သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံက ေသြးရည္ၾကည္နဲ႔ ကုသတဲ့အေျခအေန ဘယ္အဆင့္ေရာက္ေနၿပီလဲ


ကုိဗစ္လူနာေတြကို ေသြးရည္ၾကည္နဲ႔ ကုသေပးဖို႔ လုပ္ေဆာင္ေနပံု

(Zawgyi/ Unicode)

ျပည္တြင္းက ကုိဗစ္လူနာေတြကို ကုသေပးဖို႔ ေဆာင္ရြက္ေနတဲ့ ေသြးရည္ၾကည္ ကုထံုးရဲ႕အေျခအေနဟာ ဘယ္အဆင့္ထိေရာက္ေနၿပီလဲဆိုတာကုိ ဒီကုထံုး ကုသႏုိင္ဖို႔ေဆာင္ရြက္ေနတဲ့အၾကံေပးအဖြဲ႕ရဲ႕ ဥကၠဌျဖစ္သူ ပါေမာကၡေဒါက္တာရဲျမကို မစုစုက ဆက္သြယ္ေမးျမန္းထားပါတယ္။

COVID- 19 ေရာဂါေပ်ာက္ကင္းသြားသူေတြရဲ႕ ေသြးရည္ၾကည္ကုိအသံုးျပဳၿပီး ပုိးေတြ႕လူနာေတြကို ကုသေပးႏုိင္ဖို႔အတြက္ ႏုိင္ငံတကာကုထံုးေတြ၊ သုေတသနေတြ႕ရွိခ်က္ေတြနဲ႔ ေဆးပညာက်င့္ဝတ္ေတြေပၚ မူတည္ၿပီးေတာ့ ေဆာင္ရြက္ႏုိင္ဖို႔ အၾကံေပးအဖြဲ႕ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီလ ၁၆ ရက္ေန႔မွာ စတင္ဖြဲ႕စည္းလိုက္ပါတယ္။ အဲဒီအဖြဲ႕မွာ ေသြးေရာဂါ ပညာဌာနက အၿငိမ္းစားဌာနမွဴး ပါေမာကၡေဒါက္တာရဲျမကို ဥကၠဌတာဝန္ေပးထားတာပါ။

စတင္ဖြဲ႕စည္းခ်ိန္ကစၿပီး အခုကာလအတြင္းမွာ ေသြးရည္ၾကည္ကုထံုးနဲ႔ပတ္သက္လို႔ ျပင္ဆင္ေဆာင္ရြက္ထားရွိၿပီးတဲ့ အေျခအေနေတြကို ပါေမာကၡေဒါက္တာရဲျမက ေျပာျပထားပါတယ္။

“အေသးစိတ္ေတြ ပညာရွင္ေတြေဆြးေႏြးတယ္ေပါ့ေနာ္။ ၿပီးရင္က်ေတာ္တို႔ကုိ လမ္းညႊန္ထားတဲ့အတိုင္းပဲ။ ဒါက ကမာၻေပၚမွာ သူမ်ားေတြဘယ္လုိလုပ္လဲ။ ေဆးပညာအရအေထာက္အထားေတြ ဘာရွိလဲ။ လုပ္ရင္ဆိုးက်ိဳးက ဘယ္လိုရွိႏုိင္လဲ၊ ေကာင္းက်ိဳးကဘယ္လိုရွိႏုိင္လဲ။ ေနာက္တခုကေတာ့ က်င့္ဝတ္ဆုိင္ရာနဲ႔ ဒါေတြကိုေလ့လာဖုိ႔ဆုိၿပီးတာဝန္ေပးေတာ့ က်ေတာ္တို႔ဒီတလမွာ အဲဒါေတြအကုန္လုပ္ရတယ္။ ဒါကေဝဘာဂီမွာကုတာကိုး။ က်ေတာ္တို႔ေဝဘာဂီမွာ အမ်ိဳးသားေသြးလွဴဘဏ္ခြဲတခု တည္ေထာင္ရတယ္။ အဲဒါေတြအကုန္လံုးလုပ္ၿပီးၿပီေပါ့။ လုပ္ၿပီးေတာ့ က်ေတာ္တုိ႔အခုေသြးရည္ၾကည္ကုိ စယူတာေပါ့ေနာ္။ အခုမွစယူတာရွိေသးေတာ့ ၄၊ ၅ေယာက္ ေလာက္ပဲရွိတယ္ ယူထားတာ။”

စုစု။ ဟုတ္ကဲ့ပါ ဆရာႀကီး။ အခုက ေရာဂါေပ်ာက္ကင္းသူေတြလည္း မ်ားလာၿပီဆိုေတာ့ ဘယ္လို သတ္မွတ္ေရြးခ်ယ္ၿပီးေတာ့ ေပ်ာက္ကင္းလူနာေတြရဲ႕ ေသြးရည္ၾကည္ကို ရယူေနတာလဲရွင့္။

ပါေမာကၡေဒါက္တာရဲျမ။ COVID- 19 ျဖစ္တာက တေယာက္နဲ႔တေယာက္က မတူဘူးေပါ့ေနာ္။ ေရာဂါပုိးက ကိုယ္ခႏၶာထဲဝင္ၿပီဆုိလုိ႔ရွိရင္ ၈၀ရာခိုင္ႏႈန္းေလာက္က ဘာမွသိပ္မျဖစ္ဘူး၊ နည္းနည္းပါးပါးျဖစ္ၿပီး သူ႔ဟာသူျပန္ေကာင္းသြားၾကတာကမ်ားတယ္။ ၂၀ရာခိုင္ႏႈန္းေလာက္ကပဲ တကယ္ဒီေရာဂါလကၡဏာရဲ႕ေဝဒနာကုိ ခံစားရတာေပါ့ေနာ္။ အဲဒီအထဲမွာမွ ၅ေယာက္ေလာက္က ျပင္းျပင္းထန္ထန္ျဖစ္မယ္၊ အထူးၾကပ္မတ္ကုသေဆာင္ထဲ ထည့္ရတယ္၊ အသက္ရွဴစက္ေတြတင္ရတယ္ေပါ့။ အဲေတာ့ အထူးသျဖင့္ ေရာဂါလကၡဏာမ်ားမ်ားျဖစ္တဲ့လူေပါ့။ သူတို႔က ဒီေရာဂါကိုေက်ာ္လႊားတိုက္ခိုက္ႏုိင္ၿပီဆိုရင္ သူတုိ႔ကိုယ္ခႏၶာထဲမွာ ပဋိပစၥည္းလို႔ေခၚတဲ့ Antibody အလံုအေလာက္ရွိမယ္လို႔ ယူဆတာေပါ့။ ဆုိေတာ့ အဲဒီဟာကို သူတုိ႔ကုိျပန္စစ္တယ္၊ ေရာဂါပုိးလည္းမရွိေတာ့ဘူး၊ Quarantine ၁၄ရက္လည္း ဝင္ၿပီးၿပီဆုိရင္ ေစတနာရွိလို႔ သူတို႔လွဴခ်င္တယ္ဆုိရင္ သူတို႔ဆီကယူၿပီး ဒါကိုသိမ္းထားမယ္ေပါ့။ ေနာက္လုိအပ္တဲ့သူကို က်ေတာ္တို႔ျပန္သြင္းေပးမယ္ေပါ့။ အဲေတာ့ လုိအပ္တဲ့သူဆုိတာ လူတိုင္းကိုေပးမွာမဟုတ္ဘူး။ ဆိုလုိတာက ေသြးရည္ၾကည္သြင္းလို႔ လံုးဝေကာင္းသြားတယ္မဟုတ္ဘူး။ ေသြးရည္ၾကည္သြင္းတာက ကုသတဲ့ နည္းတခုပဲျဖစ္တယ္။

စုစု။ ေသြးရည္ၾကည္ကုထံုးနဲ႔ကုသတာက ကုိဗစ္ေရာဂါကုသနည္းေတြထဲက ကုထံုးတခုသာျဖစ္တယ္၊ ဒါနဲ႔ကုသလို႔ ေပ်ာက္ကင္းမွာေသခ်ာေနတာမဟုတ္ဘူးဆုိရင္ ေလ့လာေတြ႕ရွိခ်က္ေတြအရ ဒီကုထံုးအေပၚ ဆရာတို႔ဘယ္ေလာက္ထိေမွ်ာ္လင့္ထားလဲ။

ပါေမာကၡေဒါက္တာရဲျမ။ အဲေတာ့ ဒီေသြးရည္ၾကည္သြင္းေပးလိုက္လို႔ အကုန္လံုးေကာင္းသြားမယ္လို႔လည္းမဟုတ္ဘူး။ ဘာလို႔ဆို က်ေတာ္တုိ႔ဘယ္သူမွမသိေသးဘူး။ ဒီေရာဂါႀကီးက အသစ္အဆန္းႀကီးျဖစ္ေနတယ္ေလ။ ဒါေပမယ့္ သိသေလာက္ေပါ့ေနာ္။ အထူးသျဖင့္ တရုတ္ျပည္မွာ စသံုးတဲ့အပုိင္းေလးေတြထဲမွာ ဒါသြင္းလိုက္ျခင္းအားျဖင့္ သက္သာသြားတဲ့ဘက္ကိုမ်ားတယ္ေပါ့ေနာ္။ ေကာင္းသြားတဲ့ဘက္ကုိမ်ားတယ္ဆိုတဲ့ အေထာက္အထားေလးေတြရွိလာတာေပါ့ေနာ္။ ဆိုေတာ့ က်ေတာ္တို႔ကအဲလိုလုပ္ေနတာပါ။ အခုတခ်ိဳ႕တိုင္းျပည္ေတြမွာျဖစ္တယ္။ အိမ္နီးခ်င္းဆို အိႏၵိယမွာဆိုရင္ ဒီေသြးရည္ၾကည္သြင္းလိုက္ရင္ ေကာင္းသြားမွာပဲ၊ ေသြးရည္ၾကည္သြင္းခ်င္တယ္ဆုိၿပီး ျဖစ္ၾကတာေပါ့ေနာ္။ ဒါေပမယ့္ သြင္းလိုက္ၿပီးမွ ေသဆံုးသြားတာေတြလည္းျဖစ္ေတာ့ အဲဒီမွာ ဂယက္ေျခာက္ျခားျဖစ္တာေတြလည္း ျဖစ္တာေပါ့ေနာ္။ ဆုိေတာ့ က်ေတာ္တို႔ကေတာ့ ဒီဥစၥာကို သူ႔ရဲ႕နည္းစနစ္နဲ႔ သိပၸံနည္းက်က် ခ်င့္ခ်ိန္ၿပီးေတာ့ သံုးစြဲရမွာျဖစ္တယ္။ ေမွ်ာ္လင့္တာကေတာ့ ဒါသြင္းေပးလုိက္လုိ႔ရွိရင္ ေကာင္းတဲ့လူနည္းနည္းမ်ားလာမယ္လို႔ ယူဆတာေပါ့ေနာ္။

စုစု။ ဒီေတာ့ လူနာကို ဘယ္လိုအခ်ိန္မွာ ဒီေသြးရည္ၾကည္ကုထံုးနဲ႔ ကုသေပးဖုိ႔ ဆံုးျဖတ္ထားလဲရွင့္။

ပါေမာကၡေဒါက္တာရဲျမ။ မ်ားေသာအားျဖင့္ ေရာဂါက ပထမပတ္မွာဆို သိပ္မဆိုးဘူးေပါ့ေနာ္။ ဖ်ားမယ္၊ နည္းနည္းေခ်ာင္းဆုိးမယ္။ ဒုတိယပတ္ေလာက္ဆို ေမာတာတုိ႔ဘာတို႔စလာတယ္။ တတိယပတ္ေလာက္မွာ စၿပီးေတာ့ အသက္မရွဴႏုိင္ျဖစ္တာေပါ့ေနာ္။ တခါတေလ ႏွလံုးအားမေကာင္းေတာ့ဘူး၊ ေက်ာက္ကပ္အားမေကာင္းေတာ့ဘူး။ သံုးပတ္ေက်ာ္သြားၿပီဆို ေတာ္ေတာ္အေျခအေနဆုိးေနၿပီ။ အဲဒီအခ်ိန္မွာမွ သြားသြင္းရင္ေတာ့ ဘာမွမထူးဘူး။ က်ေတာ္တုိ႔က အခ်ိန္ကုိအတိအက်ေရြးရတယ္။ ဘယ္အခ်ိန္မွာသြင္းမလဲ၊ ေကာင္းဖို႔ဘက္ကိုမ်ားလား၊ ဆုိးဖုိ႔ဘက္ကိုမ်ားလား ခ်င့္ခ်ိန္ၿပီးေတာ့ေလ။ အဲေတာ့ လူတကာသြင္းေလာက္ေအာင္လည္း အဲဒီေလာက္ က်ေတာ္တုိ႔ဆီမွာ ေသြးရည္ၾကည္ေတြမရွိဘူး။

အခုေဆာင္ရြက္ေနတဲ့ ကုထံုးအတြက္ ေရာဂါေပ်ာက္ကင္းသူတခ်ိဳ႕ဆီက ေသြးရည္ၾကည္ယူတာကို ေဝဘာဂီေဆးရံုႀကီးမွာ စတင္ေနၿပီးေတာ့ လိုအပ္လာရင္ တုိးခ်ဲ႕ေဆာင္ရြက္ဖုိ႔အတြက္ တျခားေနရာေတြမွာပါ ျပင္ဆင္ထားတယ္လို႔ ပါေမာကၡေဒါက္တာရဲျမက ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ ကိုဗစ္လူနာေပါင္း ၂၀၁ဦးအထိရွိထားၿပီး အဲဒီထဲက ေသဆံုးသူ ၆ဦးနဲ႔ ေရာဂါပိုးကင္းစင္လာသူ ၁၂၂ဦးအထိ ရွိထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

မြန်မာနိုင်ငံက သွေးရည်ကြည်နဲ့ ကုသတဲ့အခြေအနေ ဘယ်အဆင့်ရောက်နေပြီလဲ

(Unicode)

ပြည်တွင်းက ကိုဗစ်လူနာတွေကို ကုသပေးဖို့ ဆောင်ရွက်နေတဲ့ သွေးရည်ကြည် ကုထုံးရဲ့အခြေအနေဟာ ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာကို ဒီကုထုံး ကုသနိုင်ဖို့ဆောင်ရွက်နေတဲ့အကြံပေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်သူ ပါမောက္ခဒေါက်တာရဲမြကို မစုစုက ဆက်သွယ်မေးမြန်းထားပါတယ်။

COVID- 19 ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကိုအသုံးပြုပြီး ပိုးတွေ့လူနာတွေကို ကုသပေးနိုင်ဖို့အတွက် နိုင်ငံတကာကုထုံးတွေ၊ သုတေသနတွေ့ရှိချက်တွေနဲ့ ဆေးပညာကျင့်ဝတ်တွေပေါ် မူတည်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အကြံပေးအဖွဲ့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီအဖွဲ့မှာ သွေးရောဂါ ပညာဌာနက အငြိမ်းစားဌာနမှူး ပါမောက္ခဒေါက်တာရဲမြကို ဥက္ကဌတာဝန်ပေးထားတာပါ။

စတင်ဖွဲ့စည်းချိန်ကစပြီး အခုကာလအတွင်းမှာ သွေးရည်ကြည်ကုထုံးနဲ့ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီးတဲ့ အခြေအနေတွေကို ပါမောက္ခဒေါက်တာရဲမြက ပြောပြထားပါတယ်။

“အသေးစိတ်တွေ ပညာရှင်တွေဆွေးနွေးတယ်ပေါ့နော်။ ပြီးရင်ကျတော်တို့ကို လမ်းညွှန်ထားတဲ့အတိုင်းပဲ။ ဒါက ကမ္ဘာပေါ်မှာ သူများတွေဘယ်လိုလုပ်လဲ။ ဆေးပညာအရအထောက်အထားတွေ ဘာရှိလဲ။ လုပ်ရင်ဆိုးကျိုးက ဘယ်လိုရှိနိုင်လဲ၊ ကောင်းကျိုးကဘယ်လိုရှိနိုင်လဲ။ နောက်တခုကတော့ ကျင့်ဝတ်ဆိုင်ရာနဲ့ ဒါတွေကိုလေ့လာဖို့ဆိုပြီးတာဝန်ပေးတော့ ကျတော်တို့ဒီတလမှာ အဲဒါတွေအကုန်လုပ်ရတယ်။ ဒါကဝေဘာဂီမှာကုတာကိုး။ ကျတော်တို့ဝေဘာဂီမှာ အမျိုးသားသွေးလှူဘဏ်ခွဲတခု တည်ထောင်ရတယ်။ အဲဒါတွေအကုန်လုံးလုပ်ပြီးပြီပေါ့။ လုပ်ပြီးတော့ ကျတော်တို့အခုသွေးရည်ကြည်ကို စယူတာပေါ့နော်။ အခုမှစယူတာရှိသေးတော့ ၄၊ ၅ယောက် လောက်ပဲရှိတယ် ယူထားတာ။”

စုစု။ ဟုတ်ကဲ့ပါ ဆရာကြီး။ အခုက ရောဂါပျောက်ကင်းသူတွေလည်း များလာပြီဆိုတော့ ဘယ်လို သတ်မှတ်ရွေးချယ်ပြီးတော့ ပျောက်ကင်းလူနာတွေရဲ့ သွေးရည်ကြည်ကို ရယူနေတာလဲရှင့်။

ပါမောက္ခဒေါက်တာရဲမြ။ COVID- 19 ဖြစ်တာက တယောက်နဲ့တယောက်က မတူဘူးပေါ့နော်။ ရောဂါပိုးက ကိုယ်ခန္ဓာထဲဝင်ပြီဆိုလို့ရှိရင် ၈၀ရာခိုင်နှုန်းလောက်က ဘာမှသိပ်မဖြစ်ဘူး၊ နည်းနည်းပါးပါးဖြစ်ပြီး သူ့ဟာသူပြန်ကောင်းသွားကြတာကများတယ်။ ၂၀ရာခိုင်နှုန်းလောက်ကပဲ တကယ်ဒီရောဂါလက္ခဏာရဲ့ဝေဒနာကို ခံစားရတာပေါ့နော်။ အဲဒီအထဲမှာမှ ၅ယောက်လောက်က ပြင်းပြင်းထန်ထန်ဖြစ်မယ်၊ အထူးကြပ်မတ်ကုသဆောင်ထဲ ထည့်ရတယ်၊ အသက်ရှူစက်တွေတင်ရတယ်ပေါ့။ အဲတော့ အထူးသဖြင့် ရောဂါလက္ခဏာများများဖြစ်တဲ့လူပေါ့။ သူတို့က ဒီရောဂါကိုကျော်လွှားတိုက်ခိုက်နိုင်ပြီဆိုရင် သူတို့ကိုယ်ခန္ဓာထဲမှာ ပဋိပစ္စည်းလို့ခေါ်တဲ့ Antibody အလုံအလောက်ရှိမယ်လို့ ယူဆတာပေါ့။ ဆိုတော့ အဲဒီဟာကို သူတို့ကိုပြန်စစ်တယ်၊ ရောဂါပိုးလည်းမရှိတော့ဘူး၊ Quarantine ၁၄ရက်လည်း ဝင်ပြီးပြီဆိုရင် စေတနာရှိလို့ သူတို့လှူချင်တယ်ဆိုရင် သူတို့ဆီကယူပြီး ဒါကိုသိမ်းထားမယ်ပေါ့။ နောက်လိုအပ်တဲ့သူကို ကျတော်တို့ပြန်သွင်းပေးမယ်ပေါ့။ အဲတော့ လိုအပ်တဲ့သူဆိုတာ လူတိုင်းကိုပေးမှာမဟုတ်ဘူး။ ဆိုလိုတာက သွေးရည်ကြည်သွင်းလို့ လုံးဝကောင်းသွားတယ်မဟုတ်ဘူး။ သွေးရည်ကြည်သွင်းတာက ကုသတဲ့ နည်းတခုပဲဖြစ်တယ်။

စုစု။ သွေးရည်ကြည်ကုထုံးနဲ့ကုသတာက ကိုဗစ်ရောဂါကုသနည်းတွေထဲက ကုထုံးတခုသာဖြစ်တယ်၊ ဒါနဲ့ကုသလို့ ပျောက်ကင်းမှာသေချာနေတာမဟုတ်ဘူးဆိုရင် လေ့လာတွေ့ရှိချက်တွေအရ ဒီကုထုံးအပေါ် ဆရာတို့ဘယ်လောက်ထိမျှော်လင့်ထားလဲ။

ပါမောက္ခဒေါက်တာရဲမြ။ အဲတော့ ဒီသွေးရည်ကြည်သွင်းပေးလိုက်လို့ အကုန်လုံးကောင်းသွားမယ်လို့လည်းမဟုတ်ဘူး။ ဘာလို့ဆို ကျတော်တို့ဘယ်သူမှမသိသေးဘူး။ ဒီရောဂါကြီးက အသစ်အဆန်းကြီးဖြစ်နေတယ်လေ။ ဒါပေမယ့် သိသလောက်ပေါ့နော်။ အထူးသဖြင့် တရုတ်ပြည်မှာ စသုံးတဲ့အပိုင်းလေးတွေထဲမှာ ဒါသွင်းလိုက်ခြင်းအားဖြင့် သက်သာသွားတဲ့ဘက်ကိုများတယ်ပေါ့နော်။ ကောင်းသွားတဲ့ဘက်ကိုများတယ်ဆိုတဲ့ အထောက်အထားလေးတွေရှိလာတာပေါ့နော်။ ဆိုတော့ ကျတော်တို့ကအဲလိုလုပ်နေတာပါ။ အခုတချို့တိုင်းပြည်တွေမှာဖြစ်တယ်။ အိမ်နီးချင်းဆို အိန္ဒိယမှာဆိုရင် ဒီသွေးရည်ကြည်သွင်းလိုက်ရင် ကောင်းသွားမှာပဲ၊ သွေးရည်ကြည်သွင်းချင်တယ်ဆိုပြီး ဖြစ်ကြတာပေါ့နော်။ ဒါပေမယ့် သွင်းလိုက်ပြီးမှ သေဆုံးသွားတာတွေလည်းဖြစ်တော့ အဲဒီမှာ ဂယက်ခြောက်ခြားဖြစ်တာတွေလည်း ဖြစ်တာပေါ့နော်။ ဆိုတော့ ကျတော်တို့ကတော့ ဒီဥစ္စာကို သူ့ရဲ့နည်းစနစ်နဲ့ သိပ္ပံနည်းကျကျ ချင့်ချိန်ပြီးတော့ သုံးစွဲရမှာဖြစ်တယ်။ မျှော်လင့်တာကတော့ ဒါသွင်းပေးလိုက်လို့ရှိရင် ကောင်းတဲ့လူနည်းနည်းများလာမယ်လို့ ယူဆတာပေါ့နော်။

စုစု။ ဒီတော့ လူနာကို ဘယ်လိုအချိန်မှာ ဒီသွေးရည်ကြည်ကုထုံးနဲ့ ကုသပေးဖို့ ဆုံးဖြတ်ထားလဲရှင့်။

ပါမောက္ခဒေါက်တာရဲမြ။ များသောအားဖြင့် ရောဂါက ပထမပတ်မှာဆို သိပ်မဆိုးဘူးပေါ့နော်။ ဖျားမယ်၊ နည်းနည်းချောင်းဆိုးမယ်။ ဒုတိယပတ်လောက်ဆို မောတာတို့ဘာတို့စလာတယ်။ တတိယပတ်လောက်မှာ စပြီးတော့ အသက်မရှူနိုင်ဖြစ်တာပေါ့နော်။ တခါတလေ နှလုံးအားမကောင်းတော့ဘူး၊ ကျောက်ကပ်အားမကောင်းတော့ဘူး။ သုံးပတ်ကျော်သွားပြီဆို တော်တော်အခြေအနေဆိုးနေပြီ။ အဲဒီအချိန်မှာမှ သွားသွင်းရင်တော့ ဘာမှမထူးဘူး။ ကျတော်တို့က အချိန်ကိုအတိအကျရွေးရတယ်။ ဘယ်အချိန်မှာသွင်းမလဲ၊ ကောင်းဖို့ဘက်ကိုများလား၊ ဆိုးဖို့ဘက်ကိုများလား ချင့်ချိန်ပြီးတော့လေ။ အဲတော့ လူတကာသွင်းလောက်အောင်လည်း အဲဒီလောက် ကျတော်တို့ဆီမှာ သွေးရည်ကြည်တွေမရှိဘူး။

အခုဆောင်ရွက်နေတဲ့ ကုထုံးအတွက် ရောဂါပျောက်ကင်းသူတချို့ဆီက သွေးရည်ကြည်ယူတာကို ဝေဘာဂီဆေးရုံကြီးမှာ စတင်နေပြီးတော့ လိုအပ်လာရင် တိုးချဲ့ဆောင်ရွက်ဖို့အတွက် တခြားနေရာတွေမှာပါ ပြင်ဆင်ထားတယ်လို့ ပါမောက္ခဒေါက်တာရဲမြက ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ ကိုဗစ်လူနာပေါင်း ၂၀၁ဦးအထိရှိထားပြီး အဲဒီထဲက သေဆုံးသူ ၆ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၂၂ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG