သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ကာကြယ္ေရး Quarantine လုပ္ငန္း ထိေရာက္ႏိုင္ပုံ


Hlaing quarantine center (Hlaing Township Info Committee NLD)
COVID-19 ကာကြယ္ေရး Quarantine လုပ္ငန္း ထိေရာက္ႏိုင္ပုံ
please wait

No media source currently available

0:00 0:07:41 0:00
တိုက္႐ိုက္ လင့္ခ္

Quarantine အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္မူကို သတ္မွတ္ေနရာ (Facility Quarantine) စခန္းေတြ လုပ္ေဆာင္ႏိုင္တာေၾကာင့္၊ ျမန္မာႏိုင္ငံမွာ ကမာၻ႔ကပ္ေရာဂါကူးစက္မူ တဟုန္ထိုးမ်ားမလာေအာင္ ထိန္းထားႏိုင္ေနတယ္လို႔ က်န္းမာေရးအရာရွိေတြက ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူေပါင္း ရာဂဏန္း ရွိလာခ်ိန္မွာ အမ်ားစု (၇၀% ေက်ာ္) ကို၊ ဒီ Facility Quarantine စခန္းေတြမွာ စစ္ေဆးေတြ႕ရွိႏိုင္ခဲ့တာမို႔၊ တဆင့္ထပ္မံကူးစက္ႏိုင္မူကို အမ်ားႀကီး ေလ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ ဒီလုပ္ငန္းစဥ္ေၾကာင့္ Facility Quarantine ဝင္ရသူေတြရဲ႕ မိသားစု၊ ေဆြမ်ိဳး၊ မိတ္ေဆြေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြအပါအဝင္ အျခားထိေတြႏိုင္တဲ့ Contact ေတြကို ေလွ်ာ့ခ်ႏိုင္ခဲ့ၿပီး၊ ကူးစက္မူနည္းေစခဲ့တာပါ။

ျမန္မာႏိုင္ငံအေနနဲ႔ ဒီ Facility Quarantine စခန္းေတြမွာသာ လိုအပ္လာသူေတြအတြက္ ႏွာေခါင္းနဲ႔အာေခါင္တိုးဖတ္ (Swab) ယူၿပီး ဓာတ္ခြဲစစ္ေဆးဖို႔ အဆင္ေျပသလို၊ ဒီမွာ ပိုးေတြ႕လာလွ်င္လည္း၊ ၎ႏွင့္ထိေတြ႕ခဲ့သူေတြကိုလည္း ဆက္လက္ရွာေဖြ (Contact Tracing)၊ စစ္ေဆးဖို႔နဲ႔ ၎တို႔ကိုပါ ထပ္မံ အသြားအလာ ကန႔္သတ္မူေတြလုပ္ဖို႔ အလြန္လြယ္ကူသြားေစတာေၾကာင့္၊ တဆင့္ၿပီးတဆင့္ လူအမ်ားႀကီးကို ဆက္ကူးစက္ခံရႏိုင္တဲ့ ကြင္းဆက္ကို ျဖတ္ေတာက္ကာကြယ္ေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီ Facility Quarantine ဝင္ရသူကိုယ္တိုင္ ဖ်ားနာၿပီး ဒီေရာဂါလကၡဏာေတြ ျပလာလွ်င္လည္း၊ အခ်ိန္မီ ေဆးစစ္မူရရွိကာ၊ ထိထိေရာက္ေရာက္ ကုသမူခံယူဖို႔ လြယ္ကူသြားေစပါတယ္။

ဒါေၾကာင့္ ဒီ Facility Qurantine သြားလာကန႔္သတ္စခန္းေတြကို ေရာက္ရွိလာသူေတြအေနနဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လိုက္နာရမယ့္ ေဆာင္ရန္၊ ေရွာင္ရန္ေတြကို လိုက္နာဖို႔ အေရးႀကီးတယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးကလည္း ေၾကညာထားပါတယ္။ အဓိက လိုက္နာရမွာေတြက သတ္မွတ္ထားတဲ့ အခန္းအျပင္မထြက္ရန္ (အျခားအခန္းမ်ားကို အလည္သြားျခင္း၊ အခန္းျပင္ပမွသူမ်ားႏွင့္ အတူစားေသာက္ျခင္း မလုပ္ရန္ အပါအဝင္)၊ အျခားသူမ်ားႏွင့္ အနည္းဆုံး ေျခာက္ေပခြာေနရန္၊ ပါးစပ္ႏွင့္ ႏွာေခါင္းစည္း တပ္ထားရန္၊ လက္မၾကာခဏေဆးရန္ (ေရႏွင့္ဆပ္ျပာသုံးၿပီး စကၠန႔္ ႏွစ္ဆယ္ၾကာ၊ သို႔မဟုတ္ အရက္ပ်ံအနည္းဆုံး ၆၀% ပါသည့္ လက္ေဆးရည္ပ်စ္ Hand Gel သုံး)၊ ႏွာေခ်၊ ေခ်ာင္းဆိုးလွ်င္ တစ္႐ူးစကၠဴသုံးရန္ (သို႔မဟုတ္) တံေတာင္ေကြးႏွင့္ ပါးစပ္ႏွင့္ ႏွာေခါင္းကို အုပ္ကာထားရန္၊ တစ္ေန႔ ႏွစ္ႀကိမ္ အပူခ်ိန္တိုင္းရန္၊ ဖ်ားနာ၊ ေခ်ာင္းဆိုး၊ အသက္႐ူၾကပ္၊ အားအင္ကုန္ခမ္းသည့္ ေရာဂါလကၡဏာမ်ားေပၚလာလွ်င္ တာဝန္ရွိသူမွတဆင့္ က်န္းမာေရးဌာနကို ခ်က္ခ်င္း အေၾကာင္းၾကားရန္၊ စည္းမဲ့ကမ္းမဲ့ တံေတြးေထြးျခင္း၊ ကြမ္းစားျခင္း၊ အမႈိက္ပစ္ျခင္း မျပဳလုပ္ရန္ စတာေတြ ျဖစ္ပါတယ္။ အခုလို လိုက္နာေစရျခင္းအေၾကာင္းရင္းက Facility Quarantine စခန္းေရာက္ရွိလာသူေတြမွာ ဒီေရာဂါလကၡဏာမျပဘဲ အျခားသူေတြကို ကူးစက္ႏိုင္တာေၾကာင့္၊ မိမိ မိသားစု၊ ေဆြမ်ိဳးေတြ၊ မိတ္ေဆြေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြကို မကူးမိေစဖို႔အျပင္၊ ကူးစက္မူတဟုန္ထိုးတက္သြားတဲ့ အျခားႏိုင္ငံေတြမွာလို တဆင့္ၿပီးတဆင့္ အမ်ားႀကီး ဆက္ကူးစက္သြားေစတာကေန ကာကြယ္ႏိုင္ဖို႔ပါ။

ဒီကမာၻ႔ကပ္ေရာဂါႀကီးဆိုက္ေနခ်ိန္မွာ၊ အျခားသူေတြကို မကူးစက္မိေစဖို႔၊ လူသားက်င့္ဝတ္အရ ဒီအခ်က္ေတြကို အတိအက်လိုက္နာၿပီး သည္းခံေဆာင္႐ြက္ေပးဖို႔ အေရးႀကီးေနသလို၊ မလိုက္နာပါကလည္း ကူးစက္ေရာဂါဥပေဒနဲ႔ သဘာဝေဘးအႏၲရာယ္ ဥပေဒေတြနဲ႔ အေရးယူခံရႏိုင္ပါတယ္။

Facility Quarantine စခန္းေတြေၾကာင့္ အထက္မွာေဖာ္ျပခဲ့တဲ့ ေကာင္းက်ိဳးေတြအမ်ားႀကီး ရခဲ့ေပမယ့္၊ အားနည္းခ်က္တခ်ိဳ႕လည္း ရွိေနပါတယ္။ အဓိကအေနနဲ႔ ျပည္သူေတြအၾကား ဒီစခန္းေတြကေန ျပန္ကူးစက္ခံရမွာကို စိုးရိမ္မူမ်ားေနတဲ့ အေျခအေနတခ်ိဳ႕ ရွိေနတာပါ။ အထူးသျဖင့္ အမ်ားနဲ႔စုၿပီး သုံးရတဲ့ အိမ္သာနဲ႔ေရခ်ိဳးခန္း ျပႆနာပါ။ ဒါေပမဲ့ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ထားတဲ့ လုပ္ငန္းလမ္းၫႊန္ခ်က္ေတြအရ ျဖစ္ႏိုင္လွ်င္ ဒီေရခ်ိဳးခန္းအိမ္သာ အတတ္ႏိုင္ဆုံး ခြဲသုံးဖို႔နဲ႔၊ မျဖစ္မေန တြဲသုံးရလွ်င္လည္း၊ အဝင္အထြက္တူ အုပ္စု (သို႔မဟုတ္) ေရာဂါကူးစက္ခံရသူ (Case) နဲ႔ ထိေတြ႕မူတူတဲ့ အုပ္စုေတြအလိုက္၊ သီးျခားစီ သတ္မွတ္ခြဲသုံးေစဖို႔ ၫြန္ၾကားထားပါတယ္။ ဒါ့အျပင္ အခုလို ေရခ်ိဳးခန္း၊ အိမ္သာ တြဲသုံးရသူေတြအေနနဲ႔လည္း၊ အသုံးမျပဳခင္မွာ ပိုးသတ္ေဆး (ဥပမာ Hand Gen လက္ေဆးရည္ပ်စ္) နဲ႔ ကိုင္မဲ့ေနရာေတြကို ႀကိတင္ပိုးသတ္ေဆးေၾကာေပးျခင္းျဖင့္ ကူးစက္မူအႏၲရာယ္ကို အမ်ားႀကီး ေလ်ာ့ခ်ႏိုင္ပါတယ္။

ေနာက္အားနည္းခ်က္တစ္ခုကေတာ့ ေရာဂါကူးစက္ခံရဖို႔ အႏၲရာယ္နည္းသူေတြလည္း အခုလို သတ္မွတ္စခန္းေတြမွာစုၿပီး သြားလာကန႔္သတ္ခံရတဲ့အေပၚ မေျပမလည္ ျဖစ္တာတခ်ိဳ ႔လည္း ရွိေနပါတယ္။ ဒါ့အျပင္ ေနာက္ပိုင္းမွာ အခုလို သြားလာကန႔္သတ္ ေစာင့္ၾကည့္ရမည့္သူမ်ားလာၿပီး၊ ဒီ Facility Quarantine ဆက္လုပ္ႏိုင္ဖို႔ ရႏိုင္တဲ့ ေနရာအခက္အခဲလည္း ႀကဳံလာႏိုင္ပါတယ္။ ဒါေပမဲ့လဲ အထက္မွာ ေဖာ္ျပခဲ့တဲ့ေကာင္းက်ိဳးေတြနဲ႔ ယွဥ္လိုက္လွ်င္၊ ဒီအားနည္းခ်က္ေတြကို၊ ေကာင္းမြန္တဲ့စီမံခန႔္ခြဲမူ စနစ္တက်လုပ္ေဆာင္ေပးျခင္းျဖင့္ လက္ရွိအေနအထားမွာ ေျဖရွင္းေပးသြားႏိုင္ပါတယ္။

အကယ္၍ ဒီသြားလာကန႔္သတ္ေစာင့္ၾကည့္ရမဲ့သူေတြ အလြန္မ်ားျပားလာလွ်င္ေတာ့၊ စီစဥ္ရလြယ္ကူႏိုင္တဲ့ အိမ္မွာသြားလာကန႔္သတ္ျခင္း (Home Quarantine) လုပ္ေပးဖို႔ ေျပာင္းလဲစဥ္းစားလာႏိုင္ပါတယ္။ ဒါေပမဲ့ Home Quarantine လုပ္တာမွာ အားနည္းခ်က္တစ္ခုက၊ အျပင္မထြက္ဖို႔ စည္းကမ္းကို လိုက္နာဖို႔ ပ်က္ကြက္သြားမွာ စိုးရိမ္ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာ ဒီေရာဂါလူနာနဲ႔ သြားလာကန႔္သတ္ေစာင့္ၾကည့္ရမဲ့သူ မမ်ားလြန္းေသးတာအျပင္၊ အိမ္နဲ႔ အျခား Quarantine ေနရာေတြမွာ လိုအပ္လွ်င္ ေဆးစစ္ေပးဖို႔ကလည္း၊ အရင္းအျမစ္အခက္အခဲရွိေနၿပီး မလြယ္ကူေသးခ်ိန္မို႔၊ Facility Quarantine စခန္းေတြကို ဦးစားေပးစီစဥ္ေနတဲ့သေဘာ ျဖစ္ေနပါတယ္။

ဒီ Quarantine လုပ္ငန္းေတြကို အနီးကပ္ကိုင္တြယ္ေနရတဲ့၊ ရန္ကုန္တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနက လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္ထြဋ္ ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

===Unicode===

Quarantine အသွားအလာ ကန့်သတ်စောင့်ကြည့်မူကို သတ်မှတ်နေရာ (Facility Quarantine) စခန်းတွေ လုပ်ဆောင်နိုင်တာကြောင့်၊ မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါကူးစက်မူ တဟုန်ထိုးများမလာအောင် ထိန်းထားနိုင်နေတယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူပေါင်း ရာဂဏန်း ရှိလာချိန်မှာ အများစု (၇၀% ကျော်) ကို၊ ဒီ Facility Quarantine စခန်းတွေမှာ စစ်ဆေးတွေ့ရှိနိုင်ခဲ့တာမို့၊ တဆင့်ထပ်မံကူးစက်နိုင်မူကို အများကြီး လျော့ချနိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကြောင့် Facility Quarantine ဝင်ရသူတွေရဲ့ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် အခြားထိတွေနိုင်တဲ့ Contact တွေကို လျှော့ချနိုင်ခဲ့ပြီး၊ ကူးစက်မူနည်းစေခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီ Facility Quarantine စခန်းတွေမှာသာ လိုအပ်လာသူတွေအတွက် နှာခေါင်းနဲ့အာခေါင်တိုးဖတ် (Swab) ယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ အဆင်ပြေသလို၊ ဒီမှာ ပိုးတွေ့လာလျှင်လည်း၊ ၎င်းနှင့်ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက်ရှာဖွေ (Contact Tracing)၊ စစ်ဆေးဖို့နဲ့ ၎င်းတို့ကိုပါ ထပ်မံ အသွားအလာ ကန့်သတ်မူတွေလုပ်ဖို့ အလွန်လွယ်ကူသွားစေတာကြောင့်၊ တဆင့်ပြီးတဆင့် လူအများကြီးကို ဆက်ကူးစက်ခံရနိုင်တဲ့ ကွင်းဆက်ကို ဖြတ်တောက်ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီ Facility Quarantine ဝင်ရသူကိုယ်တိုင် ဖျားနာပြီး ဒီရောဂါလက္ခဏာတွေ ပြလာလျှင်လည်း၊ အချိန်မီ ဆေးစစ်မူရရှိကာ၊ ထိထိရောက်ရောက် ကုသမူခံယူဖို့ လွယ်ကူသွားစေပါတယ်။

ဒါကြောင့် ဒီ Facility Qurantine သွားလာကန့်သတ်စခန်းတွေကို ရောက်ရှိလာသူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးကလည်း ကြေညာထားပါတယ်။ အဓိက လိုက်နာရမှာတွေက သတ်မှတ်ထားတဲ့ အခန်းအပြင်မထွက်ရန် (အခြားအခန်းများကို အလည်သွားခြင်း၊ အခန်းပြင်ပမှသူများနှင့် အတူစားသောက်ခြင်း မလုပ်ရန် အပါအဝင်)၊ အခြားသူများနှင့် အနည်းဆုံး ခြောက်ပေခွာနေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ထားရန်၊ လက်မကြာခဏဆေးရန် (ရေနှင့်ဆပ်ပြာသုံးပြီး စက္ကန့် နှစ်ဆယ်ကြာ၊ သို့မဟုတ် အရက်ပျံအနည်းဆုံး ၆၀% ပါသည့် လက်ဆေးရည်ပျစ် Hand Gel သုံး)၊ နှာချေ၊ ချောင်းဆိုးလျှင် တစ်ရူးစက္ကူသုံးရန် (သို့မဟုတ်) တံတောင်ကွေးနှင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်ကာထားရန်၊ တစ်နေ့ နှစ်ကြိမ် အပူချိန်တိုင်းရန်၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရူကြပ်၊ အားအင်ကုန်ခမ်းသည့် ရောဂါလက္ခဏာများပေါ်လာလျှင် တာဝန်ရှိသူမှတဆင့် ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားရန်၊ စည်းမဲ့ကမ်းမဲ့ တံတွေးထွေးခြင်း၊ ကွမ်းစားခြင်း၊ အမှိုက်ပစ်ခြင်း မပြုလုပ်ရန် စတာတွေ ဖြစ်ပါတယ်။ အခုလို လိုက်နာစေရခြင်းအကြောင်းရင်းက Facility Quarantine စခန်းရောက်ရှိလာသူတွေမှာ ဒီရောဂါလက္ခဏာမပြဘဲ အခြားသူတွေကို ကူးစက်နိုင်တာကြောင့်၊ မိမိ မိသားစု၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မကူးမိစေဖို့အပြင်၊ ကူးစက်မူတဟုန်ထိုးတက်သွားတဲ့ အခြားနိုင်ငံတွေမှာလို တဆင့်ပြီးတဆင့် အများကြီး ဆက်ကူးစက်သွားစေတာကနေ ကာကွယ်နိုင်ဖို့ပါ။

ဒီကမ္ဘာ့ကပ်ရောဂါကြီးဆိုက်နေချိန်မှာ၊ အခြားသူတွေကို မကူးစက်မိစေဖို့၊ လူသားကျင့်ဝတ်အရ ဒီအချက်တွေကို အတိအကျလိုက်နာပြီး သည်းခံဆောင်ရွက်ပေးဖို့ အရေးကြီးနေသလို၊ မလိုက်နာပါကလည်း ကူးစက်ရောဂါဥပဒေနဲ့ သဘာဝဘေးအန္တရာယ် ဥပဒေတွေနဲ့ အရေးယူခံရနိုင်ပါတယ်။

Facility Quarantine စခန်းတွေကြောင့် အထက်မှာဖော်ပြခဲ့တဲ့ ကောင်းကျိုးတွေအများကြီး ရခဲ့ပေမယ့်၊ အားနည်းချက်တချို့လည်း ရှိနေပါတယ်။ အဓိကအနေနဲ့ ပြည်သူတွေအကြား ဒီစခန်းတွေကနေ ပြန်ကူးစက်ခံရမှာကို စိုးရိမ်မူများနေတဲ့ အခြေအနေတချို့ ရှိနေတာပါ။ အထူးသဖြင့် အများနဲ့စုပြီး သုံးရတဲ့ အိမ်သာနဲ့ရေချိုးခန်း ပြဿနာပါ။ ဒါပေမဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေအရ ဖြစ်နိုင်လျှင် ဒီရေချိုးခန်းအိမ်သာ အတတ်နိုင်ဆုံး ခွဲသုံးဖို့နဲ့၊ မဖြစ်မနေ တွဲသုံးရလျှင်လည်း၊ အဝင်အထွက်တူ အုပ်စု (သို့မဟုတ်) ရောဂါကူးစက်ခံရသူ (Case) နဲ့ ထိတွေ့မူတူတဲ့ အုပ်စုတွေအလိုက်၊ သီးခြားစီ သတ်မှတ်ခွဲသုံးစေဖို့ ညွန်ကြားထားပါတယ်။ ဒါ့အပြင် အခုလို ရေချိုးခန်း၊ အိမ်သာ တွဲသုံးရသူတွေအနေနဲ့လည်း၊ အသုံးမပြုခင်မှာ ပိုးသတ်ဆေး (ဥပမာ Hand Gen လက်ဆေးရည်ပျစ်) နဲ့ ကိုင်မဲ့နေရာတွေကို ကြိတင်ပိုးသတ်ဆေးကြောပေးခြင်းဖြင့် ကူးစက်မူအန္တရာယ်ကို အများကြီး လျော့ချနိုင်ပါတယ်။

နောက်အားနည်းချက်တစ်ခုကတော့ ရောဂါကူးစက်ခံရဖို့ အန္တရာယ်နည်းသူတွေလည်း အခုလို သတ်မှတ်စခန်းတွေမှာစုပြီး သွားလာကန့်သတ်ခံရတဲ့အပေါ် မပြေမလည် ဖြစ်တာတချို့လည်း ရှိနေပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ အခုလို သွားလာကန့်သတ် စောင့်ကြည့်ရမည့်သူများလာပြီး၊ ဒီ Facility Quarantine ဆက်လုပ်နိုင်ဖို့ ရနိုင်တဲ့ နေရာအခက်အခဲလည်း ကြုံလာနိုင်ပါတယ်။ ဒါပေမဲ့လဲ အထက်မှာ ဖော်ပြခဲ့တဲ့ကောင်းကျိုးတွေနဲ့ ယှဉ်လိုက်လျှင်၊ ဒီအားနည်းချက်တွေကို၊ ကောင်းမွန်တဲ့စီမံခန့်ခွဲမူ စနစ်တကျလုပ်ဆောင်ပေးခြင်းဖြင့် လက်ရှိအနေအထားမှာ ဖြေရှင်းပေးသွားနိုင်ပါတယ်။

အကယ်၍ ဒီသွားလာကန့်သတ်စောင့်ကြည့်ရမဲ့သူတွေ အလွန်များပြားလာလျှင်တော့၊ စီစဉ်ရလွယ်ကူနိုင်တဲ့ အိမ်မှာသွားလာကန့်သတ်ခြင်း (Home Quarantine) လုပ်ပေးဖို့ ပြောင်းလဲစဉ်းစားလာနိုင်ပါတယ်။ ဒါပေမဲ့ Home Quarantine လုပ်တာမှာ အားနည်းချက်တစ်ခုက၊ အပြင်မထွက်ဖို့ စည်းကမ်းကို လိုက်နာဖို့ ပျက်ကွက်သွားမှာ စိုးရိမ်ရပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ဒီရောဂါလူနာနဲ့ သွားလာကန့်သတ်စောင့်ကြည့်ရမဲ့သူ မများလွန်းသေးတာအပြင်၊ အိမ်နဲ့ အခြား Quarantine နေရာတွေမှာ လိုအပ်လျှင် ဆေးစစ်ပေးဖို့ကလည်း၊ အရင်းအမြစ်အခက်အခဲရှိနေပြီး မလွယ်ကူသေးချိန်မို့၊ Facility Quarantine စခန်းတွေကို ဦးစားပေးစီစဉ်နေတဲ့သဘော ဖြစ်နေပါတယ်။

ဒီ Quarantine လုပ်ငန်းတွေကို အနီးကပ်ကိုင်တွယ်နေရတဲ့၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်ထွဋ် ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG