သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အပစ္ရပ္စဲဖို႔အေရး ဘာအခက္အခဲေတြ ေတြ႕ေနသလဲ


အပစ္အခတ္ ရပ္စဲေရး ေဆြးေႏြးေနၾကတဲ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) ကိုယ္စားလွယ္အဖြဲ႔ နဲ႔ ေျမာက္ပိုင္း မဟာမိတ္ေလးဖဲြ႔ျဖစ္တဲ့ KIO, MNTJP, PSLF, ULA ကိုယ္စားလွယ္မ်ား (ဓါတ္ပံု- NRPC)

အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္လို႔ ေခၚတဲ့ လက္နက္ကိုင္ ၄ ဖြဲ႕ အပစ္ရပ္ လက္မွတ္ထိုးႏုိင္ေရး၊ တစ္ခါ အခ်ိန္ျပန္ေပးလိုက္ရျပန္ပါျပီ။ အေၾကာင္းကေတာ့ အစိုးရ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖြဲ႕လို႔ေခၚတဲ့ KIA ကခ်င္လက္နက္ကိုင္ အဖြဲ႕၊ AA ရခုိင္တပ္ဖြဲ႕၊ ကိုးကန္႔တပ္ဖြဲ႕ နဲ႔ တအဲာန္းပေလာင္ တပ္ဖြဲ႕တို႔ စက္တင္ဘာ ၁၇ ရက္ေန႔က ေတြ႕ဆံုၾကတဲ့ က်ိဳင္းတံု ေဆြးေႏြးပြဲမွာ သေဘာတူညီခ်က္ (၇) ခ်က္ရခဲ့တယ္လို႔ ဆုိေပမယ့္ အဲဒီ သေဘာတူညီခ်က္ေတြ ဆိုတာဟာ ဆက္ျပီး ေဆြးေႏြးမယ္ ဆိုတဲ့ သေဘာေလာက္ ျဖစ္ေနလို႔ပါပဲ။ ႏုိင္ငံ တစ္ႏုိင္ငံမွာ ျငိမ္းခ်မ္းေရး လုပ္ေတာ့မယ္ ဆိုရင္ အလ်င္ဦးဆံုး ေဆာင္ရြက္ရတာက ႏွစ္ဖက္ အပစ္အခတ္ ရပ္စဲေရးပါ။ အပစ္အခတ္ရပ္စဲေရး ရျပီဆုိရင္ ပစ္ခတ္တုိက္ခိုက္ေနတာ မဟုတ္တဲ့ အေျခအေနေအာက္မွာ ႏွစ္ဖက္ ေတြ႕ဆံု ညွိႏွိဳင္း စကားေျပာၾကဖို႔ပါပဲ။ အခုဆုိရင္ သမၼတေဟာင္း ဦးသိန္းစိန္ အစိုးရ လက္ထက္ ၂၀၁၁ ခုႏွစ္ ေႏွာင္းပိုင္းက စ တဲ့ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ဟာ ၂၀၁၃ ခုႏွစ္ေလာက္မွာ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အပစ္အခတ္ ရပ္စဲျပီး ၂၀၁၅ ခုႏွစ္ အေရာက္ေလာက္ဆို အေျခခံ သေဘာတူညီခ်က္ေတြ ရလိမ့္မယ္လို႔ ေမွ်ာ္မွန္းျပီး အေကာင္အထည္ ေဖာ္ခဲ့တာပါ။ ခုဆိုရင္ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ စတင္ျပီးတာ ၈ ႏွစ္၀န္းက်င္ ၾကာလာသည္အထိ တိုင္းရင္းသား လက္နက္ကိုင္ ၄ ဖြဲ႕နဲ႔ အပစ္အခတ္ ရပ္စဲေရး မလုပ္ႏိုင္ေသးပါဘူး။ ဘာေၾကာင့္ အပစ္အခတ္ ရပ္စဲေရး မလုပ္ႏုိင္ၾကေသးတာလဲ၊ ဘယ္လို အခက္အခဲ အတားအဆီးေတြ ၾကံဳေနရသလဲ ဆိုတာ ခုတစ္ပတ္ ေလ့လာ တင္ျပသြားပါမယ္။

လက္ရွိ ေျမာက္ပိုင္း မဟာမိတ္ လက္နက္ကိုင္ ၄ ဖြဲ႕နဲ႔ အပစ္ရပ္ေရး ကိစၥမွာ အဓိက အတားအဆီးသဖြယ္ ျဖစ္ႏုိင္တာက တပ္ေနရာခ်ထားေရးပါ။ အားလံုးသိၾကျပီျဖစ္တဲ့အတုိင္း ရခုိင္ျပည္နယ္ ျမိဳ႕နယ္ တစ္ခ်ိဳ႕မွာ မဟာမိတ္ အဖြဲ႕၀င္ AA နဲ႔ တပ္မေတာ္ တုိက္ပြဲေတြ ျဖစ္ပြားေနပါတယ္။ ဒါကို တပ္မေတာ္ဘက္က ေသာင္းက်န္းမွဳ ႏွိမ္နင္းတဲ့ စစ္ဆင္ေရး ဆုိျပီး တိုက္ခိုက္ေခ်မွဳန္းေနပါတယ္။ တကယ္လို႔ တပ္မေတာ္နဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ အပစ္ရပ္ၾကျပီဆုိရင္ ပထမ အဆင့္ ေရာက္တဲ့ေနရာကေန ပစ္ခတ္တုိက္ခိုက္မွဳ ရပ္စဲထားရပါလိမ့္မယ္။ ဒုတိယ ေျဖရွင္းရမယ့္ ျပသနာကေတာ့ တပ္ေနရာခ်ထားေရးပါ။ တပ္မေတာ္ဘက္က ကိုင္စြဲထားတာကေတာ့ ရခုိင္ AA တပ္ဖြဲ႕ဆိုတာ ေကအိုင္ေအ ကခ်င္လက္နက္ကိုင္ နယ္ေျမမွာ ေပၚေပါက္လာတာ၊ ဒါေၾကာင့္ ရခိုင္ျပည္နယ္မွာေတာ့ အေျခခ်ခြင့္ မေပးႏုိင္ဘူး လို႔ ျပတ္ျပတ္သားသား ေျပာထားပါတယ္။ ဒါကို ရခိုင္တပ္ဖြဲ႕ကေရာ၊ သူ႕မဟာမိတ္ေတြကပါ လက္မခံႏုိင္ၾကပါဘူး။ ဒါနဲ႔ ပတ္သက္ျပီး တပ္မေတာ္မွာ အဆင့္ျမင့္တာ၀န္ထမ္းေဆာင္ခဲ့ဖူးတဲ့ အျငိမ္းစား အရာရွိၾကီး တစ္ေယာက္ကေတာင္ AA ကို ရခုိင္မွာ အေျခခ်ဖို႔ လက္မခံတဲ့ တပ္မေတာ္ရဲ႕ သေဘာထားဟာ လက္ေတြ႕မက်ဘူးလို႔ သံုးသပ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အပစ္ရပ္ လက္မွတ္ထိုးေရး ပထမ အဆင့္မွာ ဒီအခ်က္ ပါမလာရင္ေတာင္ ေနာက္ပိုင္း ခက္ခဲတဲ့ ညွိႏွိဳင္းမွဳ လုပ္ၾကရပါလိမ့္မယ္။

တပ္မေတာ္နဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ ၾကံဳေနရတဲ့ ဒုတိယ အခက္အခဲ ကေတာ့ အပစ္ရပ္စာခ်ဳပ္ကို တစ္ဖြဲ႕ခ်င္းစီနဲ႔ လက္မွတ္ထိုးမလား၊ အားလံုးေပါင္းျပီး လက္မွတ္ထုိးၾကမလား ဆိုတာပါ။ တပ္မေတာ္ဘက္ကေတာ့ အပစ္ရပ္ သေဘာတူညီခ်က္ရရင္ တစ္ဖြဲ႕ခ်င္းစီနဲ႔ လက္မွတ္ေရးထိုးခ်င္တယ္လို႔ ဆုိထားပါတယ္။ တပ္မေတာ္ဘက္က စဥ္းစားပံုက လက္မွတ္ထိုးထားတဲ့ အဖြဲ႕တစ္ဖြဲ႕နဲ႔ မေျပမလည္ ျဖစ္ခဲ့ရင္ အျခား လက္မွတ္ထုိးထားတဲ့ အဖြဲ႕ေတြနဲ႔ပါ ျပသနာ မျဖစ္ခ်င္တဲ့ သေဘာပါ။ ဒါကို မဟာမိတ္ ၄ ဖြဲ႕ဘက္က လက္မခံပါဘူး။ အပစ္ရပ္စာခ်ဳပ္ကို စာရြက္တစ္ရြက္ထဲေပၚမွာ ၄ ဖြဲ႕စလံုးက စုစုစည္းစည္း လက္မွတ္ထုိးမယ္ ဆုိျပီး ရပ္ခံထားတာ ေတြ႕ရပါတယ္။

ေနာပ္ထပ္ ၾကံဳရမယ့္ ျပသနာ တစ္ခုကေတာ့ အပစ္ရပ္ ခုိင္မာေအာင္ ေစာင့္ၾကည့္ေရး လုပ္ငန္းစဥ္ပါ။ ေျမာက္ပိုင္း ၄ ဖြဲ႕ဘက္ကေတာ့ ဒီလို ေစာင့္ၾကည့္ေရး လုပ္ငန္းစဥ္ထဲမွာ တရုတ္ႏုိင္ငံကို ထည့္သြင္းခ်င္တယ္လို႔ အဆုိျပဳထားပါတယ္။ တပ္မေတာ္ဘက္ကေတာ့ ေလာေလာဆယ္ ဒါကို မေဆြးေႏြးေသးဘူးလို႔ ေျပာထားသလို၊ အပစ္ရပ္ လုပ္ငန္းစဥ္ေတြမွာ အိမ္နီးခ်င္း ျဖစ္ေစ၊ ႏုိင္ငံတကာက ျဖစ္ေစ၊ ဘယ္ႏုိင္ငံကမွ ပါ၀င္ ေစာင့္ၾကပ္ ၾကည့္ရွဳတာမ်ိဳး မလိုလားဘူးလို႔ ထုတ္ေဖာ္ေျပာဆုိထားျပီး ျဖစ္ပါတယ္။ တပ္မေတာ္ အေနနဲ႔ အရင္ တိုင္းရင္းသား လက္နက္ကုိင္ ၁၀ ဖြဲ႕နဲ႔ NCA လက္မွတ္ထိုးစဥ္က ဒီအခ်က္ကို ေက်ာ္လႊားခဲ့ျပီျဖစ္ေပမယ့္ အခု ၄ ဖြဲ႕နဲ႔ ေဆြးေႏြးရာမွာ အဆင္ေျပပါ့မလား ဆုိတာကေတာ့ ေစာင့္ၾကည့္ရဦးမယ့္ အေနအထားပါပဲ။

တပ္မေတာ္ နဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ၾကံဳၾကရမယ့္ ေနာက္ထပ္ အခက္အခဲ တစ္ခုက အပစ္ရပ္ စာခ်ဳပ္မွာ ထည့္သြင္းမယ့္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးၾကမယ့္ အခ်ိန္ဇယားပါ။ တပ္မေတာ္ဘက္ကေတာ့ အပစ္ရပ္စာခ်ဳပ္ထဲမွာ လက္မွတ္ထိုးျပီးလို႔ အခ်ိန္ဘယ္ေလာက္ ၾကာရင္ ဥပမာ ႏွစ္လတန္သည္ ၃ လ တန္သည္ၾကာရင္ NCA စာခ်ဳပ္ လက္မွတ္ေရးထိုးပါ့မယ္ ဆိုတဲ့ ကတိက၀တ္မ်ိဳး ထည့္သြင္းထားခ်င္တာပါ။ ဒါေပမယ့္ ဒါကို ေျမာက္ပိုင္း ၄ ဖြဲ႕ဘက္က လက္ခံႏုိင္မယ့္ပံု မရွိပါဘူး။

လက္ရွိ သူတုိ႔စဥ္းစားပံုကေတာ့ အစိုးရ၊ တပ္မေတာ္ နဲ႔ ႏွစ္ဖက္ အပစ္ရပ္ စာခ်ဳပ္ ခ်ဳပ္ႏုိင္ခဲ့ရင္ေတာင္ NCA စာခ်ဳပ္မွာ ပါ၀င္ဖို႔ ကိစၥကိုေတာ့ သူတုိ႔ရဲ႕ မဟာမိတ္ FPNCC အဖြဲ႕၀င္ ၀၊ မိုင္းလား၊ SSPP ရွမ္းတပ္ဖြဲ႕ေတြနဲ႔ အတူတကြ ရင္ဆိုင္ဖို႔ ျပင္ဆင္ထားၾကပံု ရပါတယ္။ ဒါေၾကာင့္ အပစ္ရပ္စာခ်ဳပ္ထဲမွာ NCA စာခ်ဳပ္လက္မွတ္ထိုးရမယ့္ အခ်ိန္ဇယား တိတိက်က် ထည့္သြင္းမွာကို ေျမာက္ပိုင္း ၄ ဖြဲ႕ မလိုလားပါဘူး။ ဒီအခ်က္ေတြကို ေဆြးေႏြး ေက်ာ္လြန္ႏုိင္ရင္ေတာ့ အစိုးရ၊ တပ္မေတာ္နဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ ႏွစ္ဖက္ အပစ္ရပ္စာခ်ဳပ္ လက္မွတ္ေရးထိုးႏုိင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒီေနရာမွာ အေရးအၾကီးဆံုးကေတာ့ တပ္မေတာ္ရဲ႕ ရပ္တည္ခ်က္ပါပဲ။ သမၼတေဟာင္း ဦးသိန္းစိန္ လက္ထက္ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ အပစ္ရပ္ လက္မွတ္ထုိးေရး၊ ျငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အေကာင္အထည္ ေဖာ္ရာမွာ လက္ေတြ႕က်တဲ့ လိုက္ေလ်ာမွဳ အမ်ားၾကီး လုပ္ခဲ့တာ ေတြ႕ႏုိင္ပါတယ္။ ျငိမ္းခ်မ္းေရး လုပ္ဖို႔ စျပီး ကမ္းလွမ္းခ်ိန္ကစတုိင္းရင္းသားလက္နက္ကိုင္ေတြကို နယ္ျခားေစာင့္တပ္၊ ဒါမွမဟုတ္ ျပည္သူ႔စစ္ပဲ လုပ္ရမယ္ ဆိုတဲ့ စကားမ်ိဳး မေျပာေတာ့ပါဘူး။ ျငိမ္းခ်မ္းေရးအရ သေဘာတူညီခ်က္ မရေသးမီစပ္ၾကား တုိင္းရင္းသား လက္နက္ကိုင္ေတြကို သူတုိ႔ရဲ႕ ႏုိင္ငံေရး အဖြဲ႕အစည္း နဲ႔ လက္နက္ကိုင္ တပ္ဖြဲ႕ တည္ရွိခြင့္ ခြင့္ျပဳေပးထားတဲ့အျပင္ ထိန္းခ်ဳပ္ထားတဲ့ နယ္ေျမေတြကိုလည္း အသိအမွတ္ျပဳေပးခဲ့ပါတယ္။ ဒါတင္မက တုိင္းရင္းသားေတြဘက္က တစ္ဖြဲ႕ခ်င္းစီနဲ႔ စကားမေျပာခ်င္ဘူး၊ စုေပါင္းျပီး ေျပာခ်င္တယ္ ဆုိေတာ့လည္း စုဖြဲ႕ျပီး ေျပာခြင့္၊ ေဆြးေႏြးခြင့္ ေပးရံုမက လက္နက္ကိုင္ အဖြဲ႕ေတြရဲ႕ ညီလာခံ လုပ္တဲ့ ကိစၥမ်ိဳးမွာပါ အကူအညီ ေပးခဲ့ပါေသးတယ္။ ဒီအေျခအေနေတြ အားလံုးမွာ တပ္မေတာ္ဟာ အစိုးရနဲ႔ တသားတည္း ရပ္တည္ခဲ့တာ ေတြ႕ရပါတယ္။

ဒီလို နည္းနဲ႔ ႏွစ္ဖက္ သေဘာတူတဲ့ NCA စာခ်ဳပ္ တစ္ခု ရလာေပမယ့္ တကယ္တန္း လက္မွတ္ထုိးဖို႔ ျဖစ္လာတဲ့အခါ လက္ရွိ တုိက္ပြဲေတြျဖစ္ေနတဲ့ လက္နက္ကိုင္ ၃ ဖြဲ႕ကို ပါ၀င္ခြင့္ မေပးရာကေန ျငိမ္းခ်မ္းေရး အေကာင္အထည္ ေဖာ္မွဳ အေျခအေန ေနာက္ဆုတ္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဒီအတြက္ တပ္မေတာ္ အေနနဲ႔ ျငိမ္းခ်မ္းေရးကို တကယ္လိုလားတယ္ ဆိုရင္ အရင္ အစိုးရလက္ထက္က ရပ္တည္ခဲ့သလို၊ ျပသနာေတြကို လက္ေတြ႕က်က် ရင္ဆုိင္၊ လိုက္ေလ်ာသင့္တာ လိုက္ေလ်ာ၊ လိုက္ေလ်ာဖို႔ မသင့္တာေတြအတြက္လည္း ျပတ္ျပတ္သားသား ရပ္ခံ ရင္ဆုိင္လို႔ ရပါတယ္။ ဒါမွသာ ေျမာက္ပိုင္း ၄ ဖြဲ႕နဲ႔ အပစ္အခတ္ ရပ္စဲေရး ဆုိတဲ့ ျငိမ္းခ်မ္းေရးရဲ႕ အနိမ့္ဆံုးအဆင့္ သေဘာတူညီခ်က္ တစ္ခု ရႏိုင္မွာ ျဖစ္ေၾကာင္းပါ။

အပစ္ရပ္စဲဖို႔အေရး ဘာအခက္အခဲေတြ ေတြ႕ေနသလဲ
please wait

No media source currently available

0:00 0:06:54 0:00
တိုက္႐ိုက္ လင့္ခ္

အပစ်ရပ်စဲဖို့အရေး ဘာအခက်အခဲတွေ တွေ့နေသလဲ

အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လို့ ခေါ်တဲ့ လက်နက်ကိုင် ၄ ဖွဲ့ အပစ်ရပ် လက်မှတ်ထိုးနိုင်ရေး၊ တစ်ခါ အချိန်ပြန်ပေးလိုက်ရပြန်ပါပြီ။ အကြောင်းကတော့ အစိုးရ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လို့ခေါ်တဲ့ KIA ကချင်လက်နက်ကိုင် အဖွဲ့၊ AA ရခိုင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ နဲ့ တအဲာန်းပလောင် တပ်ဖွဲ့တို့ စက်တင်ဘာ ၁၇ ရက်နေ့က တွေ့ဆုံကြတဲ့ ကျိုင်းတုံ ဆွေးနွေးပွဲမှာ သဘောတူညီချက် (၇) ချက်ရခဲ့တယ်လို့ ဆိုပေမယ့် အဲဒီ သဘောတူညီချက်တွေ ဆိုတာဟာ ဆက်ပြီး ဆွေးနွေးမယ် ဆိုတဲ့ သဘောလောက် ဖြစ်နေလို့ပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ငြိမ်းချမ်းရေး လုပ်တော့မယ် ဆိုရင် အလျင်ဦးဆုံး ဆောင်ရွက်ရတာက နှစ်ဖက် အပစ်အခတ် ရပ်စဲရေးပါ။ အပစ်အခတ်ရပ်စဲရေး ရပြီဆိုရင် ပစ်ခတ်တိုက်ခိုက်နေတာ မဟုတ်တဲ့ အခြေအနေအောက်မှာ နှစ်ဖက် တွေ့ဆုံ ညှိနှိုင်း စကားပြောကြဖို့ပါပဲ။ အခုဆိုရင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စ တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ၂၀၁၃ ခုနှစ်လောက်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၅ ခုနှစ် အရောက်လောက်ဆို အခြေခံ သဘောတူညီချက်တွေ ရလိမ့်မယ်လို့ မျှော်မှန်းပြီး အကောင်အထည် ဖော်ခဲ့တာပါ။ ခုဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ပြီးတာ ၈ နှစ်ဝန်းကျင် ကြာလာသည်အထိ တိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးပါဘူး။ ဘာကြောင့် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်ကြသေးတာလဲ၊ ဘယ်လို အခက်အခဲ အတားအဆီးတွေ ကြုံနေရသလဲ ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါမယ်။
လက်ရှိ မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင် ၄ ဖွဲ့နဲ့ အပစ်ရပ်ရေး ကိစ္စမှာ အဓိက အတားအဆီးသဖွယ် ဖြစ်နိုင်တာက တပ်နေရာချထားရေးပါ။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရခိုင်ပြည်နယ် မြို့နယ် တစ်ချို့မှာ မဟာမိတ် အဖွဲ့ဝင် AA နဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒါကို တပ်မတော်ဘက်က သောင်းကျန်းမှု နှိမ်နင်းတဲ့ စစ်ဆင်ရေး ဆိုပြီး တိုက်ခိုက်ချေမှုန်းနေပါတယ်။ တကယ်လို့ တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ အပစ်ရပ်ကြပြီဆိုရင် ပထမ အဆင့် ရောက်တဲ့နေရာကနေ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားရပါလိမ့်မယ်။ ဒုတိယ ဖြေရှင်းရမယ့် ပြသနာကတော့ တပ်နေရာချထားရေးပါ။ တပ်မတော်ဘက်က ကိုင်စွဲထားတာကတော့ ရခိုင် AA တပ်ဖွဲ့ဆိုတာ ကေအိုင်အေ ကချင်လက်နက်ကိုင် နယ်မြေမှာ ပေါ်ပေါက်လာတာ၊ ဒါကြောင့် ရခိုင်ပြည်နယ်မှာတော့ အခြေချခွင့် မပေးနိုင်ဘူး လို့ ပြတ်ပြတ်သားသား ပြောထားပါတယ်။ ဒါကို ရခိုင်တပ်ဖွဲ့ကရော၊ သူ့မဟာမိတ်တွေကပါ လက်မခံနိုင်ကြပါဘူး။ ဒါနဲ့ ပတ်သက်ပြီး တပ်မတော်မှာ အဆင့်မြင့်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား အရာရှိကြီး တစ်ယောက်ကတောင် AA ကို ရခိုင်မှာ အခြေချဖို့ လက်မခံတဲ့ တပ်မတော်ရဲ့ သဘောထားဟာ လက်တွေ့မကျဘူးလို့ သုံးသပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ် လက်မှတ်ထိုးရေး ပထမ အဆင့်မှာ ဒီအချက် ပါမလာရင်တောင် နောက်ပိုင်း ခက်ခဲတဲ့ ညှိနှိုင်းမှု လုပ်ကြရပါလိမ့်မယ်။
တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ ကြုံနေရတဲ့ ဒုတိယ အခက်အခဲ ကတော့ အပစ်ရပ်စာချုပ်ကို တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးမလား၊ အားလုံးပေါင်းပြီး လက်မှတ်ထိုးကြမလား ဆိုတာပါ။ တပ်မတော်ဘက်ကတော့ အပစ်ရပ် သဘောတူညီချက်ရရင် တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ရေးထိုးချင်တယ်လို့ ဆိုထားပါတယ်။ တပ်မတော်ဘက်က စဉ်းစားပုံက လက်မှတ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မပြေမလည် ဖြစ်ခဲ့ရင် အခြား လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ပါ ပြသနာ မဖြစ်ချင်တဲ့ သဘောပါ။ ဒါကို မဟာမိတ် ၄ ဖွဲ့ဘက်က လက်မခံပါဘူး။ အပစ်ရပ်စာချုပ်ကို စာရွက်တစ်ရွက်ထဲပေါ်မှာ ၄ ဖွဲ့စလုံးက စုစုစည်းစည်း လက်မှတ်ထိုးမယ် ဆိုပြီး ရပ်ခံထားတာ တွေ့ရပါတယ်။
နောပ်ထပ် ကြုံရမယ့် ပြသနာ တစ်ခုကတော့ အပစ်ရပ် ခိုင်မာအောင် စောင့်ကြည့်ရေး လုပ်ငန်းစဉ်ပါ။ မြောက်ပိုင်း ၄ ဖွဲ့ဘက်ကတော့ ဒီလို စောင့်ကြည့်ရေး လုပ်ငန်းစဉ်ထဲမှာ တရုတ်နိုင်ငံကို ထည့်သွင်းချင်တယ်လို့ အဆိုပြုထားပါတယ်။ တပ်မတော်ဘက်ကတော့ လောလောဆယ် ဒါကို မဆွေးနွေးသေးဘူးလို့ ပြောထားသလို၊ အပစ်ရပ် လုပ်ငန်းစဉ်တွေမှာ အိမ်နီးချင်း ဖြစ်စေ၊ နိုင်ငံတကာက ဖြစ်စေ၊ ဘယ်နိုင်ငံကမှ ပါဝင် စောင့်ကြပ် ကြည့်ရှုတာမျိုး မလိုလားဘူးလို့ ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ အရင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ NCA လက်မှတ်ထိုးစဉ်က ဒီအချက်ကို ကျော်လွှားခဲ့ပြီဖြစ်ပေမယ့် အခု ၄ ဖွဲ့နဲ့ ဆွေးနွေးရာမှာ အဆင်ပြေပါ့မလား ဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားပါပဲ။
တပ်မတော် နဲ့ မြောက်ပိုင်း ၄ ဖွဲ့ကြုံကြရမယ့် နောက်ထပ် အခက်အခဲ တစ်ခုက အပစ်ရပ် စာချုပ်မှာ ထည့်သွင်းမယ့် NCA စာချုပ် လက်မှတ်ရေးထိုးကြမယ့် အချိန်ဇယားပါ။ တပ်မတော်ဘက်ကတော့ အပစ်ရပ်စာချုပ်ထဲမှာ လက်မှတ်ထိုးပြီးလို့ အချိန်ဘယ်လောက် ကြာရင် ဥပမာ နှစ်လတန်သည် ၃ လ တန်သည်ကြာရင် NCA စာချုပ် လက်မှတ်ရေးထိုးပါ့မယ် ဆိုတဲ့ ကတိကဝတ်မျိုး ထည့်သွင်းထားချင်တာပါ။ ဒါပေမယ့် ဒါကို မြောက်ပိုင်း ၄ ဖွဲ့ဘက်က လက်ခံနိုင်မယ့်ပုံ မရှိပါဘူး။
လက်ရှိ သူတို့စဉ်းစားပုံကတော့ အစိုးရ၊ တပ်မတော် နဲ့ နှစ်ဖက် အပစ်ရပ် စာချုပ် ချုပ်နိုင်ခဲ့ရင်တောင် NCA စာချုပ်မှာ ပါဝင်ဖို့ ကိစ္စကိုတော့ သူတို့ရဲ့ မဟာမိတ် FPNCC အဖွဲ့ဝင် ဝ၊ မိုင်းလား၊ SSPP ရှမ်းတပ်ဖွဲ့တွေနဲ့ အတူတကွ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြပုံ ရပါတယ်။ ဒါကြောင့် အပစ်ရပ်စာချုပ်ထဲမှာ NCA စာချုပ်လက်မှတ်ထိုးရမယ့် အချိန်ဇယား တိတိကျကျ ထည့်သွင်းမှာကို မြောက်ပိုင်း ၄ ဖွဲ့ မလိုလားပါဘူး။ ဒီအချက်တွေကို ဆွေးနွေး ကျော်လွန်နိုင်ရင်တော့ အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ နှစ်ဖက် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီနေရာမှာ အရေးအကြီးဆုံးကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ပါပဲ။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ် လက်မှတ်ထိုးရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ လက်တွေ့ကျတဲ့ လိုက်လျောမှု အများကြီး လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ဖို့ စပြီး ကမ်းလှမ်းချိန်ကစတိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်ပဲ လုပ်ရမယ် ဆိုတဲ့ စကားမျိုး မပြောတော့ပါဘူး။ ငြိမ်းချမ်းရေးအရ သဘောတူညီချက် မရသေးမီစပ်ကြား တိုင်းရင်းသား လက်နက်ကိုင်တွေကို သူတို့ရဲ့ နိုင်ငံရေး အဖွဲ့အစည်း နဲ့ လက်နက်ကိုင် တပ်ဖွဲ့ တည်ရှိခွင့် ခွင့်ပြုပေးထားတဲ့အပြင် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါတင်မက တိုင်းရင်းသားတွေဘက်က တစ်ဖွဲ့ချင်းစီနဲ့ စကားမပြောချင်ဘူး၊ စုပေါင်းပြီး ပြောချင်တယ် ဆိုတော့လည်း စုဖွဲ့ပြီး ပြောခွင့်၊ ဆွေးနွေးခွင့် ပေးရုံမက လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံ လုပ်တဲ့ ကိစ္စမျိုးမှာပါ အကူအညီ ပေးခဲ့ပါသေးတယ်။ ဒီအခြေအနေတွေ အားလုံးမှာ တပ်မတော်ဟာ အစိုးရနဲ့ တသားတည်း ရပ်တည်ခဲ့တာ တွေ့ရပါတယ်။
ဒီလို နည်းနဲ့ နှစ်ဖက် သဘောတူတဲ့ NCA စာချုပ် တစ်ခု ရလာပေမယ့် တကယ်တန်း လက်မှတ်ထိုးဖို့ ဖြစ်လာတဲ့အခါ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ လက်နက်ကိုင် ၃ ဖွဲ့ကို ပါဝင်ခွင့် မပေးရာကနေ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု အခြေအနေ နောက်ဆုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားတယ် ဆိုရင် အရင် အစိုးရလက်ထက်က ရပ်တည်ခဲ့သလို၊ ပြသနာတွေကို လက်တွေ့ကျကျ ရင်ဆိုင်၊ လိုက်လျောသင့်တာ လိုက်လျော၊ လိုက်လျောဖို့ မသင့်တာတွေအတွက်လည်း ပြတ်ပြတ်သားသား ရပ်ခံ ရင်ဆိုင်လို့ ရပါတယ်။ ဒါမှသာ မြောက်ပိုင်း ၄ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ ငြိမ်းချမ်းရေးရဲ့ အနိမ့်ဆုံးအဆင့် သဘောတူညီချက် တစ်ခု ရနိုင်မှာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG