(Zawgyi/ Unicode)
COVID-19 ကပ္ေရာဂါ ကူးစက္မႈေတြ ေလ်ာ့လာတဲ့အတြက္ အာရွႏုိင္ငံတခ်ဳိ႕မွာ သြားလာလႈပ္ရွားမႈ ကန္႔သတ္ခ်က္ေတြ စတင္ေျဖေလွ်ာ့ ေပးလာေနေပမဲ့ ပုံမွန္အေျခအေနေရာက္ဖုိ႔ မလြယ္ေသးတဲ့အေၾကာင္း မဆုမြန္က ေျပာျပေပးမွာပါ။
ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ေလ်ာ့က်လာေနတဲ့အတြက္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာ ကန္႔သတ္ခ်က္ေတြကုိ ေျဖေလွ်ာ့ေပးေနၿပီး၊ လုပ္ငန္းတခ်ဳိ႕ကုိလည္း ျပန္လည္ လုပ္ကုိင္ခြင့္ ေပးလာေနတဲ့အထဲ အာရွႏုိင္ငံေတြလည္း ပါ၀င္လာပါတယ္။ ေရာဂါကူးစက္သူ ၁ ေသာင္း ၆ ေထာင္ေက်ာ္ ရွိေနတဲ့ ဂ်ပန္ႏုိင္ငံမွာ အေရးေပၚေၾကညာထားတာကုိ တနလၤာေန႔မွာပဲ အစုိးရက ျပန္႐ုပ္သိမ္းလုိက္ပါတယ္။ ဒီအတြက္လည္း လုပ္ငန္းေတြ ျပန္လည္ပတ္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ေတြ တုိးလာေနေပမဲ့ ပုံမွန္အေျခအေန ျပန္ျဖစ္ဖုိ႔ မလြယ္ေသးဘူးလုိ႔ တုိက်ဳိၿမိဳ႕ေတာ္မွာ ေနထုိင္ေနတဲ့ ဦးကုိကုိလႈိင္က ေျပာပါတယ္။
“လုပ္ငန္းခြင္ေတြကေတာ့ ဒီလကုန္ေလာက္စၿပီး ျပန္စဖို႔မ်ားတယ္။ ဒီေန႔စေၾကညာတယ္ဆိုေတာ့။ ဒါေပမဲ့ လုပ္ငန္းခြင္ေတြျပန္စမယ္ ဆိုရင္ ဂ်ပန္လူမ်ိဳးေတြ အရင္ဦးစားေပးျပန္ေခၚေလာက္တယ္ ႏုိင္ငံျခားသားေတြေတာ့ မပါေလာက္ေသးဘူး က်ိမ္းေသတယ္ အမေရ။ အခုဆိုင္ေတြဆိုရင္ေတာ့ ျပဳတ္ကုန္တာအမ်ားၾကီးေလ အကုန္နားကုန္တာေလ အဲ့မွာအလုပ္ဝင္ေနၾကရတဲ့ ျမန္မာေတြေရာ ႏိုင္ငံျခားသားေတြေရာ အဲ့မွာ အလုပ္မရွိေတာ့ဘူး။ အဲ့လိုပံုစံုမ်ိဳး ေလာေလာဆယ္ ေတာက္ေလ်ာက္ေတာ့ အလုပ္က ရွိဦးမွာမဟုတ္ဘူး။ က်ေနာ္ေတာင္မွ မေန႔က ဖုန္းဆက္လာတယ္ ကုမၸဏီက ေရွ႕လတလ ထပ္နားေပးပါဦးတဲ့။ ေလာေလာဆယ္ေတာ့ ေနထိုင္ခြင့္ရွိတဲ့ သူေတြက ၿမိဳ႕နယ္ေတြကေနၿပီးေတာ့ တေယာက္ကို ယမ္းဆယ္ေသာင္းေပါ့ အမရယ္ ယမ္းဆယ္ေသာင္းဆိုေတာ့ ေဒၚလာတေထာင္နီးပါးေပါ့ အမရယ္ အဲ့တာေတာ့ သူတို႔က ေထာက္ပံ့ေပးထားတယ္ အမ။ ေလာေလာဆယ္ စားဖို႔ေသာက္ဖို႔မရွိရင္ေတာ့ ၿမိဳ႕နယ္က ထုတ္ၿပီး ပိုက္ဆံေခ်းေပးတယ္အမ။ က်ေနာ္ထင္တယ္ အေျခအေနက မလြယ္ေသးဘူး ေလာေလာဆယ္ ေလယာဥ္ေတြျပန္ဖြင့္မွပဲ ပံုမွန္လည္ပတ္ဖို႔မ်ားတယ္။”
ေရာဂါကူးစက္သူ ၃ ေသာင္း ၁ ေထာင္ေက်ာ္ ရွိေနတဲ့ စကၤာပူ ႏုိင္ငံမွာေတာ့ ကူးစက္မႈေတြ က်ဆင္းလာေနေပမဲ့ အေဆာင္ေန ႏုိင္ငံျခားသား အလုပ္သမားေတြ အမ်ားစု အပါအ၀င္ ကူးစက္မႈအသစ္ေတြ ရွိေနဆဲျဖစ္ပါတယ္။ ဒီအတြက္လည္း ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြ အလုပ္ျပန္ဆင္းတဲ့အခါ ေဘးအႏၱရာယ္ ကင္းရွင္းေရး ျပင္ဆင္ေနတယ္လုိ႔လည္း စကၤာပူႏုိင္ငံ ကမ္းလြန္ေရနံ တည္ေဆာက္ေရးလုပ္ငန္းက လုပ္ငန္းခြင္ေဘးကင္း လံုျခံဳေရးပိုင္းဆိုင္ရာ ဌာနမွဴးဦးတင္မင္းက ေျပာပါတယ္။
“ဇြန္လ ၂ရက္ေန႔ကစၿပီး တခ်ိဳ႕လုပ္ငန္းခြင္ေတြကို ျပန္ၿပီး လည္ပတ္ခြင့္ေပးတယ္။Construction Sector မွာရွိတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြျပန္စမယ္။ေနာက္ၿပီးေတာ့Economic Development Board ကေနၿပီးေတာ့ သတ္မွတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို ျပန္လည္ပတ္ခြင့္ေပးမယ္။ ဒါေပမဲ့ ဘာကို သူတို႔က သတ္မွတ္သလဲဆိုေတာ့ ၁အခ်က္ သူတို႔က Essential Service ေတြ ျပန္လည္ပတ္မယ္ဆိုရင္Health Care တို႔ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ လုပ္ငန္းခြင္ထဲမွာ ေဘးအႏၱရာယ္ ကင္းကင္းနဲ႔ဗိုင္းရပ္စ္ကူးစက္မႈမရွိပဲ လုပ္ႏုိင္ဖို႔ အစီမံခ်မွတ္တာေပါ့ေလ အဲ့ေတာ့ ဒီဟာနဲ႔ပတ္သက္လို႔ ကုမၸဏီႀကီးအားလံုးကို ဒီအစီအမံကို အၿပီးသတ္ေရးဆြဲခိုင္းတယ္။ အဓိကကေတာ့ ေဖာ္ရိန္နာေတြေပါ့ဗ်ာ ႏုိင္ငံျခားသား အလုပ္သမားေတြ အတြက္ေပါ့။ေဆာက္လုပ္ေရးကုမၼဏီၾကီးေတြ ေလဆိပ္စီမံကိန္းၾကီးေတြ ရထားလမ္းေဖာက္တာ ဥမွင္လိုဏ္ေခါင္းေဆာက္တာလို ေနာက္ က်ေနာ္တို႔လို ေရနံတူးစင္ေဆာက္တဲ့ ကုမၸဏီႀကီးေတြမွာCompletely Healthy Wokersေတြ ရွိတယ္က်န္းမာတဲ့လုပ္သားေတြ ပိုးမရွိတဲ့သူေတြဒီလုပ္သားေတြကိုျပန္လာခြင့္ေပးမယ္ ေနာက္ ဒီအလုပ္သမားေတြကို ဘယ္လိုထားမလဲေပါ့ေလ က်ေနာ္တို႔လည္း ေတာ္ေတာ္ေလးကို အလုပ္ရႈပ္ေနတယ္ အဲ့ဒီ့အစီမံေတြကို ေရးဆြဲေနရတာ။”
ကူးစက္သူ ၁ ေသာင္း ၁ ေထာင္ေက်ာ္ရွိတဲ့ ေတာင္ကုိရီးယားႏုိင္ငံမွာေတာ့ ကူးစက္မႈေတြ ေလ်ာ့က်လာတာနဲ႔အမွ် ကန္႔သတ္မႈေတြကုိ ေလွ်ာ့ေပးေနပါတယ္။ ဒါေပမဲ့လည္း ေနာက္ထပ္ ကူးစက္မႈအသစ္ေတြ တေက်ာ့ျပန္ေပၚလာေနတဲ့ သတင္းေတြေၾကာင့္ အင္ခၽြန္းၿမိဳ႕မွာ ေနထုိင္ေနတဲ့ ကိုရန္ႏိုင္ထြန္း တုိ႔လုိ ေတာင္ကိုရီးယားႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားေတြ စိုးရိမ္မႈကေတာ့ ရွိေနပါတယ္။
“လက္ရွိအေျခအေနမွာေတာ့ ကိုရီးယားႏုိင္ငံမွာက ကိုဗစ္ဒုတိယလိႈင္း ျပန္ၿပီး ရိုက္ခတ္လာေနတယ္လို႔ေျပာလို႔ရတယ္။ လြန္ခဲ့တဲ့ႏွစ္ပတ္ေလာက္က ကိုရီးယား ဆိုးလ္ဘက္မွာ လူငယ္ေတြၾကား ကူးစက္မႈေတြျဖစ္ေပၚလာတယ္ အဲ့ဒီ့အတြက္ ကိုရီးယားႏုိင္ငံအစိုးရက ၾကပ္ၾကပ္မတ္မတ္နဲ႔ ထိန္းထိန္းသိမ္းသိမ္းနဲ႔ သူတို႔ေဆာင္ရြက္ေနတာ ျဖစ္ပါတယ္။ေရာဂါကူးစက္တဲ့သူေတြကို အထူးတလည္ လုိက္လံရွာေဖြၿပီး ကုသေနတယ္ ထိန္းသိမ္း ေနတဲ့ အပိုင္းေတြေတာ့ ရွိတယ္။ေတာင္ကိုရီးယားမွာ ကိုဗစ္စျဖစ္ကတည္းက လုပ္ငန္းပိုင္း လည္ပတ္ေနတာ နည္းနည္းေလွ်ာ့သြားတာရွိတယ္။ ေနာက္ၿပီးေတာ့ စီးပြားေရးအေျခအေနကလည္း ကိုဗစ္လိႈင္းေၾကာင့္ စီးပြားေရး အနည္းငယ္က်ဆင္းသြားတယ္။အဲ့တာကိုလည္းကိုရီးယားႏုိင္ငံတြင္း ဒီေျခာက္လအတြင္းမွာ အစိုးရအေနနဲ႔ၾကပ္ၾကပ္မတ္မတ္နဲ႔ စီးပြားေရးကို အရင္အေျခအေန အတိုင္းျဖစ္ေအာင္ ျပန္လုပ္ေပးမယ္လို႔ ေျပာထားတယ္။ ကိုရီးယားႏိုင္ငံထဲ ႏွစ္ရွည္အေျခခ်ေနထိုင္ သူေတြ ကိုရီးယားႏိုင္ငံသားနဲ႔ လက္ထပ္ထားတဲ့သူေတြ ကိုရီးယားႏုိင္ငံတြင္းမွာ ခိုလံႈခြင့္ ေတာင္းထားတဲ့သူေတြစတဲ့သူေတြအတြက္ လာမယ့္ဇြန္ဆန္းအတြင္းမွာ သဘာဝေဘး အႏၱရာယ္ ေထာက္ပံ့ေၾကးေတြေပးမယ္ ဆိုတဲ့သတင္းစကားလည္းၾကားတယ္။ ေလာေလာဆယ္ က်ေနာ့္သမီးေလးက မူလတန္းတက္ေနတာဆိုေတာ့ သူက အြန္လိုင္းကေနစာသင္ေနရပါတယ္။ လာမယ့္ ဇြန္လဆန္းမွာ ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုေပမဲ့ ေက်ာင္းေတြျပန္ဖြင့္သင့္ မဖြင့္သင့္ဆိုတာကိုေတာ့ အစိုးရအေနနဲ႔ ခ်င့္ခ်ိန္ေနတဲ့သေဘာထားရွိေနပါတယ္။”
ကမာၻတ၀ွမ္း COVID-19 ကပ္ေရာဂါ ကူးစက္သူ အေရအတြက္ကေတာ့ အခုဆုိရင္ ၅ သန္း ၄ သိန္းေက်ာ္ ရွိေနၿပီး၊ ေသဆုံးသူ အေရအတြက္ဟာလည္း ၃ သိန္း ၄ ေသာင္းေက်ာ္အထိ ရွိေနတာပါ။ ကမာၻမွာကူးစက္မႈ အမ်ားဆုံးအျဖစ္ အေမရိကန္ကေတာ့ ေသဆုံးသူ ၉ ေသာင္း ၇ ေထာင္ေက်ာ္နဲ႔ ကူးစက္မႈ ၁ သန္းေက်ာ္၊ ဒုတိယအမ်ားဆုံးျဖစ္တဲ့ ဘရာဇီးႏုိင္ငံကေတာ့ ေသဆုံးသူ ၂ ေသာင္း ၂ ေထာင္ေက်ာ္နဲ႔ ကူးစက္မႈ ၃ သိန္း ၆ ေသာင္းေက်ာ္၊ ႐ုရွားႏုိင္ငံကေတာ့ တတိယအမ်ားဆုံးအျဖစ္ ေသဆုံးသူ ၃၅၀၀ ရာေက်ာ္နဲ႔ ကူးစက္မႈေပါင္း ၃ သိန္းခဲြေလာက္ ရွိေနပါတယ္။
..............
ကိုဗစ်ကန့်သတ်ချက်တချို့ ဖြေလျော့လာပေမယ့် ပုံမှန်အခြေအနေပြန်ရောက်ဖို့ မလွယ်သေးကြောင်း နိုင်ငံတကာရောက် မြန်မာတွေပြော
( Unicode)
COVID-19 ကပ်ရောဂါ ကူးစက်မှုတွေ လျော့လာတဲ့အတွက် အာရှနိုင်ငံတချို့မှာ သွားလာလှုပ်ရှားမှု ကန့်သတ်ချက်တွေ စတင်ဖြေလျှော့ ပေးလာနေပေမဲ့ ပုံမှန်အခြေအနေရောက်ဖို့ မလွယ်သေးတဲ့ အကြောင်း မဆုမွန်က ပြောပြပေးမှာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့ကျလာနေတဲ့အတွက် နိုင်ငံတော်တော်များများမှာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနေပြီး၊ လုပ်ငန်းတချို့ကိုလည်း ပြန်လည် လုပ်ကိုင်ခွင့် ပေးလာနေတဲ့အထဲ အာရှနိုင်ငံတွေလည်း ပါဝင်လာပါတယ်။ ရောဂါကူးစက်သူ ၁ သောင်း ၆ ထောင်ကျော် ရှိနေတဲ့ ဂျပန်နိုင်ငံမှာ အရေးပေါ်ကြေညာထားတာကို တနင်္လာနေ့မှာပဲ အစိုးရက ပြန်ရုပ်သိမ်းလိုက်ပါတယ်။
ဒီအတွက်လည်း လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ မျှော်လင့်ချက်တွေ တိုးလာနေပေမဲ့ ပုံမှန်အခြေအနေ ပြန်ဖြစ်ဖို့ မလွယ်သေးဘူးလို့ တိုကျိုမြို့တော်မှာ နေထိုင်နေတဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။
“လုပ်ငန်းခွင်တွေကတော့ ဒီလကုန်လောက်စပြီး ပြန်စဖို့များတယ်။ ဒီနေ့စကြေညာတယ်ဆိုတော့။ ဒါပေမဲ့ လုပ်ငန်းခွင်တွေပြန်စမယ် ဆိုရင် ဂျပန်လူမျိုးတွေ အရင်ဦးစားပေးပြန်ခေါ်လောက်တယ် နိုင်ငံခြားသားတွေတော့ မပါလောက်သေးဘူး ကျိမ်းသေတယ် အမရေ။ အခုဆိုင်တွေဆိုရင်တော့ ပြုတ်ကုန်တာအများကြီးလေ အကုန်နားကုန်တာလေ အဲ့မှာအလုပ်ဝင်နေကြရတဲ့ မြန်မာတွေရော နိုင်ငံခြားသားတွေရော အဲ့မှာ အလုပ်မရှိတော့ဘူး။ အဲ့လိုပုံစုံမျိုး လောလောဆယ် တောက်လျောက်တော့ အလုပ်က ရှိဦးမှာမဟုတ်ဘူး။ ကျနော်တောင်မှ မနေ့က ဖုန်းဆက်လာတယ် ကုမ္ပဏီက ရှေ့လတလ ထပ်နားပေးပါဦးတဲ့။ လောလောဆယ်တော့ နေထိုင်ခွင့်ရှိတဲ့ သူတွေက မြို့နယ်တွေကနေပြီးတော့ တယောက်ကို ယမ်းဆယ်သောင်းပေါ့ အမရယ် ယမ်းဆယ်သောင်းဆိုတော့ ဒေါ်လာတထောင်နီးပါးပေါ့ အမရယ် အဲ့တာတော့ သူတို့က ထောက်ပံ့ပေးထားတယ် အမ။ လောလောဆယ် စားဖို့သောက်ဖို့မရှိရင်တော့ မြို့နယ်က ထုတ်ပြီး ပိုက်ဆံချေးပေးတယ်အမ။ ကျနော်ထင်တယ် အခြေအနေက မလွယ်သေးဘူး လောလောဆယ် လေယာဉ်တွေပြန်ဖွင့်မှပဲ ပုံမှန်လည်ပတ်ဖို့များတယ်။”
ရောဂါကူးစက်သူ ၃ သောင်း ၁ ထောင်ကျော် ရှိနေတဲ့ စင်္ကာပူ နိုင်ငံမှာတော့ ကူးစက်မှုတွေ ကျဆင်းလာနေပေမဲ့ အဆောင်နေ နိုင်ငံခြားသား အလုပ်သမားတွေ အများစု အပါအဝင် ကူးစက်မှုအသစ်တွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ အလုပ်ပြန်ဆင်းတဲ့အခါ ဘေးအန္တရာယ် ကင်းရှင်းရေး ပြင်ဆင်နေတယ်လို့လည်း စင်္ကာပူနိုင်ငံ ကမ်းလွန်ရေနံ တည်ဆောက်ရေးလုပ်ငန်းက လုပ်ငန်းခွင်ဘေးကင်း လုံခြုံရေးပိုင်းဆိုင်ရာ ဌာနမှူးဦးတင်မင်းက ပြောပါတယ်။
“ဇွန်လ ၂ရက်နေ့ကစပြီး တချို့လုပ်ငန်းခွင်တွေကို ပြန်ပြီး လည်ပတ်ခွင့်ပေးတယ်။ Construction Sector မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေပြန်စမယ်။ နောက်ပြီးတော့ Economic Development Board ကနေပြီးတော့ သတ်မှတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ပတ်ခွင့်ပေးမယ်။ ဒါပေမဲ့ ဘာကို သူတို့က သတ်မှတ်သလဲဆိုတော့ ၁အချက် သူတို့က Essential Service တွေ ပြန်လည်ပတ်မယ်ဆိုရင် Health Care တို့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ် ကင်းကင်းနဲ့ဗိုင်းရပ်စ်ကူးစက်မှုမရှိပဲ လုပ်နိုင်ဖို့ အစီမံ ချမှတ်တာပေါ့လေ အဲ့တော့ ဒီဟာနဲ့ပတ်သက်လို့ ကုမ္ပဏီကြီးအားလုံးကို ဒီအစီအမံကို အပြီးသတ်ရေးဆွဲခိုင်းတယ်။ အဓိကကတော့ ဖော်ရိန်နာတွေပေါ့ဗျာ နိုင်ငံခြားသား အလုပ်သမားတွေ အတွက်ပေါ့။ ဆောက်လုပ်ရေးကုမ္မဏီကြီးတွေ လေဆိပ်စီမံကိန်းကြီးတွေ ရထားလမ်းဖောက်တာ ဥမှင်လိုဏ်ခေါင်းဆောက်တာလို နောက် ကျနော်တို့လို ရေနံတူးစင်ဆောက်တဲ့ ကုမ္ပဏီကြီးတွေမှာ Completely Healthy Wokersတွေ ရှိတယ် ကျန်းမာတဲ့လုပ်သားတွေ ပိုးမရှိတဲ့သူတွေ ဒီလုပ်သားတွေကိုပြန်လာခွင့်ပေးမယ် နောက် ဒီအလုပ်သမားတွေကို ဘယ်လိုထားမလဲပေါ့လေ ကျနော်တို့လည်း တော်တော်လေးကို အလုပ်ရှုပ်နေတယ် အဲ့ဒီ့အစီမံတွေကို ရေးဆွဲနေရတာ။”
ကူးစက်သူ ၁ သောင်း ၁ ထောင်ကျော်ရှိတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်မှုတွေ လျော့ကျလာတာနဲ့အမျှ ကန့်သတ်မှုတွေကို လျှော့ပေးနေပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ကူးစက်မှုအသစ်တွေ တကျော့ပြန်ပေါ်လာနေတဲ့ သတင်းတွေကြောင့် အင်ချွန်းမြို့မှာ နေထိုင်နေတဲ့ ကိုရန်နိုင်ထွန်း တို့လို တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ စိုးရိမ်မှုကတော့ ရှိနေပါတယ်။
“လက်ရှိအခြေအနေမှာတော့ ကိုရီးယားနိုင်ငံမှာက ကိုဗစ်ဒုတိယလှိုင်း ပြန်ပြီး ရိုက်ခတ်လာနေတယ်လို့ပြောလို့ရတယ်။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကိုရီးယား ဆိုးလ်ဘက်မှာ လူငယ်တွေကြား ကူးစက်မှုတွေဖြစ်ပေါ်လာတယ် အဲ့ဒီ့အတွက် ကိုရီးယားနိုင်ငံအစိုးရက ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ သူတို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရောဂါကူးစက်တဲ့သူတွေကို အထူးတလည် လိုက်လံရှာဖွေပြီး ကုသနေတယ် ထိန်းသိမ်း နေတဲ့ အပိုင်းတွေတော့ ရှိတယ်။တောင်ကိုရီးယားမှာ ကိုဗစ်စဖြစ်ကတည်းက လုပ်ငန်းပိုင်း လည်ပတ်နေတာ နည်းနည်းလျှော့သွားတာရှိတယ်။ နောက်ပြီးတော့ စီးပွားရေးအခြေအနေကလည်း ကိုဗစ်လှိုင်းကြောင့် စီးပွားရေး အနည်းငယ်ကျဆင်းသွားတယ်။ အဲ့တာကိုလည်း ကိုရီးယားနိုင်ငံတွင်း ဒီခြောက်လအတွင်းမှာ အစိုးရအနေနဲ့ကြပ်ကြပ်မတ်မတ်နဲ့ စီးပွားရေးကို အရင်အခြေအနေ အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမယ်လို့ ပြောထားတယ်။ ကိုရီးယားနိုင်ငံထဲ နှစ်ရှည်အခြေချနေထိုင် သူတွေ ကိုရီးယားနိုင်ငံသားနဲ့ လက်ထပ်ထားတဲ့သူတွေ ကိုရီးယားနိုင်ငံတွင်းမှာ ခိုလှုံခွင့် တောင်းထားတဲ့သူတွေစတဲ့သူတွေအတွက် လာမယ့်ဇွန်ဆန်းအတွင်းမှာ သဘာဝဘေး အန္တရာယ် ထောက်ပံ့ကြေးတွေပေးမယ် ဆိုတဲ့သတင်းစကားလည်းကြားတယ်။ လောလောဆယ် ကျနော့်သမီးလေးက မူလတန်းတက်နေတာဆိုတော့ သူက အွန်လိုင်းကနေစာသင်နေရပါတယ်။ လာမယ့် ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုပေမဲ့ ကျောင်းတွေပြန်ဖွင့်သင့် မဖွင့်သင့်ဆိုတာကိုတော့ အစိုးရအနေနဲ့ ချင့်ချိန်နေတဲ့သဘောထားရှိနေပါတယ်။”
ကမ္ဘာတဝှမ်း COVID-19 ကပ်ရောဂါ ကူးစက်သူ အရေအတွက်ကတော့ အခုဆိုရင် ၅ သန်း ၄ သိန်းကျော် ရှိနေပြီး၊ သေဆုံးသူ အရေအတွက်ဟာလည်း ၃ သိန်း ၄ သောင်းကျော်အထိ ရှိနေတာပါ။ ကမ္ဘာမှာကူးစက်မှု အများဆုံးအဖြစ် အမေရိကန်ကတော့ သေဆုံးသူ ၉ သောင်း ၇ ထောင်ကျော်နဲ့ ကူးစက်မှု ၁ သန်းကျော်၊ ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံကတော့ သေဆုံးသူ ၂ သောင်း ၂ ထောင်ကျော်နဲ့ ကူးစက်မှု ၃ သိန်း ၆ သောင်းကျော်၊ ရုရှားနိုင်ငံကတော့ တတိယအများဆုံးအဖြစ် သေဆုံးသူ ၃၅၀၀ ရာကျော်နဲ့ ကူးစက်မှုပေါင်း ၃ သိန်းခွဲလောက် ရှိနေပါတယ်။