သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DISP ပညာသင်ဆု ပြန်ရဖို့ ကျောင်းသူတွေ မျှော်လင့်


DISP ပညာသင်ဆု ပြန်ရဖို့ ကျောင်းသူတွေ မျှော်လင့်
please wait

No media source currently available

0:00 0:10:17 0:00

မြန်မာနိုင်ငံက ပညာရေးအခွင့်အလမ်း နည်းပါးသူတွေကို နိုင်ငံတကာ အဆင့်မြင့်ပညာ သင်ကြားခွင့် ရအောင် ကူညီထောက်ပံ့ပေးတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် DISP ပညာသင်ဆု ရပ်ဆိုင်းလိုက်တာက အမျိုးသမီးတွေအတွက် အများကြီး နစ်နာစေတယ်လို့ ဒီဆုနဲ့ ပညာသင်နေတဲ့ ကျောင်းသူတွေက ပြောပါတယ်။

DISP ပညာသင်ဆု ပြန်ရဖို့ အမျိုးသမီးကျောင်းသူတွေ မျှော်လင့်

မြန်မာနိုင်ငံက ပညာရေး အခွင့်အလမ်း နည်းပါးသူတွေကို နိုင်ငံတကာ အဆင့်မြင့်ပညာ သင်ကြားခွင့် ရအောင် ကူညီထောက်ပံ့ပေးတဲ့ မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့် DISP ပညာသင်ဆု ရပ်ဆိုင်းလိုက်တာက အမျိုးသမီးတွေအတွက် အများကြီး နစ်နာစေတယ်လို့ ဒီဆုနဲ့ ပညာသင်နေတဲ့ ကျောင်းသူတွေက ပြောပါတယ်။ အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြား အကူအညီတွေဟာ အမျိုးသားအကျိုးစီးပွားကိုဗဟိုပြုဖို့လိုသလို ဒီအကူအညီတွေ ထိရောက်မှု ရှိမရှိ ပြန်လည် စိစစ်မယ်လို့ ဆိုပြီး မြန်မာအပါအဝင် ကမ္ဘာတဝန်း ပေးနေတဲ့ အကူအညီတွေကို အမေရိကန်အစိုးရက ဇန်နဝါရီလကုန်မှာ ရပ်ဆိုင်းလိုက်တဲ့အထဲမှာ DISP ပညာသင်ဆုလည်း ပါခဲ့ပါတယ်။ ဒီပညာသင်ဆု ပြန်ရဖို့ မျှော်လင့်တဲ့အကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ NIDA တက္ကသိုလ်မှာ ပြည်သူ့အုပ်ချုပ်ရေး ဘာသာရပ် မဟာဘွဲ့တက်နေတဲ့ မအိမွန်ကျော်နဲ့ မော်ဆူး တို့က ပြောပါတယ်။ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းထားပါတယ်။

Forum

XS
SM
MD
LG