သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက်နိုင်ငံသားတွေပြန်ခေါ်ရေး ဆုံရပ် ၃ ခုစီစဉ်ထားကြောင်း သမ္မတရုံးပြော


သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook (မေ ၀၁၊ ၂၀၂၀))
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook (မေ ၀၁၊ ၂၀၂၀))

(Zawgyi/Unicode)

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံကို ပြန်လာချင်ကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စုရပ် ၃ ခုကနေ ပြန်လာနိုင်အောင် စီစဉ်နေတယ်လို့ မြန်မာအစိုးရက ပြောကြားပါတယ်။ ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်ရေးနဲ့ ပတ်သက်လို့ VOA မြန်မာပိုင်းရဲ့ အမေးကို သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ခုလိုဖြေပါတယ်။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook (မေ ၀၁၊ ၂၀၂၀))
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး (ဓာတ်ပုံ - Zaw Htay's Facebook (မေ ၀၁၊ ၂၀၂၀))

"နိုင်ငံတကာမှာ ရှိနေတဲ့ ပြည်ပရောက်မြန်မာတွေ ပြန်လာဖို့ဟာတွေ ကျနော်တို့ relief flight တွေကျနော်တို့ လုပ်ဖို့လုပ်နေတာရှိတယ်။ relief flight လုပ်တဲ့အခါမှာ ကျနော်တို့ ဆုံရပ်အနေနဲ့ သုံးခုလုပ်ထားတယ်။ သုံးခုက ဘာလဲဆိုတော့ နံပတ် ၁ က ထိုင်းနိုင်ငံပေါ့နော်။ အဲ့ ဘန်ကောက်မှာ ဆုံရပ် ... စုရပ်ပေါ့ .. စုရပ်လုပ်မယ်။ နောက် စကာၤပူမှာ စုရပ်လုပ်မယ်။ နောက် အိန္̔ဒိယမှာ သုံးနေရာ ကျနော်တို့ စုရပ်ပေးထားတယ်။ နိုင်ငံတကာမှာ ရှိနေတဲ့ သဘောၤသားတွေရော၊ ဘာတွေရော အပါအဝင်ပေါ့နော်။ အဲဒါမျိုးတွေ ဒီမှာ စုပြီးတော့ မြန်မာနိုင်ငံကို ပြန်လာဖို့ ဒါမျိုးအစီအစဉ်တွေ လုပ်ထားတယ်။"

တကယ်လို့ ပြန်လာချင်သူ ရာ ကျော်ရှိတဲ့ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယားလို နိုင်ငံတွေကနေ တိုက်ရိုက်လေကြောင်းလိုင်းတွေနဲ့ ပြန်လာနိုင်မယ်ဆိုလည်း လက်ခံမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါပိုးကူးစက်သူတယ်လို့ ဓါတ်ခွဲခန်းကအတည်ပြုထားသူ ကတော့ ဒီနေ့ မနက် ၇ နာရီအထိ ၁၅၁ ယောက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG