သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ ကုိဗစ္လူနာသစ္ ၂ ဦးတုိး၊ စုစုေပါင္း ၂၀၃ ဦးရွိ


ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုမွာ ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ က်န္းမာေရး၀န္ထမ္းတခ်ိဳ႕ (ေမ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတည္ျပဳလူနာ ႏွစ္ေယာက္ စစ္ေဆးေတြ႔႐ွိတဲ့အတြက္ အတည္ျပဳလူနာ ေလာေလာဆယ္ ၂၀၃ ေယာက္႐ွိပါတယ္။

ဒီေန႔ ေမလ ၂၅ ရက္ေန႔အတြက္ ေဆးသုေတသနဦးစီးဌာနမွာ ဓာတ္ခြဲနမူနာ ၁၂၁ ခု ရန္ကုန္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ ၂၈၁ ခု၊ စုစုေပါင္း ၄၀၂ ခုကို စစ္ေဆးခဲ့တာမွာ အတည္ျပဳလူနာသစ္ ၂ ေယာက္ေတြ႔႐ွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လူနာသစ္ ၂ ေယာက္မွာ တေယာက္က အီတလီႏိုင္ငံက ျပန္လာတဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္အမ်ဳိးသားျဖစ္ၿပီး ေနာက္ တေယာက္က အိႏၵိယႏိုင္ငံက ျပန္လာတဲ့ အသက္ ၄၁ ႏွစ္အ႐ြယ္ အမ်ဳိးသမီးျဖစ္ပါတယ္။

သူတုိ႔ ၂ ေယာက္လံုးဟာ အသြားအလာ ကန္႔သတ္ေစာင့္ၾကည့္ခံေနရသူေတြျဖစ္ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ေမလ ၂၃ ရက္နဲ႔ ၂၄ ရက္ေန႔ေတြမွာ COVID-19 ဓါတ္ခဲြအတည္ျပဳလူနာသစ္ ၁ ေယာက္မွ မေတြ႕ခဲ့ဘဲ ဒီေန႔မွာ ၂ ေယာက္ထပ္ေတြ႔တာပါ။

ဒီေန႔ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးကင္းစင္သြားသူ စုစုေပါင္း ၁၂၃ ေယာက္၊ ေသဆုံးသူ ၆ ေယာက္႐ွိပါတယ္။

[Unicode Version]

မြန်မာနိုင်ငံမှာ ကိုဗစ်လူနာသစ် ၂ ဦးတိုး၊ စုစုပေါင်း ၂၀၃ ဦးရှိ

မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတည်ပြုလူနာ နှစ်ယောက် စစ်ဆေးတွေ့ရှိတဲ့အတွက် အတည်ပြုလူနာ လောလောဆယ် ၂၀၃ ယောက်ရှိပါတယ်။

ဒီနေ့ မေလ ၂၅ ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာနမှာ ဓာတ်ခွဲနမူနာ ၁၂၁ ခု ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၈၁ ခု၊ စုစုပေါင်း ၄၀၂ ခုကို စစ်ဆေးခဲ့တာမှာ အတည်ပြုလူနာသစ် ၂ ယောက်တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူနာသစ် ၂ ယောက်မှာ တယောက်က အီတလီနိုင်ငံက ပြန်လာတဲ့ အသက် ၃၉ နှစ်အရွယ်အမျိုးသားဖြစ်ပြီး နောက် တယောက်က အိန္ဒိယနိုင်ငံက ပြန်လာတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပါတယ်။

သူတို့ ၂ ယောက်လုံးဟာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခံနေရသူတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ မေလ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ COVID-19 ဓါတ်ခွဲအတည်ပြုလူနာသစ် ၁ ယောက်မှ မတွေ့ခဲ့ဘဲ ဒီနေ့မှာ ၂ ယောက်ထပ်တွေ့တာပါ။

ဒီနေ့ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးကင်းစင်သွားသူ စုစုပေါင်း ၁၂၃ ယောက်၊ သေဆုံးသူ ၆ ယောက်ရှိပါတယ်။

XS
SM
MD
LG