သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ ျမန္မာႏုိင္ငံသားတခ်ဳိ႕ Relief Flight နဲ႔ ျပန္ေရာက္လာၿပီ


Relief Flight ျဖင့္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာသည့္ ဂ်ပန္ႏုိင္ငံမွ ျမန္မာႏုိင္ငံသားမ်ား။ (ေမ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုဗစ္ကာလ ႏုိင္ငံရပ္ျခားေတြမွာ ပိတ္မိေနတဲ့ ျမန္မာႏုိင္ငံသားေတြကို သက္ဆိုင္ရာ ျမန္မာသံ႐ုံးေတြရဲ႕ အစီအစဥ္နဲ႔ ျမန္မာႏုိင္ငံကို ျပန္လည္ပို႔ေဆာင္ေနၿပီျဖစ္ၿပီး သံ႐ုံးေတြဘက္မွာေရာ ျပန္ခ်င္တဲ့ ျမန္မာႏုိင္ငံသားေတြမွာပါ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈအခက္အခဲေတြ ရွိေနပါတယ္။ အျပည့္အစုံကို မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ကမာၻ႔ကပ္ေရာဂါ COVID-19 ျဖစ္ပြားခ်ိန္ ကမာၻတဝန္း ႏုိင္ငံတကာ ခရီးသြားလာခြင့္ေတြကို ပိတ္ပင္လိုက္ခ်ိန္ ႏိုင္ငံရပ္ျခားေတြမွာ ေသာင္တင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြ အပါအဝင္ ျမန္မာျပည္ကို အၿပီးျပန္လိုတဲ့ ႏိုင္ငံသားေတြ ေနရပ္ျပန္ေရး (Relief Flight) လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီနဲ႔ ေလယာဥ္ေတြ စီစဥ္ၿပီး ျပန္လည္ေခၚေဆာင္ဖို႔ ျမန္မာအစိုးရ ညႊန္ၾကားခ်က္နဲ႔ သက္ဆိုင္ရာ ျမန္မာသံ႐ုံးေတြက စီစဥ္ေနတာျဖစ္ၿပီး ႏုိင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံသားေတြ ျပန္ေရာက္လာေနၾကၿပီ ျဖစ္ပါတယ္။

Relief Flight ျဖင့္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာသည့္ ဂ်ပန္ႏုိင္ငံမွ ျမန္မာႏုိင္ငံသားမ်ား။ (ေမ ၂၊ ၂၀၂၀)
Relief Flight ျဖင့္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာသည့္ ဂ်ပန္ႏုိင္ငံမွ ျမန္မာႏုိင္ငံသားမ်ား။ (ေမ ၂၊ ၂၀၂၀)

ဒီကေန႔ ေမလ ၂ ရက္ေန႔မွာ ဂ်ပန္ႏုိင္ငံက ျမန္မာႏုိင္ငံသား ၁၉၅ ဦးကို ဂ်ပန္-ျမန္မာ အစိုးရႏွစ္ရပ္ ပူးေပါင္းညႇိႏိႈင္းၿပီး ပထမဦးဆံုး အသုတ္အျဖစ္ ကယ္ဆယ္ေရးေလယာဥ္နဲ႔ ျပန္လည္ေခၚေဆာင္ႏုိင္ခဲ့တယ္လို႔ ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ သံ႐ုံးက စိစစ္ေဆာင္ရြက္ေပးေနေပမယ့္ အဆင္မေျပသူေတြ ရွိေနေသးတယ္လို႔ ျပည္ေထာင္စုျမန္မာႏုိင္ငံသားမ်ားအသင္း ဂ်ပန္ရဲ႕ အလုပ္အမႈေဆာင္အဖြဲ႔ဝင္ ဦးသန္းေဆြက ေျပာပါတယ္။

“အဓိကကေတာ့ ဒီကိုေရာက္ေနတဲ့ အစိုးရရဲ႕ အစီအစဥ္နဲ႔ လာတဲ့သူေတြေပါ့။ အစိုးရဝန္ထမ္းေတြက သံ႐ုံးမိသားစုေတြ အသိုင္းအဝုိင္းကသူေတြက အဓိကေပါ့ေလ၊ က်န္တဲ့ အျပင္ကသူေတြက ေလယာဥ္လက္မွတ္ အဆင္သင့္ဝယ္ထားၿပီးသူ ရွိတဲ့သူေတြေပါ့။ ေနာက္ Flight ေတြ ပိတ္လိုက္တဲ့ အခါက်ေတာ့ ပိတ္လိုက္တဲ့ Flight ေတြထဲ စတစ္ကာကပ္ထားၿပီးသားကို Flight Cancel ျဖစ္သြားတဲ့သူေတြေပါ့၊ အဲ့လိုသူေတြကို ဦးစားေပးေရြးခ်ယ္တယ္ က်ေနာ္တို႔ ၾကားပါတယ္။ အခုေလာေလာဆယ္ အထိကေတာ့ ျမန္မာျပည္ကုိ ျပန္ခ်င္သူေတြ ေတာ္ေတာ္ေလး မ်ားမ်ားေတာ့ ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ေတြက်ေတာ့လည္း ဒီႏိုင္ငံမွာ စီးပြားေရးအရ ဘယ္လိုမွ ရပ္တည္လို႔ မရေတာ့တဲ့ သူေတြရွိေတာ့ ျပန္ခ်င္သူေတြက ေတာ္ေတာ္မ်ားမ်ားရွိတယ္။ အဲ့လိုလူေတြ ေတာ္ေတာ္မ်ားမ်ား ျပန္ခ်င္ၾကေသာ္လည္းပဲ သံ႐ုံးကို လွမ္းအေၾကာင္းၾကားရတယ္။

“ခုနကေျပာသလို Choice လုပ္တာက သံ႐ုံးက လုပ္တာဆိုေတာ့ သံ႐ုံးက စာရြက္စာတမ္း အျပည့္အစံု ပတ္စ္ပို႔ ေလယာဥ္လက္မွတ္ကအစ အျပည့္အစံု ရွိၿပီးသားလူေတြက သံ႐ုံးကို လွမ္းအေၾကာင္းၾကားရတယ္။ အေၾကာင္းေၾကာင္းေၾကာင့္ ေလယာဥ္လက္မွတ္ အဆင္မေျပဘူး၊ ေငြေရးေၾကးေရး အတြက္ကလည္း အဆင္မေျပတဲ့သူေတြ အတြက္ကေတာ့ ဘာလုပ္ေပးမယ္ ဆုိတာကိုေတာ့ သံ႐ုံးဘက္က အခုခ်ိန္အထိ ဘာမွ မေၾကညာဘူး။”

ဒီ Relief Flight ေတြနဲ႔ ျပန္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသားေတြဟာ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက သတ္မွတ္ထားတဲ့အတုိင္း Facility Quarantine ၂၁ ရက္နဲ႔ ေနအိမ္မွာ သီးျခားခဲြေနထိုင္တဲ့ Home Quarantine ၇ ရက္ စုစုေပါင္း ၂၈ ရက္ သီးသန္႔ခဲြေနရမွာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားႏုိင္ငံ အေနနဲ႔ကေတာ့ ၿပီးခဲ့တဲ့ ဧၿပီလ ၃၀ ရက္ေန႔က ပထမဆံုးအသုတ္အျဖစ္နဲ႔ ျမန္မာႏုိင္ငံသား ၉၆ ဦးကို အင္ခၽြန္းေလဆိပ္ကေန ရန္ကုန္ကို ပို႔ေဆာင္ေပးခဲ့တာပါ။ ျပန္လိုသူေတြ မ်ားျပားလြန္းတဲ့အတြက္ ေတာင္ကိုရီးယားႏုိင္ငံဆိုင္ရာ ျမန္မာသံ႐ုံးအေနနဲ႔ အရင္ဆံုး ျပန္သင့္တဲ့သူေတြကို စိစစ္ေရြးခ်ယ္ ေခၚေဆာင္ခဲ့တာျဖစ္ၿပီး ေစာင့္ေနသူေတြအေနနဲ႔ သည္းခံေပးၾကဖို႔ ေတာင္ကိုရီးယားႏုိင္ငံ ဆိုးလ္ၿမိဳ႕ေတာ္အေျခစိုက္ ျမန္မာသံ႐ုံးက အလုပ္သမား သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“ဘယ္လိုပဲျဖစ္ျဖစ္ ေစာင့္ေနသူေတြကို သည္းခံေပးပါလို႔။ က်ေနာ္တို႔ဘက္ကလည္း အမွန္တကယ္ အခက္အခဲ ရွိေနတဲ့သူေတြ က်န္းမာေရးမေကာင္းတဲ့သူေတြကို က်ေနာ္တို႔ဘက္က အတတ္ႏုိင္ဆံုး စိစစ္ေရြးထုတ္ၿပီးေတာ့ ပို႔ေပးႏုိင္ေအာင္ အရင္ ဦးစားေပး ေရြးခ်ယ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔အေနနဲ႔ အေကာင္းဆံုးျဖစ္ေအာင္ အတတ္ႏိုင္ဆံုး ေဆာင္ရြက္ေပးပါ့မယ္လို႔၊ ေလာေလာဆယ္ေတာ့ သည္းခံၿပီးေတာ့ ေနေပးၾကဖို႔ က်ေနာ့္အေနနဲ႔ ေျပာခ်င္ပါတယ္။”

ေတာင္ကိုရီးယားကေန ျမန္မာႏုိင္ငံကို ဒုတိယအသုတ္ေလယာဥ္က လာမယ့္ ေမလ ၈ ရက္ေန႔မွာ ထြက္ခြာမွာျဖစ္ၿပီး အဲဒီအစီအစဥ္မွာလည္း ကိုရီးယားကေန မျဖစ္မေန ျပန္လည္ထြက္ခြာဖို႔ လိုအပ္ေနသူ ၉၂ ဦးကို ပို႔ေဆာင္မွာျဖစ္တယ္လို႔ အလုပ္သမား သံအရာရွိက ရွင္းျပပါတယ္။

“ေမလ ၈ ရက္ေန႔မွာေတာ့ ၉၀ ေက်ာ္ ျပန္ပို႔မယ္။ လူစာရင္းေတြလည္း ထုတ္ျပန္ထားတယ္။ အဲ့အတြက္ အဆင္မေျပမႈေတြ ျဖစ္ေနရင္ က်ေနာ္တို႔ဘက္ကေတာ့ ဒီအထဲကေန ေသခ်ာစိစစ္ ေရြးခ်ယ္ၿပီးေတာ့ အမွန္တကယ္ အေရးႀကီးတဲ့သူေတြကိုေပါ့။ ဒါေပမယ့္လည္း က်န္ေနတဲ့သူေတြကလည္း က်န္ေနေသးတယ္ဆိုေတာ့ တခ်ိဳ႕ကလည္း နည္းနည္းေလး မပါလို႔ အသံထြက္တာေတာ့ ရွိတာေပါ့။ က်ေနာ္တုိ႔ဘက္ကေတာ့ က်န္းမာေရး မေကာင္းတဲ့သူေတြ ေနာက္ ဗီဇာသက္တမ္းကုန္ၿပီး လံုးဝ အလုပ္ၿပီးသြားတဲ့သူေတြ ျပန္မယ့္ရက္ကို ထိုင္ေစာင့္ေနရတဲ့သူေတြ ေနာက္ Extension VISA ယာယီေနထုိင္ခြင့္ ရက္ ၃၀ တို႔ ရက္ ၅၀ တို႔ တိုးထားတဲ့သူေတြကို က်ေနာ္တို႔က ဦးစားေပးၿပီး ျပန္လႊတ္တာပါပဲ။

“ဒါေပမယ့္ အဲ့ဒီ့လူေတြထဲမွာကို က်န္ေနေသးေတာ့ အမည္စာရင္းထဲ မပါလာတဲ့အခါမွာ က်ေနာ္တို႔ဆီကို ကြန္ပလိမ္းလာတယ္။ က်ေနာ္တို႔ကို ကူေပးပါ လုပ္ေပးပါဆိုၿပီး ေျပာလာၾကတယ္။ က်ေနာ္တို႔ကလည္း အေၾကာင္းၾကားလာတဲ့ လူ ၄၀၀ ေက်ာ္ ၅၀၀ ဝန္းက်င္ေလာက္ကေန ေရြးရတာဆိုေတာ့ ေရြးခ်ယ္မႈပိုင္းမွာ က်ေနာ္တို႔ နည္းနည္းေလးေတာ့ အက်ပ္အတည္း ရွိတာေပါ့။ က်ေနာ္တို႔ဘက္ကလည္း ေသခ်ာေလးၾကည့္ၿပီး ေရြးရတယ္ အဲ့တခုေတာ့ရွိတယ္။”

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမိဳ႕ေတာ္ အေျခစိုက္ ျမန္မာသံ႐ုံးကလည္း အေမရိကန္မွာ ေရာက္ရွိ ပိတ္မိေနတဲ့ ျမန္မာေတြ ဆံုရပ္ႏုိင္ငံကေနတဆင့္ ျမန္မာျပည္ကိုျပန္ဖို႔ အထူးေလယာဥ္ စီစဥ္ေပးထားၿပီး ဆံုရပ္သတ္မွတ္ထားတဲ့ ေတာင္ကိုရီးယားႏုိင္ငံ အင္ခၽြန္းေလဆိပ္ကို မိမိတို႔အစီအစဥ္နဲ႔ သြားၾကဖို႔ ႏႈိးေဆာ္ထားပါတယ္။ အင္ခၽြန္း-ရန္ကုန္ ခရီးစဥ္အတြက္ Relief flights ေတြ ပ်ံသန္းေျပးဆြဲမယ့္ MAI နဲ႔ တုိက္႐ုိက္ဆက္သြယ္ၾကဖို႔လည္း ေၾကညာထားပါတယ္။

ေတာင္ကိုရီးယားေလဆိပ္မွာ က်န္းမာေရးစစ္ေဆးမႈ ခံယူၿပီးမွ ျမန္မာျပည္ကို ျပန္ခြင့္ျပဳမွာ ျဖစ္ပါတယ္။ အဖ်ားရွိတယ္လို႔ စိစစ္ေတြ႔ရွိရင္ေတာ့ ေလဆိပ္က Facility Quarantine သတ္မွတ္သီးသန္႔ေနရာမွာ မိမိစရိတ္နဲ႔ ေစာင့္ဆိုင္းေနထိုင္ရမွာ ျဖစ္ေၾကာင္းနဲ႔ ေရာဂါပိုးေတြ႔ရွိရင္ ေဆး႐ုံကို ဆက္လက္ပို႔ေဆာင္ ကုသေပးမွာျဖစ္ေၾကာင္း ေရာဂါပိုးမရွိပါက ေလေၾကာင္းနဲ႔ ျပန္ခြင့္ျပဳမယ္လို႔ ဝါရွင္တန္ဒီစီသံ႐ုံးက ထုတ္ျပန္ထားပါတယ္။ ဒီလို ေလယာဥ္လိုင္း အကန္႔အသတ္ေတြေၾကာင့္ မျဖစ္မေန ျပန္ထြက္ခြာမယ့္သူေတြဟာ သံ႐ုံးက အတည္ျပဳေၾကာင္း ျပန္ၾကားခ်က္ရရွိတဲ့ အခ်ိန္မွပဲ အေမရိကန္ျပည္ေထာင္စုကေန ျပန္လည္ထြက္ခြာဖို႔ကိုလည္း တိုက္တြန္းထားပါတယ္။

ျမန္မာျပည္ျပန္လိုတဲ့ ႏုိင္ငံတကာေရာက္ ျမန္မာႏုိင္ငံသားေတြအတြက္ သံ႐ုံးေတြဘက္က စီစဥ္ေနတာေတြကိုလည္း သက္ဆိုင္ရာ ျမန္မာသံ႐ုံး လူမႈကြန္ရက္စာမ်က္ႏွာေတြ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝက္ဘ္ဆိုက္ေတြကေနတဆင့္ သတင္းေတြ ထုတ္ျပန္ေနတာကို ေတြ႔ရပါတယ္။

ျမန္မာျပည္ျပန္လိုသူ ျမန္မာႏုိင္ငံသားေတြ အျမန္ဆံုး ဆက္သြယ္ၾကဖို႔ ၿပီးခဲ့တဲ့သီတင္းပတ္ ဧၿပီလ ၂၅ ရက္ စေနေန႔ကစၿပီး ႏုိင္ငံတကာအေျခစိုက္ ျမန္မာသံ႐ုံးေတြကေန ေၾကညာခ်က္ေတြ အသီးသီး ထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ေမလဆန္းကစၿပီး Relief Flight ေတြ စီစဥ္ေပးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ပြည်ပရောက် မြန်မာနိုင်ငံသားတချို့ Relief Flight နဲ့ ပြန်ရောက်လာပြီ

ကိုဗစ်ကာလ နိုင်ငံရပ်ခြားတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်နေပြီဖြစ်ပြီး သံရုံးတွေဘက်မှာရော ပြန်ချင်တဲ့ မြန်မာနိုင်ငံသားတွေမှာပါ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ ရှိနေပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားချိန် ကမ္ဘာတဝန်း နိုင်ငံတကာ ခရီးသွားလာခွင့်တွေကို ပိတ်ပင်လိုက်ချိန် နိုင်ငံရပ်ခြားတွေမှာ သောင်တင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် မြန်မာပြည်ကို အပြီးပြန်လိုတဲ့ နိုင်ငံသားတွေ နေရပ်ပြန်ရေး (Relief Flight) လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ လေယာဉ်တွေ စီစဉ်ပြီး ပြန်လည်ခေါ်ဆောင်ဖို့ မြန်မာအစိုးရ ညွှန်ကြားချက်နဲ့ သက်ဆိုင်ရာ မြန်မာသံရုံးတွေက စီစဉ်နေတာဖြစ်ပြီး နိုင်ငံတချို့က မြန်မာနိုင်ငံသားတွေ ပြန်ရောက်လာနေကြပြီ ဖြစ်ပါတယ်။

ဒီကနေ့ မေလ ၂ ရက်နေ့မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသား ၁၉၅ ဦးကို ဂျပန်-မြန်မာ အစိုးရနှစ်ရပ် ပူးပေါင်းညှိနှိုင်းပြီး ပထမဦးဆုံး အသုတ်အဖြစ် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သံရုံးက စိစစ်ဆောင်ရွက်ပေးနေပေမယ့် အဆင်မပြေသူတွေ ရှိနေသေးတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက ပြောပါတယ်။

“အဓိကကတော့ ဒီကိုရောက်နေတဲ့ အစိုးရရဲ့ အစီအစဉ်နဲ့ လာတဲ့သူတွေပေါ့။ အစိုးရဝန်ထမ်းတွေက သံရုံးမိသားစုတွေ အသိုင်းအဝိုင်းကသူတွေက အဓိကပေါ့လေ၊ ကျန်တဲ့ အပြင်ကသူတွေက လေယာဉ်လက်မှတ် အဆင်သင့်ဝယ်ထားပြီးသူ ရှိတဲ့သူတွေပေါ့။ နောက် Flight တွေ ပိတ်လိုက်တဲ့ အခါကျတော့ ပိတ်လိုက်တဲ့ Flight တွေထဲ စတစ်ကာကပ်ထားပြီးသားကို Flight Cancel ဖြစ်သွားတဲ့သူတွေပေါ့၊ အဲ့လိုသူတွေကို ဦးစားပေးရွေးချယ်တယ် ကျနော်တို့ ကြားပါတယ်။ အခုလောလောဆယ် အထိကတော့ မြန်မာပြည်ကို ပြန်ချင်သူတွေ တော်တော်လေး များများတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့တွေကျတော့လည်း ဒီနိုင်ငံမှာ စီးပွားရေးအရ ဘယ်လိုမှ ရပ်တည်လို့ မရတော့တဲ့ သူတွေရှိတော့ ပြန်ချင်သူတွေက တော်တော်များများရှိတယ်။ အဲ့လိုလူတွေ တော်တော်များများ ပြန်ချင်ကြသော်လည်းပဲ သံရုံးကို လှမ်းအကြောင်းကြားရတယ်။

“ခုနကပြောသလို Choice လုပ်တာက သံရုံးက လုပ်တာဆိုတော့ သံရုံးက စာရွက်စာတမ်း အပြည့်အစုံ ပတ်စ်ပို့ လေယာဉ်လက်မှတ်ကအစ အပြည့်အစုံ ရှိပြီးသားလူတွေက သံရုံးကို လှမ်းအကြောင်းကြားရတယ်။ အကြောင်းကြောင်းကြောင့် လေယာဉ်လက်မှတ် အဆင်မပြေဘူး၊ ငွေရေးကြေးရေး အတွက်ကလည်း အဆင်မပြေတဲ့သူတွေ အတွက်ကတော့ ဘာလုပ်ပေးမယ် ဆိုတာကိုတော့ သံရုံးဘက်က အခုချိန်အထိ ဘာမှ မကြေညာဘူး။”

ဒီ Relief Flight တွေနဲ့ ပြန်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း Facility Quarantine ၂၁ ရက်နဲ့ နေအိမ်မှာ သီးခြားခွဲနေထိုင်တဲ့ Home Quarantine ၇ ရက် စုစုပေါင်း ၂၈ ရက် သီးသန့်ခွဲနေရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ပထမဆုံးအသုတ်အဖြစ်နဲ့ မြန်မာနိုင်ငံသား ၉၆ ဦးကို အင်ချွန်းလေဆိပ်ကနေ ရန်ကုန်ကို ပို့ဆောင်ပေးခဲ့တာပါ။ ပြန်လိုသူတွေ များပြားလွန်းတဲ့အတွက် တောင်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေနဲ့ အရင်ဆုံး ပြန်သင့်တဲ့သူတွေကို စိစစ်ရွေးချယ် ခေါ်ဆောင်ခဲ့တာဖြစ်ပြီး စောင့်နေသူတွေအနေနဲ့ သည်းခံပေးကြဖို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်အခြေစိုက် မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် စောင့်နေသူတွေကို သည်းခံပေးပါလို့။ ကျနော်တို့ဘက်ကလည်း အမှန်တကယ် အခက်အခဲ ရှိနေတဲ့သူတွေ ကျန်းမာရေးမကောင်းတဲ့သူတွေကို ကျနော်တို့ဘက်က အတတ်နိုင်ဆုံး စိစစ်ရွေးထုတ်ပြီးတော့ ပို့ပေးနိုင်အောင် အရင် ဦးစားပေး ရွေးချယ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်လို့၊ လောလောဆယ်တော့ သည်းခံပြီးတော့ နေပေးကြဖို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ဒုတိယအသုတ်လေယာဉ်က လာမယ့် မေလ ၈ ရက်နေ့မှာ ထွက်ခွာမှာဖြစ်ပြီး အဲဒီအစီအစဉ်မှာလည်း ကိုရီးယားကနေ မဖြစ်မနေ ပြန်လည်ထွက်ခွာဖို့ လိုအပ်နေသူ ၉၂ ဦးကို ပို့ဆောင်မှာဖြစ်တယ်လို့ အလုပ်သမား သံအရာရှိက ရှင်းပြပါတယ်။

“မေလ ၈ ရက်နေ့မှာတော့ ၉၀ ကျော် ပြန်ပို့မယ်။ လူစာရင်းတွေလည်း ထုတ်ပြန်ထားတယ်။ အဲ့အတွက် အဆင်မပြေမှုတွေ ဖြစ်နေရင် ကျနော်တို့ဘက်ကတော့ ဒီအထဲကနေ သေချာစိစစ် ရွေးချယ်ပြီးတော့ အမှန်တကယ် အရေးကြီးတဲ့သူတွေကိုပေါ့။ ဒါပေမယ့်လည်း ကျန်နေတဲ့သူတွေကလည်း ကျန်နေသေးတယ်ဆိုတော့ တချို့ကလည်း နည်းနည်းလေး မပါလို့ အသံထွက်တာတော့ ရှိတာပေါ့။ ကျနော်တို့ဘက်ကတော့ ကျန်းမာရေး မကောင်းတဲ့သူတွေ နောက် ဗီဇာသက်တမ်းကုန်ပြီး လုံးဝ အလုပ်ပြီးသွားတဲ့သူတွေ ပြန်မယ့်ရက်ကို ထိုင်စောင့်နေရတဲ့သူတွေ နောက်Extension VISAယာယီနေထိုင်ခွင့် ရက် ၃၀ တို့ ရက် ၅၀ တို့ တိုးထားတဲ့သူတွေကို ကျနော်တို့က ဦးစားပေးပြီး ပြန်လွှတ်တာပါပဲ။

“ဒါပေမယ့် အဲ့ဒီ့လူတွေထဲမှာကို ကျန်နေသေးတော့ အမည်စာရင်းထဲ မပါလာတဲ့အခါမှာ ကျနော်တို့ဆီကို ကွန်ပလိမ်းလာတယ်။ ကျနော်တို့ကို ကူပေးပါ လုပ်ပေးပါဆိုပြီး ပြောလာကြတယ်။ ကျနော်တို့ကလည်း အကြောင်းကြားလာတဲ့ လူ ၄၀၀ ကျော် ၅၀၀ ဝန်းကျင်လောက်ကနေ ရွေးရတာဆိုတော့ ရွေးချယ်မှုပိုင်းမှာ ကျနော်တို့ နည်းနည်းလေးတော့ အကျပ်အတည်း ရှိတာပေါ့။ ကျနော်တို့ဘက်ကလည်း သေချာလေးကြည့်ပြီး ရွေးရတယ် အဲ့တခုတော့ရှိတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် မြန်မာသံရုံးကလည်း အမေရိကန်မှာ ရောက်ရှိ ပိတ်မိနေတဲ့ မြန်မာတွေ ဆုံရပ်နိုင်ငံကနေတဆင့် မြန်မာပြည်ကိုပြန်ဖို့ အထူးလေယာဉ် စီစဉ်ပေးထားပြီး ဆုံရပ်သတ်မှတ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကို မိမိတို့အစီအစဉ်နဲ့ သွားကြဖို့ နှိုးဆော်ထားပါတယ်။ အင်ချွန်း-ရန်ကုန် ခရီးစဉ်အတွက် Relief flights တွေ ပျံသန်းပြေးဆွဲမယ့် MAI နဲ့ တိုက်ရိုက်ဆက်သွယ်ကြဖို့လည်း ကြေညာထားပါတယ်။

တောင်ကိုရီးယားလေဆိပ်မှာ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးမှ မြန်မာပြည်ကို ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်။ အဖျားရှိတယ်လို့ စိစစ်တွေ့ရှိရင်တော့ လေဆိပ်ကFacility Quarantine သတ်မှတ်သီးသန့်နေရာမှာ မိမိစရိတ်နဲ့ စောင့်ဆိုင်းနေထိုင်ရမှာ ဖြစ်ကြောင်းနဲ့ ရောဂါပိုးတွေ့ရှိရင် ဆေးရုံကို ဆက်လက်ပို့ဆောင် ကုသပေးမှာဖြစ်ကြောင်း ရောဂါပိုးမရှိပါက လေကြောင်းနဲ့ ပြန်ခွင့်ပြုမယ်လို့ ဝါရှင်တန်ဒီစီသံရုံးက ထုတ်ပြန်ထားပါတယ်။ ဒီလို လေယာဉ်လိုင်း အကန့်အသတ်တွေကြောင့် မဖြစ်မနေ ပြန်ထွက်ခွာမယ့်သူတွေဟာ သံရုံးက အတည်ပြုကြောင်း ပြန်ကြားချက်ရရှိတဲ့ အချိန်မှပဲ အမေရိကန်ပြည်ထောင်စုကနေ ပြန်လည်ထွက်ခွာဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာပြည်ပြန်လိုတဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေအတွက် သံရုံးတွေဘက်က စီစဉ်နေတာတွေကိုလည်း သက်ဆိုင်ရာ မြန်မာသံရုံး လူမှုကွန်ရက်စာမျက်နှာတွေ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေကနေတဆင့် သတင်းတွေ ထုတ်ပြန်နေတာကို တွေ့ရပါတယ်။

မြန်မာပြည်ပြန်လိုသူ မြန်မာနိုင်ငံသားတွေ အမြန်ဆုံး ဆက်သွယ်ကြဖို့ ပြီးခဲ့တဲ့သီတင်းပတ် ဧပြီလ ၂၅ ရက် စနေနေ့ကစပြီး နိုင်ငံတကာအခြေစိုက် မြန်မာသံရုံးတွေကနေ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပြီးတဲ့နောက် မေလဆန်းကစပြီး Relief Flight တွေ စီစဉ်ပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG