(Zawgyi/Unicode)
ရန္ကုန္ၿမိဳ႕အပါအဝင္ ေနရာအေတာ္မ်ားမ်ားမွာ လူစုလူေဝးနဲ႔ သြားလာမႈေတြ ျပန္လုပ္လာၾကတဲ့အေျခအေနအေပၚ က်န္းမာေရးဝန္ထမ္းေတြရဲ႕ စိုးရိမ္ခ်က္ကို ေျပာျပမွာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ျပေပးပါမယ္။
COVID-19 ေရာဂါပိုးျပန႔္ပြားမႈ တားဆီးေရးအတြက္ ျမန္မာႏိုင္ငံမွာ လူစုလူေဝးနဲ႔သြားလာကန႔္သတ္မႈေတြကို ေမလ ၁၅ ရက္ေန႔အထိ တိုးျမွင့္ထားေပမဲ့ အခု ေမလဆန္းမွာ လူအမ်ားအျပား ပုံမွန္လို ျပန္လည္သြားလာေနမႈေတြ ရွိလာတာေၾကာင့္ ေရာဂါကာကြယ္ေရးအတြက္ မေပါ့ဆၾကဖို႔ က်န္းမာေရးဝန္ထမ္းေတြက သတိေပးလာတာပါ။
က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ထုတ္ျပန္ခ်က္ေတြအရ ျပည္တြင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၆၁ ဦး ရွိခဲ့ၿပီး အဲဒီထဲက ေသဆုံးသူ ၆ ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၄၉ ဦး ရွိထားၿပီျဖစ္ပါတယ္။ ကိုဗစ္ေရာဂါကူးစက္မႈကို အတိုင္းအတာ တခုအထိ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ၿပီ ျဖစ္ေပမဲ့ လူထုၾကားမွာ ဒီေရာဂါကူးစက္မႈက ဆက္ၿပီး ရွိေနေသးတယ္လို႔လည္း က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။
ျပည္တြင္းမွာ ကိုဗစ္ေရာဂါကူးစက္မႈကို မတ္လကုန္ေလာက္မွာ ပထမဆုံး ဓာတ္ခြဲအတည္ျပဳႏိုင္ခဲ့ၿပီး ဧၿပီလ ဒုတိယပတ္နဲ႔ တတိယပတ္ေလာက္မွာ ဓာတ္ခြဲအတည္ျပဳလူနာ အမ်ားဆုံးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ဧၿပီလကုန္ပိုင္းေလာက္က စၿပီး လူနာသစ္ေတြ႕ရွိမႈ ေလ်ာ့နည္းလာပါတယ္။ အဲဒီလို ဓာတ္ခြဲအတည္ျပဳလူနာ ေလ်ာ့နည္းလာတာနဲ႔အမွ် သၾကၤန္ကာလလြန္အခ်ိန္မွာေတာ့ မလိုအပ္ဘဲ အျပင္မထြက္ရဆိုတဲ့ ကန႔္သတ္မႈကို လိုက္နာသူ နည္းလာတယ္လို႔ ေ႐ႊျပည္သာဖ်ားနာကု အခဲ့ေဆးခန္းက ေဒါက္တာသစ္လြင္က VOA ကိုေျပာပါတယ္။
“Mask တပ္ရမယ္၊ လက္ကိုမၾကာခဏ ဆပ္ျပာနဲ႔ ေဆးရမယ္၊ ဆပ္ျပာနဲ႔ ေဆးဖို႔အဆင္မေျပရင္ Hand Gel နဲ႔ ေဆးရမယ္။ အဓိကကူးစက္မႈသည္ တဦးနဲ႔ တဦးထိေတြ႕မႈ လူစုလူေဝးဆိုေတာ့ အခုလမ္းေပၚလူေတြေရာက္လာတာ က်ေနာ္လည္း ျမင္ေနရတယ္။ တခ်ိဳ႕လက္ဖက္ရည္ဆိုင္ေတြ ဖြင့္ၾကၿပီ၊ လူစုလူေဝးေတြ သြားေနၾကတုန္းပဲ၊ Mask တပ္တာေတာ္ေတာ္နည္းလာၿပီ။ ဆိုေတာ့ awareness က ျပန္က်ေနတယ္။ ဒါႀကီးဘယ္ေတာ့ၿပီးမလဲ ေျပာလို႔မရေသးဘူး။ ကမာၻနဲ႔ တဝွမ္းမွာလည္း Case ေတြက တက္ေနတုန္းပဲ၊ ေသဆုံးႏႈန္းေတြျမင့္ေနတုန္းပဲ၊ တခ်ိဳ႕ေနရာမွာၿငိမ္ၿပီး တခ်ိဳ႕ေနရာမွာ ဆက္ျဖစ္ေနတုန္းပဲဆိုေတာ့ ဒါနဲ႔ပတ္သက္ရင္ ကမာၻကိုလည္း ၾကည့္ဖို႔လိုတယ္၊ ျမန္မာကိုလည္း ၾကည့္ဖို႔လိုတယ္။”
ကိုဗစ္ေရာဂါ ျဖစ္ပြားႏႈန္းတက္ေနတဲ့ ႏိုင္ငံေတြထဲက စကာၤပူ၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားမွာေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံသားေတြ အပါအဝင္၊ ထိုင္းႏိုင္ငံမွာရွိတဲ့ ျမန္မာလုပ္သားေတြလည္း အခုရက္ပိုင္းထဲမွာ ျပန္လည္ေရာက္ရွိေနၾကပါၿပီ။ အဲဒါအျပင္ အရင္က ပိတ္ထားခဲ့တဲ့ စက္႐ုံနဲ႔ လုပ္ငန္းတခ်ိဳ႕လည္း ျပန္ဖြင့္ခ်ိန္ေရာက္ၿပီျဖစ္လို႔ ေရာဂါကူးစက္ႏႈန္းက မ်ားျပားလာႏိုင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
ျပည္တြင္းမွာ က်န္းမာေရးဝန္ထမ္း အားနည္းေနခ်ိန္ ဒီေရာဂါအစုလိုက္အၿပဳံလိုက္သာ ျဖစ္လာခဲ့ရင္ အႏၲရာယ္မ်ားလာႏိုင္လို႔ လိုက္နာရမယ့္အခ်က္ေတြကို တိတိက်က်ေဆာင္႐ြက္ေပးဖို႔ကိုလည္း အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေက်ာ္စြာဦးက အခုလိုေျပာပါတယ္။
“လိုက္နာမွလည္း က်ေနာ္တို႔က ဒီကုသမႈက ဆရာဝန္ေတြအေပၚမွာ သူတို႔ရဲ႕ ဝန္ထုပ္ဝန္ပိုးကို ေလွ်ာ့ခ်ၿပီးသားျဖစ္မွာပါ။ အေၾကာင္းေၾကာင္းေၾကာင့္ ဒီလူသားအရင္းအျမစ္ အကန႔္အသတ္ေတြေၾကာင့္ က်ေနာ္တို႔မွာ အားနည္းေနတဲ့အခါမွာ အကယ္၍ အစုလိုက္အၿပဳံလိုက္သာ ျဖစ္လာခဲ့ရင္ မစဥ္းစားရဲေလာက္ေအာင္ အႏၲရာယ္ရွိပါတယ္။ ဒါေၾကာင့္မို႔ တဦးခ်င္းစီရဲ႕အသိက အင္မတန္မွ အေရးႀကီးသလို ျပည္သူ႔က်န္းမာေရးအပိုင္းကို ဒီထက္ပိုၿပီးေတာ့ က်န္းမာေရးဝန္ႀကီးဌာနကလည္း ထပ္လုပ္ေနပါတယ္။ ပိုၿပီးေတာ့ အားေပးရမွာေပါ့ေနာ္။ ဒါမွလည္း ေဆး႐ုံကို ေရာက္တဲ့ႏႈန္းေတြ ျဖစ္ပြားႏႈန္းေတြက်မွာ ျဖစ္ပါတယ္။”
တတ္ႏိုင္သမွ် ကိုယ့္ရဲ႕အိမ္တြင္းမွာသာ ေနထိုင္ၿပီး၊ တဦးနဲ႔ တဦးခပ္ခြာခြာေနဖို႔၊ လက္ကိုမၾကာခဏေဆးေပးဖို႔အပါအဝင္၊ ဖ်ားနာ ေခ်ာင္းဆိုးလာရင္ နီးစပ္ရာ က်န္းမာေရးဌာနေတြမွာ ျပသၿပီး လမ္းၫႊန္ခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ေပးဖို႔ကို တိုက္တြန္းေနၾကတာပါ။ ဒီလိုလိုက္နာႏိုင္မယ္ဆိုရင္ အားလုံးအတြက္ အက်ိဳးရွိႏိုင္တယ္လို႔ ေဒါက္တာသစ္လြင္က ေျပာထားပါတယ္။
“အဓိကဒီအခ်ိန္မွာ က်န္းမာေရး သတိေပးခ်က္ေတြ လိုက္နာတာေတာ့ ကိုယ့္အတြက္ေရာ သူမ်ားအတြက္ေရာ အႏၲရာယ္အကင္းဆုံးနဲ႔ ေစာင့္ေရွာက္ႏိုင္တယ္ ထင္တယ္။ က်န္းမာေရးဝန္ထမ္းေတြကိုလည္း တဘက္တလမ္းက ကူညီရာေရာက္တာေပါ့ေနာ္။ မဟုတ္ရင္ မလိုအပ္တဲ့ ဝန္ထုပ္ဝန္ပိုးေတြ၊ က်န္းမာေရးျပႆနာေတြ အမ်ားႀကီး ျဖစ္လာရင္ အဲ့အေပၚမွာ ဆက္ၿပီးေတာ့ စိုက္ရမယ့္လူအင္အားေတြ၊ ေငြေၾကးကုန္က်မႈေတြ၊ Quarantine ရဲ႕ကုန္က်မႈေတြ၊ ေဆးဝါးကုန္က်စရိတ္ေတြ အမ်ားႀကီးျဖစ္လာဦးမွာကိုး။”
ျပည္တြင္းက ကိုဗစ္ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာေတြရဲ႕ ၅၇ ရာခိုင္ႏႈန္းေလာက္ဟာ ေရာဂါလကၡဏာမျပဘဲ ဗိုင္းရပ္စ္ပိုး ရွိထားသူေတြပဲျဖစ္ပါတယ္။ အဲဒီလို ေရာဂါပိုးရွိေနတာကိုမသိလို႔ ေဆး႐ုံ၊ ေဆးခန္းေတြကို ေရာက္မလာသူေတြလည္း ရွိႏိုင္ၿပီး သူတို႔ကို ေစာင့္ၾကည့္နဲ႔သံသယလူနာအျဖစ္ ဓာတ္ခြဲစစ္ေဆးႏိုင္မႈ မလုပ္ႏိုင္ေသးတာေၾကာင့္ အခုခ်ိန္မွာ ဓာတ္ခြဲအတည္ျပဳလူနာသစ္ ေတြ႕ရွိတာ နည္းပါးတာလည္း ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးဌာနက ခန႔္မွန္ထားပါတယ္။
[Unicode Version]
မြန်မာ COVID-19 ရောဂါကူးစက်မှု ရပ်မသွားသေးတာကြောင့် မပေါ့ဆဖို့သတိပေး
ရန်ကုန်မြို့အပါအဝင် နေရာအတော်များများမှာ လူစုလူဝေးနဲ့ သွားလာမှုတွေ ပြန်လုပ်လာကြတဲ့အခြေအနေအပေါ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိုးရိမ်ချက်ကို ပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။
COVID-19 ရောဂါပိုးပြန့်ပွားမှု တားဆီးရေးအတွက် မြန်မာနိုင်ငံမှာ လူစုလူဝေးနဲ့သွားလာကန့်သတ်မှုတွေကို မေလ ၁၅ ရက်နေ့အထိ တိုးမြှင့်ထားပေမဲ့ အခု မေလဆန်းမှာ လူအများအပြား ပုံမှန်လို ပြန်လည်သွားလာနေမှုတွေ ရှိလာတာကြောင့် ရောဂါကာကွယ်ရေးအတွက် မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက သတိပေးလာတာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ချက်တွေအရ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၆၁ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၄၉ ဦး ရှိထားပြီဖြစ်ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုကို အတိုင်းအတာ တခုအထိ ကာကွယ်ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမဲ့ လူထုကြားမှာ ဒီရောဂါကူးစက်မှုက ဆက်ပြီး ရှိနေသေးတယ်လို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုကို မတ်လကုန်လောက်မှာ ပထမဆုံး ဓာတ်ခွဲအတည်ပြုနိုင်ခဲ့ပြီး ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်လောက်မှာ ဓာတ်ခွဲအတည်ပြုလူနာ အများဆုံးတွေ့ရှိခဲ့ပြီးတဲ့နောက် ဧပြီလကုန်ပိုင်းလောက်က စပြီး လူနာသစ်တွေ့ရှိမှု လျော့နည်းလာပါတယ်။ အဲဒီလို ဓာတ်ခွဲအတည်ပြုလူနာ လျော့နည်းလာတာနဲ့အမျှ သင်္ကြန်ကာလလွန်အချိန်မှာတော့ မလိုအပ်ဘဲ အပြင်မထွက်ရဆိုတဲ့ ကန့်သတ်မှုကို လိုက်နာသူ နည်းလာတယ်လို့ ရွှေပြည်သာဖျားနာကု အခဲ့ဆေးခန်းက ဒေါက်တာသစ်လွင်က VOA ကိုပြောပါတယ်။
“Mask တပ်ရမယ်၊ လက်ကိုမကြာခဏ ဆပ်ပြာနဲ့ ဆေးရမယ်၊ ဆပ်ပြာနဲ့ ဆေးဖို့အဆင်မပြေရင် Hand Gel နဲ့ ဆေးရမယ်။ အဓိကကူးစက်မှုသည် တဦးနဲ့ တဦးထိတွေ့မှု လူစုလူဝေးဆိုတော့ အခုလမ်းပေါ်လူတွေရောက်လာတာ ကျနော်လည်း မြင်နေရတယ်။ တချို့လက်ဖက်ရည်ဆိုင်တွေ ဖွင့်ကြပြီ၊ လူစုလူဝေးတွေ သွားနေကြတုန်းပဲ၊ Mask တပ်တာတော်တော်နည်းလာပြီ။ ဆိုတော့ awareness က ပြန်ကျနေတယ်။ ဒါကြီးဘယ်တော့ပြီးမလဲ ပြောလို့မရသေးဘူး။ ကမ္ဘာနဲ့ တဝှမ်းမှာလည်း Case တွေက တက်နေတုန်းပဲ၊ သေဆုံးနှုန်းတွေမြင့်နေတုန်းပဲ၊ တချို့နေရာမှာငြိမ်ပြီး တချို့နေရာမှာ ဆက်ဖြစ်နေတုန်းပဲဆိုတော့ ဒါနဲ့ပတ်သက်ရင် ကမ္ဘာကိုလည်း ကြည့်ဖို့လိုတယ်၊ မြန်မာကိုလည်း ကြည့်ဖို့လိုတယ်။”
ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းတက်နေတဲ့ နိုင်ငံတွေထဲက စကာၤပူ၊ ဂျပန်နဲ့ တောင်ကိုရီးယားမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင်၊ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာလုပ်သားတွေလည်း အခုရက်ပိုင်းထဲမှာ ပြန်လည်ရောက်ရှိနေကြပါပြီ။ အဲဒါအပြင် အရင်က ပိတ်ထားခဲ့တဲ့ စက်ရုံနဲ့ လုပ်ငန်းတချို့လည်း ပြန်ဖွင့်ချိန်ရောက်ပြီဖြစ်လို့ ရောဂါကူးစက်နှုန်းက များပြားလာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းမှာ ကျန်းမာရေးဝန်ထမ်း အားနည်းနေချိန် ဒီရောဂါအစုလိုက်အပြုံလိုက်သာ ဖြစ်လာခဲ့ရင် အန္တရာယ်များလာနိုင်လို့ လိုက်နာရမယ့်အချက်တွေကို တိတိကျကျဆောင်ရွက်ပေးဖို့ကိုလည်း အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးက အခုလိုပြောပါတယ်။
“လိုက်နာမှလည်း ကျနော်တို့က ဒီကုသမှုက ဆရာဝန်တွေအပေါ်မှာ သူတို့ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပြီးသားဖြစ်မှာပါ။ အကြောင်းကြောင်းကြောင့် ဒီလူသားအရင်းအမြစ် အကန့်အသတ်တွေကြောင့် ကျနော်တို့မှာ အားနည်းနေတဲ့အခါမှာ အကယ်၍ အစုလိုက်အပြုံလိုက်သာ ဖြစ်လာခဲ့ရင် မစဉ်းစားရဲလောက်အောင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မို့ တဦးချင်းစီရဲ့အသိက အင်မတန်မှ အရေးကြီးသလို ပြည်သူ့ကျန်းမာရေးအပိုင်းကို ဒီထက်ပိုပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထပ်လုပ်နေပါတယ်။ ပိုပြီးတော့ အားပေးရမှာပေါ့နော်။ ဒါမှလည်း ဆေးရုံကို ရောက်တဲ့နှုန်းတွေ ဖြစ်ပွားနှုန်းတွေကျမှာ ဖြစ်ပါတယ်။”
တတ်နိုင်သမျှ ကိုယ့်ရဲ့အိမ်တွင်းမှာသာ နေထိုင်ပြီး၊ တဦးနဲ့ တဦးခပ်ခွာခွာနေဖို့၊ လက်ကိုမကြာခဏဆေးပေးဖို့အပါအဝင်၊ ဖျားနာ ချောင်းဆိုးလာရင် နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ ပြသပြီး လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့ကို တိုက်တွန်းနေကြတာပါ။ ဒီလိုလိုက်နာနိုင်မယ်ဆိုရင် အားလုံးအတွက် အကျိုးရှိနိုင်တယ်လို့ ဒေါက်တာသစ်လွင်က ပြောထားပါတယ်။
“အဓိကဒီအချိန်မှာ ကျန်းမာရေး သတိပေးချက်တွေ လိုက်နာတာတော့ ကိုယ့်အတွက်ရော သူများအတွက်ရော အန္တရာယ်အကင်းဆုံးနဲ့ စောင့်ရှောက်နိုင်တယ် ထင်တယ်။ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း တဘက်တလမ်းက ကူညီရာရောက်တာပေါ့နော်။ မဟုတ်ရင် မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရင် အဲ့အပေါ်မှာ ဆက်ပြီးတော့ စိုက်ရမယ့်လူအင်အားတွေ၊ ငွေကြေးကုန်ကျမှုတွေ၊ Quarantine ရဲ့ကုန်ကျမှုတွေ၊ ဆေးဝါးကုန်ကျစရိတ်တွေ အများကြီးဖြစ်လာဦးမှာကိုး။”
ပြည်တွင်းက ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ၅၇ ရာခိုင်နှုန်းလောက်ဟာ ရောဂါလက္ခဏာမပြဘဲ ဗိုင်းရပ်စ်ပိုး ရှိထားသူတွေပဲဖြစ်ပါတယ်။ အဲဒီလို ရောဂါပိုးရှိနေတာကိုမသိလို့ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်မလာသူတွေလည်း ရှိနိုင်ပြီး သူတို့ကို စောင့်ကြည့်နဲ့သံသယလူနာအဖြစ် ဓာတ်ခွဲစစ်ဆေးနိုင်မှု မလုပ်နိုင်သေးတာကြောင့် အခုချိန်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိတာ နည်းပါးတာလည်း ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဌာနက ခန့်မှန်ထားပါတယ်။