သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

COVID-19 အေၾကာင္းျပၿပီး ထိုင္းက ျမန္မာအလုပ္သမားေတြ အလုပ္ထုတ္ခံေနရ


ထိုင္းႏိုင္ငံ Pathum Thani ျမိဳ႕က စက္ရံု တခုမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာ ေရႊ႕ေျပာင္း အလုပ္သမားတခ်ိဳ႕ (စက္တင္ဘာ ၂၃၊ ၂၀၁၈)

(Zawgyi/Unicode)

COVID-19 ကမၻာ့ကပ္ေရာဂါေၾကာင့္ ထိုင္းႏိုင္ငံတြင္း စီးပြားေရး ထိခိုက္မႈေတြနဲ႔အတူ ခြ်န္ဘူရီခရိုင္က သားေရအိတ္စက္ရံုမွာ ျမန္မာအလုပ္သမား ၁,၀၀၀ ေက်ာ္ အခုရက္ပိုင္းအတြင္း အလုပ္ထုတ္ခံရတဲ့အေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးပါမယ္။

ထိုင္းႏိုင္ငံထဲကုိ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ လာၾကတဲ့ အလုပ္သမားေတြထဲက ခြ်န္ဘူရီခရိုင္ဘက္မွာေတာ့ အလုပ္သမား ၁,၀၀၀ ေလာက္ကို ဒီရက္ပုိင္းအတြင္း အလုပ္ရွင္က စီပြားေရး အခက္အခဲေၾကာင့္ လုပ္သားအင္အား ေလွ်ာ့ခ်လိုက္တာပါ။ ဒီအတြက္ နစ္နာေၾကးရဖို႔ ကိစၥေတြ ေဆာင္ရြက္မယ္ဆိုရင္လည္း COVID-19 အေရးေပၚကာလမွာ လူစုလူေ၀းနဲ႔ ရံုးေတြကုိ သြားေရာက္ျပီး တိုင္ၾကားဖို႔ အခက္အခဲေတြ ရွိေနပါတယ္။

ဧျပီ ၁၅ ရက္ေက်ာ္မွ ျပန္လာဖို႔ ျမန္မာအစိုးရဘက္က ေျပာၿပီး ႏွစ္ဘက္ နယ္စပ္တံတားေတြလည္း ပိတ္ထားတာေၾကာင့္ ျပန္ဖို႔ကလည္း ခက္ေနပါတယ္။ အလုပ္ျဖဳတ္ခံရတဲ့ အလုပ္သမားေတြအေနနဲ႔ တံတားဖြင့္တာနဲ႔ ေနရပ္ကိုျပန္ဖို ့စီစဥ္ေနၾကတယ္လို႔ AAC အလုပ္သမား ကူညီေရးအဖဲြရဲ႕ ဒါရိုက္တာဦးခိုင္ႀကီးက အခုလိုေျပာပါတယ္။

"ခ်န္ဘူရီက ဘက္အိတ္စက္ရံုက အလုပ္သမား ၁,၀၀၀ ေလာက္ကုိ အလုပ္ရွင္က ရပ္နားလိုက္တာ အလုပ္သမားေတြက အခန္းထဲမွာပဲ ေနရမယ္။ အိမ္ျပန္ခြင့္လည္း မရေသးဘူး။အျပင္ထြက္လို႔လည္း မရဘူး။ ထိုင္းအစိုးရ ေၾကျငာထားတာက COVID-19 မိတဲ့ စက္ရံုမွာအလုပ္ပိတ္ရမယ္ဆုိရင္ အစိုးရက ေထာက္ပ့ံမယ္။ လုပ္အားခရဲ႕ ၅၀ ရာခိုင္ႏႈန္း ေထာက္ပံ့မယ္ ဒါမွမဟုတ္ရင္ တလကို ဘတ္ ၅,၀၀၀ COVID-19 ေၾကာင့္ဆုိရင္ အစိုးရက ေထာက္ပံ့မယ္ စက္ရံုလုပ္ငန္းရွင္က ေပးစရာမလိုဘူး။ အခုက အဲဒီေရာဂါကုိ အေၾကာင္းျပျပီး အလုပ္ေတြ ထုတ္တာက အလုပ္ရွင္က သူဘာသာစီးပြားေရး မလည္ပတ္လို႔ ထုတ္တာ ဒါကုိ ဆာ၀ါဒီကန္ သက္ဆုိင္ရာရံုးေတြ (အလုပ္သမားကာကြယ္ေရးရံုး)ကုိ တိုင္မယ္ဆုိရင္လည္းအစုအေ၀းနဲ႔ တိုင္လုိ႔ မရဘူး။ တဦးတေယာက္ခ်င္းလည္း တိုင္လို႔ မရဘူး။ အြန္လိုင္းကေန ပဲတုိင္လို႔ရမွာ အလုပ္သမားေတြက အခုေစာင့္ေနတာ ျမန္မာျပည္ကုိျပန္ၾကရမွာ ၁၅ ရက္ေန႔ တံတားဖြင့္တာကုိပဲ ေစာင့္ေနတာ ျမန္မာအလုပ္သမားေတြက။"

အခုခ်ိန္မွာ ထုိင္းႏို္င္ငံမွာ အေရးေပၚကာလ ထုတ္ျပန္ထားျပီး ညမထြက္ရ အမိန္႔ထုတ္ျပန္ထားသလို နယ္စပ္ျပန္တဲ့ ကားလိုင္းေတြလည္း ပိတ္ထားပါတယ္။ ဒါအျပင္ တာ့ခ္ခရိုင္မွာလည္း ျမန္မာေရႊ႕ေျပာင္း အလုပ္သမားေတြနဲ႔ ဌာေနတုိင္းရင္းသားေတြ ခရီးသြားလာခြင့္ေတြကို မလုပ္ဖို႔ ေၾကျငာခ်က္ ထုတ္တားဆီးထားပါတယ္။

တခ်ိန္တည္းမွာပဲ ကပ္ေရာဂါေဘးေၾကာင့္ ထိုင္းႏိုင္ငံတြင္း ကုန္ၾကမ္းမရလို႔ ပိတ္ပစ္ရတဲ့စက္ရံုေတြ အမ်ားအျပား ရွိလာသလို ကုန္ေခ်ာေတြကို ႏိုင္ငံတကာကလည္း မမွာယူေတာ့တာေၾကာင့္ လုပ္သားေတြ ေလွ်ာ့ခ်ရတဲ့စက္ရံုေတြလည္း ရွိလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 အကြောင်းပြပြီး ထိုင်းက မြန်မာအလုပ်သမားတွေ အလုပ်ထုတ်ခံနေရ

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံတွင်း စီးပွားရေး ထိခိုက်မှုတွေနဲ့အတူ ချွန်ဘူရီခရိုင်က သားရေအိတ်စက်ရုံမှာ မြန်မာအလုပ်သမား ၁,၀၀၀ ကျော် အခုရက်ပိုင်းအတွင်း အလုပ်ထုတ်ခံရတဲ့အခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံထဲကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ လာကြတဲ့ အလုပ်သမားတွေထဲက ချွန်ဘူရီခရိုင်ဘက်မှာတော့ အလုပ်သမား ၁,၀၀၀ လောက်ကို ဒီရက်ပိုင်းအတွင်း အလုပ်ရှင်က စီပွားရေး အခက်အခဲကြောင့် လုပ်သားအင်အား လျှော့ချလိုက်တာပါ။ ဒီအတွက် နစ်နာကြေးရဖို့ ကိစ္စတွေ ဆောင်ရွက်မယ်ဆိုရင်လည်း COVID-19 အရေးပေါ်ကာလမှာ လူစုလူဝေးနဲ့ ရုံးတွေကို သွားရောက်ပြီး တိုင်ကြားဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ဧပြီ ၁၅ ရက်ကျော်မှ ပြန်လာဖို့ မြန်မာအစိုးရဘက်က ပြောပြီး နှစ်ဘက် နယ်စပ်တံတားတွေလည်း ပိတ်ထားတာကြောင့် ပြန်ဖို့ကလည်း ခက်နေပါတယ်။ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ တံတားဖွင့်တာနဲ့ နေရပ်ကိုပြန်ဖို့စီစဉ်နေကြတယ်လို့ AAC အလုပ်သမား ကူညီရေးအဖွဲရဲ့ ဒါရိုက်တာဦးခိုင်ကြီးက အခုလိုပြောပါတယ်။

"ချန်ဘူရီက ဘက်အိတ်စက်ရုံက အလုပ်သမား ၁,၀၀၀ လောက်ကို အလုပ်ရှင်က ရပ်နားလိုက်တာ အလုပ်သမားတွေက အခန်းထဲမှာပဲ နေရမယ်။ အိမ်ပြန်ခွင့်လည်း မရသေးဘူး။အပြင်ထွက်လို့လည်း မရဘူး။ ထိုင်းအစိုးရ ကြေငြာထားတာက COVID-19 မိတဲ့ စက်ရုံမှာအလုပ်ပိတ်ရမယ်ဆိုရင် အစိုးရက ထောက်ပံ့မယ်။ လုပ်အားခရဲ့ ၅၀ ရာခိုင်နှုန်း ထောက်ပံ့မယ် ဒါမှမဟုတ်ရင် တလကို ဘတ် ၅,၀၀၀ COVID-19 ကြောင့်ဆိုရင် အစိုးရက ထောက်ပံ့မယ် စက်ရုံလုပ်ငန်းရှင်က ပေးစရာမလိုဘူး။ အခုက အဲဒီရောဂါကို အကြောင်းပြပြီး အလုပ်တွေ ထုတ်တာက အလုပ်ရှင်က သူဘာသာစီးပွားရေး မလည်ပတ်လို့ ထုတ်တာ ဒါကို ဆာဝါဒီကန် သက်ဆိုင်ရာရုံးတွေ (အလုပ်သမားကာကွယ်ရေးရုံး)ကို တိုင်မယ်ဆိုရင်လည်းအစုအဝေးနဲ့ တိုင်လို့ မရဘူး။ တဦးတယောက်ချင်းလည်း တိုင်လို့ မရဘူး။ အွန်လိုင်းကနေ ပဲတိုင်လို့ရမှာ အလုပ်သမားတွေက အခုစောင့်နေတာ မြန်မာပြည်ကိုပြန်ကြရမှာ ၁၅ ရက်နေ့ တံတားဖွင့်တာကိုပဲ စောင့်နေတာ မြန်မာအလုပ်သမားတွေက။"

အခုချိန်မှာ ထိုင်းနိုင်ငံမှာ အရေးပေါ်ကာလ ထုတ်ပြန်ထားပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို နယ်စပ်ပြန်တဲ့ ကားလိုင်းတွေလည်း ပိတ်ထားပါတယ်။ ဒါအပြင် တာ့ခ်ခရိုင်မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဌာနေတိုင်းရင်းသားတွေ ခရီးသွားလာခွင့်တွေကို မလုပ်ဖို့ ကြေငြာချက် ထုတ်တားဆီးထားပါတယ်။

တချိန်တည်းမှာပဲ ကပ်ရောဂါဘေးကြောင့် ထိုင်းနိုင်ငံတွင်း ကုန်ကြမ်းမရလို့ ပိတ်ပစ်ရတဲ့စက်ရုံတွေ အများအပြား ရှိလာသလို ကုန်ချောတွေကို နိုင်ငံတကာကလည်း မမှာယူတော့တာကြောင့် လုပ်သားတွေ လျှော့ချရတဲ့စက်ရုံတွေလည်း ရှိလာနေပါတယ်။

XS
SM
MD
LG