သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထုိင္းမွာစက္ရုံေတြပိတ္လုိ႔ ျမန္မာအလုပ္သမားေတြ အခက္ေတြ႔


မတ္လ ၁၃ ရက္ေန႔တုန္းက ျမန္မာျပည္ဘက္ ကို ျပန္လာၾကတဲ့ အလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕က ျမန္မာအလုပ္သမား ၂၀၀ ေလာက္ရွိတဲ့ ရန္မကင္းစက္ရံုကုိ အလုပ္ရွင္က ပိတ္လိုက္ေၾကာင္း အသိေပးလိုက္တာေၾကာင့္ နစ္နာေၾကးကိစၥေတြလည္း အဆင္မေျပေသးေၾကာင္း COVID-19 အေရးေပၚကာလမွာ စက္ရံုကေန ေမာင္းထုတ္မယ္ဆုိရင္လည္း ေနထိုင္ဖို႔ ခက္ခဲေၾကာင္း ျမန္မာအလုပ္သမားေတြ ဆုိပါတယ္။ ဒီအေၾကာင္းကို ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ဆက္ေပးလိုပါတယ္။

မဲေဆာက္ျမိဳ႕ ထံုေထာင္းရပ္ကြက္က ရန္မကင္းစက္ရံုဟာ လုပ္သားဦးေရ ေထာင္ဂဏန္းရွိျပီး အလုပ္သမားေတြအတြက္ ဥပေဒပါ လုပ္အားခေတြ မေပးတာ အလုပ္ေတြ ေလ်ွာ့ခ်ပစ္တာေတြ တျခားစက္ရံုကုိ ေျပာင္းေရႊ႕ကုန္တာေၾကာင့္ လုပ္သက္ရင့္ လုပ္သား၂၀၀ ေလာက္ပဲ က်န္ေတာ့တာပါ။ အခုအခါ စက္ရံုလုပ္သားေတြအတြက္ အလုပ္ေပးစရာ မရွိေတာ့လို႔ အလုပ္သမား ဥပေဒအရ လုပ္အားခရဲ႕ ၇၅ ရာခိုင္ႏႈန္းကို ေပးေနတာကေတာ့ ၂လခန္႔ရွိပါျပီ။ အခုအခါမွာေတာ့ အလုပ္ရံုပိတ္လိုက္ျပီလို႔ ရုတ္တရက္ေၾကျငာျပီး မတန္တဆနစ္နာေၾကးပဲ ေပးတယ္လုိ႔ ဆိုပါတယ္။

ဒီအခ်ိန္ COVID-19 အေရးေပၚကာလမွာ အလုပ္ရံု ပိတ္ရံုမက သူတို႔ေနထုိင္ေနတဲ့ စက္ရံုတြင္းက ေနရာကေနေမာင္းထုတ္မွာကို စိုးရိမ္ေနၾကာင္း ရန္မကင္းစက္ရံုက အလုပ္သမားေခါင္းေဆာင္ ကိုေက်ာ္ေဇယ်က ေျပာပါတယ္။

"က်ေနာ္တို႔ကုိ စက္ရံုက ပိတ္လိုက္ျပီ။ ၇၅ ရာခိုင္ႏႈန္းလည္း မေပးေတာ့ဘူး။ စက္ရံုကတရား၀င္ပိ္တ္လိုက္ျပီတဲ့ ေလ်ာ္ေၾကး ၅၀၀,၀၀၀ ေပးမယ္တဲ့ စက္ရံုက ပိတ္လိုက္ျပီတဲ့ ဘတ္ေငြ ၁၅၀ လည္း မေပးေတာ့ဘူးတဲ့ မန္ေနဂ်ာက အဆင္ေျပေအာင္လုပ္ေပးေပမယ့္ သူလည္း လုပ္ေပးလို႔ မရေတာ့လို႔ အလုပ္သမားေတြအေနနဲ႔ တုိင္ခ်င္ရာတိုင္ေပါ့။ လုပ္ခ်င္တာလုပ္ေပါ့။ လိုအပ္တာေျပာတဲ့ သူတတ္ႏိုင္သေလာက္ေတာ့ အကူညီေပးမယ္လို႔ ေျပာတယ္။ က်ေနာ္တို႔ကို တလၾကိဳတင္အေၾကာင္းၾကားျခင္း မရွိဘူး။ ပိတ္တာက အခုမွ ပိတ္တာအတြက္ ေနရာေရႊ႕ေျပာင္းတာေတြအတြက္ က်ေနာ္တုိ႔ကေတာ့ ျပင္ဆင္ဖို႔အတြက္ တလေလာက္ေတာင္းမယ္လို႔ စဥ္းစားထားတယ္ ေနဖုိ႔ထုိင္ဖို႔အတြက္ကုိ။"

ဒီစက္ရံုဟာ ထိုင္းဥပေဒပါ လုပ္အားခမေပးတာေၾကာင့္ ျပီးခဲ့တဲ့ ေဖေဖၚ၀ါရီလက အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးအဖဲြ႔ေတြက လာေရာက္စစ္ေဆးမႈကုိ ခံခဲ့ရပါတယ္။ အခုအခ်ိန္မွာ အလုပ္သမားေတြအေနနဲ႔ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးအဖဲြ႔ေတြကို သြားေရာက္တုိင္ၾကားႏိုင္ဖုိ႔က ရံုးေတြ ပိတ္ေနခ်ိန္မုိ႔ အခက္အခဲေတြ ရွိတယ္လို႔ ေရာင္္ျခည္ဦး အလုပ္သမားအဖဲြ႔က တာ၀န္ရိွသူတဦးျဖစ္တဲ့ မသူဇာေျပာျပပါတယ္။

"COVID-19 ျဖစ္ေနတဲ့ကာလမွာ ရံုးေတြကလည္း ပိတ္ေနတယ္။ သူတို႔ကုိ စက္ရံုကလည္းလက္မခံပဲ ေမာင္းထုတ္မယ္ဆုိရင္ သူတို႔ေနထုိင္ဖို႔ ခက္ခဲမွာလည္း စိုးရိမ္ေနၾကတယ္ေပါ့ေနာ္။ ဒီစက္ရံုမွာ ႏွစ္ရွည္အလုပ္လုပ္ေနတဲ့ အလုပ္သမားေတြလည္း အမ်ားအျပား ရွိေနပါတယ္။ နစ္နာေၾကးေပးမယ္ဆုိရင္ လုပ္သက္အလုိက္ နစ္နာေၾကးေပးရမွာပါ။ အခုေပးတဲ့နစ္နာေၾကးဟာ လူတဦးကို ဘတ္ေငြ ၂,၀၀၀ ေက်ာ္ေလာက္သာရမွာမို႔ အလုပ္သမားေတြကလက္မခံၾကပါဘူး။"

ထိုင္းႏိုင္ငံမွာ ျပီးခဲ့တဲ့ႏွစ္ကစလို ့အခု COVID-19 ကပ္ေရာဂါျဖစ္ေနတဲ့အခ်ိန္ထိ စက္ရံုေပါင္း ၁,၀၀၀ ေက်ာ္ ပိတ္ပစ္ခဲ့ရတာ ျဖစ္ၿပီး လုပ္အားခ မေပးႏိုင္ဘဲ ေဒ၀ါလီခံလိုက္တဲ့ စက္ရံုေတြလည္း ရွိေနပါတယ္။ စက္ရံုေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြ မွာလည္း လုပ္အားခ နစ္နာတာေတြ၊ ေနရပ္ျပန္ရတာေတြလည္း ရွိေနပါတယ္။ အခုအခါမွာေတာ့ စက္ရံုအေတာ္မ်ားမ်ားမွာ စီးပြားေရး လုပ္ငန္း အဆင္မေျပမႈေတြေၾကာင့္ လုပ္သား ငွါးရမ္းမႈ ေလွ်ာ့ခ်တာေတြ လုပ္လာတာပါ။

ထုိင္းႏိုင္ငံထဲမွာ ျမန္မာလုပ္သား ၃သန္းထက္မနည္း အလုပ္လုပ္ကုိင္ ေနၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ထိုင်းမှာစက်ရုံတွေပိတ်လို့ မြန်မာအလုပ်သမားတွေ အခက်တွေ့

[Unicode Version]

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က မြန်မာအလုပ်သမား ၂၀၀ လောက်ရှိတဲ့ ရန်မကင်းစက်ရုံကို အလုပ်ရှင်က ပိတ်လိုက်ကြောင်း အသိပေးလိုက်တာကြောင့် နစ်နာကြေးကိစ္စတွေလည်း အဆင်မပြေသေးကြောင်း COVID-19 အရေးပေါ်ကာလမှာ စက်ရုံကနေ မောင်းထုတ်မယ်ဆိုရင်လည်း နေထိုင်ဖို့ ခက်ခဲကြောင်း မြန်မာအလုပ်သမားတွေ ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ဆက်ပေးလိုပါတယ်။

မဲဆောက်မြို့ ထုံထောင်းရပ်ကွက်က ရန်မကင်းစက်ရုံဟာ လုပ်သားဦးရေ ထောင်ဂဏန်းရှိပြီး အလုပ်သမားတွေအတွက် ဥပဒေပါ လုပ်အားခတွေ မပေးတာ အလုပ်တွေ လျှော့ချပစ်တာတွေ တခြားစက်ရုံကို ပြောင်းရွှေ့ကုန်တာကြောင့် လုပ်သက်ရင့်လုပ်သား၂၀၀ လောက်ပဲ ကျန်တော့တာပါ။ အခုအခါ စက်ရုံလုပ်သားတွေအတွက် အလုပ်ပေးစရာ မရှိတော့လို့ အလုပ်သမား ဥပဒေအရ လုပ်အားခရဲ့ ၇၅ ရာခိုင်နှုန်းကို ပေးနေတာကတော့ ၂လခန့်ရှိပါပြီ။ အခုအခါမှာတော့ အလုပ်ရုံပိတ်လိုက်ပြီလို့ ရုတ်တရက်ကြေငြာပြီး မတန်တဆနစ်နာကြေးပဲ ပေးတယ်လို့ ဆိုပါတယ်။

ဒီအချိန် COVID-19 အရေးပေါ်ကာလမှာ အလုပ်ရုံ ပိတ်ရုံမက သူတို့နေထိုင်နေတဲ့ စက်ရုံတွင်းက နေရာကနေမောင်းထုတ်မှာကို စိုးရိမ်နေကြာင်း ရန်မကင်းစက်ရုံကအလုပ်သမားခေါင်းဆောင် ကိုကျော်ဇေယျက ပြောပါတယ်။

"ကျနော်တို့ကို စက်ရုံက ပိတ်လိုက်ပြီ။ ၇၅ ရာခိုင်နှုန်းလည်း မပေးတော့ဘူး။ စက်ရုံကတရားဝင်ပိတ်လိုက်ပြီတဲ့ လျော်ကြေး ၅၀၀,၀၀၀ ပေးမယ်တဲ့ စက်ရုံက ပိတ်လိုက်ပြီတဲ့ ဘတ်ငွေ ၁၅၀ လည်း မပေးတော့ဘူးတဲ့ မန်နေဂျာက အဆင်ပြေအောင်လုပ်ပေးပေမယ့် သူလည်း လုပ်ပေးလို့ မရတော့လို့ အလုပ်သမားတွေအနေနဲ့ တိုင်ချင်ရာတိုင်ပေါ့။ လုပ်ချင်တာလုပ်ပေါ့။ လိုအပ်တာပြောတဲ့ သူတတ်နိုင်သလောက်တော့ အကူညီပေးမယ်လို့ ပြောတယ်။ ကျနော်တို့ကို တလကြိုတင်အကြောင်းကြားခြင်း မရှိဘူး။ ပိတ်တာက အခုမှ ပိတ်တာအတွက် နေရာရွှေ့ပြောင်းတာတွေအတွက် ကျနော်တို့ကတော့ ပြင်ဆင်ဖို့အတွက် တလလောက်တောင်းမယ်လို့ စဉ်းစားထားတယ် နေဖို့ထိုင်ဖို့အတွက်ကို။"

ဒီစက်ရုံဟာ ထိုင်းဥပဒေပါ လုပ်အားခမပေးတာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေက လာရောက်စစ်ဆေးမှုကို ခံခဲ့ရပါတယ်။ အခုအချိန်မှာ အလုပ်သမားတွေအနေနဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေကို သွားရောက်တိုင်ကြားနိုင်ဖို့က ရုံးတွေ ပိတ်နေချိန်မို့ အခက်အခဲတွေ ရှိတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က တာဝန်ရှိသူတဦးဖြစ်တဲ့ မသူဇာပြောပြပါတယ်။

"COVID-19 ဖြစ်နေတဲ့ကာလမှာ ရုံးတွေကလည်း ပိတ်နေတယ်။ သူတို့ကို စက်ရုံကလည်းလက်မခံပဲ မောင်းထုတ်မယ်ဆိုရင် သူတို့နေထိုင်ဖို့ ခက်ခဲမှာလည်း စိုးရိမ်နေကြတယ်ပေါ့နော်။ ဒီစက်ရုံမှာ နှစ်ရှည်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေပါတယ်။ နစ်နာကြေးပေးမယ်ဆိုရင် လုပ်သက်အလိုက် နစ်နာကြေးပေးရမှာပါ။ အခုပေးတဲ့နစ်နာကြေးဟာ လူတဦးကို ဘတ်ငွေ ၂,၀၀၀ ကျော်လောက်သာရမှာမို့ အလုပ်သမားတွေကလက်မခံကြပါဘူး။"

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကစလို့အခု COVID-19 ကပ်ရောဂါဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း ၁,၀၀၀ ကျော် ပိတ်ပစ်ခဲ့ရတာ ဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ မှာလည်း လုပ်အားခ နစ်နာတာတွေ၊ နေရပ်ပြန်ရတာတွေလည်း ရှိနေပါတယ်။ အခုအခါမှာတော့ စက်ရုံအတော်များများမှာ စီးပွားရေး လုပ်ငန်း အဆင်မပြေမှုတွေကြောင့် လုပ်သား ငှါးရမ်းမှု လျှော့ချတာတွေ လုပ်လာတာပါ။

ထိုင်းနိုင်ငံထဲမှာ မြန်မာလုပ်သား ၃သန်းထက်မနည်း အလုပ်လုပ်ကိုင် နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG