သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ စိတ္ျပႆနာ


People wearing face masks amid concerns over the spread of the COVID-19 coronavirus wait in line for health check-ups in Yangon on May 17, 2020. (Photo by Sai Aung Main / AFP)
COVID-19 နဲ႔ စိတ္ျပႆနာ
please wait

No media source currently available

0:00 0:07:30 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ကမာၻ.ကပ္ေရာဂါႀကီး က်ေရာက္ခ်ိန္မွာ လူေတြ စိုးရိမ္မူမ်ားၿပီး၊ စိတ္ဖိစီးမူျပႆနာေတြ အနည္းနဲ႔အမ်ား ရင္ဆိုင္ရတတ္တယ္လို႔ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

အခုလို စိတ္ဖိစီးမူေတြ ျဖစ္လာရတာက ဒီေရာဂါ ကူးစက္ခံရမွာ ေၾကာက္တာ၊ စိုးရိမ္တာက အဓိကပါ။ စိတ္စီးမူေတြ ျဖစ္လာလွ်င္ ေရာဂါမျဖစ္ေစဘဲ၊ လကၡဏာေတြသာ ျပလာတတ္ပါတယ္။ ဒီလကၡဏာေတြကေတာ့ စိုးရိမ္တာအျပင္၊ အိပ္မေပွ်ာ္တာ၊ အစားအေသာက္ပ်က္တာ၊ ႏုံးေခြေနတာ စတာေတြ ေရရွည္ျဖစ္လာတာပါ။ ဒါေပမဲ့ ဒီလကၡဏာေတြေၾကာင့္ စိတ္မက်န္းမာေတာ့ဘူး၊ စိတ္ေရာဂါ ျဖစ္ေတာ့မယ္လို႔ မယူဆသင့္ပါဘူး။ အခုလို မွားယြင္းယူဆမိလွ်င္ စိတ္ဖိစီးမူ ပိုခံစားရတတ္လို႔ပါ။ တကယ္က အခုလို စိတ္ဖိစီးမူျဖစ္တာက မိမိ တစ္ဦးထဲမဟုတ္ဘဲ၊ အမ်ားမွာလည္း ခံစားရေလ့ရွိၿပီး၊ ကာလတစ္ခုအၾကာမွာ အားလုံး ေက်ာ္လႊားသြာႏိုင္မွာကို သိထားသင့္ပါတယ္။

စိတ္ဖိစီးမူေလ်ာ့ေအာင္ ကာကြယ္ႏိုင္တဲ့နည္းေတြကေတာ့ ကိုယ္လက္က်န္းမာေအာင္ ေနထိုင္တာ (ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္ၿပီး၊ အားကစားလုပ္တာအပါအဝင္)၊ တေယာက္ထဲ အထီးက်န္မေနတာ၊ တရားထိုင္တာ၊ အသက္ရႈေလ့က်င့္ခန္း လုပ္တာေတြပါ။ ဒါ့အျပင္ စိုးရိမ္စရာေတြကို တခ်ိန္လုံးမေတြးဘဲ၊ ဝါသနာပါရာေတြကို အခ်ိန္ေပးလုပ္သင့္ပါတယ္။ အေၾကာင္းက စိုးရိမ္စရာေတြကို ေတာက္ေလွ်ာက္ေတြးေနလွ်င္၊ စိတ္ဖိစီးမူ ပိုဆိုးေစတတ္လို႔ပါ။ ဒီစိတ္ဖိစီးတာအတြက္ တလြဲထြက္ေပါက္ရွာတတ္တဲ့ အရက္ေသာက္တာနဲ႔ မူးယစ္ေဆးသုံးတာကိုလည္း ေရွာင္က်ဥ္သင့္ပါတယ္။ ဒါ့အျပင္ စိတ္ဖိစီးမူေၾကာင့္ တခါတရံ သတိမမူမိဘဲ၊ ေဒါသေပါက္ကြဲထြက္တတ္တာလဲ ရွိတတ္တာမို႔၊ သတိနဲ႔ဆင္ျခင္၊ ကာကြယ္သင့္ပါတယ္။ မိမိခံႏိုင္တာထက္ စိတ္ဖီစီးမူ မ်ားလြန္းလာလွ်င္လည္း၊ အျခားသူမ်ားကို ဖြင့္ဟတိုင္ပင္တာ၊ နားလည္သူေတြကို ဖြင့္ေျပာတာနဲ႔ လိုအပ္လွ်င္ စိတ္က်န္းမာေရးဆရာဝန္ေတြနဲ႔ တိုင္ပင္တာေတြ လုပ္သင့္ပါတယ္။

အခု COVID-19 ကပ္ က်ေရာက္ခ်ိန္မွာ Quarantine (ေခၚ) အသြားအလာကန႔္သတ္မူ ခံရသူေတြအတြက္ စိတ္ဖိစီးမူ ပိုမ်ားေစတတ္ပါတယ္။ အေၾကာင္းက ေရာဂါျဖစ္သူေတြနဲ႔ ပိုနီးစပ္ခဲ့တာေၾကာင္၊့ ေရာဂါျဖစ္မွာ ပိုစိုးရီမ္တာအျပင္၊ တျခားသူေတြထက္လည္း အသြားအလာပိုတားျမစ္ခံရၿပီး၊ တစ္ဦးနဲ႔တစ္ဦးလည္း မေတြ႕ရကာ၊ ဘယ္ေနရာမွ သြားမရဘဲ တစ္ေနရာထဲမွာ အထီးက်န္ဆန္ဆန္ေနရလို႔ပါ။ ဒါေၾကာင့္ အထက္ပါ စိတ္ဖိစီးမူေလ်ာ့ေစတဲ့နည္းေတြအပါအဝင္၊ အထီးက်န္ မျဖစ္ရေအာင္ ဖုန္းနဲ႔ အင္တာနက္သုံးၿပီး၊ အဆက္အသြယ္ေတြ လုပ္သင့္ပါတယ္။ အဆက္အသြယ္ မလုပ္ဘဲ အထီးက်န္ေနမိပါက၊ အေတြးမ်ားၿပီး ပိုစိတ္ဖိစီးသြားႏိုင္လို႔ပါ။ ဒါ့အျပင္ အထီးက်န္ခ်ိန္ ျဖစ္ေလ့ရွိတဲ့ အင္တာနက္၊ Facebook နဲ႔ လူမူကြန္ယက္မွာ အခ်ိန္ကုန္ခံ၊ သတင္းေတြအမ်ားႀကီးၾကည့္တာ၊ နားေထာင္တာမ်ိဳးကလည္း၊ သတင္းသဘာဝအရ ထူးျခားၿပီး၊ အနိဌာ႐ုံသတင္းေတြ ပါတတ္ကာ၊ မိမိခံႏိုင္ရည္ကိုေက်ာ္ၿပီး၊ စိတ္ဖိစီးမူ ပိုျဖစ္ေစႏိုင္တာမို႔၊ ေရွာင္က်ဥ္သင့္ကာ၊ ယုံၾကည္ရတဲ့ သတင္းကိုသာ မနက္နဲ႔ည တစ္ႀကိမ္စီၾကည့္သင့္၊ နားေထာင္သင့္ပါတယ္။

အခုလို အထီးက်န္ခ်ိန္မွာ အေတြးမမ်ားရေအာင္၊ မိမိနဲ႔ ရင္းႏွီး၊ ခ်စ္ခင္သူေတြ၊ မိမိကို နားလည္သူေတြနဲ႔ နားေထာင္ေပးႏိုင္သူေတြကို ပုံမွန္ဆက္သြယ္ထားသင့္ပါတယ္။ ဒါ့အျပင္ အားကစားလုပ္ခ်ိန္နဲ႔ ဝါသနာပါရာလုပ္ခ်ိန္ေတြကိုလည္း အခ်ိန္လိုက္ စီမံလုပ္ေဆာင္သင့္ပါတယ္။ သေဘာထားအျမင္အရလည္း၊ အခုလို အသြားအလာ ကန႔္သတ္ခံရတာအတြက္ ျဖစ္ေလ့ရွိတဲ့၊ မိမိကိုယ္တိုင္နဲ႔ အျခားသူေတြကို အျပစ္တင္တာမ်ိဳး မလုပ္ဘဲ၊ လက္ရွိအေျခအေနမွာ အေကာင္းဆုံး စီမံေနထိုင္ဖို႔ စိတ္ကိုေျပာင္းလိုက္သင့္ပါတယ္။ အေၾကာင္းက မိမိ အေနအထိုင္မွားသြားလို႔၊ တျခားသူေတြေၾကာင့္မို႔ဆိုၿပီး၊ ျပန္အျပစ္တင္ေနလွ်င္ ပိုစိတ္ဖိစီးႏိုင္လို႔ပါ။ ဒါ့အျပင္ အကန႔္အသတ္ခံရတာအတြက္လည္း အျပစ္ေပးခံရတာမ်ိဳး၊ အထိန္းအခ်ဳပ္ခံရတာမ်ိဳးအျဖစ္ မခံယူဘဲ၊ မိမိကိုယ္တိုင္က်န္းမာေရး၊ မိမိ မိသားစုက်န္းမာေရးနဲ႔ မိမိႏိုင္ငံအတြက္ လိုအပ္ခ်က္အရ လုပ္ေပးရတာျဖစ္တယ္လို႔၊ စိတ္ေမြးယူၿပီး လက္ခံလိုက္ျခင္းျဖင့္၊ စိတ္ဖိစီးမူ သက္သာသြားႏိုင္ပါတယ္။ သို႔မဟုတ္ပါက ပိုစိတ္ဖိစီးႏိုင္ပါတယ္။

အျခားျပည္သူေတြအေနနဲ႔လည္း အခုလို Quarantine အသြားအလာ အကန႔္အသတ္ျခင္း ခံရသူေတြ အျပင္ျပန္ထြက္လာခ်ိန္မွာ၊ ေရွာင္က်ဥ္တာ၊ ခြဲျခားဆက္ဆံတာ၊ အျပစ္တင္တာေတြ မလုပ္သင့္ပါဘူး။ အျခားသူေတြမွာ ျဖစ္လာတတ္တဲ့ ဒီခြဲျခားဆက္ဆံ အျပစ္တင္မူကလည္း၊ အေသအခ်ာနားမလည္ဘဲ၊ ဒီကပ္ေရာဂါႀကီးကူးခံရမွာ စိုးရိမ္လြန္မူေၾကာင့္၊ ကိုယ္ထင္ရာလုပ္ၾကတာကေန ျဖစ္လာရတာပါ။ တကယ္က အခုလို ျပန္ထြက္လာသူေတြအေနနဲ႔ ေရာဂါကူးစက္ဖို႔ အႏၲရာယ္မရွိေတာ့တာေၾကာင့္၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ ျပန္ခြင့္ျပဳခဲ့တာမို႔၊ အစိုးရိမ္မလြန္သင့္ပါဘူး။ ဒါ့အျပင္ ျပန္ထြက္လာသူေတြအေနနဲ႔ သူ႔အသိုင္းအဝိုင္းမွာ သူျပန္ေနႏိုင္ေအာင္၊ သူ႔အလုပ္ျပန္လုပ္ႏိုင္ေအာင္လည္း၊ ပတ္ဝန္းက်င္က စာနာ၊ ေဖးမ၊ ကူညီေပးသင့္ပါတယ္။ မဟုတ္ပါက ခြဲျခားဆက္ဆံခံရတာေတြအတြက္ စိတ္ဖိစီးမူ ပိုခံစားရေစႏိုင္ပါတယ္။

ဒီကမာၻ႔ကပ္ေရာဂါႀကီး က်ေရာက္ေနခ်ိန္မွာ စိတ္ဖိစီးမူမ်ားလြန္းလာၿပီး၊ အကူအညီလိုလာလွ်င္လည္း၊ အခုလို အသြားအလာ ခက္ခဲေနခ်ိန္မွာ၊ ဖုန္းနဲ႔ Viber နဲ႔ ဆက္သြယ္လာလွ်င္ ကူညီေပးဖို႔ စိတ္က်န္းမာေရး ဆရာဝန္ေတြအေနနဲ႔ ျပင္ဆင္ထားပါတယ္။ စိတ္က်န္းမာေရး ဆရာဝန္ေတြကို ဆက္သြယ္ႏိုင္ဖို႔၊ ရန္ကုန္အပါအဝင္ COVID-19 ျဖစ္ေနတဲ့ ေဒသေတြက ဖုန္းနံပါတ္နဲ႔ အခ်ိန္ေတြကို ေအာက္မွာ ေဖာ္ျပထားပါတယ္။ အလားတူ လူမူဝန္ထမ္းဌာန အေနနဲ႔လည္း လိုအပ္တဲ့ စိတ္ပိုင္း၊ လူမူေရးပိုင္း အကူအညီေတြေပးႏိုင္တဲ့၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီးအလိုက္ ဖုန္နံပါတ္ေတြ ေၾကညာေပးထားတာကို၊ ေအာက္မွာ ထပ္ဆင့္ေဖာ္ျပထားပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွႏိုင္ဖို႔ ေဆးတကၠသိုလ္ (၁) စိတ္က်န္းမာ၊ပညာဌာန ပါေမာကၡ၊ ဌာနမွဴး ေဒါက္တာတင္ဦး ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

==Unicode==

Hotline Contact Numbers in Myanmar for Covid-19 healthcareဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ား @ www.informationcommittee.gov.mm

COVID-19 ကမ္ဘာ.ကပ်ရောဂါကြီး ကျရောက်ချိန်မှာ လူတွေ စိုးရိမ်မူများပြီး၊ စိတ်ဖိစီးမူပြဿနာတွေ အနည်းနဲ့အများ ရင်ဆိုင်ရတတ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အခုလို စိတ်ဖိစီးမူတွေ ဖြစ်လာရတာက ဒီရောဂါ ကူးစက်ခံရမှာ ကြောက်တာ၊ စိုးရိမ်တာက အဓိကပါ။ စိတ်စီးမူတွေ ဖြစ်လာလျှင် ရောဂါမဖြစ်စေဘဲ၊ လက္ခဏာတွေသာ ပြလာတတ်ပါတယ်။ ဒီလက္ခဏာတွေကတော့ စိုးရိမ်တာအပြင်၊ အိပ်မပျှော်တာ၊ အစားအသောက်ပျက်တာ၊ နုံးခွေနေတာ စတာတွေ ရေရှည်ဖြစ်လာတာပါ။ ဒါပေမဲ့ ဒီလက္ခဏာတွေကြောင့် စိတ်မကျန်းမာတော့ဘူး၊ စိတ်ရောဂါ ဖြစ်တော့မယ်လို့ မယူဆသင့်ပါဘူး။ အခုလို မှားယွင်းယူဆမိလျှင် စိတ်ဖိစီးမူ ပိုခံစားရတတ်လို့ပါ။ တကယ်က အခုလို စိတ်ဖိစီးမူဖြစ်တာက မိမိ တစ်ဦးထဲမဟုတ်ဘဲ၊ အများမှာလည်း ခံစားရလေ့ရှိပြီး၊ ကာလတစ်ခုအကြာမှာ အားလုံး ကျော်လွှားသွာနိုင်မှာကို သိထားသင့်ပါတယ်။

စိတ်ဖိစီးမူလျော့အောင် ကာကွယ်နိုင်တဲ့နည်းတွေကတော့ ကိုယ်လက်ကျန်းမာအောင် နေထိုင်တာ (ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး၊ အားကစားလုပ်တာအပါအဝင်)၊ တယောက်ထဲ အထီးကျန်မနေတာ၊ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာတွေပါ။ ဒါ့အပြင် စိုးရိမ်စရာတွေကို တချိန်လုံးမတွေးဘဲ၊ ဝါသနာပါရာတွေကို အချိန်ပေးလုပ်သင့်ပါတယ်။ အကြောင်းက စိုးရိမ်စရာတွေကို တောက်လျှောက်တွေးနေလျှင်၊ စိတ်ဖိစီးမူ ပိုဆိုးစေတတ်လို့ပါ။ ဒီစိတ်ဖိစီးတာအတွက် တလွဲထွက်ပေါက်ရှာတတ်တဲ့ အရက်သောက်တာနဲ့ မူးယစ်ဆေးသုံးတာကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမူကြောင့် တခါတရံ သတိမမူမိဘဲ၊ ဒေါသပေါက်ကွဲထွက်တတ်တာလဲ ရှိတတ်တာမို့၊ သတိနဲ့ဆင်ခြင်၊ ကာကွယ်သင့်ပါတယ်။ မိမိခံနိုင်တာထက် စိတ်ဖီစီးမူ များလွန်းလာလျှင်လည်း၊ အခြားသူများကို ဖွင့်ဟတိုင်ပင်တာ၊ နားလည်သူတွေကို ဖွင့်ပြောတာနဲ့ လိုအပ်လျှင် စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့ တိုင်ပင်တာတွေ လုပ်သင့်ပါတယ်။

အခု COVID-19 ကပ် ကျရောက်ချိန်မှာ Quarantine (ခေါ်) အသွားအလာကန့်သတ်မူ ခံရသူတွေအတွက် စိတ်ဖိစီးမူ ပိုများစေတတ်ပါတယ်။ အကြောင်းက ရောဂါဖြစ်သူတွေနဲ့ ပိုနီးစပ်ခဲ့တာကြောင်၊့ ရောဂါဖြစ်မှာ ပိုစိုးရီမ်တာအပြင်၊ တခြားသူတွေထက်လည်း အသွားအလာပိုတားမြစ်ခံရပြီး၊ တစ်ဦးနဲ့တစ်ဦးလည်း မတွေ့ရကာ၊ ဘယ်နေရာမှ သွားမရဘဲ တစ်နေရာထဲမှာ အထီးကျန်ဆန်ဆန်နေရလို့ပါ။ ဒါကြောင့် အထက်ပါ စိတ်ဖိစီးမူလျော့စေတဲ့နည်းတွေအပါအဝင်၊ အထီးကျန် မဖြစ်ရအောင် ဖုန်းနဲ့ အင်တာနက်သုံးပြီး၊ အဆက်အသွယ်တွေ လုပ်သင့်ပါတယ်။ အဆက်အသွယ် မလုပ်ဘဲ အထီးကျန်နေမိပါက၊ အတွေးများပြီး ပိုစိတ်ဖိစီးသွားနိုင်လို့ပါ။ ဒါ့အပြင် အထီးကျန်ချိန် ဖြစ်လေ့ရှိတဲ့ အင်တာနက်၊ Facebook နဲ့ လူမူကွန်ယက်မှာ အချိန်ကုန်ခံ၊ သတင်းတွေအများကြီးကြည့်တာ၊ နားထောင်တာမျိုးကလည်း၊ သတင်းသဘာဝအရ ထူးခြားပြီး၊ အနိဌာရုံသတင်းတွေ ပါတတ်ကာ၊ မိမိခံနိုင်ရည်ကိုကျော်ပြီး၊ စိတ်ဖိစီးမူ ပိုဖြစ်စေနိုင်တာမို့၊ ရှောင်ကျဉ်သင့်ကာ၊ ယုံကြည်ရတဲ့ သတင်းကိုသာ မနက်နဲ့ည တစ်ကြိမ်စီကြည့်သင့်၊ နားထောင်သင့်ပါတယ်။

အခုလို အထီးကျန်ချိန်မှာ အတွေးမများရအောင်၊ မိမိနဲ့ ရင်းနှီး၊ ချစ်ခင်သူတွေ၊ မိမိကို နားလည်သူတွေနဲ့ နားထောင်ပေးနိုင်သူတွေကို ပုံမှန်ဆက်သွယ်ထားသင့်ပါတယ်။ ဒါ့အပြင် အားကစားလုပ်ချိန်နဲ့ ဝါသနာပါရာလုပ်ချိန်တွေကိုလည်း အချိန်လိုက် စီမံလုပ်ဆောင်သင့်ပါတယ်။ သဘောထားအမြင်အရလည်း၊ အခုလို အသွားအလာ ကန့်သတ်ခံရတာအတွက် ဖြစ်လေ့ရှိတဲ့၊ မိမိကိုယ်တိုင်နဲ့ အခြားသူတွေကို အပြစ်တင်တာမျိုး မလုပ်ဘဲ၊ လက်ရှိအခြေအနေမှာ အကောင်းဆုံး စီမံနေထိုင်ဖို့ စိတ်ကိုပြောင်းလိုက်သင့်ပါတယ်။ အကြောင်းက မိမိ အနေအထိုင်မှားသွားလို့၊ တခြားသူတွေကြောင့်မို့ဆိုပြီး၊ ပြန်အပြစ်တင်နေလျှင် ပိုစိတ်ဖိစီးနိုင်လို့ပါ။ ဒါ့အပြင် အကန့်အသတ်ခံရတာအတွက်လည်း အပြစ်ပေးခံရတာမျိုး၊ အထိန်းအချုပ်ခံရတာမျိုးအဖြစ် မခံယူဘဲ၊ မိမိကိုယ်တိုင်ကျန်းမာရေး၊ မိမိ မိသားစုကျန်းမာရေးနဲ့ မိမိနိုင်ငံအတွက် လိုအပ်ချက်အရ လုပ်ပေးရတာဖြစ်တယ်လို့၊ စိတ်မွေးယူပြီး လက်ခံလိုက်ခြင်းဖြင့်၊ စိတ်ဖိစီးမူ သက်သာသွားနိုင်ပါတယ်။ သို့မဟုတ်ပါက ပိုစိတ်ဖိစီးနိုင်ပါတယ်။

အခြားပြည်သူတွေအနေနဲ့လည်း အခုလို Quarantine အသွားအလာ အကန့်အသတ်ခြင်း ခံရသူတွေ အပြင်ပြန်ထွက်လာချိန်မှာ၊ ရှောင်ကျဉ်တာ၊ ခွဲခြားဆက်ဆံတာ၊ အပြစ်တင်တာတွေ မလုပ်သင့်ပါဘူး။ အခြားသူတွေမှာ ဖြစ်လာတတ်တဲ့ ဒီခွဲခြားဆက်ဆံ အပြစ်တင်မူကလည်း၊ အသေအချာနားမလည်ဘဲ၊ ဒီကပ်ရောဂါကြီးကူးခံရမှာ စိုးရိမ်လွန်မူကြောင့်၊ ကိုယ်ထင်ရာလုပ်ကြတာကနေ ဖြစ်လာရတာပါ။ တကယ်က အခုလို ပြန်ထွက်လာသူတွေအနေနဲ့ ရောဂါကူးစက်ဖို့ အန္တရာယ်မရှိတော့တာကြောင့်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြန်ခွင့်ပြုခဲ့တာမို့၊ အစိုးရိမ်မလွန်သင့်ပါဘူး။ ဒါ့အပြင် ပြန်ထွက်လာသူတွေအနေနဲ့ သူ့အသိုင်းအဝိုင်းမှာ သူပြန်နေနိုင်အောင်၊ သူ့အလုပ်ပြန်လုပ်နိုင်အောင်လည်း၊ ပတ်ဝန်းကျင်က စာနာ၊ ဖေးမ၊ ကူညီပေးသင့်ပါတယ်။ မဟုတ်ပါက ခွဲခြားဆက်ဆံခံရတာတွေအတွက် စိတ်ဖိစီးမူ ပိုခံစားရစေနိုင်ပါတယ်။

ဒီကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေချိန်မှာ စိတ်ဖိစီးမူများလွန်းလာပြီး၊ အကူအညီလိုလာလျှင်လည်း၊ အခုလို အသွားအလာ ခက်ခဲနေချိန်မှာ၊ ဖုန်းနဲ့ Viber နဲ့ ဆက်သွယ်လာလျှင် ကူညီပေးဖို့ စိတ်ကျန်းမာရေး ဆရာဝန်တွေအနေနဲ့ ပြင်ဆင်ထားပါတယ်။ စိတ်ကျန်းမာရေး ဆရာဝန်တွေကို ဆက်သွယ်နိုင်ဖို့၊ ရန်ကုန်အပါအဝင် COVID-19 ဖြစ်နေတဲ့ ဒေသတွေက ဖုန်းနံပါတ်နဲ့ အချိန်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ အလားတူ လူမူဝန်ထမ်းဌာန အနေနဲ့လည်း လိုအပ်တဲ့ စိတ်ပိုင်း၊ လူမူရေးပိုင်း အကူအညီတွေပေးနိုင်တဲ့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအလိုက် ဖုန်နံပါတ်တွေ ကြေညာပေးထားတာကို၊ အောက်မှာ ထပ်ဆင့်ဖော်ပြထားပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

Hotline Contact Numbers in Myanmar for Covid-19 healthcare ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ @ www.informationcommittee.gov.mm

Hotline Contact Numbers in Myanmar for Covid-19 healthcare ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ @ www.informationcommittee.gov.mm

XS
SM
MD
LG