေ ။ ။ အခုလောလောဆယ်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ သူတို့သဘောတူညီချက် အစိတ်အပိုင်းတစ်နဲ့ အစိတ်အပိုင်းနှစ်ဆိုပြီး အဲဒီအထဲမှာ ပါတော့ပါတယ်။ သို့သော်လဲ ထူးခြားချက်က တစ်ခုပဲ ရှိတယ်။ မူးယစ်ဆေးဝါးကိစ္စမှာ အရင်ကလို မူးယစ်ဆေးဝါးသုံးစွဲတယ် ဆိုလို့ရှိရင် ရာဇဝတ်သား မဟုတ်ဘဲနဲ့ လူတဦးလိုပဲ အဲဒီလိုမျိုးပဲ ဆက်ဆံဖို့ အဲဒီလောက် နည်းနည်းတိုးတက်လာတာပဲ ရှိတယ်။ သို့သော်လဲပဲ ဖြေရှင်းဖို့ကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ မပါသေးဘူး။ ဒါတွေကို ကျနော်တို့ ဆက်လုပ်ဖို့ လိုပါတယ်။

မေး ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG