သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရး ပါးစပ္၊ ႏွားေခါင္းစည္းတပ္ဖို႔ လိုအပ္လာမူ


COVID-19 အႏၲရာယ္ကာကြယ္ရန္ ႏွာေခါင္းစည္းတပ္ၿပီး စားစရာအလွဴေစာင့္ေနသည့္ ဆိုက္ကားဆရာတဦး။ (ရန္ကုန္၊ ဧၿပီ ၇၊ ၂၀၂၀)
ပါးစပ္၊ ႏွားေခါင္းစည္းတပ္ဖို႔ လိုအပ္လာမူ
please wait

No media source currently available

0:00 0:07:37 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံမွာ ကူးစက္သူနဲ႔ေသဆုံးသူ တျဖည္းျဖည္း တိုးေတြ႕လာခ်ိန္မွာ၊ ျပင္းထန္ေနတဲ့ အေမရိကန္မွာေတာ့ လူတိုင္း ပါးစပ္ႏွင့္ႏွာေခါင္းစည္း (Mask) တပ္ဖို႔ ေျပာင္းလဲေျပာလာေနပါတယ္။

အေစာပိုင္းမွာေတာ့ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ကိုယ္တိုင္ ဒီေရာဂါလကၡဏာရွိသူနဲ႔ ဒီေရာဂါရွိသူကို အနီးကပ္ ျပဳစုေပးရသူေတြသာ အျပင္ထြက္လွ်င္ ပါးစပ္ႏွင့္ႏွာေခါင္းစည္း တပ္သင့္ေၾကာင္း ေျပာခဲ့ရာကေန၊ အခုေတာ့ အေမရိကန္တိုင္း အိမ္ျပင္ထြက္လွ်င္ ပါးစပ္ႏွင့္ႏွာေခါင္းစည္းတပ္ဖို႔၊ CDC အေမရိကန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး နဲ႔ ကာကြယ္ေရးဌာနက ေျပာင္းလဲတိုက္တြန္းလာပါတယ္။

အခုလိုေျပာင္းလာရျခင္းက ေရာဂါလကၡဏာမေပၚဘဲ၊ လူေကာင္းလို သြားလာေနသူေတြအေနနဲ႔ တျခားသူေတြကို ကူးစက္ႏိုင္မူမ်ားလာတာကို ေတြ႔လာတာၾကာင့္၊ တစ္ဦးနဲ႔တစ္ဦး ႏွစ္ဖက္အျပန္အလွန္ မကူးစက္မိရအာင္ ႏွာေခါင္းစည္းနဲ႔ ကာထားဖို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ လူေတြေခ်ာင္းဆိုး၊ ႏွာေခ်ရာကေန၊ ဒီ ဗိုင္းရပ္စ္ပါတဲ့ ႀကီးမားတဲအမႈန္ေတြက (၆) ေပ အတြင္းေျမကိုထိုး က်သြားေပမယ့္၊ ေသးငယ္လြန္းတဲ့ အမႈန္ေတြကေတာ့၊ အေဝးကို ေပ (၂၀) ခန႔္အထိေရာက္ႏိုင္ၿပီး၊ ေလထဲမွာလည္း (၃) နာရီခန႔္ၾကာ သက္ရွင္ဝဲေနႏိုင္ေၾကာင္း ေတြ႔ရွိခ်က္သစ္ေတြ ထြက္လာတာေၾကာင့္လည္း၊ အခုလို ပါးစပ္ႏွင့္ႏွာေခါင္းစည္း ဝတ္ဖို႔လိုလာတာပါ။

အခုလို လိုအပ္လာတဲ့ ပါးစပ္ႏွင့္ႏွာေခါင္းစည္း တပ္ရာမွာ၊ ေဆး႐ုံသုံး အဆင့္ျမင့္ N-95 ႏွာေခါင္းစည္းနဲ႔ ပုံမွန္ႏွာေခါင္းစည္း (Surgical Mask) ေတြ ရွားပါးေနခ်ိန္တြင္း ျပည္သူေတြအေနနဲ႔ အိမ္မွာခ်ဳပ္ယူႏိုင္တဲ့ အဝတ္ႏွာေခါင္းစည္း (Cloth Mask) ေတြကို အျပင္သြားရာမွာ၊ ေဈးသြားရာမွာ အသုံးျပဳႏိုင္ပါတယ္။ ဒါေပမဲ့ သုံးတဲ့အဝတ္က ပါးပါးေလးမဟုတ္ဘဲ၊ ပိုးကိုကာကြယ္ႏိုင္ေအာင္ အနည္းငယ္ထူဖို႔လိုပါတယ္။

ဘယ္လိုအမ်ိဳးအစား ပါးစပ္ႏွင့္ႏွာေခါင္းစည္း သုံးသည္ျဖစ္ေစ အေရးႀကီးတာက အထူးသတိထားၿပီး စနစ္တက် တပ္ဖို႔၊ ျဖဳတ္ဖို႔ပါ။ ပါးစပ္ႏွင့္ႏွာေခါင္းစည္းကို မကိုင္ခင္မွာ လက္ကို စင္ၾကယ္ေအာင္ ေသေသခ်ာခ်ာ (ဆပ္ျပာနဲ႔ေရနဲ႔ စကၠန႔္ ၂၀ ၾကာ) ေဆးေၾကာဖို႔ အေရးႀကီးပါတယ္။ ၿပီးမွ ပါးစပ္ႏွင့္ႏွာေခါင္းစည္း ႀကိဳးကေနသာ ကိုင္တြယ္ၿပီး၊ အတြင္းဖက္ (အျဖဴေရာင္ဖက္)၊ အျပင္ဖက္ (အျပာ၊အစိမ္း စတဲ့အေရာင္ရွိတဲ့ဖက္) မွန္ေအာင္တပ္ဖို႔ လိုပါတယ္။ ဒါ့အျပင္ ႏွာေခါင္းအေပၚနားက ပါးစပ္ႏွင့္ႏွာေခါင္းစည္း အမာတန္းေလးကို လက္နဲ႔ အသာအယာဖိလိုက္ၿပီး၊ ႏွာေခါင္းနဲ႔ပါးစပ္ကို လုံေအာင္ဖုံးကာ၊ ေမးေစ့ေအာက္ထိ ဆြဲခ်ထားၿပီး၊ မ်က္ႏွာကို အေသအခ်ာဖုံးေနေအာင္ ထားဖို႔လည္း အေရးႀကီးပါတယ္။

ပါးစပ္ႏွင့္ႏွာေခါင္းစည္း အသုံးျပဳၿပီး ျပန္ျဖဳတ္ရာမွာလည္း၊ ပိုးတြယ္ေနႏိုင္တဲ့ အျပင္ဖက္ကို လုံးဝမထိဘဲ၊ နားမွာခ်ိတ္ထားတဲ့ ႀကိဳးကသာ ျပန္ကိုင္ဖို႔နဲ႔၊ ျဖဳတ္ၿပီးသြားလွ်င္လည္း၊ လက္ကို အေသအခ်ာျပန္ေဆးဖို႔ အထူးအေရးႀကီးပါတယ္။ ပါးစပ္ႏွင့္ႏွာေခါင္းစည္းကို တပ္ထားခ်ိန္မွာလည္း ေရွာင္ရန္ေတြ အေရးတႀကီး ရွိပါေသးတယ္။ ပါးစပ္ႏွင့္ႏွာေခါင္းစည္း တပ္ထားရာကေန စကားေျပာဖို႔ ျပန္ခြၽတ္တာ၊ ဓာတ္ပုံ႐ိုက္ဖို႔ ခဏျပန္ခြၽတ္တာနဲ႔ ျပန္တပ္တာေတြ မလုပ္သင့္ပါဘူး။ ဒါ့အျပင္ အခုလို ခဏခြၽတ္ရာထားရာမွာလည္း၊ ေမးေစ့ေအာက္မွာ ခြၽတ္ထားတာ၊ ႏွာေခါင္းေဖာ္ထားတာ၊ နားတစ္ဖက္မွာ ခ်ိတ္ထားတာ၊ နဖူးမွာ ခ်ိတ္ထားတာ၊ လက္ေမာင္းမွာ သိုင္းထားတာ စတာေတြကိုလည္း လုံးဝမလုပ္သင့္ပါဘူး။

ဒါ့အျပင္ သုံးၿပီးခ်ိန္၊ အိမ္ျပန္ေရာက္ခ်ိန္မွာလည္း သတိျပဳစရာ ရွိပါေသးတယ္။ ပုံမွန္ႏွာေခါင္းစည္း (Surgical Mask) က တစ္ခါသုံးသာျဖစ္တာမို႔၊ သုံးၿပီးလွ်င္ ဖုံးကာထားတဲ့ အမႈိက္ပံုးထဲ ခ်က္ခ်င္း ပစ္လိုက္သင့္ပါတယ္။ အဝတ္ႏွာေခါင္းစည္းကေတာ့ ျပန္သုံးႏိုင္တာမို႔၊ သုံးၿပီးၿပီးခ်င္း ဆပ္ျပာနဲ႔ ေသေသခ်ာခ်ာ ေလွ်ာ္ဖြတ္ၿပီး၊ ေျခာက္ေအာင္ (ျဖစ္ႏိုင္လွ်င္ ေနေရာင္ေအာက္မွာ) လွန္းဖို႔ အေရးႀကီးပါတယ္။

ေနာက္ဆုံး အေရးႀကီးတာတစ္ခုက၊ အခုလို ပါးစပ္ႏွင့္ႏွာေခါင္းစည္း တပ္တာေၾကာင့္၊ COVID-19 ကာကြယ္ေရးအတြက္ အရင္အေရးပါဆုံး (၂) ခု ျဖစ္တဲ့ လက္စနစ္တက်ေဆးတာနဲ႔ လူခ်င္း (၆) ေပ ခပ္ခြာခြာေနတာ (social distance) ကိုလည္း မေမ့လိုက္ဖို႔ အထူးအေရးႀကီးေနပါတယ္။ ဒီေရာဂါကူးစက္မူ မ်ားလာခ်ိန္မွာ ဒီ (၃) ခုလုံးကို ေပါင္းလုပ္ဖို႔ အထူးအေရးပါလာေနပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္း က အဏုဇီဝေဗဒပညာရွင္၊ ေဆးတကၠသိုလ္ (၁) အဏုဇီဝေဗဒဌာန အၿငိမ္းစားဌာနမွဴးနဲ႔ လက္ရွိ ဂုဏ္ထူးေဆာင္ပါေမာကၡ ေဒါက္တာေဒၚၾကည္ၾကည္သင္း ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

===Unicode==

COVID-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံမှာ ကူးစက်သူနဲ့သေဆုံးသူ တဖြည်းဖြည်း တိုးတွေ့လာချိန်မှာ၊ ပြင်းထန်နေတဲ့ အမေရိကန်မှာတော့ လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဖို့ ပြောင်းလဲပြောလာနေပါတယ်။

အစောပိုင်းမှာတော့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကိုယ်တိုင် ဒီရောဂါလက္ခဏာရှိသူနဲ့ ဒီရောဂါရှိသူကို အနီးကပ် ပြုစုပေးရသူတွေသာ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်သင့်ကြောင်း ပြောခဲ့ရာကနေ၊ အခုတော့ အမေရိကန်တိုင်း အိမ်ပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဖို့၊ CDC အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေး နဲ့ ကာကွယ်ရေးဌာနက ပြောင်းလဲတိုက်တွန်းလာပါတယ်။

အခုလိုပြောင်းလာရခြင်းက ရောဂါလက္ခဏာမပေါ်ဘဲ၊ လူကောင်းလို သွားလာနေသူတွေအနေနဲ့ တခြားသူတွေကို ကူးစက်နိုင်မူများလာတာကို တွေ့လာတာကြာင့်၊ တစ်ဦးနဲ့တစ်ဦး နှစ်ဖက်အပြန်အလှန် မကူးစက်မိရအာင် နှာခေါင်းစည်းနဲ့ ကာထားဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် လူတွေချောင်းဆိုး၊ နှာချေရာကနေ၊ ဒီ ဗိုင်းရပ်စ်ပါတဲ့ ကြီးမားတဲအမှုန်တွေက (၆) ပေ အတွင်းမြေကိုထိုး ကျသွားပေမယ့်၊ သေးငယ်လွန်းတဲ့ အမှုန်တွေကတော့၊ အဝေးကို ပေ (၂၀) ခန့်အထိရောက်နိုင်ပြီး၊ လေထဲမှာလည်း (၃) နာရီခန့်ကြာ သက်ရှင်ဝဲနေနိုင်ကြောင်း တွေ့ရှိချက်သစ်တွေ ထွက်လာတာကြောင့်လည်း၊ အခုလို ပါးစပ်နှင့်နှာခေါင်းစည်း ဝတ်ဖို့လိုလာတာပါ။

အခုလို လိုအပ်လာတဲ့ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ရာမှာ၊ ဆေးရုံသုံး အဆင့်မြင့် N-95 နှာခေါင်းစည်းနဲ့ ပုံမှန်နှာခေါင်းစည်း (Surgical Mask) တွေ ရှားပါးနေချိန်တွင်း ပြည်သူတွေအနေနဲ့ အိမ်မှာချုပ်ယူနိုင်တဲ့ အဝတ်နှာခေါင်းစည်း (Cloth Mask) တွေကို အပြင်သွားရာမှာ၊ ဈေးသွားရာမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ သုံးတဲ့အဝတ်က ပါးပါးလေးမဟုတ်ဘဲ၊ ပိုးကိုကာကွယ်နိုင်အောင် အနည်းငယ်ထူဖို့လိုပါတယ်။

ဘယ်လိုအမျိုးအစား ပါးစပ်နှင့်နှာခေါင်းစည်း သုံးသည်ဖြစ်စေ အရေးကြီးတာက အထူးသတိထားပြီး စနစ်တကျ တပ်ဖို့၊ ဖြုတ်ဖို့ပါ။ ပါးစပ်နှင့်နှာခေါင်းစည်းကို မကိုင်ခင်မှာ လက်ကို စင်ကြယ်အောင် သေသေချာချာ (ဆပ်ပြာနဲ့ရေနဲ့ စက္ကန့် ၂၀ ကြာ) ဆေးကြောဖို့ အရေးကြီးပါတယ်။ ပြီးမှ ပါးစပ်နှင့်နှာခေါင်းစည်း ကြိုးကနေသာ ကိုင်တွယ်ပြီး၊ အတွင်းဖက် (အဖြူရောင်ဖက်)၊ အပြင်ဖက် (အပြာ၊အစိမ်း စတဲ့အရောင်ရှိတဲ့ဖက်) မှန်အောင်တပ်ဖို့ လိုပါတယ်။ ဒါ့အပြင် နှာခေါင်းအပေါ်နားက ပါးစပ်နှင့်နှာခေါင်းစည်း အမာတန်းလေးကို လက်နဲ့ အသာအယာဖိလိုက်ပြီး၊ နှာခေါင်းနဲ့ပါးစပ်ကို လုံအောင်ဖုံးကာ၊ မေးစေ့အောက်ထိ ဆွဲချထားပြီး၊ မျက်နှာကို အသေအချာဖုံးနေအောင် ထားဖို့လည်း အရေးကြီးပါတယ်။

ပါးစပ်နှင့်နှာခေါင်းစည်း အသုံးပြုပြီး ပြန်ဖြုတ်ရာမှာလည်း၊ ပိုးတွယ်နေနိုင်တဲ့ အပြင်ဖက်ကို လုံးဝမထိဘဲ၊ နားမှာချိတ်ထားတဲ့ ကြိုးကသာ ပြန်ကိုင်ဖို့နဲ့၊ ဖြုတ်ပြီးသွားလျှင်လည်း၊ လက်ကို အသေအချာပြန်ဆေးဖို့ အထူးအရေးကြီးပါတယ်။ ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ထားချိန်မှာလည်း ရှောင်ရန်တွေ အရေးတကြီး ရှိပါသေးတယ်။ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ထားရာကနေ စကားပြောဖို့ ပြန်ချွတ်တာ၊ ဓာတ်ပုံရိုက်ဖို့ ခဏပြန်ချွတ်တာနဲ့ ပြန်တပ်တာတွေ မလုပ်သင့်ပါဘူး။ ဒါ့အပြင် အခုလို ခဏချွတ်ရာထားရာမှာလည်း၊ မေးစေ့အောက်မှာ ချွတ်ထားတာ၊ နှာခေါင်းဖော်ထားတာ၊ နားတစ်ဖက်မှာ ချိတ်ထားတာ၊ နဖူးမှာ ချိတ်ထားတာ၊ လက်မောင်းမှာ သိုင်းထားတာ စတာတွေကိုလည်း လုံးဝမလုပ်သင့်ပါဘူး။

ဒါ့အပြင် သုံးပြီးချိန်၊ အိမ်ပြန်ရောက်ချိန်မှာလည်း သတိပြုစရာ ရှိပါသေးတယ်။ ပုံမှန်နှာခေါင်းစည်း (Surgical Mask) က တစ်ခါသုံးသာဖြစ်တာမို့၊ သုံးပြီးလျှင် ဖုံးကာထားတဲ့ အမှိုက်ပုံးထဲ ချက်ချင်း ပစ်လိုက်သင့်ပါတယ်။ အဝတ်နှာခေါင်းစည်းကတော့ ပြန်သုံးနိုင်တာမို့၊ သုံးပြီးပြီးချင်း ဆပ်ပြာနဲ့ သေသေချာချာ လျှော်ဖွတ်ပြီး၊ ခြောက်အောင် (ဖြစ်နိုင်လျှင် နေရောင်အောက်မှာ) လှန်းဖို့ အရေးကြီးပါတယ်။

နောက်ဆုံး အရေးကြီးတာတစ်ခုက၊ အခုလို ပါးစပ်နှင့်နှာခေါင်းစည်း တပ်တာကြောင့်၊ COVID-19 ကာကွယ်ရေးအတွက် အရင်အရေးပါဆုံး (၂) ခု ဖြစ်တဲ့ လက်စနစ်တကျဆေးတာနဲ့ လူချင်း (၆) ပေ ခပ်ခွာခွာနေတာ (social distance) ကိုလည်း မမေ့လိုက်ဖို့ အထူးအရေးကြီးနေပါတယ်။ ဒီရောဂါကူးစက်မူ များလာချိန်မှာ ဒီ (၃) ခုလုံးကို ပေါင်းလုပ်ဖို့ အထူးအရေးပါလာနေပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အဏုဇီဝဗေဒပညာရှင်၊ ဆေးတက္ကသိုလ် (၁) အဏုဇီဝဗေဒဌာန အငြိမ်းစားဌာနမှူးနဲ့ လက်ရှိ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာဒေါ်ကြည်ကြည်သင်း ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG