သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကိုဗစ်ဆိုင်ရာကန့်သတ်ချက် ချိုးဖောက်မှုတွေကြောင့် ဖမ်းဆီးခံထားရသူ ၅၀၀ ခန့်ရှိ


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ထိန်းချုပ်ရေး အပြင်မထွက်ရ အမိန့်၊ Curfew နဲ့ Quarantine တားမြစ်ချက်တွေကို ချိုးဖောက် တာကြောင့် ကလေးငယ်တွေ၊ ပြည်တော်ပြန်တွေနဲ့ လူနည်းစု ဘာသာဝင်တွေ အပါအဝင် ထောင်ချ ခံရသူ အနည်းဆုံး ၅၀၀ ရှိပြီး ပြစ်ဒဏ်တွေက ထောင်ဒဏ် ၁ လကနေ ၁ နှစ်အထိ ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) က ပြောပါတယ်။

Curfew နဲ့ Quarantine ကို ချိုးဖောက်လို့ ချမှတ်တဲ့ ပြစ်ဒဏ်က ပြင်းထန်လွန်းသလို သန့်ရှင်းမှု မရှိတဲ့ ထောင်တွေထဲ ရောဂါ ကူးစက်မှာလည်း စိုးရိမ်ရတာကြောင့် COVID 19 နဲ့ပတ်သက်ပြီး အပြစ်ကျူးလွန်သူတွေကို ထောင်ချ အပြစ်ပေးတာကို ရပ်ဆိုင်းသင့်တယ်လို့ HRW က ပြောပါတယ်။

အများစုက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ ကူးစက်ရောဂါ တားဆီးနှိမ်နင်းရေး ဥပဒေတွေနဲ့ ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပြီး မြန်မာ အာဏာပိုင်တွေက နောက်ထပ် လူ ရာချီပြီး တရားစွဲထားတာ ဒါမှမဟုတ် ငွေဒဏ် ချမှတ်တာတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ လူချင်း ခပ်ခွာခွာနေဖို့ စည်းကမ်းနဲ့ CURFEW နဲ့ QUARANTINE ချိုးဖောက်လို့ ထောင်ချတာက ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတသလို လူထု ကျန်းမာရေး အန္တရာယ်ကို လျှော့ချလိုတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း ဝိရောဓိ ဖြစ်နေတယ်လို့ HRW ရဲ့ အာရှဒေသ ဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မေလ ၂၇ ရက်နဲ့ ၂၈ ရက် ၂ ရက်ဆက်တိုက် ဓာတ်ခွဲခန်း အတည်ပြုလူနာ မရှိခဲ့ပါဘူး။ မေလ ၂၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်အရတော့ COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ တစ်ယောက် ထပ်မံ တွေ့ရှိခဲ့ပါတယ်။ နောက်ဆုံးရောဂါပိုး တွေ့ရှိသူဟာ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်က အသက် ၄၄ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။ သူဟာ မလေးရှားနိုင်ငံကနေ ပြန်လာသူ ဖြစ်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ဓါတ်ခွဲ စမ်းသပ်မှုပေါင်း ၂၄၀၀၀ နီးပါး ပြုလုပ်ခဲ့ပြီး ဓါတ်ခွဲအတည်ပြု လူနာ ၂၀၇ ဦး၊ ရောဂါ ပြန်လည် သက်သာလာသူ ၁၃၀ နဲ့ သေဆုံးသူ ၆ ဦး ရှိပါတယ်။


................


(Unicode)





XS
SM
MD
LG