သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ AA တုိ႔ အပစ္ရပ္ၾကဖုိ႔ ခ်င္းလူငယ္အဖြဲ႔ေတာင္းဆုိ


(ဓါတ္ပံု-၂၀၁၃ ေအာက္တိုဘာ) ျမန္မာတပ္မေတာ္သားမ်ား

(Zawgyi/Unicode)

တိုက္ပဲြေတြေၾကာင့္ ေဒသခံခ်င္းလူမ်ိဳးေတြ ထိခိုက္ေသဆံုးတဲ့အတြက္ ႏွစ္ဘက္ အပစ္ရပ္ၾကဖို႔ ခ်င္းလူငယ္ကြန္ရက္က ေတာင္းဆိုတဲ့သတင္း ႏိုင္ကြန္းအိန္ေျပာျပမွာပါ။

ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ စစ္ေရးတင္းမာေနဆဲ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲ အၾကားပစ္ခတ္မွဳေၾကာင့္ ခ်င္းလူမ်ိဳးေတြ အရပ္သားေတြ ထိခိုက္ေသဆံုးမႈ တိုးလာေနပါတယ္။

ႏွစ္ဖက္တိုက္ပြဲအတြင္း အရပ္သား ေသဆုံးဒဏ္ရာရတဲ့ လုပ္ေဆာင္ခ်က္ အေပၚရွဳံ႕ခ်ျပီး ေတြ႕ဆုံေဆြးေႏြး အေျဖရွာၾကဖို႕ ခ်င္းလူငယ္ကြန္ရက္ေျပာခြင့္ရ ဆလိုင္းမာန္ဟုန္က VOA ကို ေျပာပါတယ္။

“ဒီခ်င္းမွာ ျဖစ္ေနတဲ့ဟာေပါ့။ ဒီေက်းရြာေတြအထိပါ တပ္ကေနျပီးေတာ့ ေလယာဥ္နဲ႕ပစ္ခတ္တဲ့ဟာေရာ ျပီးေတာ့ကြ်န္ေတာ္ တို႕လူမွဳကယ္ဆယ္ေရးလုပ္တဲ့ ကူညီေရးအဖြဲ႕ေတြပါ ေသနတ္နဲ႕အပစ္ခံရ ျခိမ္းေျခာက္ခံရတဲ့ျဖစ္စဥ္ေတြေပါ့။ ဒီလုပ္ရပ္ ေတြပါ ကြ်န္ေတာ္တို႕ရွဳံ႕ခ်တဲ့အေနနဲ႕ ထုတ္ျပန္တဲ့သေဘာပါ။ အစိုးရဘက္က AAကိုအၾကမ္းဖက္အဖြဲ႕လို႕သာ သတ္မွတ္ ထားတဲ့ အေနအထားတခု ျဖစ္တယ္ေပါ့ေလ။ ဒီေရရွည္AAဘက္ကလဲသူတို႕ရဲ႕ ရပ္တည္ခ်က္နဲ႕သူတို႕လွဳပ္ရွားတာမွန္ေပမဲ့ ညိွႏွိဳင္းေဆြးေႏြးမယ့္ အဆင့္ေတာ့ တရား၀င္လမ္းေၾကာင္းတခုအေပၚမွာ စကား၀ိုင္းလိုမ်ိဳးလုပ္ဖို႕လိုတယ္လို႕ ကြ်န္ေတာ္တို႕ အေနနဲ႕ ျမင္ပါတယ္။”

စစ္ေလယာဥ္နဲ႕ပစ္ခတ္မႈေၾကာင့္ ခ်င္းလူမ်ိဳး ၂၉ ဦးေသဆုံးခဲ့ၿပီး၊တိုက္ပဲြအတြင္း လူသားဒိုင္း အသုံးျပဳမႈေတြကို ႏွစ္ဘက္တပ္ဖြဲဲ႕ေတြ မလုပ္ေဆာင္ဖို႕နဲ႕AA ႏွင့္တပ္မေတာ္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဖို႕ ခ်င္းလူငယ္ကြန္ရက္ အဖြဲ႕ကေန ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆိုခဲ့တာပါ။

ပလက္၀ၿမိဳ႕နယ္အတြင္း ထိခိုက္မွဳရွိေနတာဟာ AAအဖြဲ႕ကေန ေႏွာက္ယွက္ပစ္ခတ္မွဳေၾကာင့္လို႕ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ပလက္၀မွာ ရိကၡာပို႕တဲ့ကားေတြကို လိုက္လံေႏွာက္ယွက္ဖ်က္စီးေနတာတို႕ ပလက္၀ေျမကို ပစ္ခဲ့တဲ့ဟာလဲဒီပလက္၀မွာ လုံျခံဳေရးယူေနတဲ့အဖြဲ႕ကို လာေရာက္ ေႏွာက္ယွက္ပစ္ခတ္တာတို႕ ၿမိဳ႕ေတြရြာေတြေႏွာက္ယွက္ဖ်က္စီး ေန တာတို႕ ဒီအတိုင္းဘဲ လုပ္ေနတာပါဘဲ။”

တပ္မေတာ္ရဲ႕စြပ္စြဲခ်က္ကိုAAဘက္ကျငင္းဆိုထားျပီး တပ္မေတာ္ထိုးစစ္ေၾကာင့္တိုက္ပြဲျဖစ္တာလို႕ AAေျပာခြင့္ရ ခိုင္သုခ ကဆိုပါတယ္။

“ဒီ COVIDကာလအတြင္းမွာ တိုက္ပြဲ ကြ်န္ေတာ္တို႕မျဖစ္ခ်င္ဘူးေပါ့ေနာ္။ ဒါေပမဲ့လို႕ ျမန္မာစစ္တပ္ဘက္က ထိုးစစ္ေတြ အျပင္းအထန္လုပ္ေနတဲ့အတြက္ေၾကာင့္မို႕လို႕ တိုက္ပြဲေတြကဆက္ျပီးေတာ့ ျဖစ္ေနတာျဖစ္တယ္ဗ်။”

ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္စဥ္ေတြမွာ လက္နက္က်ည္ထိမွန္မွဳေၾကာင့္ အရပ္သားေတြ ေသဆုံးမွဳ ဒဏ္ရာရမွဳ ေနအိမ္မီေလာင္မွဳေတြရွိခဲ့ေပမဲ့ ျမန္မာစစ္တပ္ဘက္ကေရာ AAဖက္ကပါ သူတို႕အဖြဲ႕လက္ခ်က္မဟုတ္ ေၾကာင္းျငင္းဆိုေနၾကပါတယ္။

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ဖက္မွာ တိုက္ပြဲျဖစ္စဥ္အတြင္း ေထာင္နဲ႕ခ်ီတဲ့အရပ္သားေတြလဲ ပလက္၀ၿမိဳ႕အတြင္းနဲ႕ ဆမီးၿမိဳ႕နယ္ခြဲမွာ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အထူးသျဖင့္ ပလက္၀ၿမိဳ႕ေပၚက စစ္ေရွာင္ေတြေရရွည္ စားေသာက္ေရးအတြက္ စိုးရိမ္ေနရတယ္လို႕ ခ်င္းလူငယ္ကြန္ရက္ ေျပာခြင့္ရ ဆလိုင္းမာန္ဟုန္က ေျပာပါတယ္။

“ဆမီးမွာက လက္ရွိမွာ(၃၀၀၀)ေက်ာ္တာေပါ့ေနာ္။ ပလက္၀မွာေတာ့ အခုေတာ့(၄၀၀၀) ေက်ာ္ လာျပီလို႕ သိရပါတယ္။ ပလက္၀မွာက်ေတာ့ အခုမွ တပ္ကပို႕ေပးတယ္ဆိုတဲ့ WFPပို႕တဲ့ ဆန္အိတ္(၁၀၀၀)ရယ္။ ျပီးခဲ့တဲ့လက ပို႕တဲ့ ဆန္အိတ္(၈၀၀) ေက်ာ္ရယ္ အခုမွႏွစ္ၾကိမ္ဘဲ ရွိေသးတယ္ေပါ့ေနာ္။ အခုပို႕ေနတဲ့ဆန္အိတ္(၁၀၀၀)တို႕ဆိုတာကလဲ ဒီCamp လူဦးေရကိုမွ ေရရွည္လုံေလာက္မွဳ မရွိဘူးျဖစ္ေနတာေပါ့။”

ဒါ့အျပင္ စစ္ေရွာင္စခန္းေတြမွာ COVID-19 ေရာဂါကာကြယ္တားဆီးေရးကို စနစ္တက် လုပ္ေဆာင္ေပးဖို႕ အရပ္သား ေသဆုံးမႈကိစၥေတြကို ေသခ်ာစြာ စုံစမ္းေပးဖို႕ကို ခ်င္းလူငယ္ကြန္ရက္အဖြဲ႕ကေန ထုတ္ျပန္ေတာင္းဆိုထားပါတယ္။

လက္ရွိပလက္၀ၿမိဳ႕နယ္ဘက္မွာ ဒီေမလဆန္းကစျပီး ဒီကေန႕အထိ ႏွစ္ဘက္တိုက္ပြဲျပင္းထန္ေနဆဲရိွပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာစစ်တပ်နဲ့ AA တို့ အပစ်ရပ်ကြဖို့ ချင်းလူငယ်အဖွဲ့တောင်းဆို

(Unicode)

တိုက်ပွဲတွေကြောင့် ဒေသခံချင်းလူမျိုးတွေ ထိခိုက်သေဆုံးတဲ့အတွက် နှစ်ဘက် အပစ်ရပ်ကြဖို့ ချင်းလူငယ်ကွန်ရက်က တောင်းဆိုတဲ့သတင်း နိုင်ကွန်းအိန်ပြောပြမှာပါ။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ စစ်ရေးတင်းမာနေဆဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲ အကြားပစ်ခတ်မှုကြောင့် ချင်းလူမျိုးတွေ အရပ်သားတွေ ထိခိုက်သေဆုံးမှု တိုးလာနေပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သား သေဆုံးဒဏ်ရာရတဲ့ လုပ်ဆောင်ချက် အပေါ်ရှုံ့ချပြီး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ချင်းလူငယ်ကွန်ရက်ပြောခွင့်ရ ဆလိုင်းမာန်ဟုန်က VOA ကို ပြောပါတယ်။

“ဒီချင်းမှာ ဖြစ်နေတဲ့ဟာပေါ့။ ဒီကျေးရွာတွေအထိပါ တပ်ကနေပြီးတော့ လေယာဉ်နဲ့ပစ်ခတ်တဲ့ဟာရော ပြီးတော့ကျွန်တော် တို့လူမှုကယ်ဆယ်ရေးလုပ်တဲ့ ကူညီရေးအဖွဲ့တွေပါ သေနတ်နဲ့အပစ်ခံရ ခြိမ်းခြောက်ခံရတဲ့ဖြစ်စဉ်တွေပေါ့။ ဒီလုပ်ရပ် တွေပါ ကျွန်တော်တို့ရှုံ့ချတဲ့အနေနဲ့ ထုတ်ပြန်တဲ့သဘောပါ။ အစိုးရဘက်က AAကိုအကြမ်းဖက်အဖွဲ့လို့သာ သတ်မှတ် ထားတဲ့ အနေအထားတခု ဖြစ်တယ်ပေါ့လေ။ ဒီရေရှည်AAဘက်ကလဲသူတို့ရဲ့ ရပ်တည်ချက်နဲ့သူတို့လှုပ်ရှားတာမှန်ပေမဲ့ ညှိနှိုင်းဆွေးနွေးမယ့် အဆင့်တော့ တရားဝင်လမ်းကြောင်းတခုအပေါ်မှာ စကားဝိုင်းလိုမျိုးလုပ်ဖို့လိုတယ်လို့ ကျွန်တော်တို့ အနေနဲ့ မြင်ပါတယ်။”

စစ်လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ချင်းလူမျိုး ၂၉ ဦးသေဆုံးခဲ့ပြီး၊တိုက်ပွဲအတွင်း လူသားဒိုင်း အသုံးပြုမှုတွေကို နှစ်ဘက်တပ်ဖွဲ့တွေ မလုပ်ဆောင်ဖို့နဲ့AA နှင့်တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ချင်းလူငယ်ကွန်ရက် အဖွဲ့ကနေ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာပါ။

ပလက်ဝမြို့နယ်အတွင်း ထိခိုက်မှုရှိနေတာဟာ AAအဖွဲ့ကနေ နှောက်ယှက်ပစ်ခတ်မှုကြောင့်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

“ကျွန်တော်တို့ပလက်ဝမှာ ရိက္ခာပို့တဲ့ကားတွေကို လိုက်လံနှောက်ယှက်ဖျက်စီးနေတာတို့ ပလက်ဝမြေကို ပစ်ခဲ့တဲ့ဟာလဲဒီပလက်ဝမှာ လုံခြုံရေးယူနေတဲ့အဖွဲ့ကို လာရောက် နှောက်ယှက်ပစ်ခတ်တာတို့ မြို့တွေရွာတွေနှောက်ယှက်ဖျက်စီး နေ တာတို့ ဒီအတိုင်းဘဲ လုပ်နေတာပါဘဲ။”

တပ်မတော်ရဲ့စွပ်စွဲချက်ကိုAAဘက်ကငြင်းဆိုထားပြီး တပ်မတော်ထိုးစစ်ကြောင့်တိုက်ပွဲဖြစ်တာလို့ AAပြောခွင့်ရ ခိုင်သုခ ကဆိုပါတယ်။

“ဒီ COVIDကာလအတွင်းမှာ တိုက်ပွဲ ကျွန်တော်တို့မဖြစ်ချင်ဘူးပေါ့နော်။ ဒါပေမဲ့လို့ မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ အပြင်းအထန်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲတွေကဆက်ပြီးတော့ ဖြစ်နေတာဖြစ်တယ်ဗျ။”

ချင်းပြည်နယ်ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်စဉ်တွေမှာ လက်နက်ကျည်ထိမှန်မှုကြောင့် အရပ်သားတွေ သေဆုံးမှု ဒဏ်ရာရမှု နေအိမ်မီလောင်မှုတွေရှိခဲ့ပေမဲ့ မြန်မာစစ်တပ်ဘက်ကရော AAဖက်ကပါ သူတို့အဖွဲ့လက်ချက်မဟုတ် ကြောင်းငြင်းဆိုနေကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲဖြစ်စဉ်အတွင်း ထောင်နဲ့ချီတဲ့အရပ်သားတွေလဲ ပလက်ဝမြို့အတွင်းနဲ့ ဆမီးမြို့နယ်ခွဲမှာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အထူးသဖြင့် ပလက်ဝမြို့ပေါ်က စစ်ရှောင်တွေရေရှည် စားသောက်ရေးအတွက် စိုးရိမ်နေရတယ်လို့ ချင်းလူငယ်ကွန်ရက် ပြောခွင့်ရ ဆလိုင်းမာန်ဟုန်က ပြောပါတယ်။

“ဆမီးမှာက လက်ရှိမှာ(၃၀၀၀)ကျော်တာပေါ့နော်။ ပလက်ဝမှာတော့ အခုတော့(၄၀၀၀) ကျော် လာပြီလို့ သိရပါတယ်။ ပလက်ဝမှာကျတော့ အခုမှ တပ်ကပို့ပေးတယ်ဆိုတဲ့ WFPပို့တဲ့ ဆန်အိတ်(၁၀၀၀)ရယ်။ ပြီးခဲ့တဲ့လက ပို့တဲ့ ဆန်အိတ်(၈၀၀) ကျော်ရယ် အခုမှနှစ်ကြိမ်ဘဲ ရှိသေးတယ်ပေါ့နော်။ အခုပို့နေတဲ့ဆန်အိတ်(၁၀၀၀)တို့ဆိုတာကလဲ ဒီCamp လူဦးရေကိုမှ ရေရှည်လုံလောက်မှု မရှိဘူးဖြစ်နေတာပေါ့။”

ဒါ့အပြင် စစ်ရှောင်စခန်းတွေမှာ COVID-19 ရောဂါကာကွယ်တားဆီးရေးကို စနစ်တကျ လုပ်ဆောင်ပေးဖို့ အရပ်သား သေဆုံးမှုကိစ္စတွေကို သေချာစွာ စုံစမ်းပေးဖို့ကို ချင်းလူငယ်ကွန်ရက်အဖွဲ့ကနေ ထုတ်ပြန်တောင်းဆိုထားပါတယ်။

လက်ရှိပလက်ဝမြို့နယ်ဘက်မှာ ဒီမေလဆန်းကစပြီး ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲပြင်းထန်နေဆဲရှိပါတယ်။

XS
SM
MD
LG