သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

USAID ဖျက်သိမ်းမှု ပြည်ထောင်စုတရားသူကြီး ယာယီတားဆီး


USAID ရုံးအဆောက်အဦး ဝင်ပေါက်
USAID ရုံးအဆောက်အဦး ဝင်ပေါက်

အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို Trump အစိုးရက ဖျက်သိမ်းတဲ့ လုပ်ရပ်တချို့ကို ယာယီရပ်ထားဖို့ ပြည်ထောင်စု တရားသူကြီးတယောက်က အမိန့်ထုတ်တားဆီးခဲ့ပါတယ်။

သောကြာနေ့ည သန်းခေါင်ကျော်တာနဲ့ USIAD ဝန်ထမ်း ၂၂၀၀ ကို ခွင့်ယူခိုင်းထားတဲ့ အစီအစဉ်ကို ဆိုင်းထားဖို့ ခရိုင်တရားသူကြီး Carl Nichols က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အရင်ထဲက ခွင့်ပေးထားတဲ့ ဝန်ထမ်း ၅၀၀ ကိုလည်း အလုပ်လုပ်ခွင့် ပြန်ပေးခဲ့သလို နိုင်ငံတကာရောက်နေကြတဲ့ USAID ဝန်ထမ်းတွေ အမေရိကန်ပြန်လာဖို့ ညွှန်ကြားချက်ကိုလည်း တရားသူကြီးက ယာယီဆိုင်းငံ့ခဲ့ပါတယ်။ တရားသူကြီးရဲ့ အမိန့်ဟာ ရှေ့တပတ် သောကြာနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ အကြုံးဝင်မှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေကို ပြန်လည်ကြားနာဖို့ လာမယ့် ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ ၁၂ ရက်ကို ရက်ချိန်းပေးထားပါတယ်။

နိုင်ငံခြားထောက်ပံ့မှုအားလုံးနီးပါးကို ရပ်ဆိုင်းပြီး နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကို ဖျက်သိမ်းဖို့ အစိုးရက ဆောင်ရွက်နေတာကို တားဆီးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ထမ်းများအသင်းနဲ့ အမေရိကန်မှာ အကြီးဆုံး အစိုးရဝန်ထမ်းများသမဂ္ဂဖြစ်တဲ့ AFGE တို့က D.C ခရိုင် တရားရုံးမှာ အမှုဖွင့် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အမေရိကန်မှာ အစိုးရလုပ်ငန်းတွေ ဝန်ထမ်းတွေကို လျှော့ချဖို့ သမ္မတ Trump ကကြိုးစားနေပြီး အစိုးလုပ်ငန်းတွေ မြန်ဆန်ထိရောက်စေဖို့ ကမ္ဘာ့အချမ်းသာဆုံး Elon Musk ကို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ ကမ္ဘာတဝန်းမှာ ရှိနေကြတဲ့ USAID ဝန်ထမ်း ၁ သောင်းကျော်ထဲက မဖြစ်မနေ လိုအပ်တဲ့ ဝန်ထမ်း ၆၁၁ ယောက်ကို ဆက်လက် တာဝန်ပေးထားမယ်လို့ USAID ကို အစိုးရက ကြာသပတေးနေ့က အကြောင်းကြားခဲ့ပါတယ်။ USAID မှာ အကျင့်ပျက် ခြစားမှုတွေ၊ လိမ်ညာမှုတွေ ရှိနေတယ်လို့ သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ USAID တာဝန်ရှိသူတွေကတော့ USAID လုပ်ငန်းတွေဟာ ကမ္ဘာတဝန်း လူသားချင်းစာနာတဲ့ အကူအညီ အလိုအပ်ဆုံးသူတွေကို ထောက်ပံ့ကူညီနေတာ ဖြစ်တယ်လို့ ပြောကြားနေပါတယ်။

Forum

XS
SM
MD
LG