သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 ကူးစက္ခံရၿပီး ျပန္ေကာင္းလာတဲ့ နယူးေယာက္က ျမန္မာဇနီးေမာင္ႏွံရဲ႕ အေတြ႔အႀကံဳ


Recovering COVID-19 Burmese patients from New York
တိုက္႐ိုက္ လင့္ခ္

Zawgyi/ Unicode

အေမရိကန္ျပည္ေထာင္စုမွာ Covid-19 ေရာဂါ ကူးစက္ခံရၿပီး ျပန္လည္ေကာင္းမြန္လာတဲ့ အေမရိကန္ ျမန္မာတခ်ဳိ႕ ခံစားခဲ့တဲ့ ေရာဂါလကၡဏာေတြ၊ ဗိုင္းရပ္စ္ ဒဏ္ခံၿပီးေနာက္ ျပန္လည္သက္သာလာတဲ့ အခ်ိန္မွာ ဘာေတြ ဆက္ၿပီး ခံစားရသလဲဆိုတဲ့ အေတြ႕အႀကံဳေတြ ကို မအင္ၾကင္းနိုင္က ေမးျမန္းတင္ဆက္ထားပါတယ္။

နယူးၿမိဳ႕မွာ အေျခခ်ေနထိုင္ေနတဲ့ အသက္ (၃၀)အရြယ္ ကိုျပည့္မွဴးကေတာ့ မတ္လကုန္ပိုင္း ေရာဂါ စၿပီးခံစားရခ်ိန္မွာကိုယ္ပူ၊ ေခါင္းကိုက္၊ ေခ်ာင္းဆိုးေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ ျဖစ္တယ္မထင္ပဲ၊ အလုပ္ပင္ပန္းၿပီး၊ မိုးမိတာေၾကာင့္လိုပဲ ထင္ခဲ့တဲ့ အေတြ႕အႀကံဳကို အခုလို ဗီြအိုေအကိုေျပာျပပါတယ္။

"ပံုမွန္ အေနအထားအရ က်ေနာ္က ဖ်ားရင္ ေသာက္ေနၾကအတိုင္း Tylenol ကို တလံုးေသာက္တယ္။ ၿပီးေတာ့ အိပ္သြားတာေပါ့ေနာ္။ ျပန္ႏိုးလာတဲ့အခ်ိန္မွာ က်ေနာ့္ ေခါင္းေတြ အံုေနၿပီ။ အဖ်ားမက်တဲ့အျပင္ တကိုယ္လံုး တုန္လာတဲ့အေျခအေနျဖစ္လာတယ္။ အတြင္းထဲကေန လႈိက္ခနဲ ေအးတာမ်ဳိး ခံစားလာရတယ္။ ဒါေပမဲ့ ရိုးရိုးပံုစံမ်ဳိး ဖ်ားတာပါဆိုၿပီး ေဆး ထပ္ေသာက္တယ္။ အဲဒီေနာက္ မနက္စာကို လံုး၀မစားႏိုင္ေတာ့ဘူး။"

ႏွစ္ရက္အတြင္း အဖ်ား ျပန္က်သြားေပမယ့္ တကိုယ္လံုး အင္အားခ်ိနဲ႔ၿပီး ဘာမွ မစားႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ခ်ိန္ ၁၀ ရက္ေလာက္အၾကာမွ အေရးေပၚ ေဆးခန္းကို သြားျပခဲ့တယ္လို႔ ကိုျပည့္မွဴးက ေျပာပါတယ္။ ေဆးခန္းမျပခင္ အခ်ိန္မွာ အမ်ဳိးသမီးျဖစ္သူ မျမတ္စုရွိန္လည္း အဖ်ား ရွိခဲ့ၿပီး တကိုယ္လံုး အင္အားခ်ိနဲ႔ လာတဲ့အတြက္ ေဆးခန္းကို ႏွစ္ေယာက္အတူ သြားျပခဲ့တယ္လို႔ ဆိုပါတယ္။

ေဆးခန္းမွာ အဆုပ္ကို ဓါတ္မွန္ရိုက္၊ ဗိုင္းရပ္စ္ရွိမရွိ စစ္ေဆးမႈယူခဲ့ၿပီးေနာက္သူ႔မွာ Positive (ေရာဂါကူးစက္ခံရတယ္) ဆိုတဲ့ အေျဖကို ေနာက္တရက္မွာ သိခဲ့ရတယ္လို႔ ကိုျပည့္မွဴးက ေျပာပါတယ္။ အမ်ဳိးသမီးျဖစ္သူကေတာ့ ကိုယ္ပူခ်ိန္မရွိ၊ အသက္ရွဳ ၾကပ္တာမ်ဳိးလည္း မရွိတဲ့အတြက္ အဆုပ္ကို ဓါတ္မွန္ပဲ ရိုက္စစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

ႏွစ္ေယာက္စလံုး ေဆးရံုတက္စရာ မလုိေပမယ့္ ေခ်ာင္းဆိုေပ်ာက္ေဆး အပါအ၀င္၊ အဖ်ား က်ေဆး ျဖစ္တဲ့ Tylenol ေဆးကိုေျခာက္နာရီျခား တခါ ေသာက္ဖို႔နဲ႔၊ Antibiotics ေဆးျဖစ္တဲ့ Levofloxacin ေဆးကို တရက္ တလံုးစီ ၇ ရက္တိတိေသာက္ဖို႔ ႏွစ္ေယာက္စလံုးအတြက္ ဆရာ၀န္က ေဆးစာေပးခဲ့တယ္လို႔ ကိုျပည့္မွဴးက ေျပာပါတယ္။

" ေဆးခန္းသြားတဲ့ တေန႔လံုး ျပန္လာၿပီးေတာ့လည္း မသက္သာဘူး။ ပိုဆိုးလာတယ္။ အျပင္သြားေတာ့ ေလစိမ္းေတြ တိုက္တဲ့ဒဏ္ခံခဲ့ရေတာ့ ပိုဆိုးတယ္။ အဲဒီလို ပိုဆိုးလာတဲ့အခ်ိန္ ႏွစ္ေယာက္စလံုးက ငါတို႔ေတာ့ ေသၿပီလားမသိဘူးဆိုၿပီး၊ ဘာမွလည္း လုပ္ခ်င္ ကိုင္ခ်င္စိတ္မရွိဘူး။ အိပ္ရာေပၚမွာ ႏွစ္ေယာက္စလံုး ငိုေနၾကတယ္။ ငိုေနၿပီးေတာ့ ေနာက္ေန႔မနက္ ေဆးေသာက္ရမယ့္အခ်ိန္ေရာက္ေတာ့ ဆရာ၀န္က ဖုန္းလွမ္းဆက္တယ္။ မင္းမွာ positive ရွိေနၿပီတဲ့။ မင္းအမ်ဳိးသမီးကလည္း positive ရွိေကာင္း ရွိေနႏိုင္တယ္တဲ့။ အဲေတာ့ မင္းတို႔Quarantine လုပ္လိုက္ပါလုိ႔ေျပာတယ္။"

ဆရာ၀န္ရဲ႕ ညြန္ၾကားခ်က္အရ အိမ္ထဲကေန အျပင္မထြက္ပဲ Quarantine သံုးပတ္ၾကာ ေနရတဲ့ အခ်ိန္ကာလအတြင္း နယူးေရာက္ၿမိဳ ႔က ျမန္မာအေမရိကန္ ေစတနာရွင္အဖဲြ႕က လိုက္ၿပီး လွဴဒါန္းတဲ့ အစားအေသာက္ေတြနဲ႔ ရပ္တည္ခဲ့ရတဲ့ အေတြ႕အႀကံဳကိုလည္း ကို ျပည့္မွဴးက အခုလိုေျပာျပပါတယ္။

" က်ေနာ္တုိ႔ နယူးေရာက္ၿမိဳ႕မွာရွိတဲ့ ျမန္မာအသိုင္းအ၀ိုင္းထဲက လိုက္ၿပီးလွဴဒါန္းေနတဲ့ မဥမၼာေဆြ ဦးေဆာင္တဲ့ အမ်ဳိးသမီး ေစတနာရွင္ေတြစုၿပီး လွဴဒါန္းတာေတြရွိတယ္ ခင္ဗ်။ က်ေနာ္တို႔လို ကိုဗစ္ျဖစ္ေနတဲ့သူေတြ အစားအေသာက္နဲ႔ပတ္သက္ၿပီး အခက္အခဲျဖစ္ေနသူေတြကုိ လုိက္လွဴေနတဲ့ အဖဲြ႕ရွိတယ္။ အဲဒီအဖဲြ႕ကေန က်ေနာ္တို႔ကို တပတ္တခါ လာၿပီး ပို႔ေပးတယ္။ သူတို႔ပို႕ေပးတဲ့ အားျပည့္ေစတဲ့ အစားအေသာက္ေတြကိုပဲ မွီ၀ဲေနတာေပါ့။"

ေမး။ ။ ေရာဂါ ေပ်ာက္သြားၿပီးတဲ့အခ်ိန္မွာ လံုး၀ ရွင္းရွင္းလင္းလင္း က်န္းမာတယ္လို႔ ခံစားရလား။

ေျဖ။ ။ ပံုမွန္ အေနအထား ျပန္ေရာက္လာတယ္လို႔ေတာ့ ခံစားရတယ္ေပါ့ဗ်ာ။ ဒါေပမဲ့ ဘယ္လိုျဖစ္သလဲဆိုေတာ့ အသက္ရွဴရတဲ့ ပံုစံက ပံုမွန္မဟုတ္ေတာ့ဘူး။ မနက္ ႏိုးႏိုးျခင္း အခ်ိန္မ်ဳိးေတြဆိုရင္ ပံုမွန္ဆိုရင္ လန္းလန္းဆန္းဆန္းပဲ ႏိုးလာတာ။ ဒါေပမဲ့ ေရာဂါျဖစ္ၿပီး ျပန္သက္သာလာတဲ့အခ်ိန္မွာ အဲဒီလုိအေနအထားမရွိေတာ့ဘူး။ ေနာက္တခုက ဘာလဲဆိုေတာ့ ျပန္သက္သာလာတဲ့ အခ်ိန္မွာ ၀မ္းသြားတာက ေပ်ာ့ေနတုန္းပဲရွိတယ္။ ေရာဂါျဖစ္ေနတုန္းကလည္း ၀မ္းပ်က္တာ ခံစားခဲ့ရတယ္။ ဒါေပမဲ့ ျပန္သက္သာတဲ့ အခ်ိန္မွာ ၀မ္းကေတာ့ ေပ်ာ့ေနဆဲရွိတယ္ခင္ဗ်။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ လကၡဏာေတြ႕ရွိခဲ့တယ္လို႔ ဆရာ၀န္က ယူဆခဲ့တဲ့ ကိုျပည့္မွဴး ရဲ႕ အမ်ဳိးသမီးျဖစ္သူ မျမတ္စုရွိန္ ကလည္း သူခံစားခဲ့ရတဲ့ ေရာဂါလကၡဏာနဲ႔ ျပန္ေကာင္းလာတဲ့ အေတြ႕အႀကံဳကို အခုလိုေျပာျပပါတယ္။

" ေနမေကာင္း ျဖစ္ေနတဲ့ အခ်ိန္တုန္းက က်မက အရင္ကတည္းက ညဘက္ေတြမွာ မအိပ္တက္ေတာ့ မအိပ္တာကေတာ့ သိပ္မထူးျခားဘူးေပါ့ေနာ္။ သူမ်ားေတြကေတာ့ အိပ္ေရး ပ်က္တယ္ေျပာတယ္။ ဒါေပမဲ့ တခုေတာ့ ရွိတယ္။ က်မ အိပ္ေပ်ာ္သြားတဲ့အခ်ိန္ကာလနဲ႔ ႏိုးလာတဲ့ အခ်ိန္ကာလဆိုရင္ ႏိုးႏိုးလာျခင္းမွာ အာေခါင္ အရမ္းေျခာက္တယ္။ လည္ေခ်ာင္းနာတာမ်ဳိးေတာ့ မဟုတ္ဘူး။ ႏွဳတ္ခမ္းနဲ႔ အာေခါင္တခုလံုး ေျခာက္တာ။ အဲလိုမ်ဳိး ေျခာက္ၿပီးေတာ့ လန္႔ႏိုးလာတာမ်ဳိး၊ အိပ္ေရးမ၀ေသးပဲနဲ႔ လန္႔ႏိုးလာၿပီး အသက္ရွဴမ၀ သလို ခံစားရတယ္။"

အသက္ ေလးႏွစ္အရြယ္သမီးျဖစ္သူကိုေတာ့ အခုခ်ိန္ထိ ဗိုင္းရပ္ကူးစက္တဲ့ လကၡဏာ မျပဘူးလို႔ မျမတ္စုရွိန္က ေျပာပါတယ္။

Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ အခ်က္အလက္ေတြအရ အေမရိကန္ျပည္ေထာင္စုမွာ Covid-19 ေရာဂါ ကူးစက္ၿပီး ျပန္လည္ေကာင္းမြန္လာသူ အေရအတြက္ ၁၈၀,၀၀၀ ေက်ာ္မက ရွိပါတယ္။ ေရာဂါကူးစက္ခံရသူ တဦးဟာ ေဆးကုသမႈနဲ႔ အသက္ရွဳစက္ အကူယူစရာမလိုပဲ ကိုယ့္ဘာသာကိုယ္ အဖ်ားေပ်ာက္ကင္းၿပီး၊ ေခ်ာင္းဆိုးတာ၊ အသက္ရွဳမ၀တာ စတာေတြကေနသက္သာလာၿပီး သံုးရက္ၾကာမွ သူကို ျပန္ၿပီး ေကာင္းလာသူအျဖစ္ CDC ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနက စဥ္းစားပါတယ္။

ေနာက္ၿပီး Negative အေျဖထြက္ရင္လည္း ျပန္ေကာင္းလာသူအျဖစ္ သတ္မွတ္ပါတယ္။ ဒါေပမဲ့ ဒီ စစ္ေဆးမႈရလာဒ္က အတိအက်ျဖစ္ခ်င္မွ ျဖစ္မယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေနာက္ဆံုးထုတ္ျပန္ထားတဲ့ Covid-19 ေရာဂါျဖစ္သူေတြမွာ ေတြ႕ရတတ္တဲ့ ေရာဂါလကၡဏာအသစ္ (၆) မ်ိဳးကေတာ့ ခိုက္ခိုက္တုန္ခ်မ္းစိမ့္တာ၊ ကိုယ္ေတြလက္ေတြတုန္တာ၊ နာက်င္ ကိုက္ခဲတာ၊ ေခါင္းကိုက္တာ၊ လည္ေခ်ာင္းနာတာနဲ႔ အနံ႔ ဒါမွ မဟုတ္ အရသာအာ႐ုံ မရေတာ့တာမ်ိဳးေတြ ျဖစ္ပါတယ္။ CDC က အရင္ေျပာၾကားထားတဲ့ ေရာဂါလကၡဏာေတြကေတာ့ အဖ်ားႀကီးတာ၊ အသက္ ဝ ဝ မရႉႏိုင္တာနဲ႔ ေခ်ာင္းဆိုတာတို႔ ျဖစ္ပါတယ္။

================

အမေရိကန်ပြည်ထောင်စုမှာ Covid-19 ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာတဲ့ အမေရိကန် မြန်မာတချို့ ခံစားခဲ့တဲ့ ရောဂါလက္ခဏာတွေ၊ ဗိုင်းရပ်စ် ဒဏ်ခံပြီးနောက် ပြန်လည်သက်သာလာတဲ့ အချိန်မှာ ဘာတွေ ဆက်ပြီး ခံစားရသလဲဆိုတဲ့ အတွေ့အကြုံတွေ ကို မအင်ကြင်းနိုင်က မေးမြန်းတင်ဆက်ထားပါတယ်။

နယူးမြို့မှာ အခြေချနေထိုင်နေတဲ့ အသက် (၃၀)အရွယ် ကိုပြည့်မှူးကတော့ မတ်လကုန်ပိုင်း ရောဂါ စပြီးခံစားရချိန်မှာကိုယ်ပူ၊ ခေါင်းကိုက်၊ ချောင်းဆိုးပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖြစ်တယ်မထင်ပဲ၊ အလုပ်ပင်ပန်းပြီး၊ မိုးမိတာကြောင့်လိုပဲ ထင်ခဲ့တဲ့ အတွေ့အကြုံကို အခုလို ဗွီအိုအေကိုပြောပြပါတယ်။

"ပုံမှန် အနေအထားအရ ကျနော်က ဖျားရင် သောက်နေကြအတိုင်း Tylenol ကို တလုံးသောက်တယ်။ ပြီးတော့ အိပ်သွားတာပေါ့နော်။ ပြန်နိုးလာတဲ့အချိန်မှာ ကျနော့် ခေါင်းတွေ အုံနေပြီ။ အဖျားမကျတဲ့အပြင် တကိုယ်လုံး တုန်လာတဲ့အခြေအနေဖြစ်လာတယ်။ အတွင်းထဲကနေ လှိုက်ခနဲ အေးတာမျိုး ခံစားလာရတယ်။ ဒါပေမဲ့ ရိုးရိုးပုံစံမျိုး ဖျားတာပါဆိုပြီး ဆေး ထပ်သောက်တယ်။ အဲဒီနောက် မနက်စာကို လုံးဝမစားနိုင်တော့ဘူး။"

နှစ်ရက်အတွင်း အဖျား ပြန်ကျသွားပေမယ့် တကိုယ်လုံး အင်အားချိနဲ့ပြီး ဘာမှ မစားနိုင်လောက်အောင် ဖြစ်ခဲ့ချိန် ၁၀ ရက်လောက်အကြာမှ အရေးပေါ် ဆေးခန်းကို သွားပြခဲ့တယ်လို့ ကိုပြည့်မှူးက ပြောပါတယ်။ ဆေးခန်းမပြခင် အချိန်မှာ အမျိုးသမီးဖြစ်သူ မမြတ်စုရှိန်လည်း အဖျား ရှိခဲ့ပြီး တကိုယ်လုံး အင်အားချိနဲ့ လာတဲ့အတွက် ဆေးခန်းကို နှစ်ယောက်အတူ သွားပြခဲ့တယ်လို့ ဆိုပါတယ်။

ဆေးခန်းမှာ အဆုပ်ကို ဓါတ်မှန်ရိုက်၊ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုယူခဲ့ပြီးနောက်သူ့မှာ Positive (ရောဂါကူးစက်ခံရတယ်) ဆိုတဲ့ အဖြေကို နောက်တရက်မှာ သိခဲ့ရတယ်လို့ ကိုပြည့်မှူးက ပြောပါတယ်။ အမျိုးသမီးဖြစ်သူကတော့ ကိုယ်ပူချိန်မရှိ၊ အသက်ရှု ကြပ်တာမျိုးလည်း မရှိတဲ့အတွက် အဆုပ်ကို ဓါတ်မှန်ပဲ ရိုက်စစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

နှစ်ယောက်စလုံး ဆေးရုံတက်စရာ မလိုပေမယ့် ချောင်းဆိုပျောက်ဆေး အပါအဝင်၊ အဖျား ကျဆေး ဖြစ်တဲ့ Tylenol ဆေးကိုခြောက်နာရီခြား တခါ သောက်ဖို့နဲ့၊ Antibiotics ဆေးဖြစ်တဲ့ Levofloxacin ဆေးကို တရက် တလုံးစီ ၇ ရက်တိတိသောက်ဖို့ နှစ်ယောက်စလုံးအတွက် ဆရာဝန်က ဆေးစာပေးခဲ့တယ်လို့ ကိုပြည့်မှူးက ပြောပါတယ်။

" ဆေးခန်းသွားတဲ့ တနေ့လုံး ပြန်လာပြီးတော့လည်း မသက်သာဘူး။ ပိုဆိုးလာတယ်။ အပြင်သွားတော့ လေစိမ်းတွေ တိုက်တဲ့ဒဏ်ခံခဲ့ရတော့ ပိုဆိုးတယ်။ အဲဒီလို ပိုဆိုးလာတဲ့အချိန် နှစ်ယောက်စလုံးက ငါတို့တော့ သေပြီလားမသိဘူးဆိုပြီး၊ ဘာမှလည်း လုပ်ချင် ကိုင်ချင်စိတ်မရှိဘူး။ အိပ်ရာပေါ်မှာ နှစ်ယောက်စလုံး ငိုနေကြတယ်။ ငိုနေပြီးတော့ နောက်နေ့မနက် ဆေးသောက်ရမယ့်အချိန်ရောက်တော့ ဆရာဝန်က ဖုန်းလှမ်းဆက်တယ်။ မင်းမှာ positive ရှိနေပြီတဲ့။ မင်းအမျိုးသမီးကလည်း positive ရှိကောင်း ရှိနေနိုင်တယ်တဲ့။ အဲတော့ မင်းတို့Quarantine လုပ်လိုက်ပါလို့ပြောတယ်။"

ဆရာဝန်ရဲ့ ညွန်ကြားချက်အရ အိမ်ထဲကနေ အပြင်မထွက်ပဲ Quarantine သုံးပတ်ကြာ နေရတဲ့ အချိန်ကာလအတွင်း နယူးရောက်မြို့က မြန်မာအမေရိကန် စေတနာရှင်အဖွဲ့က လိုက်ပြီး လှူဒါန်းတဲ့ အစားအသောက်တွေနဲ့ ရပ်တည်ခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ကို ပြည့်မှူးက အခုလိုပြောပြပါတယ်။

" ကျနော်တို့ နယူးရောက်မြို့မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းထဲက လိုက်ပြီးလှူဒါန်းနေတဲ့ မဥမ္မာဆွေ ဦးဆောင်တဲ့ အမျိုးသမီး စေတနာရှင်တွေစုပြီး လှူဒါန်းတာတွေရှိတယ် ခင်ဗျ။ ကျနော်တို့လို ကိုဗစ်ဖြစ်နေတဲ့သူတွေ အစားအသောက်နဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေသူတွေကို လိုက်လှူနေတဲ့ အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကနေ ကျနော်တို့ကို တပတ်တခါ လာပြီး ပို့ပေးတယ်။ သူတို့ပို့ပေးတဲ့ အားပြည့်စေတဲ့ အစားအသောက်တွေကိုပဲ မှီဝဲနေတာပေါ့။"

မေး။ ။ ရောဂါ ပျောက်သွားပြီးတဲ့အချိန်မှာ လုံး၀ ရှင်းရှင်းလင်းလင်း ကျန်းမာတယ်လို့ ခံစားရလား။

ဖြေ။ ။ ပုံမှန် အနေအထား ပြန်ရောက်လာတယ်လို့တော့ ခံစားရတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဘယ်လိုဖြစ်သလဲဆိုတော့ အသက်ရှူရတဲ့ ပုံစံက ပုံမှန်မဟုတ်တော့ဘူး။ မနက် နိုးနိုးခြင်း အချိန်မျိုးတွေဆိုရင် ပုံမှန်ဆိုရင် လန်းလန်းဆန်းဆန်းပဲ နိုးလာတာ။ ဒါပေမဲ့ ရောဂါဖြစ်ပြီး ပြန်သက်သာလာတဲ့အချိန်မှာ အဲဒီလိုအနေအထားမရှိတော့ဘူး။ နောက်တခုက ဘာလဲဆိုတော့ ပြန်သက်သာလာတဲ့ အချိန်မှာ ဝမ်းသွားတာက ပျော့နေတုန်းပဲရှိတယ်။ ရောဂါဖြစ်နေတုန်းကလည်း ဝမ်းပျက်တာ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ပြန်သက်သာတဲ့ အချိန်မှာ ဝမ်းကတော့ ပျော့နေဆဲရှိတယ်ခင်ဗျ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာတွေ့ရှိခဲ့တယ်လို့ ဆရာဝန်က ယူဆခဲ့တဲ့ ကိုပြည့်မှူး ရဲ့ အမျိုးသမီးဖြစ်သူ မမြတ်စုရှိန် ကလည်း သူခံစားခဲ့ရတဲ့ ရောဂါလက္ခဏာနဲ့ ပြန်ကောင်းလာတဲ့ အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" နေမကောင်း ဖြစ်နေတဲ့ အချိန်တုန်းက ကျမက အရင်ကတည်းက ညဘက်တွေမှာ မအိပ်တက်တော့ မအိပ်တာကတော့ သိပ်မထူးခြားဘူးပေါ့နော်။ သူများတွေကတော့ အိပ်ရေး ပျက်တယ်ပြောတယ်။ ဒါပေမဲ့ တခုတော့ ရှိတယ်။ ကျမ အိပ်ပျော်သွားတဲ့အချိန်ကာလနဲ့ နိုးလာတဲ့ အချိန်ကာလဆိုရင် နိုးနိုးလာခြင်းမှာ အာခေါင် အရမ်းခြောက်တယ်။ လည်ချောင်းနာတာမျိုးတော့ မဟုတ်ဘူး။ နှုတ်ခမ်းနဲ့ အာခေါင်တခုလုံး ခြောက်တာ။ အဲလိုမျိုး ခြောက်ပြီးတော့ လန့်နိုးလာတာမျိုး၊ အိပ်ရေးမဝသေးပဲနဲ့ လန့်နိုးလာပြီး အသက်ရှူမ၀ သလို ခံစားရတယ်။"

အသက် လေးနှစ်အရွယ်သမီးဖြစ်သူကိုတော့ အခုချိန်ထိ ဗိုင်းရပ်ကူးစက်တဲ့ လက္ခဏာ မပြဘူးလို့ မမြတ်စုရှိန်က ပြောပါတယ်။

Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ အချက်အလက်တွေအရ အမေရိကန်ပြည်ထောင်စုမှာ Covid-19 ရောဂါ ကူးစက်ပြီး ပြန်လည်ကောင်းမွန်လာသူ အရေအတွက် ၁၈၀,၀၀၀ ကျော်မက ရှိပါတယ်။ ရောဂါကူးစက်ခံရသူ တဦးဟာ ဆေးကုသမှုနဲ့ အသက်ရှုစက် အကူယူစရာမလိုပဲ ကိုယ့်ဘာသာကိုယ် အဖျားပျောက်ကင်းပြီး၊ ချောင်းဆိုးတာ၊ အသက်ရှုမဝတာ စတာတွေကနေသက်သာလာပြီး သုံးရက်ကြာမှ သူကို ပြန်ပြီး ကောင်းလာသူအဖြစ် CDC ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက စဉ်းစားပါတယ်။

နောက်ပြီး Negative အဖြေထွက်ရင်လည်း ပြန်ကောင်းလာသူအဖြစ် သတ်မှတ်ပါတယ်။ ဒါပေမဲ့ ဒီ စစ်ဆေးမှုရလာဒ်က အတိအကျဖြစ်ချင်မှ ဖြစ်မယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ Covid-19 ရောဂါဖြစ်သူတွေမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာအသစ် (၆) မျိုးကတော့ ခိုက်ခိုက်တုန်ချမ်းစိမ့်တာ၊ ကိုယ်တွေလက်တွေတုန်တာ၊ နာကျင် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာနဲ့ အနံ့ ဒါမှ မဟုတ် အရသာအာရုံ မရတော့တာမျိုးတွေ ဖြစ်ပါတယ်။ CDC က အရင်ပြောကြားထားတဲ့ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးတာ၊ အသက် ဝ ဝ မရှူနိုင်တာနဲ့ ချောင်းဆိုတာတို့ ဖြစ်ပါတယ်။

XS
SM
MD
LG