သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NCA ေလးႏွစ္ျပည့္အခမ္းအနား က်င္းပ


NCA ေလးႏွစ္ျပည့္အခမ္းအနား က်င္းပ

(Zawgyi/Unicode)

NCA တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူညီခ်က္ပါ လုပ္ငန္းစဥ္ေတြ ေမ ွ်ာ္လင့္ထားသေလာက္ေအာင္ျမင္မႈ မရေသးတာဟာ အခ်င္းခ်င္းၾကား နားလည္မႈလြဲမွားတာ ယံုၾကည္မႈ ေလ်ာ့ပါးလာတာေတြေၾကာင့္ျဖစ္တယ္လို႕ ဒီကေန႕က်င္းပတဲ့ NCA ၄ ႏွစ္ျပည့္အခမ္းအနားမွာ ႏိုင္ငံေတာ္အႀကီးအကဲေတြနဲ႕ တိုင္းရင္းသားေခါင္းေဆာင္ေတြက ေျပာၾကားလို္က္ပါတယ္။ ဒီကေန႕ေနျပည္ေတာ္မွာ က်င္းပတဲ့ အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္နဲ႕ KNU ကရင္အမ်ိုးသားအစည္းအရံုး ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုးတို႕ တက္ေရာက္အမွာစကား ေျပာၾကားခဲ့ၾကတာပါ။ အျပည့္အစံုကိုေတာ့ ကိုယ္တိုင္သတင္းသြားယူတဲ့ ကိုေဇာ္၀င္းလိႈင္က ေျပာျပေပးမွာပါ။

တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူညီမႈ NCA စာခ်ုပ္ကို လတ္မွတ္ေရးထိုးခဲ့ၾကတာ အခုဆိုရင္ ၄ ႏွစ္တင္းတင္းျပည့္သြားခဲ့ပါၿပီ။ ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ေနရတဲ့ လက္နက္ကိုင္ပဋိပကၡေတြအဆံုးသတ္ေရးအတြက္ဆိုၿပီး အစုိးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအၾကား ႏွစ္အတန္ၾကာ အက်ိတ္အနယ္ေဆြးေႏြးခဲ့ၿပီးမွ ဒီသေဘာတူညီခ်က္ကို ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ NCA သေဘာတူညီခ်က္ကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အားလံုးက သေဘာတူလတ္မွတ္ထိုးခဲ့ၾကတာေတာ့ မဟုတ္ပါဘူး။ လက္မွတ္ထိုးခဲ့တဲ့ အဖြဲ႕ေတြထဲက တခ်ိဳ႕ကလည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီကေန႕က်င္းပတဲ့ ၄ ႏွစ္ျပည့္အခမ္းအနားကို တက္မလာၾကတာ အပါအ၀င္ လက္ရွိျငိမ္းခ်မ္းေရး ေဆြးေနြးမႈေတြ ရပ္တန္႕ေနတာေၾကာင့္ အနာဂတ္ျငိမ္းခ်မ္းေရးအလားအလာအေပၚ ႏိုင္ငံေရးေလ့လာသူေတြအၾကား စုိးရိမ္စရာျဖစ္လာခဲ့ပါတယ္။

NCA စာခ်ုပ္ဟာ ပစ္ခတ္တိုက္ခတ္ မူ ရပ္ဆိုင္းေရး သက္သက္မဟုတ္ဘူး၊ အနာဂတ္ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကို ဘယ္လိုအေကာင္အထည္ေဖာ္မယ္ဆိုတာနဲ႕ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ လမ္းေၾကာင္းမွန္ကို တိတိက်က် ခ်ျပႏိုင္တဲ့ စာခ်ဳပ္ျဖစ္တယ္လို႕ ဒီကေန႕က်င္းပတဲ့ NCA ၄ ႏွစ္ျပည့္ ႏွစ္ပတ္လည္အခမ္းအနား အဖြင့္မိန္႕ခြန္းမွာ ႏိုင္ငေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ လက္ရွိမွာ NCA ကို အေကာင္အထည္မေဖာ္ႏိုင္ျခင္းဟာ အခ်င္းခ်င္းၾကား နားလည္မႈကြဲျပားေနတာေၾကာင့္ျဖစ္တယ္လို႕ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

“ဒီကေန႔ က်မတို႔ၾကားမွာ ျဖစ္ေပၚလာခဲ့တဲ့ အခက္အခဲေတြဟာ NCAစာခ်ဳပ္ ေၾကာင့္မဟုတ္ပါဘူး။ NCAစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ရာမွာ အားနည္းခ်က္ေတြ လိုက္နာဖို႔ လိုအပ္ခ်က္ေတြ နားလည္မႈ ကြဲျပားမႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ အခက္အခဲေတြပဲ ျဖစ္ပါတယ္။ NCA ကို ပါ၀င္ လက္မွတ္ထိုးခဲ့တဲ့ သက္ဆိုင္သူ ေခါင္းေဆာင္ေတြ အားလံုးအေနနဲ႔ NCA ပါ သေဘာတူညီခ်က္ ေတြကို အေကာင္အထည္ေဖာ္ရာမွာ ကတိသစၥာ တည္ၾကည္ၾကဖုိ႔ အင္မတန္မွ အေရးႀကီးတယ္ဆိုတာကို အားလံုးနားလည္ၿပီး ျဖစ္ပါလိမ့္မယ္။”

ျငိမ္းခ်မ္းေရးနဲ႕ ႏိုင္ငံေရးကို ခြဲျခားလို႕မရႏိုင္ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ရဲ႕မိန္႕ခြန္းထဲမွာေတာ့ အဲဒီအယူအဆနဲ႕ ကြဲလြဲေနတာကို ေတြ႕ရပါတယ္။

“ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံုဟာ တိုင္းရင္းသားေတြရဲ႕ ၿငိမ္းခ်မ္းေရးဆႏၵကို ဦးစားေပးၿပီးျဖစ္ေပၚလာတာျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္ရာမွာ ၿငိမ္းခ်မ္းေရးနဲ႔ ႏိုင္ငံေရးကို ခြဲျခားၿပီးျမင္တာက လက္ေတြ႔အလုပ္ျဖစ္ႏိုင္မယ္လို႔ က်ေနာ္ယံုၾကည္ပါတယ္။”

ကရင္အမ်ိဳးသားအစည္းအရံုး KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး ေစာမူတူးေဆးဖိုးကေတာ့ ဒီကေန႕အခမ္းအနားကို RCSS ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီအပါအ၀င္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခ်ိဳ႕ မတတ္ႏိုင္တဲ့အေပၚ စိတ္မေကာင္းျဖစ္မိေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ NCA ေမ ွ်ာ္လင့္ထားသေလာက္ ေအာင္ျမင္မလာျခင္းဟာ ယံုၾကည္မႈ ေလ်ာ့နည္းလာလို႕ျဖစ္တယ္လို႕ ေျပာပါတယ္။

“အခုအထိ တိုးတက္မႈ မ်ားမ်ားစားစား မရရွိေသးတာက ယံုၾကည္မႈေတြ အားနည္းေနၿပီး အာဃာတတရားေတြ ၊ သံသယေတြ ၊ စိုးရိမ္မႈေတြ ၊ မုန္းတီးမႈေတြ အားေကာင္းေနေသးတယ္လို႔ က်ေန္ာျမင္မိတယ္။ က်ေနာ္တို႔ေတြဟာ ဘာကို မယံုၾကည္ေနၾကရသလဲ၊ ဒါကို ျပန္စမ္းစစ္ရမွာျဖစ္ၿပီး၊ မွန္ကန္တဲ့ တရားမွ်တတဲ့ ႏိုင္ငံေရးေဆြးေႏြးပဲြ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပံုေဖာ္ အေကာင္အထည္ေဖာ္ေဆာင္ၾကရမွာ ျဖစ္ပါတယ္။”

ေလးႏွစ္ျပည့္ အခမ္းအနားမွာ တက္ေရာက္အမွာစကားေျပာသြားၾကတဲ့ ေခါင္းေဆာင္သံုးဦးစလံုးရဲ႕ တူညီတဲ့အေၾကာင္းအရာကေတာ့ ယံုၾကည္မႈတည္ေဆာက္ေရး အားနည္းေနတဲ့အခ်က္ျဖစ္ပါတယ္။

လက္ရွိျငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြေရွ႕မတိုးေနာက္မဆုတ္ျဖစ္ေနတာနဲ႕ပတ္သတ္လို႕ ျပည္ေထာင္စု လႊတ္ေတာ္နာယကေဟာင္း သူရဦးေရႊမန္းက သူ႕အျမင္သေဘာထားကို အခုလိုေျပာပါတယ္။

“ဘယ္သူ႔မွာ တာ၀န္ရွိသလဲဆိုေတာ့ အားလံုးမွာ တာ၀န္ရွိတယ္။ သို႔ရာတြင္ ဘယ္သူေတြက တာ၀န္အရွိဆံုးဆိုတာကေတာ့ အထူးေျပာေနစရာမလိုဘူး။ တာ၀န္အရွိဆံုးလူေတြက တဦးနဲ႔ တဦး တဖြဲ႔နဲ႔ တဖြဲ႔ နားလည္ဖို႔ လိုပါတယ္။ ယံုၾကည္ဖို႔ လိုပါတယ္။”

ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO နာယက ဗိုလ္မွဴးႀကီး ခြန္ဥကၠာကေတာ့ ျငိမ္းခ်မ္းေရးေဆြးေႏြးမႈလုပ္ငန္းစဥ္ေတြဟာ အမ်ားထင္သလို ရပ္တန္႕ေနတာမဟုတ္ပဲ ေဆြးေႏြးမႈေတြရွိေနဆဲျဖစ္တယ္လို႕ ေျပာပါတယ္။

“ရပ္တန္႔တာေတာ့ မဟုတ္ဘူး ေႏွးသြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေပၚက မျမင္ရေပမယ့္ ေအာက္မွာေတြ႔ဆံုမႈေတြက အမ်ားႀကီးရွိပါတယ္။ ေတာ္ေတာ္ စိတ္စိတ္ေလးရွိတယ္။ ဒါေၾကာင့္ ေတြ႔ဆံုေဆြးေႏြးေနတာ တခါတေလ အလြတ္သေဘာျဖစ္မယ္၊ တခါတေလ တရား၀င္တ၀က္ တရားမ၀င္ တ၀က္ ျဖစ္ႏိုင္တယ္။ တရား၀င္မ၀င္ ခ်ဥ္းကပ္ဖုိ႔က ဒီပြဲက အေရးႀကီးပါတယ္။”

NCA သေဘာတူညီခ်က္မွာ လတ္မွတ္မထိုးရေသးသူေတြအေနနဲ႕ လတ္မွတ္ထိုးၾကဖို႕ ေဒၚေအာင္ဆန္းစုၾကည္က ဒီကေန႕အခမ္းအနားမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

NCA သေဘာတူညီခ်က္အရ ၂၁ ရာစုပင္လံုညီလာခံကို တစ္ႏွစ္မွာႏွစ္ႀကိမ္က်င္းပဖုိ႕ သေဘာတူထားၾကေပမယ့္လည္း အခ်င္းခ်င္းၾကား ညိွႏိႈင္းမရတာေၾကာင့္ ေလးႏွစ္ျပည့္သြားတဲ့အခ်ိန္အထိ ညီလာခံ ၃ ၾကိမ္သာ က်င္းပႏိုင္ပါေသးတယ္။

................

NCA ေလးႏွစ္ျပည့္အခမ္းအနား က်င္းပ
please wait

No media source currently available

0:00 0:04:37 0:00
တိုက္႐ိုက္ လင့္ခ္


(Unicode)

NCA လေးနှစ်ပြည့်အခမ်းအနား ကျင်းပ

NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်ပါ လုပ်ငန်းစဉ်တွေ မေ ျှာ်လင့်ထားသလောက်အောင်မြင်မှု မရသေးတာဟာ အချင်းချင်းကြား နားလည်မှုလွဲမှားတာ ယုံကြည်မှု လျော့ပါးလာတာတွေကြောင့်ဖြစ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ NCA ၄ နှစ်ပြည့်အခမ်းအနားမှာ နိုင်ငံတော်အကြီးအကဲတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။ ဒီကနေ့နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးတို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သတင်းသွားယူတဲ့ ကိုဇော်ဝင်းလှိုင်က ပြောပြပေးမှာပါ။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု NCA စာချုပ်ကို လတ်မှတ်ရေးထိုးခဲ့ကြတာ အခုဆိုရင် ၄ နှစ်တင်းတင်းပြည့်သွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအဆုံးသတ်ရေးအတွက်ဆိုပြီး အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား နှစ်အတန်ကြာ အကျိတ်အနယ်ဆွေးနွေးခဲ့ပြီးမှ ဒီသဘောတူညီချက်ကို ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် NCA သဘောတူညီချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးက သဘောတူလတ်မှတ်ထိုးခဲ့ကြတာတော့ မဟုတ်ပါဘူး။ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေထဲက တချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် ဒီကနေ့ကျင်းပတဲ့ ၄ နှစ်ပြည့်အခမ်းအနားကို တက်မလာကြတာ အပါအဝင် လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရပ်တန့်နေတာကြောင့် အနာဂတ်ငြိမ်းချမ်းရေးအလားအလာအပေါ် နိုင်ငံရေးလေ့လာသူတွေအကြား စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

NCA စာချုပ်ဟာ ပစ်ခတ်တိုက်ခတ် မူ ရပ်ဆိုင်းရေး သက်သက်မဟုတ်ဘူး၊ အနာဂတ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် လမ်းကြောင်းမှန်ကို တိတိကျကျ ချပြနိုင်တဲ့ စာချုပ်ဖြစ်တယ်လို့ ဒီကနေ့ကျင်းပတဲ့ NCA ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား အဖွင့်မိန့်ခွန်းမှာ နိုင်ငတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ NCA ကို အကောင်အထည်မဖော်နိုင်ခြင်းဟာ အချင်းချင်းကြား နားလည်မှုကွဲပြားနေတာကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ဒီကနေ့ ကျမတို့ကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေဟာ NCAစာချုပ် ကြောင့်မဟုတ်ပါဘူး။ NCAစာချုပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ လိုက်နာဖို့ လိုအပ်ချက်တွေ နားလည်မှု ကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ NCA ကို ပါဝင် လက်မှတ်ထိုးခဲ့တဲ့ သက်ဆိုင်သူ ခေါင်းဆောင်တွေ အားလုံးအနေနဲ့ NCA ပါ သဘောတူညီချက် တွေကို အကောင်အထည်ဖော်ရာမှာ ကတိသစ္စာ တည်ကြည်ကြဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို အားလုံးနားလည်ပြီး ဖြစ်ပါလိမ့်မယ်။”

ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားလို့မရနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းထဲမှာတော့ အဲဒီအယူအဆနဲ့ ကွဲလွဲနေတာကို တွေ့ရပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီးမြင်တာက လက်တွေ့အလုပ်ဖြစ်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကတော့ ဒီကနေ့အခမ်းအနားကို RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ မတတ်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။ ဒါ့အပြင် NCA မေ ျှာ်လင့်ထားသလောက် အောင်မြင်မလာခြင်းဟာ ယုံကြည်မှု လျော့နည်းလာလို့ဖြစ်တယ်လို့ ပြောပါတယ်။

“အခုအထိ တိုးတက်မှု များများစားစား မရရှိသေးတာက ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ ၊ သံသယတွေ ၊ စိုးရိမ်မှုတွေ ၊ မုန်းတီးမှုတွေ အားကောင်းနေသေးတယ်လို့ ကျနေ်ာမြင်မိတယ်။ ကျနော်တို့တွေဟာ ဘာကို မယုံကြည်နေကြရသလဲ၊ ဒါကို ပြန်စမ်းစစ်ရမှာဖြစ်ပြီး၊ မှန်ကန်တဲ့ တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော် အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။”

လေးနှစ်ပြည့် အခမ်းအနားမှာ တက်ရောက်အမှာစကားပြောသွားကြတဲ့ ခေါင်းဆောင်သုံးဦးစလုံးရဲ့ တူညီတဲ့အကြောင်းအရာကတော့ ယုံကြည်မှုတည်ဆောက်ရေး အားနည်းနေတဲ့အချက်ဖြစ်ပါတယ်။

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေရှေ့မတိုးနောက်မဆုတ်ဖြစ်နေတာနဲ့ပတ်သတ်လို့ ပြည်ထောင်စု လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းက သူ့အမြင်သဘောထားကို အခုလိုပြောပါတယ်။

“ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတော့ အားလုံးမှာ တာဝန်ရှိတယ်။ သို့ရာတွင် ဘယ်သူတွေက တာဝန်အရှိဆုံးဆိုတာကတော့ အထူးပြောနေစရာမလိုဘူး။ တာဝန်အရှိဆုံးလူတွေက တဦးနဲ့ တဦး တဖွဲ့နဲ့ တဖွဲ့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ဖို့ လိုပါတယ်။”

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေဟာ အများထင်သလို ရပ်တန့်နေတာမဟုတ်ပဲ ဆွေးနွေးမှုတွေရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

“ရပ်တန့်တာတော့ မဟုတ်ဘူး နှေးသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်က မမြင်ရပေမယ့် အောက်မှာတွေ့ဆုံမှုတွေက အများကြီးရှိပါတယ်။ တော်တော် စိတ်စိတ်လေးရှိတယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးနေတာ တခါတလေ အလွတ်သဘောဖြစ်မယ်၊ တခါတလေ တရားဝင်တဝက် တရားမဝင် တဝက် ဖြစ်နိုင်တယ်။ တရားဝင်မဝင် ချဉ်းကပ်ဖို့က ဒီပွဲက အရေးကြီးပါတယ်။”

NCA သဘောတူညီချက်မှာ လတ်မှတ်မထိုးရသေးသူတွေအနေနဲ့ လတ်မှတ်ထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

NCA သဘောတူညီချက်အရ ၂၁ ရာစုပင်လုံညီလာခံကို တစ်နှစ်မှာနှစ်ကြိမ်ကျင်းပဖို့ သဘောတူထားကြပေမယ့်လည်း အချင်းချင်းကြား ညှိနှိုင်းမရတာကြောင့် လေးနှစ်ပြည့်သွားတဲ့အချိန်အထိ ညီလာခံ ၃ ကြိမ်သာ ကျင်းပနိုင်ပါသေးတယ်။


XS
SM
MD
LG