သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 အေရး ထိန္းခ်ဳပ္ႏုိင္မွ ေက်ာင္းေတြျပန္ဖြင့္မယ့္ အလားအလာရွိ


ဆယ္တန္းစာေမးပဲြေနာက္ဆံုးေန႔ ေျဖၿပီး ေက်ာင္းက ျပန္လာၾကတဲ့ ေက်ာင္းသူတခ်ိဳ႕ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါအေျခအေနေၾကာင့္ ဇြန္လမွာ ျပန္ဖြင့္ေလ့ရွိတဲ့ အေျခခံပညာေက်ာင္းေတြကို ပုံမွန္အတိုင္း ျပန္ဖြင့္ႏိုင္ပါ့မလားဆိုတာ စုံစမ္းေျပာျပမွာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ျပေပးပါမယ္။

အခု ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါျဖစ္ေနတာေၾကာင့္ လုပ္ငန္းေတြ အားလုံးနီးပါးကို ရပ္ဆိုင္းထားရၿပီး လူတိုင္းကို တတ္ႏိုင္သမွ် အိမ္ျပင္မထြက္ၾကဖို႔ကို အစိုးရက တိုက္တြန္းထားပါတယ္။ COVID-19 ကာကြယ္ထိန္းခ်ဳပ္ကုသေရး ဗဟိုေကာ္မတီက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းၫႊန္ၾကားခ်က္ေတြကိုလည္း ဧၿပီလ ၃၀ ရက္ေန႔ကေန ေမလ ၁၅ ရက္ေန႔အထိ ထပ္တိုးသတ္မွတ္ခဲ့ပါတယ္။ ဒါေၾကာင့္ ပုံမွန္ အေျခခံပညာေက်ာင္းေတြ ျပန္ဖြင့္တဲ့ အခ်ိန္ျဖစ္တဲ့ဇြန္လမွာ ေရာဂါအေျခအေနကို ထိန္းခ်ဳပ္ႏိုင္မွ ေက်ာင္းေတြ ပုံမွန္အတိုင္း ျပန္ဖြင့္ဖို႔ ေဆာင္႐ြက္ႏိုင္မယ္လို႔သိရပါတယ္။

စာေမးပြဲ အေျဖလႊာ မစစ္ေဆးရေသးတဲ့ အတန္းေတြကို ေမလ ၁၅ ရက္ေနာက္ပိုင္းမွာ အေျဖလႊာစစ္ေဆးတာေတြကို လုပ္ၿပီး ေအာင္စာရင္း ထုတ္ျပန္ၿပီးမွာသာ ေက်ာင္းျပန္ဖြင့္ႏိုင္ဖို႔အတြက္ ဆက္လုပ္ႏိုင္မွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ဗြီအိုေအကို ေျပာပါတယ္။

“ႏိုင္ငံေတာ္အဆင့္ COVID-19 ထိန္းခ်ဳပ္ေရး ေကာ္မတီက ေနၿပီးေတာ့မွလည္း ဒါ ျပည္ေထာင္စု ဝန္ႀကီးဌာနေတြကို သက္ဆိုင္ရာလုပ္ငန္းေတြ လုပ္ပိုင္ခြင့္စၿပီး လုပ္လို႔ရၿပီ ဆိုရင္ေတာ့ က်ေနာ္တို႔ အရင္ဆုံးေတာ့ ေက်ာင္မဖြင့္ခင္မွာ အေျဖလႊာေတြစစ္ဖို႔က်န္ေနတာေတြ ရွိတယ္။ က်ေနာ္တို႔ Grade 5 ရွိတယ္ေပါ့ေနာ္ ၿပီးေတာ့ Grade 9 ရွိတယ္။ အေျဖလႊာေတြ မၿပီးေသးဘူး။ ေနာက္ ဒႆမတန္း အေျဖလႊာေတြ မစစ္ရေသးဘူး။ အဲ့ဒါေတြက ေမလ ၁၅ ရက္ေနာက္ပိုင္းမွ စစ္ႏိုင္မယ္။ အဲ့ဒါေတြကို ဒီလ အတြင္းမွာ စစ္ႏိုင္ရင္ေတာ့ အေျခအေနလည္း ေကာင္းတယ္ဆိုရင္ေတာ့ ဇြန္လမွာ ဖြင့္ႏိုင္ဖို႔ က်ေနာ္တို႔ဒါ ႀကိဳတင္ျပင္ဆင္မႈေတြေတာ့ လုပ္ေနတာေပါ့ေနာ္ ... ခုေလာေလာဆယ္ အေနအထားအရ။”

ဒီၾကားကာလမွာေတာ့ အေျခခံပညာ ေက်ာင္းဆရာေတြအတြက္ မြန္းမံ့သင္တန္းေတြကိုေတာ့ အြန္လိုင္းကေန ေဆာင္႐ြက္ဖို႔ ရွိတယ္လို႔သိရသလို ေက်ာင္းေတြျပန္ဖြင့္ရာမွာ ေက်ာင္းသား ေက်ာင္းသူေတြ က်န္းမာေရးအတြက္ ႀကိဳတင္စဥ္းစား ေဆြးေႏြးမႈေတြလည္း ရွိေနတယ္လို႔သိရပါတယ္။

ေက်ာင္းေတြ ျပန္ဖြင့္ၿပီး ေက်ာင္းတက္ရရင္ ေက်ာင္းသားေတြကို တစ္စုတစ္ေဝးတည္း အမ်ားႀကီး ျဖစ္မေနေစဖို႔ႏွင့္ ထိေတြ႕မႈ နည္းႏိုင္ဖို႔အတြက္ အသုတ္ေတြ ခြဲၿပီး သင္ၾကားတဲ့ ပုံစံမ်ိဳးလုပ္ႏိုင္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဦးကိုေလးဝင္းကေျပာပါတယ္။

ဒီလို ဇြန္လမွာ ေက်ာင္းျပန္ဖြင့္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ေက်ာင္သားမိဘေတြအေနနဲ႔လည္း စိုးရိမ္ပူပန္မႈေတြ ရွိေနၾကပါတယ္။ ေက်ာင္းသားေတြကို က်န္းမာေရးနဲ႔ ပတ္သက္တဲ့ အသိပညာေပးတာနဲ႔ မလုံေလာက္ဘဲ ေက်ာင္းသားမိဘေတြကိုပါ က်န္းမာေရးအသိ ရွိေနေအာင္ လုပ္ေပးဖို႔ လိုအပ္တယ္လို႔ ေက်ာင္းသား မိဘ တေယာက္ျဖစ္တဲ့ ကိုေက်ာ္ဝဏၰ ေျပာပါတယ္။

“မိဘတေယာက္အေနနဲ႔ကေတာ့ ဒါစိုးရိမ္တာေပါ့ေနာ္။ မိဘတိုင္းကလည္း စိုးရိမ္ၾကမယ္လို႔ ထင္တယ္။ ဒီကေလးေတြနဲ႔ ပတ္သက္ၿပီးေတာ့ စာသင္ေက်ာင္းေတြကို လိုက္သြားၾကည့္တဲ့အခါက်ေတာ့ ခေလးေတြက တေယာက္နဲ႔ တေယာက္ ပူးကပ္ၿပီးေတာ့ ထိုင္ရတာေလ။ ထိုင္တဲ့အခါ ခုံအက်ယ္ႀကီးကို မသုံးႏိုင္ဘူးေလ။ တကယ္လို႔ ကေလးေတြကို ဘယ္ႏွစ္ေပ ဆိုၾကပါစို႔ ဘယ္ႏွစ္ေပ ဘယ္ႏွစ္ေပခြာၿပီး ထိုင္ခိုင္းမယ္ဆိုရင္လည္း အခက္အခဲရွိႏိုင္တယ္။”

ဇြန္လမွာ ေက်ာင္းေတြ ျပန္ဖြင့္ရင္ COVID ကပ္ေရာဂါကာလ ျဖစ္ေနတာေၾကာင့္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ေတြအတိုင္းလိုက္နာ ေဆာင္႐ြက္မွာျဖစ္တယ္လို႔ အေျခခံပညာ ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

တကၠသိုလ္ဝင္စာေမးပြဲေတြကို မတ္လ ၂၀ ရက္ေန႔မွာ ေျဖဆိုၿပီးစီးခဲ့ပါတယ္။ ဒါေပမဲ့ မတ္လ ၂၃ ရက္ေန႔မွာပဲ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း ေၾကညာလိုက္တဲ့အတြက္ အေျဖလႊာစစ္ေဆးျခင္း လုပ္ငန္းေတြကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းထားရပါတယ္။ တကၠသိုလ္စာေမးပြဲေတြကိုလည္း စစ္ေဆးေနရင္း ရပ္ဆိုင္းလိုက္ရၿပီး ႏွစ္ဘာသာ ေျဖဆိုဖို႔ က်န္ေနပါေသးတယ္။ ေက်ာင္းေတြအားလုံးမွာ ေက်ာင္းလုပ္ငန္းစဥ္ေတြကို ရက္အကန႔္အသတ္မရွိ ရပ္ဆိုင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 အရေး ထိန်းချုပ်နိုင်မှ ကျောင်းတွေပြန်ဖွင့်မယ့် အလားအလာရှိ

COVID-19 ကပ်ရောဂါအခြေအနေကြောင့် ဇွန်လမှာ ပြန်ဖွင့်လေ့ရှိတဲ့ အခြေခံပညာကျောင်းတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ပါ့မလားဆိုတာ စုံစမ်းပြောပြမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက တင်ပြပေးပါမယ်။

အခု မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်နေတာကြောင့် လုပ်ငန်းတွေ အားလုံးနီးပါးကို ရပ်ဆိုင်းထားရပြီး လူတိုင်းကို တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့ကို အစိုးရက တိုက်တွန်းထားပါတယ်။ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းညွှန်ကြားချက် တွေကိုလည်း ဧပြီလ ၃၀ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အထိ ထပ်တိုးသတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ပုံမှန် အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်ဖြစ်တဲ့ဇွန်လမှာ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်မှ ကျောင်းတွေ ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ ဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။

စာမေးပွဲ အဖြေလွှာ မစစ်ဆေးရသေးတဲ့ အတန်းတွေကို မေလ ၁၅ ရက်နောက်ပိုင်းမှာ အဖြေလွှာစစ်ဆေးတာတွေကို လုပ်ပြီး အောင်စာရင်း ထုတ်ပြန်ပြီးမှာသာ ကျောင်းပြန်ဖွင့်နိုင်ဖို့အတွက် ဆက်လုပ်နိုင်မှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဗွီအိုအေကို ပြောပါတယ်။

“နိုင်ငံတော်အဆင့် COVID-19 ထိန်းချုပ်ရေး ကော်မတီက နေပြီးတော့မှလည်း ဒါ ပြည်ထောင်စု ဝန်ကြီးဌာနတွေကို သက်ဆိုင်ရာလုပ်ငန်းတွေ လုပ်ပိုင်ခွင့်စပြီး လုပ်လို့ရပြီ ဆိုရင်တော့ ကျနော်တို့ အရင်ဆုံးတော့ ကျောင်မဖွင့်ခင်မှာ အဖြေလွှာတွေစစ်ဖို့ကျန်နေတာတွေ ရှိတယ်။ ကျနော်တို့ Grade 5 ရှိတယ်ပေါ့နော် ပြီးတော့ Grade 9 ရှိတယ်။ အဖြေလွှာတွေ မပြီးသေးဘူး။ နောက် ဒဿမတန်း အဖြေလွှာတွေ မစစ်ရသေးဘူး။ အဲ့ဒါတွေက မေလ ၁၅ ရက်နောက်ပိုင်းမှ စစ်နိုင်မယ်။ အဲ့ဒါတွေကို ဒီလ အတွင်းမှာ စစ်နိုင်ရင်တော့ အခြေအနေလည်း ကောင်းတယ်ဆိုရင်တော့ ဇွန်လမှာ ဖွင့်နိုင်ဖို့ ကျနော်တို့ဒါ ကြိုတင်ပြင်ဆင်မှုတွေတော့ လုပ်နေတာပေါ့နော် ... ခုလောလောဆယ် အနေအထားအရ။”

ဒီကြားကာလမှာတော့ အခြေခံပညာ ကျောင်းဆရာတွေအတွက် မွန်းမံ့သင်တန်းတွေကိုတော့ အွန်လိုင်းကနေ ဆောင်ရွက်ဖို့ ရှိတယ်လို့သိရသလို ကျောင်းတွေပြန်ဖွင့်ရာမှာ ကျောင်းသား ကျောင်းသူတွေ ကျန်းမာရေးအတွက် ကြိုတင်စဉ်းစား ဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့သိရပါတယ်။

ကျောင်းတွေ ပြန်ဖွင့်ပြီး ကျောင်းတက်ရရင် ကျောင်းသားတွေကို တစ်စုတစ်ဝေးတည်း အများကြီး ဖြစ်မနေစေဖို့နှင့် ထိတွေ့မှု နည်းနိုင်ဖို့အတွက် အသုတ်တွေ ခွဲပြီး သင်ကြားတဲ့ ပုံစံမျိုးလုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဦးကိုလေးဝင်းကပြောပါတယ်။

ဒီလို ဇွန်လမှာ ကျောင်းပြန်ဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ကျောင်သားမိဘတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။ ကျောင်းသားတွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးတာနဲ့ မလုံလောက်ဘဲ ကျောင်းသားမိဘတွေကိုပါ ကျန်းမာရေးအသိ ရှိနေအောင် လုပ်ပေးဖို့ လိုအပ်တယ်လို့ ကျောင်းသား မိဘ တယောက်ဖြစ်တဲ့ ကိုကျော်ဝဏ္ဏ ပြောပါတယ်။

“မိဘတယောက်အနေနဲ့ကတော့ ဒါစိုးရိမ်တာပေါ့နော်။ မိဘတိုင်းကလည်း စိုးရိမ်ကြမယ်လို့ ထင်တယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီးတော့ စာသင်ကျောင်းတွေကို လိုက်သွားကြည့်တဲ့အခါကျတော့ ခလေးတွေက တယောက်နဲ့ တယောက် ပူးကပ်ပြီးတော့ ထိုင်ရတာလေ။ ထိုင်တဲ့အခါ ခုံအကျယ်ကြီးကို မသုံးနိုင်ဘူးလေ။ တကယ်လို့ ကလေးတွေကို ဘယ်နှစ်ပေ ဆိုကြပါစို့ ဘယ်နှစ်ပေ ဘယ်နှစ်ပေခွာပြီး ထိုင်ခိုင်းမယ်ဆိုရင်လည်း အခက်အခဲရှိနိုင်တယ်။ ”

ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်ရင် COVID ကပ်ရောဂါကာလ ဖြစ်နေတာကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအတိုင်းလိုက်နာ ဆောင်ရွက်မှာဖြစ်တယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲတွေကို မတ်လ ၂၀ ရက်နေ့မှာ ဖြေဆိုပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့ မတ်လ ၂၃ ရက်နေ့မှာပဲ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကြေညာလိုက်တဲ့အတွက် အဖြေလွှာစစ်ဆေးခြင်း လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရပါတယ်။ တက္ကသိုလ်စာမေးပွဲတွေကိုလည်း စစ်ဆေးနေရင်း ရပ်ဆိုင်းလိုက်ရပြီး နှစ်ဘာသာ ဖြေဆိုဖို့ ကျန်နေပါသေးတယ်။ ကျောင်းတွေအားလုံးမှာ ကျောင်းလုပ်ငန်းစဉ်တွေကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါတယ်။

XS
SM
MD
LG