သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စီးပြားေရးထိခိုက္မႈ သက္သာေစမယ့္ ျမန္မာအစုိးရရဲ႕ CERP အစီအစဥ္


COVID-19 ေၾကာင့္ ဗိုလ္ခ်ဳပ္ေစ်း ပိတ္ထားရ

(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈ သက္သာေစေရး အစိုးရထုတ္ျပန္လိုက္တဲ့ အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး မစုျမတ္မြန္က ဆက္ တင္ျပပါမယ္။

ရည္မွန္းခ်က္ ၇ ခု၊ မဟာျဗဴဟာ ၁၀ ခု၊ ေဆာင္႐ြက္ရမယ့္ အစီအစဥ္ ၃၆ ခု၊ ေဆာင္႐ြက္ေနတဲ့ အစီအစဥ္ ၇၆ ခုပါဝင္တဲ့ စီးပြားေရးဆိုင္ရာ အစီအစဥ္ေတြကို ဧၿပီလ ၂၇ ရက္ေန႔စြဲနဲ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။ အစီအစဥ္ေတြထဲမွာ ဘ႑ာေရး ေထာက္ပံံ့မႈေပးၿပီး၊ စီးပြားေရးလုပ္ငန္းေတြ တိုးတက္ေအာင္လုပ္ေရး၊ ထိခိုက္ေနတဲ့ အလုပ္သမားေတြ၊ အိမ္ေထာင္စုေတြအတြက္ ေငြေၾကးအပါအဝင္ ပံ့ပုိးကူညီမႈေတြေပးေရး၊ က်န္းမာေရးစနစ္ အားေကာင္းခုိင္မာေအာင္လုပ္ေရး စသျဖင့္ က႑ ၇ ခုခဲြထားပါတယ္။ အဲဒီထဲက စီးပြားေရးလုပ္ငန္းေတြကို အတုိးႏႈန္းနည္းနည္းနဲ႔ ေငြေခ်းတာအပါအဝင္ တခ်ဳိ႕အစီအစဥ္ေတြကို စတင္ေဆာင္႐ြက္ေနၿပီး၊ က်န္တဲ့အစီအစဥ္ေတြကို သတ္မွတ္ခ်ိန္ထား ေဆာင္႐ြက္သြားမယ္လို႔ ေဖာ္ျပထားပါတယ္။

COVID-19 ေၾကာင့္ စီးပြားေရးအေပၚ ေ႐ွာင္လြဲလို႔ မရတဲ့ ထိခိုက္မႈေတြ သက္သာေစေရးနဲ႔ ျမန္မာ့စီးပြားေရး ျမန္ျမန္ဆန္ဆန္ ျပန္လည္ နာလန္ထူလာႏိုင္ေရးအတြက္ အေထာက္အကူျဖစ္မယ့္ အစီအစဥ္ေတြျဖစ္တယ္လို႔ ႏိ္္ုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ထုတ္ျပန္ခ်က္မွာ ေျပာၾကားထားပါတယ္။ အစိုးရထုတ္ျပန္တဲ့ စီးပြားေရးအစီအစဥ္ေတြအေပၚ စီးပြားေရးလုပ္ငန္း႐ွင္ ဦးေက်ာ္နီခင္က ႀကိဳဆိုေပမဲ့ လက္ေတြ႔ထိေရာက္ႏိုင္ေရးအတြက္ ဒီထက္မက ေငြေၾကးသံုးစြဲဖုိ႔ ေမ ွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။

“ တခ်ိဳ႕ Plan ေတြကလည္း လုပ္ေနဆဲျဖစ္တယ္။ တခ်ိဳ႕ Plan ေတြကလည္း လုပ္ၿပီးသားေတြျဖစ္တယ္။ တခ်ိဳ႕ကလည္း ဆက္လုပ္မယ္ဆိုတဲ့ Plan ေတြကလည္း အမ်ားႀကီးေတြ႔ရတယ္။ ဥပမာ ၁၀၀ မီလီယံ ျမန္မာက်ပ္ေတြ ေပးတာေတြက အခုလုပ္ေနၿပီ။ အခုလည္း ရတဲ့လူေတြ ရေနတာေတြေတြ႔ရတယ္ေပါ့ေနာ္။ Market response ကို ျဖစ္ဖို႔အတြက္က ၂၀၀ နဲ႔ ၅၀၀ ဘီလီယံေလာက္လုပ္ေပးမယ္ဆိုရင္ ေကာင္းတာေပါ့ေနာ္။ တခုေျပာရမယ္ဆိုရင္ေတာ့ ဒီထက္ ၁၀ ဆ မက ခ်ေပးဖုိ႔ကို ျဖစ္ေစခ်င္တာေပါ့ေနာ္။ ေနာက္တခါ ျမန္မာ့စီးပြားေရးဘဏ္နဲ႔ ျမန္မာ Agriculture development bank ျမန္မာ့လယ္ယာစိုက္ပ်ိဳးေရးနဲ႔ ဖြံ႔ၿဖိဳးေရးဘဏ္ေပါ့ေနာ္ ဒီဘဏ္ ၂ ခုကို ပူးေပါင္းဖို႔က ကမၻာ့ဘဏ္ကေနၿပီးေတာ့ ဦးစီးဖို႔အတြက္လုပ္ေနတာ ဒါဆိုရင္ ဒီဟာ လည္း ျမန္ျမန္ဆန္ဆန္ ဒီႏွစ္မကုန္ခင္ ျဖစ္သြားမယ္ဆိုရင္ေတာ့ အမ်ားႀကီးေကာင္းတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ လယ္ယာက႑နဲ႔ စိုက္ပ်ိဳးေရး က႑ ကို ပိုၿပီးေတာ့ ေနာက္ၿပီးေတာ့ ေခ်းေငြေတြကအစ ေနာက္တခါ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အတိုးႏႈန္းနဲ႔ ေခ်းေပးၿပီးေတာ့ လုပ္သြားႏိုင္မယ့္ဟာေတြ ျမင္ေနရေတာ့ ဒါေတြဟာ အမ်ားႀကီးေကာင္းတာေပါ့ေနာ္။ ေနာက္ credit guarantees ေပါ့ က်ေနာ္တို႔ တျခား Financial sector မွာရွိတဲ့ ဘဏ္ေတြအတြက္လည္း credit guarantees ရွိတဲ့အတြက္ သူတို႔ Loan ေတြကို လုပ္ရတာ ပိုၿပီးေတာ့ ေကာင္းလာတာေပါ့ေနာ္။ ေနာက္ၿပီး Tax ကိစၥနဲ႔ ပတ္သက္တာေတြလည္း အမ်ားႀကီး relief ျဖစ္မယ္လို႔ ေတြ႔ရတယ္။ Digital ဘက္ကို လည္း ပါတဲ့အခ်က္ေတြ က်ေနာ္တို႔ ႀကိဳက္တဲ့ အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ challenge Grant ေတြလုပ္ၿပီးေတာ့ တကယ့္ international ေနရာေတြ ပါလာၿပီးေတာ့ လုပ္ေပးမယ့္ ပလက္ေဖာင္းေတြ ေပၚလာရင္ က်ေနာ္တို႔အတြက္ အမ်ားႀကီး ၀မ္းသာရမွာေပါ့ေနာ္။

E-commerce ပလက္ေဖာင္းကိုေတာ့ အစိုးရက လုပ္တာကို သိပ္ၿပီးေတာ့ သေဘာမတူခ်င္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါကို လုပ္လိုက္ရင္ေတာ္ၾကာ တကယ္မျဖစ္လာမွာကို စိုးရိမ္တယ္။ ဒါမ်ိဳးဆိုတာ Alibaba လိုမ်ိဳး private ကလုပ္တဲ့ဟာမွာဆိုရင္ ပိုၿပီးေတာ့ competitive ျဖစ္မယ္လို႔ က်ေနာ္တို႔ ယူဆတာေပါ့ေနာ္။

ေမး။ ။ သူတို႔ လုပ္မယ့္အစီအစဥ္တခ်ိဳ႕ကလည္း ခုနေျပာသလို စလုပ္ေနၿပီဆိုေတာ့ အဲဒီ အစီအစဥ္ေတြအားလံုးက တကယ္ပဲ စီးပြားေရးထိခိုက္တဲ့ လုပ္ငန္းေတြအားလံုး လက္ေတြ႔အေထာက္အပံ႔ရဖို႔ ေမွ်ာ္လင့္သလားရွင့္။

ဦးေက်ာ္နီခင္။ ။အကုန္လံုးကိုေတာ့ က်ေနာ္ထင္တယ္ ေပးႏိုင္ဖို႔ကေတာ့ နည္းနည္း ခက္တယ္ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ sector wise ကေန တေျဖးေျဖးခ်င္းျဖစ္သြားမွာေပါ့ေနာ္။ ဥပမာ- Infrastructure project လိုမ်ိဳး ဒီ Health care ဘက္က ဒီလို quality base ကလာတာမ်ိဳးကေန ျပန္႔သြားရင္ အဲဒီကေနၿပီးေတာ့မွ ခရီးသြားလာမႈေတြ ၊ စားေသာက္ဆိုင္ေတြ၊ retail ေတြျပန္တက္လာမယ္။ အဲလိုနဲ႔ ဟိုတယ္ sector ေတြတေျဖးေျဖး ျပန္ၿပီးေတာ့ improve ျဖစ္လာမယ္ဆိုတာ ေတြ႔ရတယ္ေပါ့ေနာ္။ ဒီအခြင့္အေရးကို က်ေနာ္တို႔ အခုအခ်ိန္မွာ ယူရမယ္လို႔ ျမင္ပါတယ္။ ေနာက္တခါေတာ့ sector တိုင္းကို ေရာက္ဖို႔ကေတာ့ က်ေနာ္ထင္တယ္ ခ်က္ခ်င္းႀကီးေတာ့ မျဖစ္ႏိုင္ဘူး။ ခုနက က်ေနာ္ေျပာသလိုပဲ တဆင့္ခ်င္းတဆင့္မွ ေရာက္သြားႏိုင္တယ္။ အဲဒီေတာ့ အဲလိုမ်ိဳးေရာက္တဲ့အခ်ိန္မွာ အထိခိုက္အနည္းဆံုး sector ကိုလည္း တတ္ႏိုင္သမွ် Sustain ျဖစ္ေအာင္လည္း allocation ျဖစ္ေအာင္လုပ္ၿပီး ေပးသင့္တယ္လို႔ ျမင္ပါတယ္။

တခုပဲေပါ့ေနာ္ က်ေနာ္တို႔ စီးပြားေရး ေလာကကေန ေမွ်ာ္လင့္တာကေတာ့ ဒီ ဟာႀကီး package တခုလံုးမွာ US ၂- ၃ ဘီလီယံေလာက္ေတာ့ ရွိတယ္လို႔ေတာ့ အျပင္မွာေတာ့ ေျပာေနတာၾကားရတာေပါ့ေနာ္။ ဒီအထဲမွာေတာ့ မေတြ႔ရဘူးဆိုေတာ့ ၂- ၃ ဘီလီယံေလာက္ကို project ထဲကေနတဆင့္ market ထဲကို ေရာက္လာမယ္ဆိုရင္ က်ေနာ္တို႔ ျမန္ျမန္ဆန္ဆန္ relief ရမယ္။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ business သမားေတြကေတာ့ ဘယ္လိုပဲ ေျပာေျပာ COVID ကိုရင္ဆိုင္ဖို႔က အကုန္လံုးက ျပင္ဆင္ေနၿပီဆိုေတာ့ေလ ဒီလိုမ်ိဳး package က ေစ်းကြက္ကို ေရာက္လာမယ္ဆိုရင္ ၀ိုင္းၿပီးလုပ္မယ္လို႔ က်ေနာ္တို႔ ေမွ်ာ္လင့္ပါတယ္။ အဲဒီေတာ့ အစိုးရကိုု က်ေနာ္တို႔အေနနဲ႔ တိုက္တြန္းရမယ္ဆိုရင္ေတာ့ ေစ်းကြက္ထဲကို မ်ားမ်ားေလး ထည့္ေပးဖို႔ က်ေနာ္တိုက္တြန္းခ်င္တာေပါ့ေနာ္။”

ႏိုင္ငံတကာစီးပြားေရးဆိုင္ရာပညာ႐ွင္ ေဒါက္တာေဇာ္ႏိုင္ကေတာ့ အခုအစိုးရထုတ္ျပန္တဲ့ အစီအစဥ္ေတြက ေယဘူယ်ဆန္တဲ့အတြက္ အလံုးစံု မျပည့္စံုဘူးလို႔ျမင္ပါတယ္။

“ COVID-19 ေၾကာင့္တႏုိင္ငံလံုးက စီးပြားေရးလုပ္ငန္းေတြကို တႏုိင္ငံလံုးမွာရွိတဲ့ ပုဂၢလိက လုပ္ငန္းေတြကို ၊ ေနာက္တခါ လူေတြကို ၊ ေနာက္တခါ ၀န္ထမ္းေတြကို အလုပ္သမားေတြကို သက္ေရာက္မႈရွိတယ္။ အဲဒါေတြကို အစိုးရက သိပါတယ္ ဆိုၿပီးေတာ့ တု႔ံျပန္လိုက္တဲ့ တံု႔ျပန္ခ်က္တခုလို႔ ျမင္မိပါတယ္။ ဒီထက္ပိုၿပီး က်ယ္ျပန္႔တဲ့၊ ပိုၿပီး ျပည့္စံုတဲ့ ဒီထက္ပိုၿပီးလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္တဲ့ ေနာက္ထပ္ plan ေတြ အေသးစိတ္ စီမံခ်က္ေတြအမ်ားႀကီးလိုဦးမယ္။ အခုက ၁၅ မ်က္ႏွာ plan ဆိုေတာ့ ဒီေလာက္ပဲ ရမွာေပါ့။ သူတို႔ကိုယ္တိုင္လည္း အားရလိမ့္မွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။”

Overcoming as One ဆိုၿပီးအစိုးရက အဂၤလိပ္လို ထုတ္ျပန္တ့ဲ CERP အစီအစဥ္ေတြထဲမွာ ႏိုိင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈေတြ ပိုရ႐ွိေအာင္၊ ကုန္သြယ္ေရးပိုင္း ပိုတိုးတက္ေအာင္လုပ္သြားမယ့္ အစီအစဥ္ေတြလည္း ပါဝင္ပါတယ္။ ရင္းႏွီးျမွဳပ္ႏွံမႈေတြကို ျမွင့္တင္မယ္ဆိုက႑ကို ေဆာင္႐ြက္တဲ့အခါ အစိုးရအေနနဲ႔ သတိထားသင့္တာကိုလည္း ေဒါက္တာေဇာ္ႏိုင္က ခုလိုေထာက္ျပပါတယ္။

“တခ်ိဳ႕အေျခခံ အေဆာက္အအံု စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ဖိို႔ရန္အတြက္ အေျခအေနအရပ္ရပ္ကို သံုးသပ္ဖို႔ ႏိႈင္းယွဥ္ဖို႔ ေနာက္ၿပီးေတာ့ အဲဒီလို project ေတြမွာ လုပ္ေနတဲ့ အဖြဲ႔အစည္းေတြ ကုမၸဏီေတြ ၿပိဳင္ဆိုင္ဖို႔အတြက္ကို အခ်ိန္ေပးၿပီး လုပ္ရတာေတြရွိတယ္။ ျမန္ျမန္လုပ္ဆိုၿပီးေတာ့ တခ်ိဳ႕ကိစၥေတြက လုပ္လို႔မရဘူး။ အဲဒီေတာ့ အဲလိုဟာမ်ိဳးေတြမွာ အစိုးရဌာနဆိုင္ရာ အဖြဲ႔အစည္းေတြကေသာ္လည္းေကာင္း တခ်ိဳ႕ေသာ အစိုးရဌာနဆိုင္ရာ အဖြဲ႔အစည္းေတြနဲ႔ နီးစပ္တဲ့ ကုမၸဏီေတြက ေသာ္လည္းေကာင္း ျမန္ျမန္လုပ္ဆိုတာမ်ိဳးကို လိုခ်င္တဲ့အခါက်ေတာ့ အခု လိုမ်ိဳး COVID-19 economic relief plan ထဲမွာ တေၾကာင္းထည့္လိုက္တယ္။ အေျခခံအေဆာက္အအံု စီမံကိန္းေတြကို အျမန္ဆံုး အေကာင္အထည္ေဖာ္ပါ ဆိုတဲ့ ေခါင္းစဥ္ေလး တခု တပ္လိုက္တာနဲ႔ ဘာျဖစ္သြားလဲဆိုေတာ့ ခုနကေျပာတဲ့ ၿပိဳင္ဆိုင္မႈေတြ မရွိေတာ့ဘူး ေနာက္တခါ တျခား ယွဥ္ၿပိဳင္ဘက္ေတြ အဆင္သင့္မျဖစ္တဲ့အခ်ိန္မွာ ေရာ့လုပ္ဆိုၿပီးေတာ့ ခ်က္ခ်င္း လုပ္ပိုင္ခြင့္ေတြ ခ်ေပးလိုက္ဖို႔အတြက္ကို ျဖစ္သြားႏိုင္တယ္ ဆိုေတာ့ အဲဒါမ်ိဳးေတြကို သတိထားေစခ်င္တယ္ အစိုးရကိုေလ။ ဒီလို အေျခခံ အေဆာက္အအံု စီမံကိန္းေတြကို ခ်က္ခ်င္း အေကာင္အထည္ေဖာ္တယ္ ဆိုတာမ်ိဳးကေတာ့ နည္းနည္း သတိထားေစခ်င္တယ္။”

အစိုးရဌာနတိုင္းက ၂၀၁၉ - ၂၀၂၀ ဘတ္ဂ်က္အသံုးစရိတ္ကုိ ၁၀% စီေလ ွ်ာ့ခ်ၿပီး COVID-19 အသံုးစရိတ္ထဲ ထည့္ဝင္သံုးစြဲသြားေရးပါဝင္တဲ့ CERP အစီအစဥ္အားလံုးကို ခ်က္ခ်င္း၊ အျမန္ဆံုး ဒါမွမဟုတ္ ၂၀၂၀ ခုႏွစ္ မကုန္ခင္ေဆာင္႐ြက္ရမယ္လို႔ သတ္မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............

စီးပွားရေးထိခိုက်မှု သက်သာစေမယ့် မြန်မာအစိုးရရဲ့ CERP အစီအစဉ်

(Unicode)

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး အစိုးရထုတ်ပြန်လိုက်တဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး မစုမြတ်မွန်က ဆက် တင်ပြပါမယ်။

ရည်မှန်းချက် ၇ ခု၊ မဟာဗြူဟာ ၁၀ ခု၊ ဆောင်ရွက်ရမယ့် အစီအစဉ် ၃၆ ခု၊ ဆောင်ရွက်နေတဲ့ အစီအစဉ် ၇၆ ခုပါဝင်တဲ့ စီးပွားရေးဆိုင်ရာ အစီအစဉ်တွေကို ဧပြီလ ၂၇ ရက်နေ့စွဲနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အစီအစဉ်တွေထဲမှာ ဘဏ္ဍာရေး ထောက်ပံံ့မှုပေးပြီး၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်လုပ်ရေး၊ ထိခိုက်နေတဲ့ အလုပ်သမားတွေ၊ အိမ်ထောင်စုတွေအတွက် ငွေကြေးအပါအဝင် ပံ့ပိုးကူညီမှုတွေပေးရေး၊ ကျန်းမာရေးစနစ် အားကောင်းခိုင်မာအောင်လုပ်ရေး စသဖြင့် ကဏ္ဍ ၇ ခုခွဲထားပါတယ်။ အဲဒီထဲက စီးပွားရေးလုပ်ငန်းတွေကို အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးတာအပါအဝင် တချို့အစီအစဉ်တွေကို စတင်ဆောင်ရွက်နေပြီး၊ ကျန်တဲ့အစီအစဉ်တွေကို သတ်မှတ်ချိန်ထား ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

COVID-19 ကြောင့် စီးပွားရေးအပေါ် ရှောင်လွဲလို့ မရတဲ့ ထိခိုက်မှုတွေ သက်သာစေရေးနဲ့ မြန်မာ့စီးပွားရေး မြန်မြန်ဆန်ဆန် ပြန်လည် နာလန်ထူလာနိုင်ရေးအတွက် အထောက်အကူဖြစ်မယ့် အစီအစဉ်တွေဖြစ်တယ်လို့ နိ်ုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။ အစိုးရထုတ်ပြန်တဲ့ စီးပွားရေးအစီအစဉ်တွေအပေါ် စီးပွားရေးလုပ်ငန်းရှင် ဦးကျော်နီခင်က ကြိုဆိုပေမဲ့ လက်တွေ့ထိရောက်နိုင်ရေးအတွက် ဒီထက်မက ငွေကြေးသုံးစွဲဖို့ မေ ျှာ်လင့်တယ်လို့ ပြောပါတယ်။

“ တချို့ Plan တွေကလည်း လုပ်နေဆဲဖြစ်တယ်။ တချို့ Plan တွေကလည်း လုပ်ပြီးသားတွေဖြစ်တယ်။ တချို့ကလည်း ဆက်လုပ်မယ်ဆိုတဲ့ Plan တွေကလည်း အများကြီးတွေ့ရတယ်။ ဥပမာ ၁၀၀ မီလီယံ မြန်မာကျပ်တွေ ပေးတာတွေက အခုလုပ်နေပြီ။ အခုလည်း ရတဲ့လူတွေ ရနေတာတွေတွေ့ရတယ်ပေါ့နော်။ Market response ကို ဖြစ်ဖို့အတွက်က ၂၀၀ နဲ့ ၅၀၀ ဘီလီယံလောက်လုပ်ပေးမယ်ဆိုရင် ကောင်းတာပေါ့နော်။ တခုပြောရမယ်ဆိုရင်တော့ ဒီထက် ၁၀ ဆ မက ချပေးဖို့ကို ဖြစ်စေချင်တာပေါ့နော်။ နောက်တခါ မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ Agriculture development bank မြန်မာ့လယ်ယာစိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးရေးဘဏ်ပေါ့နော် ဒီဘဏ် ၂ ခုကို ပူးပေါင်းဖို့က ကမ္ဘာ့ဘဏ်ကနေပြီးတော့ ဦးစီးဖို့အတွက်လုပ်နေတာ ဒါဆိုရင် ဒီဟာ လည်း မြန်မြန်ဆန်ဆန် ဒီနှစ်မကုန်ခင် ဖြစ်သွားမယ်ဆိုရင်တော့ အများကြီးကောင်းတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လယ်ယာကဏ္ဍနဲ့ စိုက်ပျိုးရေး ကဏ္ဍ ကို ပိုပြီးတော့ နောက်ပြီးတော့ ချေးငွေတွေကအစ နောက်တခါ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အတိုးနှုန်းနဲ့ ချေးပေးပြီးတော့ လုပ်သွားနိုင်မယ့်ဟာတွေ မြင်နေရတော့ ဒါတွေဟာ အများကြီးကောင်းတာပေါ့နော်။ နောက် credit guarantees ပေါ့ ကျနော်တို့ တခြား Financial sector မှာရှိတဲ့ ဘဏ်တွေအတွက်လည်း credit guarantees ရှိတဲ့အတွက် သူတို့ Loan တွေကို လုပ်ရတာ ပိုပြီးတော့ ကောင်းလာတာပေါ့နော်။ နောက်ပြီး Tax ကိစ္စနဲ့ ပတ်သက်တာတွေလည်း အများကြီး relief ဖြစ်မယ်လို့ တွေ့ရတယ်။ Digital ဘက်ကို လည်း ပါတဲ့အချက်တွေ ကျနော်တို့ ကြိုက်တဲ့ အချက်တွေ အများကြီးရှိပါတယ်။ challenge Grant တွေလုပ်ပြီးတော့ တကယ့် international နေရာတွေ ပါလာပြီးတော့ လုပ်ပေးမယ့် ပလက်ဖောင်းတွေ ပေါ်လာရင် ကျနော်တို့အတွက် အများကြီး ဝမ်းသာရမှာပေါ့နော်။

E-commerce ပလက်ဖောင်းကိုတော့ အစိုးရက လုပ်တာကို သိပ်ပြီးတော့ သဘောမတူချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို လုပ်လိုက်ရင်တော်ကြာ တကယ်မဖြစ်လာမှာကို စိုးရိမ်တယ်။ ဒါမျိုးဆိုတာ Alibaba လိုမျိုး private ကလုပ်တဲ့ဟာမှာဆိုရင် ပိုပြီးတော့ competitive ဖြစ်မယ်လို့ ကျနော်တို့ ယူဆတာပေါ့နော်။

မေး။ ။ သူတို့ လုပ်မယ့်အစီအစဉ်တချို့ကလည်း ခုနပြောသလို စလုပ်နေပြီဆိုတော့ အဲဒီ အစီအစဉ်တွေအားလုံးက တကယ်ပဲ စီးပွားရေးထိခိုက်တဲ့ လုပ်ငန်းတွေအားလုံး လက်တွေ့အထောက်အပံ့ရဖို့ မျှော်လင့်သလားရှင့်။

ဦးကျော်နီခင်။ ။အကုန်လုံးကိုတော့ ကျနော်ထင်တယ် ပေးနိုင်ဖို့ကတော့ နည်းနည်း ခက်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ sector wise ကနေ တဖြေးဖြေးချင်းဖြစ်သွားမှာပေါ့နော်။ ဥပမာ- Infrastructure project လိုမျိုး ဒီ Health care ဘက်က ဒီလို quality base ကလာတာမျိုးကနေ ပြန့်သွားရင် အဲဒီကနေပြီးတော့မှ ခရီးသွားလာမှုတွေ ၊ စားသောက်ဆိုင်တွေ၊ retail တွေပြန်တက်လာမယ်။ အဲလိုနဲ့ ဟိုတယ် sector တွေတဖြေးဖြေး ပြန်ပြီးတော့ improve ဖြစ်လာမယ်ဆိုတာ တွေ့ရတယ်ပေါ့နော်။ ဒီအခွင့်အရေးကို ကျနော်တို့ အခုအချိန်မှာ ယူရမယ်လို့ မြင်ပါတယ်။ နောက်တခါတော့ sector တိုင်းကို ရောက်ဖို့ကတော့ ကျနော်ထင်တယ် ချက်ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ ခုနက ကျနော်ပြောသလိုပဲ တဆင့်ချင်းတဆင့်မှ ရောက်သွားနိုင်တယ်။ အဲဒီတော့ အဲလိုမျိုးရောက်တဲ့အချိန်မှာ အထိခိုက်အနည်းဆုံး sector ကိုလည်း တတ်နိုင်သမျှ Sustain ဖြစ်အောင်လည်း allocation ဖြစ်အောင်လုပ်ပြီး ပေးသင့်တယ်လို့ မြင်ပါတယ်။

တခုပဲပေါ့နော် ကျနော်တို့ စီးပွားရေး လောကကနေ မျှော်လင့်တာကတော့ ဒီ ဟာကြီး package တခုလုံးမှာ US ၂- ၃ ဘီလီယံလောက်တော့ ရှိတယ်လို့တော့ အပြင်မှာတော့ ပြောနေတာကြားရတာပေါ့နော်။ ဒီအထဲမှာတော့ မတွေ့ရဘူးဆိုတော့ ၂- ၃ ဘီလီယံလောက်ကို project ထဲကနေတဆင့် market ထဲကို ရောက်လာမယ်ဆိုရင် ကျနော်တို့ မြန်မြန်ဆန်ဆန် relief ရမယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ business သမားတွေကတော့ ဘယ်လိုပဲ ပြောပြော COVID ကိုရင်ဆိုင်ဖို့က အကုန်လုံးက ပြင်ဆင်နေပြီဆိုတော့လေ ဒီလိုမျိုး package က ဈေးကွက်ကို ရောက်လာမယ်ဆိုရင် ဝိုင်းပြီးလုပ်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အဲဒီတော့ အစိုးရကို ကျနော်တို့အနေနဲ့ တိုက်တွန်းရမယ်ဆိုရင်တော့ ဈေးကွက်ထဲကို များများလေး ထည့်ပေးဖို့ ကျနော်တိုက်တွန်းချင်တာပေါ့နော်။”

နိုင်ငံတကာစီးပွားရေးဆိုင်ရာပညာရှင် ဒေါက်တာဇော်နိုင်ကတော့ အခုအစိုးရထုတ်ပြန်တဲ့ အစီအစဉ်တွေက ယေဘူယျဆန်တဲ့အတွက် အလုံးစုံ မပြည့်စုံဘူးလို့မြင်ပါတယ်။

“ COVID-19 ကြောင့်တနိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေကို တနိုင်ငံလုံးမှာရှိတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ၊ နောက်တခါ လူတွေကို ၊ နောက်တခါ ဝန်ထမ်းတွေကို အလုပ်သမားတွေကို သက်ရောက်မှုရှိတယ်။ အဲဒါတွေကို အစိုးရက သိပါတယ် ဆိုပြီးတော့ တုံ့ပြန်လိုက်တဲ့ တုံ့ပြန်ချက်တခုလို့ မြင်မိပါတယ်။ ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့၊ ပိုပြီး ပြည့်စုံတဲ့ ဒီထက်ပိုပြီးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နောက်ထပ် plan တွေ အသေးစိတ် စီမံချက်တွေအများကြီးလိုဦးမယ်။ အခုက ၁၅ မျက်နှာ plan ဆိုတော့ ဒီလောက်ပဲ ရမှာပေါ့။ သူတို့ကိုယ်တိုင်လည်း အားရလိမ့်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။”

Overcoming as One ဆိုပြီးအစိုးရက အင်္ဂလိပ်လို ထုတ်ပြန်တဲ့ CERP အစီအစဉ်တွေထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရရှိအောင်၊ ကုန်သွယ်ရေးပိုင်း ပိုတိုးတက်အောင်လုပ်သွားမယ့် အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်မယ်ဆိုကဏ္ဍကို ဆောင်ရွက်တဲ့အခါ အစိုးရအနေနဲ့ သတိထားသင့်တာကိုလည်း ဒေါက်တာဇော်နိုင်က ခုလိုထောက်ပြပါတယ်။

“တချို့အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ရန်အတွက် အခြေအနေအရပ်ရပ်ကို သုံးသပ်ဖို့ နှိုင်းယှဉ်ဖို့ နောက်ပြီးတော့ အဲဒီလို project တွေမှာ လုပ်နေတဲ့ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေ ပြိုင်ဆိုင်ဖို့အတွက်ကို အချိန်ပေးပြီး လုပ်ရတာတွေရှိတယ်။ မြန်မြန်လုပ်ဆိုပြီးတော့ တချို့ကိစ္စတွေက လုပ်လို့မရဘူး။ အဲဒီတော့ အဲလိုဟာမျိုးတွေမှာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေကသော်လည်းကောင်း တချို့သော အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက သော်လည်းကောင်း မြန်မြန်လုပ်ဆိုတာမျိုးကို လိုချင်တဲ့အခါကျတော့ အခု လိုမျိုး COVID-19 economic relief plan ထဲမှာ တကြောင်းထည့်လိုက်တယ်။ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော်ပါ ဆိုတဲ့ ခေါင်းစဉ်လေး တခု တပ်လိုက်တာနဲ့ ဘာဖြစ်သွားလဲဆိုတော့ ခုနကပြောတဲ့ ပြိုင်ဆိုင်မှုတွေ မရှိတော့ဘူး နောက်တခါ တခြား ယှဉ်ပြိုင်ဘက်တွေ အဆင်သင့်မဖြစ်တဲ့အချိန်မှာ ရော့လုပ်ဆိုပြီးတော့ ချက်ချင်း လုပ်ပိုင်ခွင့်တွေ ချပေးလိုက်ဖို့အတွက်ကို ဖြစ်သွားနိုင်တယ် ဆိုတော့ အဲဒါမျိုးတွေကို သတိထားစေချင်တယ် အစိုးရကိုလေ။ ဒီလို အခြေခံ အဆောက်အအုံ စီမံကိန်းတွေကို ချက်ချင်း အကောင်အထည်ဖော်တယ် ဆိုတာမျိုးကတော့ နည်းနည်း သတိထားစေချင်တယ်။”

အစိုးရဌာနတိုင်းက ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်အသုံးစရိတ်ကို ၁၀% စီလေ ျှာ့ချပြီး COVID-19 အသုံးစရိတ်ထဲ ထည့်ဝင်သုံးစွဲသွားရေးပါဝင်တဲ့ CERP အစီအစဉ်အားလုံးကို ချက်ချင်း၊ အမြန်ဆုံး ဒါမှမဟုတ် ၂၀၂၀ ခုနှစ် မကုန်ခင်ဆောင်ရွက်ရမယ်လို့ သတ်မှတ်ထားပါတယ်။

XS
SM
MD
LG