COVID-19 ေရာဂါက ကေလးေတြမွာ အျဖစ္နည္းၿပီး ျပင္းထန္မူမရွိခဲ့ေပမယ့္၊ အခုေနာက္ပိုင္းမွာေတာ့ အေနာက္ႏိုင္ငံေတြမွာ ဒီေရာဂါနဲ႔ဆက္စပ္ႏိုင္တဲ့၊ ျပင္းထန္ ကိုယ္တြင္းအဂၤါေရာင္ေရာဂါ၊ ကေလးနဲ႔ဆယ္ေက်ာ္သက္ အနည္းငယ္မွာ စေပၚလာေနပါတယ္။
COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးဟာ ကေလးေတြကို ကူးစက္ႏိုင္၊ ကေလးေတြကလည္း ျပန္ကူးစက္ႏိုင္ေပမယ့္၊ ျပင္းထန္မႈေတာ့ မရွိခဲ့ပါဘူး။ ဒါေၾကာင့္ အထူးကုသေဆာင္ (ICU) ေရာက္တဲ့ကေလး အလြန္ကိုနည္းခဲ့ၿပီး၊ တ႐ုတ္ႏိုင္ငံမွာလည္း (၁၄) ႏွစ္အ႐ြယ္ တစ္ဦးပဲ၊ တႏိုင္ငံလုံးမွာ အသက္ဆုံးခဲ့ပါတယ္။ ဒါေပမဲ့ အခုေတာ့ တ႐ုတ္ထက္ ကူးစက္မူေတြမ်ားလာေနတဲ့ အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြမွာ ဒီ COVID-19 ပိုးရွိတဲ့ ကေလးအနည္းငယ္မွာ Multisystem Inflammatory Syndrome (ေခၚ) ကိုယ္တြင္းအဂၤါေရာင္ေရာဂါသစ္ ျပင္းျပင္းထန္ထန္ျဖစ္လာကာ၊ ေသဆုံးမူ အနည္းငယ္ စရွိလာေနပါတယ္။ ဒါေပမဲ့ ျပင္းထန္ ကိုယ္တြင္းအဂၤါေရာင္ေရာဂါျဖစ္တဲ့ ကေလးတခ်ဳိ ႔မွာသာ COVID-19 ပဋိလုံပစၥည္း (Antibody) နဲ႔ ပိုးေတြ႕တာျဖစ္ၿပီး၊ တခ်ိဳ.မွာေတာ့ မေတြ႕ေသးပါဘူး။
ဒီေရာဂါျဖစ္လာလွ်င္ ႏွလုံး၊ ေက်ာက္ကပ္၊ ဦးေႏွာက္ စတဲ့ ကိုယ္တြင္းအဂၤါေတြေရာင္ရမ္းၿပီး၊ ေျခလက္အပိန႔္ေတြထြက္၊ မ်က္စိ၊ မ်က္ေမွးေတြေရာင္၊ ဝမ္းေလွ်ာကာ၊ ေနာက္ဆုံး ေသြးလန႔္ၿပီး အသက္ဆုံးရႈံးေလ့ရွိပါတယ္။ ဒီလကၡဏာတခ်ဳိ ႔က အရင္ျဖစ္ထားၿပီး၊ (၂) ႏွစ္ေအာက္ကေလးေတြမွာသာ အျဖစ္မ်ားတဲ့၊ ေသြးေၾကာေရာင္ေရာဂါ (Kawasaki) နဲ႔ ဆင္တူေသာ္လည္း၊ အခု ရက္ပိုင္းအတြင္းမွာေတာ့၊ ဒီ Kawasaki ေရာဂါ ပုံမွန္ျဖစ္ႏႈန္းထက္၊ အခုေရာဂါသစ္ျဖစ္ႏႈန္းက ပိုမ်ားလာေနပါတယ္။ ဒါေၾကာင့္ COVID-19 နဲ႔ ဆက္စပ္ႏိုင္တဲ့ အခုလို ေရာဂါသစ္၊ ကေလးနဲ႔ဆယ္ေက်ာ္သက္ေတြမွာ ေပၚလာႏိုင္တာကို သတိျပဳၾကဖို႔၊ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကလည္း အခု စတင္သတိေပးလာေနပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ လက္ရွိ COVID-19 ေရာဂါပိုးေတြ႕ထားသူ စုစုေပါင္း ရာဂဏန္းမွာ၊ ကေလးငယ္နဲ႔ ဆယ္ေက်ာ္သက္က အနည္းငယ္သာရွိၿပီး၊ သူတို႔အားလုံးမွာလည္း၊ ေရာဂါလကၡဏာ မျပင္းထန္ခဲ့တာေၾကာင့္၊ ေလာေလာဆယ္မွာေတာ့၊ ဒီ ကိုယ္တြင္းအဂၤါေရာင္ေရာဂါအတြက္ အမ်ားႀကီး စိုးရိမ္စရာမရွိေသးပါဘူး။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ COVID-19 ဒုတိယလႈိင္းဝင္လာၿပီး၊ ကူးစက္သူပိုမ်ားလာကာ၊ ကေလးေတြမွာပါ အျဖစ္မ်ားလာလွ်င္ေတာ့၊ ျပင္းထန္တဲ့ တုံ႔ျပန္မူျဖစ္ေစတဲ့ Kawasaki ေရာဂါနဲ႔ သ႑ာန္တူ ဒီေရာဂါသစ္မ်ိဳး၊ စျဖစ္လာမွာကို စိုးရိမ္ရတာမို႔၊ သတိနဲ႔ေစာင့္ၾကည့္သင့္ပါတယ္။
အေနာက္ႏိုင္ငံေတြမွာလည္း ဒီေရာဂါက အနည္းစုမွာသာစျဖစ္ေနတာမို႔၊ ျမန္မာႏိုင္ငံမွာလည္း အမ်ားႀကီးစျဖစ္လာမွာကို စိုးရိမ္ႀကီးစရာ မလိုေသးေသာ္လည္း၊ ေဆးဝန္ထမ္းေတြအေနနဲ႔ေတာ့၊ အခုလို စျဖစ္လာႏိုင္တာကို အထူးသတိျပဳၿပီး၊ အေရာင္က်ထိုးေဆး (ဥပမာ Immunoglobulin) ပါေပးရတဲ့ ကုသမူေတြ အျမန္ဆုံးေပးႏိုင္ေရး၊ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုပါတယ္။ ဒီ ကိုယ္တြင္းအဂၤါေရာင္ေရာဂါသစ္နဲ႔ အလားသ႑ာန္တူတဲ့ Kawasaki ေသြးေၾကာေရာင္ေရာဂါက ျမန္မာႏိုင္ငံမွာ အျဖစ္နည္းလြန္းေပမယ့္၊ အခုလို အေရာင္က်ထိုးေဆးနဲ႔ ေသြးက်ဲေဆးအပါအဝင္စားေဆးေပး ကုသခဲ့ရာမွာ၊ ေသဆုံးမူမရွိဘဲ ေအာင္ျမင္စြာကုသေပးႏိုင္ခဲ့တာမို႔၊ ထိေရာက္ႏိုင္တဲ့ ကုသေဆးရွိထားၿပီးသားပါ။
အခု ကိုယ္တြင္းအဂၤါေရာင္ေရာဂါသစ္ျဖစ္လာတာကို သတိျပဳေစႏိုင္တဲ့ လကၡဏာတခ်ိဳ.ကေတာ့ Kawasaki ေသြးေၾကာေရာင္ေရာဂါ လကၡဏာတခ်ိဳ.နဲ႔ ဆင္တူႏိုင္ပါတယ္။ ဒီ Kawasaki ေရာဂါလကၡဏာေတြကေတာ့ မ်က္ေမွးေရာင္တာ၊ လည္ပင္းႀကိတ္ထြက္တာ၊ ပါးစပ္အနာျဖစ္တာ၊ ႏႈတ္ခမ္းကြာတာ၊ ေျခလက္ေရာင္တာ ကြာတာ၊ အဆစ္အျမစ္ကိုက္တာ၊ အဖ်ားႀကီးတာ (၇-၁၀ ရက္)၊ ႏွလုံးေသြးေၾကာေရာင္တာေတြ ျဖစ္ပါတယ္။ အခု ကိုယ္တြင္းအဂၤါေရာင္ေရာဂါသစ္မွာပဲ၊ ထူးထူးျခားျခား ေတြ႕ရတဲ့လကၡဏာေတြကေတာ့ ဝမ္းေလွ်ာတာနဲ႔ ေသြးလန႔္တာပါ။
ဒီေရာဂါသစ္ကေန ကာကြယ္ေရးအတြက္ကေတာ့၊ COVID-19 ကာကြယ္ေရးအတြက္ လူႀကီးေတြလုပ္ေနတာေတြျဖစ္တဲ့၊ ခပ္ခြာခြာေနတာ၊ လက္မၾကာခဏေဆးတာ၊ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္တာ၊ မ်က္ႏွာကိုလက္နဲ႔ မထိေအာင္ထားတာ၊ ေခ်ာင္းဆိုးလွ်င္ တစ္႐ူးစကၠဴသုံး (သို႔မဟုတ္) တံေတာင္ဆစ္နဲ႔အုပ္ဆိုးတာ၊ စတာေတြကို ကေလးေတြ နားလည္လြယ္ႏိုင္တဲ့နည္းေတြနဲ႔ သင္ၾကားေလ့က်င့္ေပးဖို႔ပါ။ ဥပမာ စကၠန႔္ (၂၀) ၾကာလက္ေဆးတာအတြက္ Happy Birthday သီခ်င္း (၂) ေခါက္ဆိုတာ (သို႔မဟုတ္) ABC အစအဆုံး ဆိုတာမ်ိဳးနဲ႔ အခ်ိန္ေသခ်ာေစတာမ်ိဳးပါ။ ဒါ့အျပင္ အျခားကာကြယ္နည္းေတြအတြက္လည္း၊ ကေလး နားလည္လြယ္တဲ့ နည္းတစ္ခုျဖစ္တဲ့ ကာတြန္းပုံေတြနဲ႔ အင္တာနက္ YouTube မွာ ေဖာ္ျပထားတာေတြကို သုံးႏိုင္ပါတယ္။ မ်က္ႏွာနဲ႔ႏွာေခါင္းစည္း (Mask) တပ္တာကေတာ့၊ အသက္ (၂) ႏွစ္ေအာက္ကေလးေတြအတြက္ ခက္ႏိုင္တာမို႔၊ မ်က္ႏွာအကာအျဖစ္၊ ကေလးအႏွီး (သို႔) အဝတ္ေပ်ာ့ေပ်ာ့နဲ အသာအယာ အုပ္ထားေပးႏိုင္ပါတယ္။
ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကေလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစား ဌာနမႉး ပါေမာကၡ ေဒါက္တာေစာဝင္း ကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။
==Unicode==
COVID-19 ရောဂါက ကလေးတွေမှာ အဖြစ်နည်းပြီး ပြင်းထန်မူမရှိခဲ့ပေမယ့်၊ အခုနောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေမှာ ဒီရောဂါနဲ့ဆက်စပ်နိုင်တဲ့၊ ပြင်းထန် ကိုယ်တွင်းအင်္ဂါရောင်ရောဂါ၊ ကလေးနဲ့ဆယ်ကျော်သက် အနည်းငယ်မှာ စပေါ်လာနေပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးဟာ ကလေးတွေကို ကူးစက်နိုင်၊ ကလေးတွေကလည်း ပြန်ကူးစက်နိုင်ပေမယ့်၊ ပြင်းထန်မှုတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် အထူးကုသဆောင် (ICU) ရောက်တဲ့ကလေး အလွန်ကိုနည်းခဲ့ပြီး၊ တရုတ်နိုင်ငံမှာလည်း (၁၄) နှစ်အရွယ် တစ်ဦးပဲ၊ တနိုင်ငံလုံးမှာ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ တရုတ်ထက် ကူးစက်မူတွေများလာနေတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ ဒီ COVID-19 ပိုးရှိတဲ့ ကလေးအနည်းငယ်မှာ Multisystem Inflammatory Syndrome (ခေါ်) ကိုယ်တွင်းအင်္ဂါရောင်ရောဂါသစ် ပြင်းပြင်းထန်ထန်ဖြစ်လာကာ၊ သေဆုံးမူ အနည်းငယ် စရှိလာနေပါတယ်။ ဒါပေမဲ့ ပြင်းထန် ကိုယ်တွင်းအင်္ဂါရောင်ရောဂါဖြစ်တဲ့ ကလေးတချို့မှာသာ COVID-19 ပဋိလုံပစ္စည်း (Antibody) နဲ့ ပိုးတွေ့တာဖြစ်ပြီး၊ တချို.မှာတော့ မတွေ့သေးပါဘူး။
ဒီရောဂါဖြစ်လာလျှင် နှလုံး၊ ကျောက်ကပ်၊ ဦးနှောက် စတဲ့ ကိုယ်တွင်းအင်္ဂါတွေရောင်ရမ်းပြီး၊ ခြေလက်အပိန့်တွေထွက်၊ မျက်စိ၊ မျက်မှေးတွေရောင်၊ ဝမ်းလျှောကာ၊ နောက်ဆုံး သွေးလန့်ပြီး အသက်ဆုံးရှုံးလေ့ရှိပါတယ်။ ဒီလက္ခဏာတချို့က အရင်ဖြစ်ထားပြီး၊ (၂) နှစ်အောက်ကလေးတွေမှာသာ အဖြစ်များတဲ့၊ သွေးကြောရောင်ရောဂါ (Kawasaki) နဲ့ ဆင်တူသော်လည်း၊ အခု ရက်ပိုင်းအတွင်းမှာတော့၊ ဒီ Kawasaki ရောဂါ ပုံမှန်ဖြစ်နှုန်းထက်၊ အခုရောဂါသစ်ဖြစ်နှုန်းက ပိုများလာနေပါတယ်။ ဒါကြောင့် COVID-19 နဲ့ ဆက်စပ်နိုင်တဲ့ အခုလို ရောဂါသစ်၊ ကလေးနဲ့ဆယ်ကျော်သက်တွေမှာ ပေါ်လာနိုင်တာကို သတိပြုကြဖို့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အခု စတင်သတိပေးလာနေပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိ COVID-19 ရောဂါပိုးတွေ့ထားသူ စုစုပေါင်း ရာဂဏန်းမှာ၊ ကလေးငယ်နဲ့ ဆယ်ကျော်သက်က အနည်းငယ်သာရှိပြီး၊ သူတို့အားလုံးမှာလည်း၊ ရောဂါလက္ခဏာ မပြင်းထန်ခဲ့တာကြောင့်၊ လောလောဆယ်မှာတော့၊ ဒီ ကိုယ်တွင်းအင်္ဂါရောင်ရောဂါအတွက် အများကြီး စိုးရိမ်စရာမရှိသေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ COVID-19 ဒုတိယလှိုင်းဝင်လာပြီး၊ ကူးစက်သူပိုများလာကာ၊ ကလေးတွေမှာပါ အဖြစ်များလာလျှင်တော့၊ ပြင်းထန်တဲ့ တုံ့ပြန်မူဖြစ်စေတဲ့ Kawasaki ရောဂါနဲ့ သဏ္ဍာန်တူ ဒီရောဂါသစ်မျိုး၊ စဖြစ်လာမှာကို စိုးရိမ်ရတာမို့၊ သတိနဲ့စောင့်ကြည့်သင့်ပါတယ်။
အနောက်နိုင်ငံတွေမှာလည်း ဒီရောဂါက အနည်းစုမှာသာစဖြစ်နေတာမို့၊ မြန်မာနိုင်ငံမှာလည်း အများကြီးစဖြစ်လာမှာကို စိုးရိမ်ကြီးစရာ မလိုသေးသော်လည်း၊ ဆေးဝန်ထမ်းတွေအနေနဲ့တော့၊ အခုလို စဖြစ်လာနိုင်တာကို အထူးသတိပြုပြီး၊ အရောင်ကျထိုးဆေး (ဥပမာ Immunoglobulin) ပါပေးရတဲ့ ကုသမူတွေ အမြန်ဆုံးပေးနိုင်ရေး၊ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ဒီ ကိုယ်တွင်းအင်္ဂါရောင်ရောဂါသစ်နဲ့ အလားသဏ္ဍာန်တူတဲ့ Kawasaki သွေးကြောရောင်ရောဂါက မြန်မာနိုင်ငံမှာ အဖြစ်နည်းလွန်းပေမယ့်၊ အခုလို အရောင်ကျထိုးဆေးနဲ့ သွေးကျဲဆေးအပါအဝင်စားဆေးပေး ကုသခဲ့ရာမှာ၊ သေဆုံးမူမရှိဘဲ အောင်မြင်စွာကုသပေးနိုင်ခဲ့တာမို့၊ ထိရောက်နိုင်တဲ့ ကုသဆေးရှိထားပြီးသားပါ။
အခု ကိုယ်တွင်းအင်္ဂါရောင်ရောဂါသစ်ဖြစ်လာတာကို သတိပြုစေနိုင်တဲ့ လက္ခဏာတချို.ကတော့ Kawasaki သွေးကြောရောင်ရောဂါ လက္ခဏာတချို.နဲ့ ဆင်တူနိုင်ပါတယ်။ ဒီ Kawasaki ရောဂါလက္ခဏာတွေကတော့ မျက်မှေးရောင်တာ၊ လည်ပင်းကြိတ်ထွက်တာ၊ ပါးစပ်အနာဖြစ်တာ၊ နှုတ်ခမ်းကွာတာ၊ ခြေလက်ရောင်တာ ကွာတာ၊ အဆစ်အမြစ်ကိုက်တာ၊ အဖျားကြီးတာ (၇-၁၀ ရက်)၊ နှလုံးသွေးကြောရောင်တာတွေ ဖြစ်ပါတယ်။ အခု ကိုယ်တွင်းအင်္ဂါရောင်ရောဂါသစ်မှာပဲ၊ ထူးထူးခြားခြား တွေ့ရတဲ့လက္ခဏာတွေကတော့ ဝမ်းလျှောတာနဲ့ သွေးလန့်တာပါ။
ဒီရောဂါသစ်ကနေ ကာကွယ်ရေးအတွက်ကတော့၊ COVID-19 ကာကွယ်ရေးအတွက် လူကြီးတွေလုပ်နေတာတွေဖြစ်တဲ့၊ ခပ်ခွာခွာနေတာ၊ လက်မကြာခဏဆေးတာ၊ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာ၊ မျက်နှာကိုလက်နဲ့ မထိအောင်ထားတာ၊ ချောင်းဆိုးလျှင် တစ်ရူးစက္ကူသုံး (သို့မဟုတ်) တံတောင်ဆစ်နဲ့အုပ်ဆိုးတာ၊ စတာတွေကို ကလေးတွေ နားလည်လွယ်နိုင်တဲ့နည်းတွေနဲ့ သင်ကြားလေ့ကျင့်ပေးဖို့ပါ။ ဥပမာ စက္ကန့် (၂၀) ကြာလက်ဆေးတာအတွက် Happy Birthday သီချင်း (၂) ခေါက်ဆိုတာ (သို့မဟုတ်) ABC အစအဆုံး ဆိုတာမျိုးနဲ့ အချိန်သေချာစေတာမျိုးပါ။ ဒါ့အပြင် အခြားကာကွယ်နည်းတွေအတွက်လည်း၊ ကလေး နားလည်လွယ်တဲ့ နည်းတစ်ခုဖြစ်တဲ့ ကာတွန်းပုံတွေနဲ့ အင်တာနက် YouTube မှာ ဖော်ပြထားတာတွေကို သုံးနိုင်ပါတယ်။ မျက်နှာနဲ့နှာခေါင်းစည်း (Mask) တပ်တာကတော့၊ အသက် (၂) နှစ်အောက်ကလေးတွေအတွက် ခက်နိုင်တာမို့၊ မျက်နှာအကာအဖြစ်၊ ကလေးအနှီး (သို့) အဝတ်ပျော့ပျော့နဲ အသာအယာ အုပ်ထားပေးနိုင်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။