သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကူးစက္မူ တဟုန္ထိုးမတက္ေရး


A city government worker disinfects a street as a preventive measure against the COVID-19 coronavirus in Yangon.
COVID-19 ကူးစက္မူ တဟုန္ထိုးမတက္ေရး
please wait

No media source currently available

0:00 0:07:35 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးက ျမန္မာႏိုင္ငံမွာလည္း ကပ္ေရာဂါႀကီး (Big Outbreak) အျဖစ္ ကူးစက္လာႏိုင္ေျခ မ်ားေနခ်ိန္မွာ၊ လက္ရွိေသဆုံးႏႈန္းက စိုးရိမ္စရာျဖစ္လာတယ္လို႔ က်န္းမာေရး ပညာရွင္ေတြက သတိေပးေျပာဆိုေနပါတယ္။

ကပ္ေရာဂါႀကီးအဆင့္မွ ေနာက္တစ္ဆင့္တက္ၿပီး ထိန္းမႏိုင္သိမ္းမရ (Crisis) အဆင့္ေတြ မေရာက္ရေအာင္ အဓိက အေရးႀကီးဆုံးက၊ ေရာဂါစေတြ႔ၿပီး ပထမ ရက္သတၱပတ္ (၁) ပတ္၊ (၂) ပတ္အတြင္း ကူူးစက္ခံရသူ အေရအတြက္ ႐ုတ္တရက္တဟုန္ထိုး ေပါက္ကြဲထြက္ (သခ်ၤာဂရပ္မ်ဥ္း ေထာင္တက္သြားသလို) မသြားဘဲ၊ နည္းနည္းနဲ႔ ျဖည္းျဖည္းခ်င္း ညင္ညင္သာသာ (ဂရပ္မ်ဥ္း ေရျပင္ညီသေဘာ - Flattening the Curve) ျဖစ္ေအာင္ ထိန္းထားႏိုင္ဖို႔ပါ။ ဒါမွသာ ေဆး႐ုံနဲ႔ က်န္းမာေရးေစာင့္ေရွာက္မူလုပ္ငန္းေတြမွာ မႏိုင္မနင္းမျဖစ္ဘဲ၊ ေကာင္းစြာကုသေပးႏိုင္မွာပါ။ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ စကၤာပူလို ႏိုင္ငံေတြမွာ ဒီနည္းနဲ႔ ေရာဂါကို တစုံတရာ ထိန္းခ်ဳပ္ထားႏိုင္တဲ့ အဆင့္ကို ေရာက္လာေနပါတယ္။ ဒါေပမဲ့ ဒီေန႔အထိ ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးတဲ့ အီတလီနဲ႔ အေမရိကန္လို ႏိုင္ငံမ်ိဳးေတြမွာေတာ့၊ ကူးစက္မူ ႐ုတ္တရက္ တဟုန္ထိုးတက္ ထိန္းခ်ဳပ္ရခက္ကာ၊ အီတလီမွာ က်န္းမာေရးဝန္ထမ္းအမ်ားႀကီးပါ ကူးစက္ခံရၿပီး၊ ေသဆုံးမူမ်ားလြန္းကာ ထိန္းမႏိုင္၊သိမ္းမရအဆင့္ (Crisis) ကို ေရာက္ရိွေနပါတယ္။

ျမန္မာႏိုင္ငံမွာ အခုလို လူနာအေရအတြက္ တဟုန္ထိုးမတက္ဘဲ၊ နည္းနည္းနဲ႔ ျဖည္းျဖည္းခ်င္းအဆင့္မွာ ထိန္းထားႏိုင္ဖို႔ ဗိုင္းရပ္စ္ပိုးရဲ႕အဓိက အားသာခ်က္ျဖစ္တဲ့ လူူတစ္ဦးကေန တစ္ဦးကို ကူးစက္ၿပီး အေရအတြက္မ်ားသြားေအာင္ လုပ္ႏိုင္တာကို ျဖတ္ေတာက္ဖို႔ပါ။ ဒီအတြက္ အဓိက လုပ္သင့္တာက ျပည္သူေတြကိုယ္တိုင္ တစ္ဦးခ်င္းအေနနဲ႔၊ တစ္ဦးနဲ႔တစ္ဦး ထိေတြ႔မူနည္းေအာင္၊ ကိုယ့္အိမ္ထဲမွာ အဓိက ေနေပးဖို႔ပါ။ ဒါ့အျပင္ လက္စနစ္တက်ေဆးတာ (Wash hands)၊ ဖ်ားနာလွ်င္ ႏွာေခါင္းစည္း (Mask) စနစ္တက်သုံးတာနဲ႔ လက္ဆြဲႏႈတ္ဆက္ထိေတြ႔တာ (Touch) အပါအဝင္ တိုက္႐ိုက္ထိေတြ႔မႈနည္းေအာင္ Social Distancing (ေခၚ) ခပ္ခြာခြာ ခပ္ေဝးေဝး လူမူဆက္ဆံေရးစနစ္သစ္ကို က်င့္သုံးဖို႔ပါ။ ဒီစနစ္သစ္မွာ တစ္ဦးနဲ႔တစ္ဦး (၆) ေပခြာၿပီး ေတြ႔ဆံုဆက္ဆံတာ၊ လူစုလူေဝးနဲ႔ ပြဲေတြ မသြားတာ၊ မလုပ္တာလည္းပါၿပီး၊ ျမန္မာႏိုင္ငံအတြက္ သၾကၤန္မထြက္ၾကဖို႔လည္း အေရးႀကီးပါတယ္။ တကယ္လို႔ အခုလို မလုပ္ေပးႏိုင္လွ်င္ေတာ့ ကူးစက္မူ ဝုန္းကနဲ ေထာင္တက္ၿပီး က်န္မာေရးေစာင့္ေရွာက္မူစနစ္ မႏိုင္မနင္း ျဖစ္သြားႏိုင္ပါတယ္။

အခုလို ျပည္သူေတြကိုယ္တိုင္ တစ္ဦးခ်င္း သီးသန႔္ခြဲေန (Self-Quarantine) (သို႔မဟုတ္)၊ ကိုယ့္ဟာကိုယ္ အဝင္အထြက္ပိတ္ (Self-Lockdown) တာမ်ိဳးေၾကာင့္၊ ကူးစက္မူ တဟုန္ထိုးမတက္ႏိုင္ေတာ့ဘဲ၊ အျပင္ကေနလည္း အဝင္အထြက္ပိတ္ခိုင္းတာမ်ိဳး (Lockdown) ျဖစ္လာဖို႔ကို ေရွာင္က်ဥ္ႏိုင္ဖို႔ မ်ားပါတယ္။ ဒီနည္းနဲ႔ တတိုင္းျပည္လုံးကို ကူညီႏိုင္ပါတယ္။
အခုလိုျပည္သူေတြဘက္က လိုက္နာလုပ္ေဆာင္ႏိုင္ဖို႔ အစိုးရနဲ႔ အာဏာပိုင္အဖြဲ႔ေတြအျပင္၊ လူမူေရးအဖြဲ႔ေတြနဲ႔ အလွဳရွင္ေတြအေနနဲ႔လည္း၊ ျပည္သူေတြရဲ႕ စားဝတ္ေနေရး အမ်ားႀကီး မထိခိုက္သြားေအာင္ ဝိုင္းကူညီေပးဖို႔ အထူးလိုအပ္ပါတယ္။ အခုလို ကူညီဖို႔ တခ်ဳိ ႔ျပင္ဆင္မူေတြလည္း ရွိလာေနပါတယ္။ အကယ္၍ ကူးစက္ခံရသူ အမ်ားႀကီး မ်ားလာတာေၾကာင့္ Lockdown လုပ္ဖို႔အေျခအေန ေရာက္လာလွ်င္ေတာင္၊ ျပည္သူေတြခံသာေအာင္ အထက္ပါထက္ပိုၿပီး ႀကိဳတင္ျပင္ဆင္မူေတြ အမ်ားႀကီးလုပ္ထားဖို႔ အေရးႀကီးပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွလိုက္နာလုပ္ေဆာင္ႏိုင္ဖို႔ ကိုဝင္းမင္း က အေရးေပၚအထူးကုနဲ႔ ရန္ကုန္ဆး႐ုံႀကီး အေရးေပၚဌာနက ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ဆက္သြယ္ေမးျမန္း ေဆြးေႏြးတင္ျပထားပါတယ္။

===Unicode====

COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးက မြန်မာနိုင်ငံမှာလည်း ကပ်ရောဂါကြီး (Big Outbreak) အဖြစ် ကူးစက်လာနိုင်ခြေ များနေချိန်မှာ၊ လက်ရှိသေဆုံးနှုန်းက စိုးရိမ်စရာဖြစ်လာတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။

ကပ်ရောဂါကြီးအဆင့်မှ နောက်တစ်ဆင့်တက်ပြီး ထိန်းမနိုင်သိမ်းမရ (Crisis) အဆင့်တွေ မရောက်ရအောင် အဓိက အရေးကြီးဆုံးက၊ ရောဂါစတွေ့ပြီး ပထမ ရက်သတ္တပတ် (၁) ပတ်၊ (၂) ပတ်အတွင်း ကူူးစက်ခံရသူ အရေအတွက် ရုတ်တရက်တဟုန်ထိုး ပေါက်ကွဲထွက် (သင်္ချာဂရပ်မျဉ်း ထောင်တက်သွားသလို) မသွားဘဲ၊ နည်းနည်းနဲ့ ဖြည်းဖြည်းချင်း ညင်ညင်သာသာ (ဂရပ်မျဉ်း ရေပြင်ညီသဘော - Flattening the Curve) ဖြစ်အောင် ထိန်းထားနိုင်ဖို့ပါ။ ဒါမှသာ ဆေးရုံနဲ့ ကျန်းမာရေးစောင့်ရှောက်မူလုပ်ငန်းတွေမှာ မနိုင်မနင်းမဖြစ်ဘဲ၊ ကောင်းစွာကုသပေးနိုင်မှာပါ။ တောင်ကိုရီးယား၊ ဂျပန်နဲ့ စင်္ကာပူလို နိုင်ငံတွေမှာ ဒီနည်းနဲ့ ရောဂါကို တစုံတရာ ထိန်းချုပ်ထားနိုင်တဲ့ အဆင့်ကို ရောက်လာနေပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့ အီတလီနဲ့ အမေရိကန်လို နိုင်ငံမျိုးတွေမှာတော့၊ ကူးစက်မူ ရုတ်တရက် တဟုန်ထိုးတက် ထိန်းချုပ်ရခက်ကာ၊ အီတလီမှာ ကျန်းမာရေးဝန်ထမ်းအများကြီးပါ ကူးစက်ခံရပြီး၊ သေဆုံးမူများလွန်းကာ ထိန်းမနိုင်၊သိမ်းမရအဆင့် (Crisis) ကို ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ အခုလို လူနာအရေအတွက် တဟုန်ထိုးမတက်ဘဲ၊ နည်းနည်းနဲ့ ဖြည်းဖြည်းချင်းအဆင့်မှာ ထိန်းထားနိုင်ဖို့ ဗိုင်းရပ်စ်ပိုးရဲ့အဓိက အားသာချက်ဖြစ်တဲ့ လူူတစ်ဦးကနေ တစ်ဦးကို ကူးစက်ပြီး အရေအတွက်များသွားအောင် လုပ်နိုင်တာကို ဖြတ်တောက်ဖို့ပါ။ ဒီအတွက် အဓိက လုပ်သင့်တာက ပြည်သူတွေကိုယ်တိုင် တစ်ဦးချင်းအနေနဲ့၊ တစ်ဦးနဲ့တစ်ဦး ထိတွေ့မူနည်းအောင်၊ ကိုယ့်အိမ်ထဲမှာ အဓိက နေပေးဖို့ပါ။ ဒါ့အပြင် လက်စနစ်တကျဆေးတာ (Wash hands)၊ ဖျားနာလျှင် နှာခေါင်းစည်း (Mask) စနစ်တကျသုံးတာနဲ့ လက်ဆွဲနှုတ်ဆက်ထိတွေ့တာ (Touch) အပါအဝင် တိုက်ရိုက်ထိတွေ့မှုနည်းအောင် Social Distancing (ခေါ်) ခပ်ခွာခွာ ခပ်ဝေးဝေး လူမူဆက်ဆံရေးစနစ်သစ်ကို ကျင့်သုံးဖို့ပါ။ ဒီစနစ်သစ်မှာ တစ်ဦးနဲ့တစ်ဦး (၆) ပေခွာပြီး တွေ့ဆုံဆက်ဆံတာ၊ လူစုလူဝေးနဲ့ ပွဲတွေ မသွားတာ၊ မလုပ်တာလည်းပါပြီး၊ မြန်မာနိုင်ငံအတွက် သင်္ကြန်မထွက်ကြဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့ အခုလို မလုပ်ပေးနိုင်လျှင်တော့ ကူးစက်မူ ဝုန်းကနဲ ထောင်တက်ပြီး ကျန်မာရေးစောင့်ရှောက်မူစနစ် မနိုင်မနင်း ဖြစ်သွားနိုင်ပါတယ်။

အခုလို ပြည်သူတွေကိုယ်တိုင် တစ်ဦးချင်း သီးသန့်ခွဲနေ (Self-Quarantine) (သို့မဟုတ်)၊ ကိုယ့်ဟာကိုယ် အဝင်အထွက်ပိတ် (Self-Lockdown) တာမျိုးကြောင့်၊ ကူးစက်မူ တဟုန်ထိုးမတက်နိုင်တော့ဘဲ၊ အပြင်ကနေလည်း အဝင်အထွက်ပိတ်ခိုင်းတာမျိုး (Lockdown) ဖြစ်လာဖို့ကို ရှောင်ကျဉ်နိုင်ဖို့ များပါတယ်။ ဒီနည်းနဲ့ တတိုင်းပြည်လုံးကို ကူညီနိုင်ပါတယ်။
အခုလိုပြည်သူတွေဘက်က လိုက်နာလုပ်ဆောင်နိုင်ဖို့ အစိုးရနဲ့ အာဏာပိုင်အဖွဲ့တွေအပြင်၊ လူမူရေးအဖွဲ့တွေနဲ့ အလှုရှင်တွေအနေနဲ့လည်း၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အများကြီး မထိခိုက်သွားအောင် ဝိုင်းကူညီပေးဖို့ အထူးလိုအပ်ပါတယ်။ အခုလို ကူညီဖို့ တချို့ပြင်ဆင်မူတွေလည်း ရှိလာနေပါတယ်။ အကယ်၍ ကူးစက်ခံရသူ အများကြီး များလာတာကြောင့် Lockdown လုပ်ဖို့အခြေအနေ ရောက်လာလျှင်တောင်၊ ပြည်သူတွေခံသာအောင် အထက်ပါထက်ပိုပြီး ကြိုတင်ပြင်ဆင်မူတွေ အများကြီးလုပ်ထားဖို့ အရေးကြီးပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိလိုက်နာလုပ်ဆောင်နိုင်ဖို့ ကိုဝင်းမင်း က အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG