သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ခ်င္းက စစ္ေရွာင္ေတြအၾကား COVID-19 ကူးစက္မယ့္အေရး စုိးရိမ္ေန


ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမိဳ႕နယ္ စိုင္းဒင္ေစ်းရြာေရာက္ စစ္ေရွာင္မ်ား (ဓာတ္ပုံ -MP Oung Thaung Shway)

[Zawgyi/Unicode]

စစ္ေရးတင္းမာမႈေတြျဖစ္ပြားေနဆဲ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ စစ္ေရွာင္စခန္းေတြမွာ COVID-19 ေရာဂါ ကူးစက္မွာ စိုးရိမ္ေနရတဲ့ အေျခအေနအေၾကာင္းကို ဗီြအိုေအျမန္ပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ျမန္မာနိုင္ငံမွာ COVID-19 ကူးစက္ျမန္ေရာဂါ ပ်ံ႕ႏွံ႔မႈ ရွိလာေနတဲ့တခ်ိန္ထဲမွာပဲ စစ္ေရးပဋိပကၡျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ပလက္၀ စစ္ေရွာင္စခန္းေတြမွာ ေရာဂါကူးစက္မွာ စိုးရိမ္ေနၾကပါတယ္။

ရခိုင္ျပည္နယ္အတြင္း COVID-19 ေရာဂါကူးစက္ခံရသူ ႏွစ္ ဦး ေတြ႕ရွိရျပီးေနာက္ပိုင္း လူေနထူထပ္တဲ့ စစ္ေရွာင္စခန္းေတြမွာ ဒီေရာဂါကူးစက္သြားမွာ စိုးရိမ္ေနၾကတာပါ။ အထူးသျဖင့္ လိုအပ္ခ်က္ေတြ မ်ားျပားေနတဲ့ စစ္ေရွာင္စခန္းေတြမွာ ေရာဂါကူးစက္မွာ စိုးရိမ္ေနရတယ္လို႔ ရခိုင္တိုင္းရင္းသားမ်ား မ်ိဳးႏြယ္စုအစည္းအရံုးအတြင္းေရးမွဴး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“စစ္ေရွာင္စခန္းေတြမွာေတာ့ တခ်ိဳ႕ျမိဳ႕ျပနဲ႔ အလွမ္းေ၀းျပီးေတာ့မွ စခန္းတခ်ိဳ႕မွာက်ေတာ့ နိုင္ငံျခားက ျပန္လာတဲ့ တခ်ိဳ႕သူေတြက မိသားစုေတြ ရွိေနတဲ့ Camp ေတြနဲ႔ သြားေတြ႕တာမ်ိဳးတို႔ မိသားစုနဲ႔ လာေတြ႕တာမ်ိဳးေပါ့ေနာ္။ ဒါမ်ိဳးေတြ ရွိတယ္။ အဲဒီ Camp ေတြမွာက ဒီ Mark ေတြေရာ မရွိဘူး။ လက္ေဆးဖို႔အတြက္ ေရနဲ႔ ဆပ္ျပာလုံး၀ မရွိဘူး။ ကေလးနဲ႔ သက္ၾကီးရြယ္အိုေတြ မ်ားတယ္ဗ်ာ။ အစာအဟာရ မျပည့္၀ဘူး။ ရာသီဥတု အေျပာင္းအလဲမွာ သူတို႔ေကာင္းေကာင္း အနားယူတာ အိပ္စက္နိုင္တာ မရွိဘူး။ အဲစိုးရိမ္စရာတခုေပါ့။”

ေရာဂါပိုးပ်ံ႕ႏွံ႔ကူးစက္မႈ မရွိေစဖို႔အတြက္ ၿမိဳ႕နယ္၊ ရပ္ကြက္၊ေက်း႐ြာေတြအလိုက္ Quarantine စင္တာေတြ ဖြင့္လွစ္ထားတယ္ဆိုေပမဲ့ လိုအပ္ခ်က္ေတြ ရွိေနဆဲလို႔ ကိုေဇာ္ေဇာ္ထြန္းကေျပာပါတယ္။

“Quarantine စင္တာေတြကို အစိုးရဘက္က အရင္တုန္းကဆိုရင္ အစားအေသာက္အတြက္ကို ၃,၀၀၀ က်ပ္ ေထာက္ပံ့တာ ရွိတယ္။ စစ္ေတြျမိဳ႕အပါ၀င္ အကုန္လုံးျမိဳ႕ေတြမွာ ၁၄ ရက္ေန႕က စျပီးေတာ့ မေပးေတာ့ဘူးလို႔ေျပာပါတယ္ အစိုးရဘက္က။ မေပးတဲ့အခါမွာ Quarantine ၀င္တဲ့ သူေတြမွာ နယ္ကေနျပီးေတာ့မွ ထမင္းေတြပို႔ဖို႔က အဆင္မေျပတဲ့ဟာ ေတြ ရွိတယ္။ သူတို႔ကိုယ္တိုင္ ၀ယ္စားဖို႔ၾကျပန္ေတာ့လည္းပဲ ေငြေၾကးက တခ်ိဳ႕မွာ မပါလာဘူးေပါ့ေနာ္။ အခက္ခဲရွိတယ္။ Quarantine စင္တာေတြမွာ အားနည္းေနတဲ့အေနအထားမွာရွိတယ္။”

ရခိုင္ျပည္နယ္ ေတာင္ပိုင္း သံတြဲနဲ႔ ေတာင္ကုတ္ၿမိဳ႕နယ္မွာ မေလးရွားျပန္ ႏွစ္ဦးမွာ COVID-19 ေရာဂါဗိုင္းရပ္စ္ေတြ႕တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေမလ ၁၉ ရက္က ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိရခိုင္ျပည္နယ္အတြင္း COVID-19 ေရာဂါထိန္းခ်ဳပ္ကာကြယ္ေနမႈနဲ႔ ပတ္သက္လို႔ ျပည္နယ္က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာစိုးဝင္းပိုင္ကအခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ၾကိဳတင္ကာကြယ္တာ အသိပညာေပးတာေပါ့ေနာ္ ဒါပဲ။ ကာကြယ္ေဆးလည္းမရွိေတာ့ကာကြယ္ေဆးလည္း ထိုးလို႔ မရဘူး။ ျပည္သူေတြ က်န္းမာေရးအသိပညာနဲ႔ က်ေနာ္တို႔ ညႊန္ၾကားထားတဲ့ လူစုလူေ၀းေရွာင္ဖို႔ လက္ေဆးဖို႔တို႔။ Quarantine က ၆,၅၀၀ ေလာက္ရွိတယ္ဗ်။ ေစာင့္ၾကည့္သံသယလူနာက ၆၀။ ဒီ Quarantine ၀င္ေနတဲ့လူေတြ ထဲက ၄၂၂ ေယာက္က်ေနာ္တို႔ စစ္ထားတယ္။ အဲဒီအထဲမွာ ႏွစ္ေယာက္ပဲ Positive ေတြ႕တယ္ေပါ့ေနာ္။”

အလားတူ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာလည္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ပလက္၀ၿမိဳ႕နဲ႔ ဆမီးၿမိဳ႕မွာ စစ္ေရွာင္ဦးေရ ၅,၀၀၀ ေက်ာ္ေရာက္ရွိေနတာပါ။

ပလက္၀ၿမိဳ႕နဲ႔ ဆမီးၿမိဳ႕ဟာ တျခားၿမိဳ႕ေတြနဲ႔ ဆက္သြယ္သြားလာဖို႔ အခက္ခဲရွိေနလို႔ စစ္ေရွာင္စခန္းအပါ၀င္ ၿမိဳ႕ထဲမွာ COVID-19 ေရာဂါကူးစက္မွာ စိုးရိမ္တယ္လို႔ ပလက္၀ၿမိဳ႕မိျမိဳ႕ဖ ဦးစိန္ထြန္းလွကေျပာပါတယ္။

“က်ေနာ္တို႔ ပလက္၀ျမိဳ႕နယ္က အခုလမ္းပန္းဆက္သြယ္ေရးက ေဒသအေျခအေနက အဆင္ကမေျပဆိုေတာ့ လိုအပ္တဲ့ေဆး၀ါးေတြလည္း ျပည့္ျပည့္စုံစုံေတာ့ မရွိဘူးခင္ဗ်။ ေတာ္ေတာ္စိုးရိမ္ေနတယ္။ အားလုံးလည္း စိုးရိမ္ေနၾကတယ္။ ဒီပိုးက ေတာ္ေတာ္ေလးျပင္းထန္တယ္ဆိုေတာ့ေလ။”

လက္ရွိခ်င္းျပည္နယ္မွာ COVID-19 ပုိးေတြ႔လူနာ တီးတိန္မွာ ေလး ဦး၊ ဟားခါးမွာ တ ဦး အေပါင္း ငါး ဦး ရွိေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕နယ္ ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့ စစ္ေရွာင္ရြာသားတဦးကေတာ့ COVID-19 ေရာဂါထက္ တိုက္ပြဲအၾကားလက္နက္ေတြ ထိမွန္မွာ စိုးရိမ္ေနရတယ္လို႔ဆိုပါတယ္။

“COVID-19 ထက္ အခုစိုးရိမ္ေနရတာကေတာ့ လက္နက္ၾကီးေတြ၊ လက္နက္ငယ္ေတြ ေခယာဥ္တဲ႕လာျပီး ဗံုးၾကဲတာေတြပဲ စိုးရိမ္ေနရတယ္။”

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔ စစ္ေရးတင္း မာမႈအတြင္း ဒီ၂၀၂၀ ခုႏွစ္မွာ လက္နက္ၾကီးအပါ၀င္ေလေၾကာင္း ပစ္ခတ္မႈေၾကာင့္ အရပ္သား ၇၀ ေလာက္ ေသဆုံးျပီး အမ်ားျပားဒဏ္ရာ ရရွိခဲ့ပါတယ္။

COVID-19 ကူးစက္ျမန္ေရာဂါ ပ်ံ႕ႏွံ႔မႈ ရွိလာေနတဲ့အခ်ိန္မွာ ႏွစ္ဘက္စလုံး အပစ္ရပ္စဲဖို႔ လူမႈအဖြဲ႕အစည္းေတြ နိုင္ငံေရးပါတီေတြကေန ေတာင္းဆိုေနေပမဲ့ ႏွစ္ဘက္တိုက္ပြဲရပ္တန္႕နိုင္တဲ့အေျခအေနမွာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်နဲ့ချင်းက စစ်ရှောင်တွေအကြား COVID-19 ကူးစက်မယ့်အရေး စိုးရိမ်နေ

စစ်ရေးတင်းမာမှုတွေဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀ စစ်ရှောင်စခန်းတွေမှာ COVID-19 ရောဂါ ကူးစက်မှာ စိုးရိမ်နေရတဲ့ အခြေအနေအကြောင်းကို ဗွီအိုအေမြန်ပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်မြန်ရောဂါ ပျံ့နှံ႔မှု ရှိလာနေတဲ့တချိန်ထဲမှာပဲ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်၀ စစ်ရှောင်စခန်းတွေမှာ ရောဂါကူးစက်မှာ စိုးရိမ်နေကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ နှစ် ဦး တွေ့ရှိရပြီးနောက်ပိုင်း လူနေထူထပ်တဲ့ စစ်ရှောင်စခန်းတွေမှာ ဒီရောဂါကူးစက်သွားမှာ စိုးရိမ်နေကြတာပါ။ အထူးသဖြင့် လိုအပ်ချက်တွေ များပြားနေတဲ့ စစ်ရှောင်စခန်းတွေမှာ ရောဂါကူးစက်မှာ စိုးရိမ်နေရတယ်လို့ ရခိုင်တိုင်းရင်းသားများ မျိုးနွယ်စုအစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“စစ်ရှောင်စခန်းတွေမှာတော့ တချို့မြို့ပြနဲ့ အလှမ်းဝေးပြီးတော့မှ စခန်းတချို့မှာကျတော့ နိုင်ငံခြားက ပြန်လာတဲ့ တချို့သူတွေက မိသားစုတွေ ရှိနေတဲ့ Camp တွေနဲ့ သွားတွေ့တာမျိုးတို့ မိသားစုနဲ့ လာတွေ့တာမျိုးပေါ့နော်။ ဒါမျိုးတွေ ရှိတယ်။ အဲဒီ Camp တွေမှာက ဒီ Mark တွေရော မရှိဘူး။ လက်ဆေးဖို့အတွက် ရေနဲ့ ဆပ်ပြာလုံး၀ မရှိဘူး။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ များတယ်ဗျာ။ အစာအဟာရ မပြည့်ဝဘူး။ ရာသီဥတု အပြောင်းအလဲမှာ သူတို့ကောင်းကောင်း အနားယူတာ အိပ်စက်နိုင်တာ မရှိဘူး။ အဲစိုးရိမ်စရာတခုပေါ့။”

ရောဂါပိုးပျံ့နှံ့ကူးစက်မှု မရှိစေဖို့အတွက် မြို့နယ်၊ ရပ်ကွက်၊ကျေးရွာတွေအလိုက် Quarantine စင်တာတွေ ဖွင့်လှစ်ထားတယ်ဆိုပေမဲ့ လိုအပ်ချက်တွေ ရှိနေဆဲလို့ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“Quarantine စင်တာတွေကို အစိုးရဘက်က အရင်တုန်းကဆိုရင် အစားအသောက်အတွက်ကို ၃,၀၀၀ ကျပ် ထောက်ပံ့တာ ရှိတယ်။ စစ်တွေမြို့အပါဝင် အကုန်လုံးမြို့တွေမှာ ၁၄ ရက်နေ့က စပြီးတော့ မပေးတော့ဘူးလို့ပြောပါတယ် အစိုးရဘက်က။ မပေးတဲ့အခါမှာ Quarantine ဝင်တဲ့ သူတွေမှာ နယ်ကနေပြီးတော့မှ ထမင်းတွေပို့ဖို့က အဆင်မပြေတဲ့ဟာ တွေ ရှိတယ်။ သူတို့ကိုယ်တိုင် ဝယ်စားဖို့ကြပြန်တော့လည်းပဲ ငွေကြေးက တချို့မှာ မပါလာဘူးပေါ့နော်။ အခက်ခဲရှိတယ်။ Quarantine စင်တာတွေမှာ အားနည်းနေတဲ့အနေအထားမှာရှိတယ်။”

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲနဲ့ တောင်ကုတ်မြို့နယ်မှာ မလေးရှားပြန် နှစ်ဦးမှာ COVID-19 ရောဂါဗိုင်းရပ်စ်တွေ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါထိန်းချုပ်ကာကွယ်နေမှုနဲ့ ပတ်သက်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကအခုလိုပြောပါတယ်။

“ကျနော်တို့ ကြိုတင်ကာကွယ်တာ အသိပညာပေးတာပေါ့နော် ဒါပဲ။ ကာကွယ်ဆေးလည်းမရှိတော့ကာကွယ်ဆေးလည်း ထိုးလို့ မရဘူး။ ပြည်သူတွေ ကျန်းမာရေးအသိပညာနဲ့ ကျနော်တို့ ညွှန်ကြားထားတဲ့ လူစုလူဝေးရှောင်ဖို့ လက်ဆေးဖို့တို့။ Quarantine က ၆,၅၀၀ လောက်ရှိတယ်ဗျ။ စောင့်ကြည့်သံသယလူနာက ၆၀။ ဒီ Quarantine ဝင်နေတဲ့လူတွေ ထဲက ၄၂၂ ယောက်ကျနော်တို့ စစ်ထားတယ်။ အဲဒီအထဲမှာ နှစ်ယောက်ပဲ Positive တွေ့တယ်ပေါ့နော်။”

အလားတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ပလက်ဝမြို့နဲ့ ဆမီးမြို့မှာ စစ်ရှောင်ဦးရေ ၅,၀၀၀ ကျော်ရောက်ရှိနေတာပါ။

ပလက်ဝမြို့နဲ့ ဆမီးမြို့ဟာ တခြားမြို့တွေနဲ့ ဆက်သွယ်သွားလာဖို့ အခက်ခဲရှိနေလို့ စစ်ရှောင်စခန်းအပါဝင် မြို့ထဲမှာ COVID-19 ရောဂါကူးစက်မှာ စိုးရိမ်တယ်လို့ ပလက်ဝမြို့မိမြို့ဖ ဦးစိန်ထွန်းလှကပြောပါတယ်။

“ကျနော်တို့ ပလက်ဝမြို့နယ်က အခုလမ်းပန်းဆက်သွယ်ရေးက ဒေသအခြေအနေက အဆင်ကမပြေဆိုတော့ လိုအပ်တဲ့ဆေးဝါးတွေလည်း ပြည့်ပြည့်စုံစုံတော့ မရှိဘူးခင်ဗျ။ တော်တော်စိုးရိမ်နေတယ်။ အားလုံးလည်း စိုးရိမ်နေကြတယ်။ ဒီပိုးက တော်တော်လေးပြင်းထန်တယ်ဆိုတော့လေ။”

လက်ရှိချင်းပြည်နယ်မှာ COVID-19 ပိုးတွေ့လူနာ တီးတိန်မှာ လေး ဦး၊ ဟားခါးမှာ တ ဦး အပေါင်း ငါး ဦး ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်၀ မြို့နယ် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ရွာသားတဦးကတော့ COVID-19 ရောဂါထက် တိုက်ပွဲအကြားလက်နက်တွေ ထိမှန်မှာ စိုးရိမ်နေရတယ်လို့ဆိုပါတယ်။

“COVID-19 ထက် အခုစိုးရိမ်နေရတာကတော့ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေ ခေယာဉ်တဲ့လာပြီး ဗုံးကြဲတာတွေပဲ စိုးရိမ်နေရတယ်။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်း မာမှုအတွင်း ဒီ၂၀၂၀ ခုနှစ်မှာ လက်နက်ကြီးအပါဝင်လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သား ၇၀ လောက် သေဆုံးပြီး အများပြားဒဏ်ရာ ရရှိခဲ့ပါတယ်။

COVID-19 ကူးစက်မြန်ရောဂါ ပျံ့နှံ့မှု ရှိလာနေတဲ့အချိန်မှာ နှစ်ဘက်စလုံး အပစ်ရပ်စဲဖို့ လူမှုအဖွဲ့အစည်းတွေ နိုင်ငံရေးပါတီတွေကနေ တောင်းဆိုနေပေမဲ့ နှစ်ဘက်တိုက်ပွဲရပ်တန့်နိုင်တဲ့အခြေအနေမှာ မရှိသေးပါဘူး။

XS
SM
MD
LG