သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID အစီအစဉ်များ အပြည့်အ၀ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြန်


USAID က ပေးအပ်တဲ့ DISP ပညာသင်ဆုကြော်ငြာ
USAID က ပေးအပ်တဲ့ DISP ပညာသင်ဆုကြော်ငြာ

နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိတဲ့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို သမ္မတထရမ့်အစိုးရက သီတင်း ၆ ပတ်အတွင်း ရှင်းလင်းနေတာတွေ ပြီးဆုံးသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က တနင်္လာနေ့မှာပြောပါတယ်။

ကျန်ရှိနေသေးတဲ့ အကူအညီတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် ၁၈% ကို နိုင်ငံခြားရေးဌာနအောက်ကို ပြောင်းရွှေ့မယ်လို့လည်း X လူမှုစာမျက်နှာမှာ ဝန်ကြီး ရူဘီယိုက ကြေညာခဲ့တာပါ။ ဒါဟာ အမေရိကန်ရဲ့ နိုင်ငံကတကာအကူအညီတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်တွေကို သမိုင်းဝင်ပြုပြင်ပြောင်းလဲခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီးရူဘီယိုရဲ့ ရှားရှားပါးပါး ကြေညာချက်တခုလည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေး အစီအစဥ်တွေကို သမ္မတထရမ့် ခန့်အပ်ထားတဲ့ Elon Musk ဦးဆောင်တဲ့ အစိုးရလုပ်ငန်းများ မြန်ဆန် ထိရောက်ရေးဌာန DOGE က ပယ်ဖျက်ခဲ့တာပါ။

အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်နေတဲ့ USAID မှာ ခုလို သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် နာရီပေါင်းများစွာ လုပ်ကိုင်ခဲ့ကြတဲ့ ဝန်ထမ်းတွေနဲ့ DOGE ကို ကျေးဇူးတင်ကြောင်းလည်း ဝန်ကြီး ရူဘီယိုက ရေးသားထားပါတယ်။

ဒေါ်လာဘီလီယံနဲ့ချီတဲ့ နိုင်ငံတကာအကူအညီ အစီအစဥ်တွေ ပြန်သုံးသပ်နိုင်အောင် လုပ်ငန်းအားလုံး ရပ်ဆိုင်းထားဖို့ သမ္မတထရမ့်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအမိန့် ထုတ်ပြန်ခဲ့တာပါ။

အဲဒီလောက်ထိ အကူအညီတွေ ပေးအပ်နေတာဟာ ဖြုန်းတီးရာရောက်ပြီး လစ်ဘရယ်တွေရဲ့ လုပ်ငန်းအစီအစဥ်တွေကို မြှင့်တင်ပေးရာ ရောက်တယ်လို့လည်း သမ္မတထရမ့်က ပြောဆိုခဲ့ပါတယ်။

Rubio ရဲ့ လူမှုစာမျက်နှာမှာ တနင်္လာနေ့ ရေးသားချက်အရ USAID ရဲ့အစီအစဥ် ၆,၂၀၀ ထဲက ၅,၂၀၀ ဝန်းကျင်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီတွေကို ပြန်လည်သုံးသပ်မှုတွေလည်း တရားဝင် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG