သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်း ကလေးငယ်တွေအတွက် ဆာမူထော်ကျောင်း


၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ ထိုင်းဘက် ထွက်ပြေးလာတဲ့ မိသားစုတွေ ပိုမို များပြားလာတာနဲ့အမျှ ပညာသင်အရွယ် ကလေးငယ်တွေအတွက် လိုအပ်ချက်တွေ ပိုများလာတယ်လို့ ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် ဆာမူထော် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေး က ပြောပါတယ်။

မြန်မာရွှေ့ပြောင်း ကလေးငယ်တွေအတွက် ဆာမူထော်ကျောင်း

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံထဲကနေ ထိုင်းဘက် ထွက်ပြေးလာတဲ့ မိသားစုတွေ ပိုမို များပြားလာတာနဲ့အမျှ ပညာသင်အရွယ် ကလေးငယ်တွေအတွက် လိုအပ်ချက်တွေ ပိုများလာတယ်လို့ ထိုင်း−မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် ဆာမူထော် ပညာသင်ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေး က ပြောပါတယ်။ ကျောင်းသူကျောင်းသားတွေ များလာတဲ့အပေါ် ထိုင်းအစိုးရက စိုးရိမ်ပြီး ကန့်သတ်လာတာ ရှိသလို၊ ဆရာ ဆရာမ မလုံလောက်တာ၊ ငှားရမ်းဖို့ ငွေကြေး မတတ်နိုင်တာ အပါအဝင် အခက်အခဲတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။ ဆာမူထော် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေးကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ခင်ဖြူထွေးက ဆက်သွယ်မေးမြန်း ထားပါတယ်။

အပိတ်။ ။ အခက်အခဲတွေကြား လည်ပတ်နေတဲ့ ဆာမူထော် စာသင်ကျောင်း အကြောင်း မခင်ဖြူထွေး မေးမြန်း တင်ပြခဲ့တာပါ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာအေး အနေနဲ့ မြန်မာ ရွှေ့ပြောင်းနဲ့ ဒုက္ခသည် ကလေးငယ်တွေ အတွက် ပညာရေးလုပ်ငန်းတွေမှာ ဘယ်အချိန်က စတင် ပါဝင်ခဲ့ပြီး ခုချိန်အထိ ဘာကြောင့် တစိုက်မတ်မတ် ဆက်လုပ် ဆောင်ရွက်နေသလဲ ဆိုတာတွေကိုတော့ နောက်သီတင်းပတ် အမျိုးသမီးကဏ္ဍမှာ စောင့်မျှော် နားဆင်ပါရှင်

Forum

XS
SM
MD
LG