သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID ဝန်ထမ်း ထောင်ချီ အလုပ်ထုတ်၊ ထောင်ချီ ခွင့်ပေးထား


အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှ လှုဒါန်းသည့် စားနပ်ရိက္ခာများ။ (ဓာတ်ပုံ၊ WFP)

အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ရဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ဝန်ထမ်းတွေထဲက အနည်းစုကလွဲလို့ ကျန်တဲ့ ဝန်ထမ်း အားလုံးကို ခွင့်ပေးထားပြီး အမေရိကန် အခြေစိုက် ဝန်ထမ်း ၂,၀၀၀ ကိုတော့ ရာထူးက ဖယ်ရှားနေတယ်လို့ အမေရိကန် သမ္မတ Donald Trump အစိုးရက ပြောပါတယ်။

USAID ဝန်ထမ်းတွေထံ တနင်္ဂနွေနေ့က အကြောင်းကြားစာကို ကိုးကားပြီး AP သတင်းက ဖော်ပြတာ ဖြစ်ပါတယ်။ USAID ရဲ့ အမေရိကန် ပြည်ထောင်စု အတွင်းနဲ့ ကမ္ဘာတဝန်းမှာ ရှိတဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေကို ရာထူးကနေ ဖယ်ရှားမှုကို အစိုးရဘက်က ဆက်လုပ်ဖို့ ပြီးခဲ့တဲ့ သောကြာနေ့ကဘဲ ဖယ်ဒရယ် တရားသူကြီး တဦးက ခွင့်ပြုခဲ့ပြီးနောက် အခု ဆောင်ရွက်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အစိုးရရဲ့ အစီအစဉ်ကို ယာယီ တားမြစ်ပေးဖို့ ဝန်ထမ်းတွေက တရားစွဲဆို လျှောက်ထားခဲ့တာကို အမေရိကန် ဒိစတြိတ် တရားသူကြီး Carl Nichols က ပယ်ချခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် တနင်္ဂနွေနေ့ ည ၁၁ နာရီ ၅၉ မိနစ်က စလို့ အရေးကြီး မစ်ရှင်တွေ အတွက် တာဝန်ချထားတဲ့ ဝန်ထမ်းတွေ၊ ခေါင်းဆောင်မှုပိုင်း၊ ဒါမှမဟုတ်လည်း အထူး သတ်မှတ်ထားတဲ့ အစီအစဉ်တွေက ပုဂ္ဂိုလ်တွေက လွဲရင် အားလုံးသော ဝန်ထမ်းတွေကို ခွင့်ပေးလိုက်ကြောင်း USAID ဝန်ထမ်းတွေကို ပေးပို့တဲ့ စာထဲမှာ ဖော်ပြထားကြောင်း AP သတင်းက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG