သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လူနာသစ် လျော့ကျလာကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်


ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးနိုင်ရေး ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေး ပက်ဖျန်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ။ (ဧပြီ ၈၊ ၂၀၂၀)
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးနိုင်ရေး ရန်ကုန်မြို့ရှိ လမ်းတခုတွင် ပိုးသတ်ဆေး ပက်ဖျန်းနေသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများ။ (ဧပြီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ မေလဆန်းကစလို့ COVID-19 ကပ်ရောဂါ ကူးစက်သူ လူနာသစ် ထပ်မတွေ့တော့တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဧပြီလ ၃၀ ရက်နေ့မှာ နောက်ဆုံးလူနာ ၁ ဦးကို အတည်ပြုခဲ့ချိန်ကစလို့ အခုအချိန်အထိဆိုရင် သေဆုံးသူ ၆ ဦး အပါအဝင် စုစုပေါင်း ကူးစက်သူ ၁၅၁ ယောက် ရှိကြောင်းလည်း တနင်္ဂနွေနေ့ ညနေ ၆ နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကူးစက်မှုအသစ်တွေ လျော့နည်းသွားတာဟာ ဓာတ်ခွဲအတည်ပြု လူနာတွေနဲ့ အနီးကပ်ထိတွေ့သူတွေကို စောစောစီးစီး ရှာဖွေဖော်ထုတ်ပြီး အသွားအလာကန့်သတ်စစ်ဆေးမှုတွေရဲ့ ရလဒ်အဖြစ် ပြောဆိုခဲ့တာပါ။

ရောဂါကူးစက်ခံရတယ်လို့ သံသယရှိသူတွေကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်စစ်ဆေးခဲ့တာတွေ၊ ပြည်ပကဝင်လာသူတွေကို သတ်မှတ်ထားတဲ့ နေရာတွေမှာ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်မှုတွေရဲ့ အကျိုးဆက်အဖြစ်နဲ့လည်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုး စတင်တွေ့ရှိချိန် မတ်လ ၂၃ ရက်နေ့ကစလို့ ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ ကူးစက်မှုနှုန်း များပြားခဲ့ပြီး ဧပြီလနှောင်းပိုင်းမှာ လျော့သွားခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါပေမယ့် ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ ပြည်ပနိုင်ငံတွေကနေ ပြန်လာသူ မြန်မာနိုင်ငံသားတွေ အများအပြား ရှိနေဆဲဖြစ်သလို စက်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်လို့ ကူးစက်မှုနှုန်း ပြန်လည် မြင့်တက်လာနိုင်ခြေ ရှိတယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)

(Zawgyi / Unicode)







XS
SM
MD
LG