သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေရာဂါ ထိထိေရာက္ေရာက္ ကုသမူခံယူေရး


COVID-19 ေရာဂါ ထိထိေရာက္ေရာက္ ကုသမူခံယူေရး
please wait

No media source currently available

0:00 0:07:36 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ကမာၻ႔ကပ္ေရာဂါႀကီး ဆိုက္ေနခ်ိန္မွာ၊ ဖ်ားနာလာတိုင္း ဒီေရာဂါျဖစ္မွာနဲ႔၊ ဒီေရာဂါျဖစ္လာတိုင္း အသက္ဆုံးရႈံးမွာ စိုးရိမ္မူမ်ားႏိုင္ေပမယ့္၊ ထိေရာက္ေအာင္ စနစ္တက် ကုသမူခံယူႏိုင္တဲ့နည္းေတြ ရွိေနပါတယ္။

အခုလိုခ်ိန္မွာ ဖ်ားနာလာတိုင္း COVID 19 ျဖစ္ၿပီလို႔ သံသယလြန္၊ အစိုးရိမ္လြန္တာေတြ ျဖစ္စရာမလိုဘဲ၊ သာမန္ဖ်ားတာေတြလည္း ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳပါတယ္။ အခု ဖ်ားနာလာလွ်င္ စတင္စဥ္းစားသင့္တာက၊ ယခင္တုန္းကလဲ မၾကာခဏ ဖ်ားေလ့ရွိမရွိပါ။ ဥပမာ COVID-19 ေရာဂါ မေပၚခင္ကတည္းက၊ ကူးစက္ေရာဂါ (ဥပမာ တီဘီအဆုပ္ေရာင္) ရွိထားသူေတြမွာ၊ ယခင္ျဖစ္တာမ်ိဳးေတြ ျပန္ျဖစ္ဖို႔ မ်ားပါတယ္။ အကယ္၍ အျခားေရာဂါအေၾကာင္းရင္း မရွိဘဲ၊ အခုမွသာ ႐ုတ္တရက္ စတင္ဖ်ားနာလာလွ်င္လည္း၊ ဒီ COVID-19 ျဖစ္ပါၿပီလို႔ စစခ်င္း မတြက္ဆသင့္ပါဘူး။ နီးစပ္ရာ ဆရာဝန္၊ ေဆးခန္းနဲ႔ အမ်ိဳးသား COVID-19 ဖုန္းလက္ခံ ေျဖဆိုေရးဌာန (National COVID-19 Call Center - ဖုန္းနံပါတ္၂၀၁၉) စတာေတြကို ဖုန္းေခၚၿပီး၊ ဒီ COVID-19 ေရာဂါလကၡဏာေတြနဲ႔ တူ၊ မတူ အရင္ ေမးျမန္းတိုင္ပင္သင့္ပါတယ္။ သာမန္ဖ်ားနာတာအတြက္ ဆရာဝန္ေပးတဲ့ေဆးေတြ (ဥပမာ ပါရာစီတေမာ) ေသာက္႐ုံျဖင့္ (၃) ရက္ေလာက္အတြင္း ျပန္ေကာင္းသြားႏိုင္ပါတယ္။

မၾကာခင္မွာ မိုးတြင္းတုပ္ေကြးရာသီ ေရာက္ေတာ့မွာမို႔၊ အျခားသာမန္ဖ်ားတာေတြနဲ႔ ဒီ COVID-19 ကို ခြဲျခားႏိုင္ဖို႔၊ သတိျပဳသင့္တဲ့ လကၡဏာေတြရွိပါတယ္။ အရင္တုန္းကေတာ့ COVID-19 ျဖစ္လာလွ်င္ ဖ်ားတာ၊ ေခ်ာင္းဆိုးတာနဲ႔ ေမာတာ၊ အသက္ရႈၾကပ္တာေတြကိုသာ အဓိက လကၡဏာေတြအျဖစ္ သတ္မွတ္ခဲ့ၿပီး၊ အခုေနာက္ဆုံး လကၡဏာသစ္ (၆) မ်ိဳးကိုေတာ့၊ ပိုးေတြ႕လူနာ သန္းခ်ီရွိလာတဲ့ အေမရိကန္မွာေရာ၊ ပိုးေတြ႕လူနာ ရာဂဏန္းစေရာက္လာတဲ့ ျမန္မာမွာပါ စတင္ေတြ႔ရွိလာပါတယ္။ CDC အေမရိကန္ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာနကလည္း မၾကာခင္ ထုတ္ျပန္ထားတဲ့၊ ဒီ လကၡဏာသစ္ (၆) မ်ိဳးကေတာ့၊ ခ်မ္းတာ၊ တုန္တာ၊ ကိုယ္လက္ကိုက္တာ၊ ေခါင္းအလြန္ကိုက္တာ၊ လည္ေခ်ာင္းနာတာနဲ႔ ထူးထူးျခားျခား အနံအရသာပ်က္တာေတြပါ။ မိမိအေနနဲ႔ ဒီ COVID-19 ကာကြယ္ေရးေတြ (လက္မၾကာခဏေဆးတာ၊ မ်က္ႏွာကိုလက္နဲ႔ မထိေအာင္သတိထားတာ၊ အျပင္ထြက္ခ်ိန္ ပါးစပ္နဲ႔ႏွာေခါင္းစည္းတပ္တာ၊ လူစုလူေဝးၾကား မသြားဘဲ လူခ်င္းခပ္ခြာခြာေနတာ) မလုပ္မိခဲ့လွ်င္ (သို႔မဟုတ္) ဒီေရာဂါပိုးေတြ႔ထားသူနဲ႔ ထိေတြ႔မူရွိခဲ့လွ်င္၊ အထက္ပါလကၡဏာေတြ ျပလာခဲ့လွ်င္ေတာ့၊ သာမန္တုပ္ေကြးအျဖစ္ ေပါ့ေပါ့မေနသင့္ဘဲ၊ သံသယလူနာအဆင့္ ေရာက္လာတာမို႔၊ ႏွာေခါင္းတို႔ဖတ္ (Swab) ယူစစ္ေဆးႏိုင္ဖို႔၊ ေဆး႐ုံ၊ေဆးခန္း ျပသင့္၊ မသင့္ နီးစပ္ရာ ဆရာဝန္နဲ႔တိုင္ပင္သင့္ပါတယ္။

အေရးႀကီးတာက ဖ်ားၿပီး ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာတာအျပင္၊ အသက္႐ူလမ္းေၾကာင္းကို စထိလာတဲ့ ေမာၿပီးရင္ထဲၾကပ္လာတာနဲ႔ ရင္ဘတ္ေအာင့္တာေတြ ျဖစ္လာလွ်င္ေတာ့၊ ေဆး႐ုံ၊ေဆးခန္း မျဖစ္မေန အျမန္သြားသင့္ပါတယ္။ ဒါ့အျပင္ ေရာဂါအခံ (ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံးေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ ကင္ဆာ စတာ) ရွိထားသူေတြ၊ သက္ႀကီးေတြနဲ႔ ကိုယ္ခံအားေလ်ာ့ေစတဲေဆး (ဥပမာ - Steroid) အၾကာႀကီးေသာက္ေနရသူေတြမွာလည္း၊ ဒီေရာဂါျဖစ္လာလွ်င္၊ အလြန္ျပင္းျပင္းထန္ထန္ ခံရေလ့ရွိတာမို႔ အထက္ပါလကၡဏာေတြ စျပလာခ်ိန္ကတည္းက ခ်က္ခ်င္း ပိုေစာေစာစီးစီး ေဆး႐ုံသြားသင့္ပါတယ္။

COVID-19 ေရာဂါက အခုမွစေပၚလာၿပီး၊ ျမန္ျမန္ကူးစက္ကာ ျပင္းထန္ေနေပမယ့္၊ ျဖစ္တဲ့လူတိုင္း ျပင္းထန္တဲ့အဆင့္ေတာ့ မေရာက္ဘဲ၊ အမ်ားစု (၈၀%) က သာမန္အဆင့္နဲ႔ ျပန္ေကာင္းသြားၾကပါတယ္။ ေရာဂါျပင္းထန္တဲ့အဆင့္ေရာက္ၿပီး၊ အသက္႐ွဴစက္တပ္ထားတဲ့ အထူးၾကပ္မတ္ကုသေဆာင္ (ICU) ကို ေရာက္ရသူ အေရအတြက္ကလည္း၊ ကမာၻမွာေရာ ျမန္မာမွာပါ လူနာ (၁၀၀) မွာ (၁၅) ကေန (၂၀) အထက္ မပိုဘဲ၊ ဒီအထဲကေန ျပန္ေကာင္းသြားႏိုင္သူေတြလည္း ရွိေနပါတယ္။ အဓိက အေရးႀကီးတာက ေဆး႐ုံေစာေစာေရာက္ဖို႔၊ ေဆး႐ုံအေရာက္ ေနာက္မက်ဖို႔ပါ။ အထက္ပါ ေရာဂါအခံရွိထားသူေတြ၊ သက္ႀကီးေတြနဲ႔ ကိုယ္ခံအားက်ေဆး ေရရွည္သုံးေနရသူေတြမွာေတာ့ ဆိုးတဲ့အဆင့္ေရာက္တာမ်ားတာမို႔၊ ေဆး႐ုံအေရာက္ေနာက္မက်ဖို႔ အထူးအေရးႀကီးပါတယ္။ ဒီ ICU ခန္းေရာက္ရသူေတြထဲကမွ၊ အဓိက ေသဆုံးရသူေတြကေတာ့၊ ျပင္းထန္လြန္းတဲ့အဆင့္ျဖစ္တဲ့ အသက္ရႈၾကပ္၊ ေအာက္ဆီဂ်င္က်ၿပီး မ႐ူႏိုင္၊ မကယ္ႏိုင္အဆင့္မ်ိဳးမွာ ေနာက္က်ၿပီး ေဆး႐ုံေရာက္လာသူေတြမ်ားပါတယ္။ ဒါေၾကာင့္ အခုလို ေရာဂါျပင္းထန္တဲ့အဆင့္ မေရာက္ခင္၊ ေစာေစာေဆး႐ုံျပျခင္းျဖင့္ အသက္ဆုံးရႈံးတဲ့အဆင့္ ေရာက္ဖို႔နည္းပါတယ္။

COVID-19 လူနာေတြကို ကိုင္တြယ္ေနရတဲ့ အေရးေပၚအထူးကုနဲ႔ ရန္ကုန္ဆး႐ုံႀကီး အေရးေပၚဌာနက ပါေမာကၡ ဌာနမွဴး ေဒါက္တာေမာ္ေမာ္ဦး ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဆိုက်နေချိန်မှာ၊ ဖျားနာလာတိုင်း ဒီရောဂါဖြစ်မှာနဲ့၊ ဒီရောဂါဖြစ်လာတိုင်း အသက်ဆုံးရှုံးမှာ စိုးရိမ်မူများနိုင်ပေမယ့်၊ ထိရောက်အောင် စနစ်တကျ ကုသမူခံယူနိုင်တဲ့နည်းတွေ ရှိနေပါတယ်။

အခုလိုချိန်မှာ ဖျားနာလာတိုင်း COVID 19 ဖြစ်ပြီလို့ သံသယလွန်၊ အစိုးရိမ်လွန်တာတွေ ဖြစ်စရာမလိုဘဲ၊ သာမန်ဖျားတာတွေလည်း ဖြစ်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။ အခု ဖျားနာလာလျှင် စတင်စဉ်းစားသင့်တာက၊ ယခင်တုန်းကလဲ မကြာခဏ ဖျားလေ့ရှိမရှိပါ။ ဥပမာ COVID-19 ရောဂါ မပေါ်ခင်ကတည်းက၊ ကူးစက်ရောဂါ (ဥပမာ တီဘီအဆုပ်ရောင်) ရှိထားသူတွေမှာ၊ ယခင်ဖြစ်တာမျိုးတွေ ပြန်ဖြစ်ဖို့ များပါတယ်။ အကယ်၍ အခြားရောဂါအကြောင်းရင်း မရှိဘဲ၊ အခုမှသာ ရုတ်တရက် စတင်ဖျားနာလာလျှင်လည်း၊ ဒီ COVID-19 ဖြစ်ပါပြီလို့ စစချင်း မတွက်ဆသင့်ပါဘူး။ နီးစပ်ရာ ဆရာဝန်၊ ဆေးခန်းနဲ့ အမျိုးသား COVID-19 ဖုန်းလက်ခံ ဖြေဆိုရေးဌာန (National COVID-19 Call Center - ဖုန်းနံပါတ်၂၀၁၉) စတာတွေကို ဖုန်းခေါ်ပြီး၊ ဒီ COVID-19 ရောဂါလက္ခဏာတွေနဲ့ တူ၊ မတူ အရင် မေးမြန်းတိုင်ပင်သင့်ပါတယ်။ သာမန်ဖျားနာတာအတွက် ဆရာဝန်ပေးတဲ့ဆေးတွေ (ဥပမာ ပါရာစီတမော) သောက်ရုံဖြင့် (၃) ရက်လောက်အတွင်း ပြန်ကောင်းသွားနိုင်ပါတယ်။

မကြာခင်မှာ မိုးတွင်းတုပ်ကွေးရာသီ ရောက်တော့မှာမို့၊ အခြားသာမန်ဖျားတာတွေနဲ့ ဒီ COVID-19 ကို ခွဲခြားနိုင်ဖို့၊ သတိပြုသင့်တဲ့ လက္ခဏာတွေရှိပါတယ်။ အရင်တုန်းကတော့ COVID-19 ဖြစ်လာလျှင် ဖျားတာ၊ ချောင်းဆိုးတာနဲ့ မောတာ၊ အသက်ရှုကြပ်တာတွေကိုသာ အဓိက လက္ခဏာတွေအဖြစ် သတ်မှတ်ခဲ့ပြီး၊ အခုနောက်ဆုံး လက္ခဏာသစ် (၆) မျိုးကိုတော့၊ ပိုးတွေ့လူနာ သန်းချီရှိလာတဲ့ အမေရိကန်မှာရော၊ ပိုးတွေ့လူနာ ရာဂဏန်းစရောက်လာတဲ့ မြန်မာမှာပါ စတင်တွေ့ရှိလာပါတယ်။ CDC အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကလည်း မကြာခင် ထုတ်ပြန်ထားတဲ့၊ ဒီ လက္ခဏာသစ် (၆) မျိုးကတော့၊ ချမ်းတာ၊ တုန်တာ၊ ကိုယ်လက်ကိုက်တာ၊ ခေါင်းအလွန်ကိုက်တာ၊ လည်ချောင်းနာတာနဲ့ ထူးထူးခြားခြား အနံအရသာပျက်တာတွေပါ။ မိမိအနေနဲ့ ဒီ COVID-19 ကာကွယ်ရေးတွေ (လက်မကြာခဏဆေးတာ၊ မျက်နှာကိုလက်နဲ့ မထိအောင်သတိထားတာ၊ အပြင်ထွက်ချိန် ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ၊ လူစုလူဝေးကြား မသွားဘဲ လူချင်းခပ်ခွာခွာနေတာ) မလုပ်မိခဲ့လျှင် (သို့မဟုတ်) ဒီရောဂါပိုးတွေ့ထားသူနဲ့ ထိတွေ့မူရှိခဲ့လျှင်၊ အထက်ပါလက္ခဏာတွေ ပြလာခဲ့လျှင်တော့၊ သာမန်တုပ်ကွေးအဖြစ် ပေါ့ပေါ့မနေသင့်ဘဲ၊ သံသယလူနာအဆင့် ရောက်လာတာမို့၊ နှာခေါင်းတို့ဖတ် (Swab) ယူစစ်ဆေးနိုင်ဖို့၊ ဆေးရုံ၊ဆေးခန်း ပြသင့်၊ မသင့် နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

အရေးကြီးတာက ဖျားပြီး ချောင်းဆိုး၊ လည်ချောင်းနာတာအပြင်၊ အသက်ရူလမ်းကြောင်းကို စထိလာတဲ့ မောပြီးရင်ထဲကြပ်လာတာနဲ့ ရင်ဘတ်အောင့်တာတွေ ဖြစ်လာလျှင်တော့၊ ဆေးရုံ၊ဆေးခန်း မဖြစ်မနေ အမြန်သွားသင့်ပါတယ်။ ဒါ့အပြင် ရောဂါအခံ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာ စတာ) ရှိထားသူတွေ၊ သက်ကြီးတွေနဲ့ ကိုယ်ခံအားလျော့စေတဲဆေး (ဥပမာ - Steroid) အကြာကြီးသောက်နေရသူတွေမှာလည်း၊ ဒီရောဂါဖြစ်လာလျှင်၊ အလွန်ပြင်းပြင်းထန်ထန် ခံရလေ့ရှိတာမို့ အထက်ပါလက္ခဏာတွေ စပြလာချိန်ကတည်းက ချက်ချင်း ပိုစောစောစီးစီး ဆေးရုံသွားသင့်ပါတယ်။

COVID-19 ရောဂါက အခုမှစပေါ်လာပြီး၊ မြန်မြန်ကူးစက်ကာ ပြင်းထန်နေပေမယ့်၊ ဖြစ်တဲ့လူတိုင်း ပြင်းထန်တဲ့အဆင့်တော့ မရောက်ဘဲ၊ အများစု (၈၀%) က သာမန်အဆင့်နဲ့ ပြန်ကောင်းသွားကြပါတယ်။ ရောဂါပြင်းထန်တဲ့အဆင့်ရောက်ပြီး၊ အသက်ရှူစက်တပ်ထားတဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) ကို ရောက်ရသူ အရေအတွက်ကလည်း၊ ကမ္ဘာမှာရော မြန်မာမှာပါ လူနာ (၁၀၀) မှာ (၁၅) ကနေ (၂၀) အထက် မပိုဘဲ၊ ဒီအထဲကနေ ပြန်ကောင်းသွားနိုင်သူတွေလည်း ရှိနေပါတယ်။ အဓိက အရေးကြီးတာက ဆေးရုံစောစောရောက်ဖို့၊ ဆေးရုံအရောက် နောက်မကျဖို့ပါ။ အထက်ပါ ရောဂါအခံရှိထားသူတွေ၊ သက်ကြီးတွေနဲ့ ကိုယ်ခံအားကျဆေး ရေရှည်သုံးနေရသူတွေမှာတော့ ဆိုးတဲ့အဆင့်ရောက်တာများတာမို့၊ ဆေးရုံအရောက်နောက်မကျဖို့ အထူးအရေးကြီးပါတယ်။ ဒီ ICU ခန်းရောက်ရသူတွေထဲကမှ၊ အဓိက သေဆုံးရသူတွေကတော့၊ ပြင်းထန်လွန်းတဲ့အဆင့်ဖြစ်တဲ့ အသက်ရှုကြပ်၊ အောက်ဆီဂျင်ကျပြီး မရူနိုင်၊ မကယ်နိုင်အဆင့်မျိုးမှာ နောက်ကျပြီး ဆေးရုံရောက်လာသူတွေများပါတယ်။ ဒါကြောင့် အခုလို ရောဂါပြင်းထန်တဲ့အဆင့် မရောက်ခင်၊ စောစောဆေးရုံပြခြင်းဖြင့် အသက်ဆုံးရှုံးတဲ့အဆင့် ရောက်ဖို့နည်းပါတယ်။

COVID-19 လူနာတွေကို ကိုင်တွယ်နေရတဲ့ အရေးပေါ်အထူးကုနဲ့ ရန်ကုန်ဆးရုံကြီး အရေးပေါ်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG