သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ပိတ္မိေနသူ ျမန္မာသေဘၤာသားေတြရဲ႕ အေျခအေန


မွတ္တမ္းဓါတ္ပံု- ၂၀၀၉ ဇြန္လတုန္းက သီလ၀ါဆိပ္ကမ္းတြင္ ကမ္းကပ္ေနေသာ သေဘာၤမ်ား

[Zawgyi/Unicode]

COVID-19 ေရာဂါျဖစ္ပြားေနတဲ့ကာလ ႏိုင္ငံတကာကုန္သြယ္ေရေၾကာင္း သေဘၤာေပၚက သေဘၤာသားေတြ အလဲအလွယ္ကို မလုပ္ႏိုင္ဘဲ ေနရပ္ျပန္ဖို႔ အခက္အခဲနဲ႔ သေဘာၤေပၚပိတ္မိေနတဲ့အထဲ ျမန္မာသေဘၤာသားေတြလည္း ရိွေနတယ္ဆိုတဲ့ သတင္းေျပာျပပါမယ္။ ဒီအေၾကာင္းဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

COVID-19 ကမာၻ႔ကပ္ေရာဂါျဖစ္ေနတဲ့ကာလ ပင္လယ္ကုန္သြယ္ေရးလမ္းေၾကာင္းေပၚမွာ ပိတ္မိေနတဲ့ သေဘၤာသားစုစုေပါင္း ၂၀၀,၀၀၀ ေက်ာ္ရွိၿပီး သူတို႔ကို လုပ္သားအသစ္နဲ႔ စနစ္တက်လဲလွယ္တာေတြ သက္ဆိုင္ရာႏိုင္ငံေတြက စတင္လုပ္ေဆာင္ေပးဖို႔ ကုလသမဂၢကို ႏိုင္ငံတကာအဖြဲ႕အစည္းတခ်ိဳ႕က ေတာင္းဆိုထားပါတယ္။ ဒီလို ပိတ္မိေနတဲ့အထဲ ျမန္မာသေဘၤာ သားေတြလည္းပါ ပါတယ္။ သူတို႔ကို လုပ္သားအသစ္နဲ႔ အစားထိုးဖို႔အတြက္ ေလေၾကာင္းလိုင္းေတြ ျပန္ဖြင့္မယ့္ ဇြန္လ ၁ရက္အထိ ေစာင့္ဆိုင္းရမယ္လို႔ ျမန္မာႏိုင္ငံ ပင္လယ္ကူးသေဘၤာသားမ်ားအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ဦးတင္ဝင္းႏိုင္က ေျပာပါတယ္။

“တကယ္လို႔ ႏိုင္ငံတကာက WHO တို႔ဘာတို႔က COVID certificate တို႔ဘာတို႔ မလိုေတာ့ဘူးဆိုရင္ က်ေနာ္တို႔လည္း ၿပီးသြားၿပီေပါ့။ အခုအခက္အခဲကေတာ့ ရွိတယ္၊ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဆင္းခ်င္တဲ့သူေတြက အမ်ားႀကီးပဲ၊ အခုက air line ေတြက ပိတ္ထားေတာ့ ဆင္းလို႔မရျဖစ္ေနတာ။ ဒါေပမဲ့ ဇြန္လ ၁ ရက္၊ ၂ ရက္က စၿပီး ဖြင့္ေပးတယ္ဆိုရင္ေတာ့ အေျခအေနေတာ့ အမ်ားႀကီး ေကာင္းလာပါၿပီ။ မထြက္ရေသးတာ လက္ရွိ onboat သေဘၤာေတြေပၚမွာေတာ့ ၁၀,၀၀၀ ေက်ာ္ေလာက္ရွိတယ္။”

လူသစ္လဲဖို႔ သေဘၤေပၚသြားမယ့္ သေဘၤာသားေတြဟာ COVID-19 ကင္းရွင္းတဲ့ ေထာက္ခံခ်က္ရွိရမွာပါ။ ဒီေထာက္ခံခ်က္ရဖို႔ ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအဖြဲ႕ခ်ဳပ္က အစိုးရက်န္းမာေရးဌာနနဲ႔ ညႇိႏႈိင္းၿပီး စီစဥ္ေပးပါတယ္။ ဒီလက္မွတ္ရဲ႕ သက္တမ္းက ၇၂ နာရီပဲ ခံၿပီး ေထာက္ခံခ်က္ရထားသူအေနနဲ႔ ဒီသက္တမ္းမကုန္ခင္ သေဘၤာေပၚေရာက္ေအာင္ ကုမၸဏီဘက္က စီစဥ္ရမွာပါ။ သေဘၤာေပၚမတတ္ႏိုင္ဘဲ ၇၂ နာရီေက်ာ္ခဲ့မယ္ဆိုရင္ေတာ့ မိခင္ႏိုင္ငံျပန္သြားၿပီး ေထာက္ခံခ်က္အသစ္ကို ထပ္လုပ္ရမွာျဖစ္ပါတယ္။

ဒီအခ်က္ေတြအပါအဝင္ သေဘၤာသားေတြ အသစ္ အေဟာင္းလဲလွယ္တဲ့အခါ အဆင္ေျပေအာင္ သက္ဆိုင္ရာအစိုးရက ျပ႒ာန္းခ်က္ေတြတိတိက်က်ထုတ္ေပးဖို႔ သေဘၤာလုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္ ICS၊ အျပည္ျပည္ဆိုင္ရာကုန္သြယ္ေရး သမဂၢ ITUC၊ အျပည္ျပည္ဆိုင္ရာပို႔ေဆာင္ေရးအလုပ္သမားမ်ား သမဂၢအဖြဲ႕ခ်ဳပ္ ITF သုံးဖြဲ႕က ကုလသမဂၢကို စာေပးပို႔ခဲ့တာပါ။

လက္ရွိမွာ ေလဆိပ္အမ်ားစုက ပိတ္ထားၿပီး ဇြန္လမွ ျပန္ဖြင့္ၾကမွာပါ။ ဦးစားေပးအေနနဲ႔ က်န္းမာေရးမေကာင္းသူ၊ လစာမရလို႔ ေနရပ္ျပန္ခ်င္သူ၊ စာခ်ဳပ္သက္တမ္းေက်ာ္တဲ့သူ၊ ေလဆိပ္ဖြင့္တဲ့ႏိုင္ငံကသူ ဒီလိုအခ်က္ေတြနဲ႔ကိုက္ညီတဲ့သူေတြက ဦးစားေပးလဲလွယ္ခြင့္ရၾကမွာပါ။

ပင္လယ္ေရေၾကာင္းမွာ ျမန္မာႏိုင္ငံကႏိုင္ငံေပါင္း ၁၅၀ ေလာက္နဲ႔ ခ်ိတ္ဆက္ကူးသန္းေနတာပါ။ လက္ရိွအားျဖင့္ဆိုရင္ မွတ္ပုံတင္ထားတဲ့ ျမန္မာသေဘၤာသား အရာရွိႀကီး၊ ငယ္ စုစုေပါင္း ၁၀၀,၀၀၀ ေက်ာ္ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကြောင့် ပိတ်မိနေသူ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေ

[Unicode Version]

COVID-19 ရောဂါဖြစ်ပွားနေတဲ့ကာလ နိုင်ငံတကာကုန်သွယ်ရေကြောင်း သင်္ဘောပေါ်က သင်္ဘောသားတွေ အလဲအလှယ်ကို မလုပ်နိုင်ဘဲ နေရပ်ပြန်ဖို့ အခက်အခဲနဲ့ သဘောၤပေါ်ပိတ်မိနေတဲ့အထဲ မြန်မာသင်္ဘောသားတွေလည်း ရှိနေတယ်ဆိုတဲ့ သတင်းပြောပြပါမယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့ကာလ ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ပိတ်မိနေတဲ့ သင်္ဘောသားစုစုပေါင်း ၂၀၀,၀၀၀ ကျော်ရှိပြီး သူတို့ကို လုပ်သားအသစ်နဲ့ စနစ်တကျလဲလှယ်တာတွေ သက်ဆိုင်ရာနိုင်ငံတွေက စတင်လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂကို နိုင်ငံတကာအဖွဲ့အစည်းတချို့က တောင်းဆိုထားပါတယ်။ ဒီလို ပိတ်မိနေတဲ့အထဲ မြန်မာသင်္ဘော သားတွေလည်းပါ ပါတယ်။ သူတို့ကို လုပ်သားအသစ်နဲ့ အစားထိုးဖို့အတွက် လေကြောင်းလိုင်းတွေ ပြန်ဖွင့်မယ့် ဇွန်လ ၁ရက်အထိ စောင့်ဆိုင်းရမယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဝင်းနိုင်က ပြောပါတယ်။

“တကယ်လို့ နိုင်ငံတကာက WHO တို့ဘာတို့က COVID certificate တို့ဘာတို့ မလိုတော့ဘူးဆိုရင် ကျနော်တို့လည်း ပြီးသွားပြီပေါ့။ အခုအခက်အခဲကတော့ ရှိတယ်၊ တော်တော်များများကတော့ ဆင်းချင်တဲ့သူတွေက အများကြီးပဲ၊ အခုက air line တွေက ပိတ်ထားတော့ ဆင်းလို့မရဖြစ်နေတာ။ ဒါပေမဲ့ ဇွန်လ ၁ ရက်၊ ၂ ရက်က စပြီး ဖွင့်ပေးတယ်ဆိုရင်တော့ အခြေအနေတော့ အများကြီး ကောင်းလာပါပြီ။ မထွက်ရသေးတာ လက်ရှိ onboat သင်္ဘောတွေပေါ်မှာတော့ ၁၀,၀၀၀ ကျော်လောက်ရှိတယ်။”

လူသစ်လဲဖို့ သင်္ဘေပေါ်သွားမယ့် သင်္ဘောသားတွေဟာ COVID-19 ကင်းရှင်းတဲ့ ထောက်ခံချက်ရှိရမှာပါ။ ဒီထောက်ခံချက်ရဖို့ မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအဖွဲ့ချုပ်က အစိုးရကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီး စီစဉ်ပေးပါတယ်။ ဒီလက်မှတ်ရဲ့ သက်တမ်းက ၇၂ နာရီပဲ ခံပြီး ထောက်ခံချက်ရထားသူအနေနဲ့ ဒီသက်တမ်းမကုန်ခင် သင်္ဘောပေါ်ရောက်အောင် ကုမ္ပဏီဘက်က စီစဉ်ရမှာပါ။ သင်္ဘောပေါ်မတတ်နိုင်ဘဲ ၇၂ နာရီကျော်ခဲ့မယ်ဆိုရင်တော့ မိခင်နိုင်ငံပြန်သွားပြီး ထောက်ခံချက်အသစ်ကို ထပ်လုပ်ရမှာဖြစ်ပါတယ်။

ဒီအချက်တွေအပါအဝင် သင်္ဘောသားတွေ အသစ် အဟောင်းလဲလှယ်တဲ့အခါ အဆင်ပြေအောင် သက်ဆိုင်ရာအစိုးရက ပြဋ္ဌာန်းချက်တွေတိတိကျကျထုတ်ပေးဖို့ သင်္ဘောလုပ်ငန်းရှင်များအဖွဲ့ချုပ် ICS၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး သမဂ္ဂ ITUC၊ အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေးအလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် ITF သုံးဖွဲ့က ကုလသမဂ္ဂကို စာပေးပို့ခဲ့တာပါ။

လက်ရှိမှာ လေဆိပ်အများစုက ပိတ်ထားပြီး ဇွန်လမှ ပြန်ဖွင့်ကြမှာပါ။ ဦးစားပေးအနေနဲ့ ကျန်းမာရေးမကောင်းသူ၊ လစာမရလို့ နေရပ်ပြန်ချင်သူ၊ စာချုပ်သက်တမ်းကျော်တဲ့သူ၊ လေဆိပ်ဖွင့်တဲ့နိုင်ငံကသူ ဒီလိုအချက်တွေနဲ့ကိုက်ညီတဲ့သူတွေက ဦးစားပေးလဲလှယ်ခွင့်ရကြမှာပါ။

ပင်လယ်ရေကြောင်းမှာ မြန်မာနိုင်ငံကနိုင်ငံပေါင်း ၁၅၀ လောက်နဲ့ ချိတ်ဆက်ကူးသန်းနေတာပါ။ လက်ရှိအားဖြင့်ဆိုရင် မှတ်ပုံတင်ထားတဲ့ မြန်မာသင်္ဘောသား အရာရှိကြီး၊ ငယ် စုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိနေပါတယ်။

XS
SM
MD
LG