သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာလ ေစ်းသြား၊ ကိုယ္လက္လႈပ္ရွားခ်ိန္ ကာကြယ္ေရး


New Zealand, Christchurch, Brian Green, 76, wears a mask as he takes out products from his supermarket
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ COVID-19 ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ႏႈန္းနဲ႔ေသဆုံးႏႈန္း ဆတိုးအဆင့္ ျမင့္တက္လာခ်ိန္မွာ၊ အဓိကအိမ္မွာေနခ်ိန္တြင္း၊ ေစ်းသြားတာနဲ႔ ကိုယ္လက္လႈပ္ရွားတာအတြက္လည္း စိုးရိမ္မူေတြ တိုးလာေနပါတယ္။

COVID-19 ေန႔စဥ္ ကူးစက္မူ ခုဂဏန္းကေန ဆယ္ဂဏန္း၊ ေနာက္ ဆယ္ဂဏန္းကေန (၂) ဆ စတိုးလာတာေၾကာင့္၊ အမ်ားျပည္သူအၾကား ကူးစက္ခံရမွာ ပိုမို စိုးရိမ္လာၾကေပမဲ့၊ အစိုးရိမ္မလြန္ဘဲ၊ ေပါ့ေပါ့လည္း မေနကာ၊ စနစ္တက်ကာကြယ္လုပ္ေဆာင္ႏိုင္တာေတြကို၊ အထူးသတိထားၿပီး တစိုက္မတ္မတ္ ႀကိဳးစားလုပ္ေဆာင္ျခင္းျဖင့္ အေကာင္းဆုံး ကာကြယ္ႏိုင္ပါတယ္။ ခုလိုကာကြယ္လုပ္ေဆာင္ရာမွာ အေရးပါတာ တစ္ခုျဖစ္တဲ့ အိမ္မွာအဓိကေနေပးေနစဥ္ မျဖစ္မေန ေစ်းဝယ္ရတာနဲ႔ က်န္းမာေရးအတြက္ ကိုယ္လက္လႈပ္ရွားလုပ္ရတာေတြအတြက္လည္း ထိေရာက္တဲ့ ကာကြယ္နည္းေတြရွိေနပါတယ္။

ေစ်းသြားခ်ိန္အတြက္ အဓိက ကာကြယ္နည္းေတြကေတာ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္ထားတာ၊ လက္ကို တတ္ႏိုင္သမွ် မၾကာခဏ ေဆးေပးတာ၊ လက္မေဆးႏိုင္ခင္ ေနရာတကာထိထားတဲ့ မိမ္ လက္နဲ႔ မ်က္ႏွာနဲ႔ မ်က္စိကို ျပန္မထိမိဖို႔သတိထားတာနဲ႔ လူအခ်င္းခ်င္း သုံးေပ၊ ေျခာက္ေပခြာၿပီး ေနေပးတာေတြပါ။ စူပါမားကက္ (Supermarket) ေတြမွာေတာ့ ေစ်းဝယ္သူေတြ ေငြေပးေခ်ရာမွာ အဓိက ကာကြယ္နည္းတစ္ခုျဖစ္တဲ့ တစ္ဦးနဲ႔တစ္ဦး ခပ္ခြာခြာ (အနည္းဆုံး သုံးေပ) ျခားၿပီး မ်ဥ္းေတြတားေပးထားေပမဲ့၊ အမ်ားျပည္သူသြားတဲ့ သာမန္ သားစိမ္း၊ငါးစိမ္းေစ်းေတြမွာေတာ့ ေနရာက်ဥ္းက်ဥ္းေလးထဲ ႀကိတ္ႀကိတ္တိုးၿပီး၊ ခုလို သုံးေပ၊ ေျခာက္ေပ ခြာေနဖို႔ ခက္ေနခ်ိန္မွာ၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္းတပ္ဖို႔က ပိုအေရးပါလာပါတယ္။ တခ်ိဳ.ေစ်းသည္ေတြလည္း ရႏိုင္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္းေတြ တပ္လာခ်ိန္မွာ၊ ေစ်းဝယ္သူေတြအေနနဲ႔လည္း ကိုယ္တိုင္လည္းခ်ဳပ္ယူႏိုင္တဲ့ အဝတ္ႏွာေခါင္းစည္းေတြ ဝတ္သင့္ပါတယ္။

ေစ်းကေန အိမ္ျပန္ေရာက္လွ်င္ေတာ့ ပထမဆုံး လက္ေဆးသင့္ပါတယ္။ ဒါ့အျပင္ ေစ်းကျပန္ပါလာတဲ့ ပလပ္စတစ္ (ကြၽတ္ကြၽတ္အိတ္) ေတြေပၚမွာလည္း လတ္တေလာပိုးပါလာႏိုင္ေပမဲ့၊ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒီပိုးေတြ တစ္ဝက္ႏႈန္းနဲ႔စီ တျဖည္းျဖည္းေသသြားႏိုင္တာကို ေတြ႕ရွိထားတာမို႔၊ ဒီအိတ္ေတြထဲက ခ်က္ျပဳတ္စရာေတြထုတ္ၿပီးလွ်င္ အိတ္ေတြကို ေဘးမွာခဏခ် ထပ္မထိေတာ့ဘဲ လက္ျပန္ေဆးသင့္ပါတယ္။ အျခားလုပ္စရာေတြအရင္လုပ္ၿပီး အခ်ိန္တစ္ခုၾကာမွ ဒီအိပ္ေတြကို ျပန္ကိုင္ကာ လႊတ္ပစ္သင့္ပါတယ္။ ခုလိုအိတ္ေတြကိုပစ္ၿပီးခ်ိန္မွာလည္း လက္ျပန္ေဆးသင့္ပါတယ္။ စူပါမားကက္သြားသူေတြအေနနဲ႔လည္း အိမ္ျပန္ေရာက္လွ်င္၊ အလားတူ စနစ္တက် လက္ေဆးသင့္ပါတယ္။ စူပါမားကက္မွာ သတိျပဳစရာက အမ်ားသူငွာသုံးထားတဲ့ တြန္းလွည္းနဲ႔ ဆြဲျခင္း လက္ကိုင္ေတြမွာ ပိုးရွိေနႏိုင္တာပါ။ ဒီေနရာမွာ အေရးႀကီးတာက ဒီလက္ကိုင္ေနရာေတြကို ကိုင္ၿပီးခ်ိန္မွာ မိမိလက္ကို မေဆးႏိုင္ခင္၊ လူ႔သဘာဝ ဟိုယားဒီယားနဲ႔ မ်က္ႏွာနဲ႔ မ်က္စိကို သြား မပြတ္မိဖို႔ အထူး သတိထားသင့္ပါတယ္။ တတ္ႏိုင္လွ်င္ ေရ၊ဆပ္ျပာနဲ႔ မေဆးႏိုင္ခင္မွာ လက္ေဆးရည္ပ်စ္ (Hand Gel / Sanitizer) သုံးႏိုင္ပါတယ္။ ဒီေနရာမွာ ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္ထားၿပီးလွ်င္လည္း၊ မ်က္ႏွာကို လက္နဲ႔ ျပန္မထိမိဖို႔ အလိုလို သတိေပး၊ ဟန႔္တားၿပီးသား ျဖစ္ေစႏိုင္တာမို႔၊ ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္တာက အေရးပါလာျပန္ပါတယ္။

အိမ္တြင္းေအာင္းေနရခ်ိန္မွာ က်န္းမာေရးအတြက္နဲ႔ စိတ္ဖိစီးမူလည္းနည္းေအာင္ ကိုယ္လက္လႈပ္ရွားလုပ္ရာမွာလည္း၊ လူစုလူေဝးနည္းႏိုင္တဲ့ ပန္းၿခံက်ယ္က်ယ္နဲ႔ အျခားေနရာေတြကို မနက္ေစာေစာသြားၿပီး လမ္းေလွ်ာက္တာ၊ ေျပးတာေတြ လုပ္ႏိုင္ပါတယ္။ အဓိက ကာကြယ္နည္းကေတာ့ အုပ္စုနဲ႔၊ သူငယ္ခ်င္းေတြနဲ႔ တြဲမသြားဘဲ၊ တစ္ဦးခ်င္းသာ သြားလမ္းေလွ်ာက္၊ ေျပးသင့္ပါတယ္။ အျခားသူေတြနဲ႔ လမ္းမွာဆုံလွ်င္လည္း ခဏရပ္ၿပီး၊ အနည္းဆုံး ေျခာက္ေပအကြာမွာ ခဏခြာေနၿပီးမွ ျပန္ေလွ်ာက္ဖို႔၊ ျပန္ေျပးဖို႔ အေရးႀကီးပါတယ္။ အခုလို တစ္ဦးနဲတစ္ဦး ခြာေနရခက္လွ်င္ေတာ့၊ ပါးစပ္နဲ႔ ႏွာေခါင္းစည္း သုံးႏိုင္ပါတယ္။ ဒါေပမဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္းေၾကာင့္ ကိုယ္လက္လႈပ္ရွားခ်ိန္ အသက္႐ူခက္လာလွ်င္ေတာ့၊ လူအမ်ားရွိခ်ိန္ကိုေရွာင္ကာ၊ လူနည္းႏိုင္တဲ့ မနက္ေစာေစာမွာ သိပ္မၾကာေအာင္ ေလွ်ာက္တာ၊ ေျပးတာနဲ႔ လူစုလူေဝးရွိေနတဲ့ေနရာကို ေရွာင္ၿပီး ေလွ်ာက္တာ၊ ေျပးတာေတြလုပ္ႏိုင္ပါတယ္။ ကိုယ္လက္လႈပ္ရွားၿပီး အိမ္ျပန္လာလွ်င္လည္း လက္ကို ပထမဆုံးေဆးဖို႔ အေရးႀကီးပါတယ္။ အားကစားလုပ္ခ်ိန္ အျခားေနရာေတြ ကိုင္မိလွ်င္လည္း လက္ျပန္ေဆးသင့္ပါတယ္။ ေရနဲ႔ဆပ္ျပာမရႏိုင္လွ်င္ တတ္ႏိုင္ပါက လက္ေဆးရည္ပ်စ္ (Hand Gel) ကိုေဆာင္ထားသင့္ပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ဗိုင္းရပ္စ္ပိုးကူးစက္မူက ႏိုင္ငံျခားခရီးသြားရာဇဝင္ရွိသူနဲ႔ သူတို႔နဲ႔ထိေတြ႕ခဲ့သူေတြအျပင္၊ ဒီခရီးသြားရာဇဝင္မရွိဘဲ ျပည္တြင္းမွာ အခ်င္းခ်င္း တဆင့္ၿပီးတဆင့္ ကူးစက္တာ (Local Transmission) ေတြလည္းရွိလာခ်ိန္မွာ အမ်ားျပည္သူအေနနဲ႔၊ အစိုးရိမ္လည္းမလြန္၊ ခပ္ေပါ့ေပါ့လည္းမေနဘဲ၊ အထက္ပါ စနစ္တက်ကာကြယ္ႏိုင္တာေတြကို အေလးေပးလုပ္ေဆာင္တာအျပင္၊ ကိုယ္ခံအားေကာင္းေအာင္ အခ်ိန္မွန္ ေကာင္းေကာင္းအိပ္၊ ေကာင္းေကာင္းစားၿပီး၊ တကိုယ္ေရသန႔္ရွင္းမူ ဂ႐ုတစိုက္လုပ္ေပးျခင္းျဖင့္၊ ဒီပိုးကူးစက္လာမွာကို အထူးေၾကာက္စရာမလိုေတာ့ဘဲ၊ သတိဝီရိယနဲ႔ ထိေရာက္ေအာင္ ကာကြယ္သြားႏိုင္မွာျဖစ္ပါတယ္။

ဒီအေၾကာင္း အဏုဇီဝေဗဒ ပညာရွင္၊ ေဆးတကၠသိုလ္ (၁) အဏုဇီဝေဗဒဌာန အၿငိမ္းစား ဌာနမူးနဲ႔ လက္ရွိဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာ ေဒၚၾကည္ၾကည္သင္းကို ကြၽန္ေတာ္ ဝင္းမင္းက ေမးျမန္းထားပါတယ္။

==Unicode ===

မြန်မာနိုင်ငံမှာ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းနဲ့သေဆုံးနှုန်း ဆတိုးအဆင့် မြင့်တက်လာချိန်မှာ၊ အဓိကအိမ်မှာနေချိန်တွင်း၊ စျေးသွားတာနဲ့ ကိုယ်လက်လှုပ်ရှားတာအတွက်လည်း စိုးရိမ်မူတွေ တိုးလာနေပါတယ်။

COVID-19 နေ့စဉ် ကူးစက်မူ ခုဂဏန်းကနေ ဆယ်ဂဏန်း၊ နောက် ဆယ်ဂဏန်းကနေ (၂) ဆ စတိုးလာတာကြောင့်၊ အများပြည်သူအကြား ကူးစက်ခံရမှာ ပိုမို စိုးရိမ်လာကြပေမဲ့၊ အစိုးရိမ်မလွန်ဘဲ၊ ပေါ့ပေါ့လည်း မနေကာ၊ စနစ်တကျကာကွယ်လုပ်ဆောင်နိုင်တာေတွကို၊ အထူးသတိထားပြီး တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။ ခုလိုကာကွယ်လုပ်ဆောင်ရာမှာ အရေးပါတာ တစ်ခုဖြစ်တဲ့ အိမ်မှာအဓိကနေပေးနေစဉ် မဖြစ်မနေ စျေးဝယ်ရတာနဲ့ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားလုပ်ရတာတွေအတွက်လည်း ထိရောက်တဲ့ ကာကွယ်နည်းတွေရှိနေပါတယ်။

စျေးသွားချိန်အတွက် အဓိက ကာကွယ်နည်းတွေကတော့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်ထားတာ၊ လက်ကို တတ်နိုင်သမျှ မကြာခဏ ဆေးပေးတာ၊ လက်မဆေးနိုင်ခင် နေရာတကာထိထားတဲ့ မိမ် လက်နဲ့ မျက်နှာနဲ့ မျက်စိကို ပြန်မထိမိဖို့သတိထားတာနဲ့ လူအချင်းချင်း သုံးပေ၊ ခြောက်ပေခွာပြီး နေပေးတာတွေပါ။ စူပါမားကက် (Supermarket) တွေမှာတော့ စျေးဝယ်သူတွေ ငွေပေးချေရာမှာ အဓိက ကာကွယ်နည်းတစ်ခုဖြစ်တဲ့ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာ (အနည်းဆုံး သုံးပေ) ခြားပြီး မျဉ်းတွေတားပေးထားပေမဲ့၊ အများပြည်သူသွားတဲ့ သာမန် သားစိမ်း၊ငါးစိမ်းစျေးတွေမှာတော့ နေရာကျဉ်းကျဉ်းလေးထဲ ကြိတ်ကြိတ်တိုးပြီး၊ ခုလို သုံးပေ၊ ခြောက်ပေ ခွာနေဖို့ ခက်နေချိန်မှာ၊ ပါးစပ်နဲ့ နှာခေါင်းစည်းတပ်ဖို့က ပိုအရေးပါလာပါတယ်။ တချို.စျေးသည်တွေလည်း ရနိုင်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်းတွေ တပ်လာချိန်မှာ၊ စျေးဝယ်သူတွေအနေနဲ့လည်း ကိုယ်တိုင်လည်းချုပ်ယူနိုင်တဲ့ အဝတ်နှာခေါင်းစည်းတွေ ဝတ်သင့်ပါတယ်။

စျေးကနေ အိမ်ပြန်ရောက်လျှင်တော့ ပထမဆုံး လက်ဆေးသင့်ပါတယ်။ ဒါ့အပြင် စျေးကပြန်ပါလာတဲ့ ပလပ်စတစ် (ကျွတ်ကျွတ်အိတ်) တွေပေါ်မှာလည်း လတ်တလောပိုးပါလာနိုင်ပေမဲ့၊ အချိန်ကြာလာတာနဲ့အမျှ ဒီပိုးတွေ တစ်ဝက်နှုန်းနဲ့စီ တဖြည်းဖြည်းသေသွားနိုင်တာကို တွေ့ရှိထားတာမို့၊ ဒီအိတ်တွေထဲက ချက်ပြုတ်စရာတွေထုတ်ပြီးလျှင် အိတ်တွေကို ဘေးမှာခဏချ ထပ်မထိတော့ဘဲ လက်ပြန်ဆေးသင့်ပါတယ်။ အခြားလုပ်စရာတွေအရင်လုပ်ပြီး အချိန်တစ်ခုကြာမှ ဒီအိပ်တွေကို ပြန်ကိုင်ကာ လွှတ်ပစ်သင့်ပါတယ်။ ခုလိုအိတ်တွေကိုပစ်ပြီးချိန်မှာလည်း လက်ပြန်ဆေးသင့်ပါတယ်။ စူပါမားကက်သွားသူတွေအနေနဲ့လည်း အိမ်ပြန်ရောက်လျှင်၊ အလားတူ စနစ်တကျ လက်ဆေးသင့်ပါတယ်။ စူပါမားကက်မှာ သတိပြုစရာက အများသူငှာသုံးထားတဲ့ တွန်းလှည်းနဲ့ ဆွဲခြင်း လက်ကိုင်တွေမှာ ပိုးရှိနေနိုင်တာပါ။ ဒီနေရာမှာ အရေးကြီးတာက ဒီလက်ကိုင်နေရာတွေကို ကိုင်ပြီးချိန်မှာ မိမိလက်ကို မဆေးနိုင်ခင်၊ လူ့သဘာဝ ဟိုယားဒီယားနဲ့ မျက်နှာနဲ့ မျက်စိကို သွား မပွတ်မိဖို့ အထူး သတိထားသင့်ပါတယ်။ တတ်နိုင်လျှင် ရေ၊ဆပ်ပြာနဲ့ မဆေးနိုင်ခင်မှာ လက်ဆေးရည်ပျစ် (Hand Gel / Sanitizer) သုံးနိုင်ပါတယ်။ ဒီနေရာမှာ ပါးစပ်နဲ့နှာခေါင်းစည်းတပ်ထားပြီးလျှင်လည်း၊ မျက်နှာကို လက်နဲ့ ပြန်မထိမိဖို့ အလိုလို သတိပေး၊ ဟန့်တားပြီးသား ဖြစ်စေနိုင်တာမို့၊ ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာက အရေးပါလာပြန်ပါတယ်။

အိမ်တွင်းအောင်းနေရချိန်မှာ ကျန်းမာရေးအတွက်နဲ့ စိတ်ဖိစီးမူလည်းနည်းအောင် ကိုယ်လက်လှုပ်ရှားလုပ်ရာမှာလည်း၊ လူစုလူဝေးနည်းနိုင်တဲ့ ပန်းခြံကျယ်ကျယ်နဲ့ အခြားနေရာတွေကို မနက်စောစောသွားပြီး လမ်းလျှောက်တာ၊ ပြေးတာတွေ လုပ်နိုင်ပါတယ်။ အဓိက ကာကွယ်နည်းကတော့ အုပ်စုနဲ့၊ သူငယ်ချင်းတွေနဲ့ တွဲမသွားဘဲ၊ တစ်ဦးချင်းသာ သွားလမ်းလျှောက်၊ ပြေးသင့်ပါတယ်။ အခြားသူတွေနဲ့ လမ်းမှာဆုံလျှင်လည်း ခဏရပ်ပြီး၊ အနည်းဆုံး ခြောက်ပေအကွာမှာ ခဏခွာနေပြီးမှ ပြန်လျှောက်ဖို့၊ ပြန်ပြေးဖို့ အရေးကြီးပါတယ်။ အခုလို တစ်ဦးနဲတစ်ဦး ခွာနေရခက်လျှင်တော့၊ ပါးစပ်နဲ့ နှာခေါင်းစည်း သုံးနိုင်ပါတယ်။ ဒါပေမဲ့ ပါးစပ်နဲ့နှာခေါင်းစည်းကြောင့် ကိုယ်လက်လှုပ်ရှားချိန် အသက်ရူခက်လာလျှင်တော့၊ လူအများရှိချိန်ကိုရှောင်ကာ၊ လူနည်းနိုင်တဲ့ မနက်စောစောမှာ သိပ်မကြာအောင် လျှောက်တာ၊ ပြေးတာနဲ့ လူစုလူဝေးရှိနေတဲ့နေရာကို ရှောင်ပြီး လျှောက်တာ၊ ပြေးတာတွေလုပ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားပြီး အိမ်ပြန်လာလျှင်လည်း လက်ကို ပထမဆုံးဆေးဖို့ အရေးကြီးပါတယ်။ အားကစားလုပ်ချိန် အခြားနေရာတွေ ကိုင်မိလျှင်လည်း လက်ပြန်ဆေးသင့်ပါတယ်။ ရေနဲ့ဆပ်ပြာမရနိုင်လျှင် တတ်နိုင်ပါက လက်ဆေးရည်ပျစ် (Hand Gel) ကိုဆောင်ထားသင့်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ပိုးကူးစက်မူက နိုင်ငံခြားခရီးသွားရာဇဝင်ရှိသူနဲ့ သူတို့နဲ့ထိတွေ့ခဲ့သူတွေအပြင်၊ ဒီခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းမှာ အချင်းချင်း တဆင့်ပြီးတဆင့် ကူးစက်တာ (Local Transmission) တွေလည်းရှိလာချိန်မှာ အများပြည်သူအနေနဲ့၊ အစိုးရိမ်လည်းမလွန်၊ ခပ်ပေါ့ပေါ့လည်းမနေဘဲ၊ အထက်ပါ စနစ်တကျကာကွယ်နိုင်တာတွေကို အလေးပေးလုပ်ဆောင်တာအပြင်၊ ကိုယ်ခံအားကောင်းအောင် အချိန်မှန် ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး၊ တကိုယ်ရေသန့်ရှင်းမူ ဂရုတစိုက်လုပ်ပေးခြင်းဖြင့်၊ ဒီပိုးကူးစက်လာမှာကို အထူးကြောက်စရာမလိုတော့ဘဲ၊ သတိဝီရိယနဲ့ ထိရောက်အောင် ကာကွယ်သွားနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်း အဏုဇီဝဗေဒ ပညာရှင်၊ ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒဌာန အငြိမ်းစား ဌာနမူးနဲ့ လက်ရှိဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာ ဒေါ်ကြည်ကြည်သင်းကို ကျွန်တော် ဝင်းမင်းက မေးမြန်းထားပါတယ်။

XS
SM
MD
LG