သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္ဘက္အဖြဲ႔ေတြေဝဖန္ခ်က္ လူ႔အခြင့္အေရးေကာ္မရွင္ ဘယ္လိုတုံ႔ျပန္သလဲ


ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ (MNHRC) ရံုး

[Zawgyi/Unicode]

ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ကိုဗစ္ကာလတြင္း ပိုမိုဆိုး႐ြားလာတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚ ကိုင္တြယ္ေျဖရွင္းႏိုင္ျခင္း မရွိဘူးဆိုတဲ့ အရပ္ဘက္အဖြဲ႕ေတြရဲ႕ေျပာဆိုမႈအေပၚ ေကာ္မရွင္အေနနဲ႔ ဘယ္လိုသေဘာထားရွိေနသလဲဆိုတာကို တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

အခုႏွစ္အစပိုင္းမွာ ခန႔္အပ္လိုက္တဲ့ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ (MNHRC) ရဲ႕အဖြဲ႕ဝင္အသစ္ေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြအေပၚကိုင္တြယ္လိုတဲ့စိတ္ရင္းနဲ႔ ဆႏၵကင္းမဲ့ေနတယ္လို႔ လူ႔အခြင့္အေရး လႈပ္ရွားေဆာင္႐ြက္ေနတဲ့ အရပ္ဘက္အဖြဲ႕ ၂၂ ဖြဲ႕ က ေမလ ၂၇ ရက္ေန႔တုန္းက ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္အဆင့္ျဖစ္တဲ့ လူ႔အခြင့္အေရးေကာ္မရွင္ဟာ ႏိုင္ငံသားေတြရဲ႕အခြင့္အေရးကို အခ်ိန္ျပည့္ေစာင့္ၾကည့္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ရပ္တန႔္ေအာင္ႏႈိးေဆာ္တာ လုပ္ေဆာင္ဖို႔တာဝန္ရွိၿပီး ဒါေတြကို ထိထိေရာက္ေရာက္လုပ္ေဆာင္ဖို႔အတြက္ အခုလို တိုက္တြန္းလိုက္တာ ျဖစ္တယ္လို႔ ညီမွ်ျခင္း-ျမန္မာရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“ကိုဗစ္ကာလေၾကာင့္မို႔လို႔ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ပိုၿပီးေတာ့ျဖစ္ေအာင္ ဖန္တီးေပးေနတဲ့အခ်က္ေတြရွိတယ္။ အဲဒီေတာ့ သူတို႔ရဲ႕အလုပ္က ဒီလိုမ်ိဳးကာလအတြင္းမွာ သာမန္အေျခအေနအတြက္ေရာ၊ အထူးထူးျခားတဲ့ ကိုဗစ္ကာလအတြင္းမွာရွိေသာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကိစၥေတြေရာ၊ ႏွစ္ဆတိုးၿပီးေတာ့ လုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ ဒါေပမဲ့ အခုခ်ိန္ထိ သာမန္လုပ္ငန္းေတာင္မွ လုပ္ေဆာင္မႈအပိုင္းမွာ လူထုသိေအာင္ခ် မျပႏိုင္တဲ့အတြက္ေၾကာင့္မို႔လို႔ ဒီကိုဗစ္ကာလမွာ ပိုၿပီးေတာ့လုပ္ေဆာင္ၾကပါ။ ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရပ္တန႔္ေအာင္ တားဆီးႏိုင္ေအာင္ ထုတ္ေဖာ္ေျပာဆိုၿပီးေတာ့ ေသခ်ာေအာင္လုပ္ေဆာင္ေပးပါလို႔ တိုက္တြန္းတာပဲျဖစ္ပါတယ္။”

ကိုဗစ္ကာလကိုအေၾကာင္းျပဳၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ပိုမ်ားလာတယ္ဆိုတာ ေကာ္မရွင္အေနနဲ႔လည္း လက္ခံထားၿပီး ဒီကာလမွာ လုပ္လက္စ လုပ္ငန္းတခ်ိဳ႕ကိုပါ ရပ္တန႔္ထားရတယ္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အေနနဲ႔ ခ်မွတ္ထားတဲ့ ၂၀၂၀ အတြင္း လုပ္ေဆာင္ရမယ့္တာဝန္ေတြကို ေဆာင္႐ြက္ေနၿပီး၊ အရပ္ဘက္အဖြဲ႕ေတြရဲ႕ ထုတ္ျပန္ေျပာဆိုမႈအေပၚ အခုလို တုံ႔ျပန္ထားပါတယ္။

“အန္ကယ္တို႔မွာ Policy Commitment မရွိတာလုံးဝ မဟုတ္ဘူး။ အန္ကယ္တို႔မွာ ရွိတယ္။ အဲေတာ့ သူတို႔ေျပာသလို စိတ္ဝင္စားမႈ မရွိဘူးဆိုတာကလည္း အရမ္းမ်ားသြားတယ္ထင္တယ္။ အန္ကယ္တို႔မွာ တေန႔တေန႔ လုပ္ရမယ့္အလုပ္ေတြကို ဘယ္လိုနည္းနဲ႔ ဒီကိုဗစ္ကာလမွာျဖစ္ေအာင္ လုပ္ရမလဲဆိုတာကို ေတာ္ေတာ္တြက္ရတယ္။ ဆိုေတာ့ သူတို႔ေျပာေနတဲ့ နယ္စပ္ပိုင္းမွာျဖစ္ေနတယ္ဆိုတာတို႔ဘာတို႔ အန္ကယ္တို႔အဲေနရာကို Physically သြားဖို႔ဆိုတာ ေလာေလာဆယ္အေနအထားမွာ အမွန္အတိုင္းေျပာရင္ မလြယ္ဘူး။ ဒါ ပြင့္ပြင့္လင္းလင္းေျပာတာ။ အေျခအေနေပးတဲ့အခါမွာ ဒါေတြကမလုပ္မွာလည္းမဟုတ္ဘူး။ သို႔ေသာ္ အန္ကယ္တို႔နားမစြင့္ေနတာေတာ့ မဟုတ္ဘူး။”

ဒါကေတာ့ ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဥကၠ႒ ဦးလွျမင့္ေျပာသြားတာျဖစ္ပါတယ္။

MNHRC အေနနဲ႔ အဖြဲ႕သစ္စတင္ဖြဲ႕စည္းလိုက္ကတည္းက အက်ဥ္းေထာင္ေတြကို သြားေရာက္စစ္ေဆးတာ၊ လူ႔အခြင့္အေရးဆိုင္ရာ သင္တန္းေတြ ပို႔ခ်တာအျပင္ တိုင္စာလက္ခံမႈေတြရွိေနေပမယ့္လို႔ ဒီကိစၥေတြအေပၚမွာ ကိုင္တြယ္ေျဖရွင္းႏိုင္တာ မေတြ႕ရဘူးလို႔ အရပ္ဘက္အဖြဲ႕ေတြကိုယ္စား ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။

“လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ေနေသာေဒသေတြ၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ျဖစ္ပါတယ္ဆိုၿပီးေတာ့ တိုင္ၾကားထားတဲ့သူေတြနဲ႔ေတြ႕ဆုံတာေတြ၊ ဒီအမႈေတြကို သူတို႔ေကာ္မရွင္ကိုတိုင္ၾကားလာဖို႔အတြက္ ပံ့ပိုးေပးတာေတြ။ တိုင္ၾကားလာတဲ့အေပၚမွာလည္း မူတည္ၿပီးေတာ့ ထိေရာက္ေသာ တရားဥပေဒနဲ႔ ကုစားမႈျဖစ္ဖို႔အတြက္ လုပ္ေဆာင္ေပးတဲ့အပိုင္း။ ဒီအပိုင္းေတြကို က်ေနာ္တို႔ ေသခ်ာမေတြ႕ရဘူး။ အဲေတာ့ သြားေရာက္ၿပီးေတာ့ေထာင္ကိုေလ့လာပါတယ္။ ဒါေပမဲ့ သြားေရာက္ေလ့လာျခင္းေၾကာင့္မို႔ ဘာေတြတိုးတက္လာၿပီး၊ ဘာေတြေျပာင္းလဲလာလဲဆိုတာ က်ေနာ္တို႔မေတြ႕ရဘူး။ ပညာေပးတယ္ အဲဒါနဲ႔ ပတ္သက္လို႔ ဘယ္ေလာက္ထိ တိုးတက္လာလဲဆိုတဲ့အခ်က္ေတြ၊ ရလဒ္ေတြကို က်ေနာ္တို႔မေတြ႕ရတဲ့အတြက္ သူတို႔ရဲ႕လုပ္ေဆာင္မႈ တိုင္းတာဖို႔က အရမ္းအားနည္းပါတယ္။”

ကိုဗစ္ကာလ အေျခအေနေၾကာင့္ ျပင္ပထြက္ရမယ့္ လုပ္ငန္းေတြကို ရပ္နားထားရတယ္လို႔ MNHRC ဥကၠ႒ ဦးလွျမင့္ကလည္း တံု႔ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္းက ပဋိပကၡေတြေၾကာင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ တိုးလာတဲ့အေပၚMNHRC အေနနဲ႔ ၾကားဝင္ေဆာင္႐ြက္ေပးမႈ ပ်က္ကြယ္ေနၿပီး လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္မႈ အားနည္းေနတယ္လို႔ အရပ္ဘက္ ၂၂ ဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဝဖန္ထားပါတယ္။

အခုႏွစ္ဆန္းပိုင္းမွာ ခန႔္အပ္ခဲ့တဲ့ ဒီေကာ္မရွင္အဖြဲ႕ဝင္အမ်ားစုဟာ အစိုးရဌာနပိုင္းက ဗ်ဴ႐ိုကရက္အရာရွိေဟာင္းေတြ အမ်ားစုျဖစ္ေနတာေၾကာင့္၊ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး တက္တက္ႂကြႂကြေဆာင္႐ြက္ပါ့မလားဆိုတာကို လူ႔အခြင့္အေရးလႈပ္ရွားေနတဲ့ အဖြဲ႕ေတြက စိုးရိမ္မႈေတြ ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အရပ်ဘက်အဖွဲ့တွေဝေဖန်ချက် လူ့အခွင့်အရေးကော်မရှင် ဘယ်လိုတုံ့ပြန်သလဲ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ကိုဗစ်ကာလတွင်း ပိုမိုဆိုးရွားလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိဘူးဆိုတဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ပြောဆိုမှုအပေါ် ကော်မရှင်အနေနဲ့ ဘယ်လိုသဘောထားရှိနေသလဲဆိုတာကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

အခုနှစ်အစပိုင်းမှာ ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ရဲ့အဖွဲ့ဝင်အသစ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်ကိုင်တွယ်လိုတဲ့စိတ်ရင်းနဲ့ ဆန္ဒကင်းမဲ့နေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့ ၂၂ ဖွဲ့ က မေလ ၂၇ ရက်နေ့တုန်းက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အဆင့်ဖြစ်တဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အချိန်ပြည့်စောင့်ကြည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်အောင်နှိုးဆော်တာ လုပ်ဆောင်ဖို့တာဝန်ရှိပြီး ဒါတွေကို ထိထိရောက်ရောက်လုပ်ဆောင်ဖို့အတွက် အခုလို တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ ညီမျှခြင်း-မြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကိုဗစ်ကာလကြောင့်မို့လို့ လူ့အခွင့်အရေးချိုးဖောက်မှု ပိုပြီးတော့ဖြစ်အောင် ဖန်တီးပေးနေတဲ့အချက်တွေရှိတယ်။ အဲဒီတော့ သူတို့ရဲ့အလုပ်က ဒီလိုမျိုးကာလအတွင်းမှာ သာမန်အခြေအနေအတွက်ရော၊ အထူးထူးခြားတဲ့ ကိုဗစ်ကာလအတွင်းမှာရှိသော လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေရော၊ နှစ်ဆတိုးပြီးတော့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ သာမန်လုပ်ငန်းတောင်မှ လုပ်ဆောင်မှုအပိုင်းမှာ လူထုသိအောင်ချ မပြနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီကိုဗစ်ကာလမှာ ပိုပြီးတော့လုပ်ဆောင်ကြပါ။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် တားဆီးနိုင်အောင် ထုတ်ဖော်ပြောဆိုပြီးတော့ သေချာအောင်လုပ်ဆောင်ပေးပါလို့ တိုက်တွန်းတာပဲဖြစ်ပါတယ်။”

ကိုဗစ်ကာလကိုအကြောင်းပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်ဆိုတာ ကော်မရှင်အနေနဲ့လည်း လက်ခံထားပြီး ဒီကာလမှာ လုပ်လက်စ လုပ်ငန်းတချို့ကိုပါ ရပ်တန့်ထားရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ချမှတ်ထားတဲ့ ၂၀၂၀ အတွင်း လုပ်ဆောင်ရမယ့်တာဝန်တွေကို ဆောင်ရွက်နေပြီး၊ အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ပြောဆိုမှုအပေါ် အခုလို တုံ့ပြန်ထားပါတယ်။

“အန်ကယ်တို့မှာ Policy Commitment မရှိတာလုံးဝ မဟုတ်ဘူး။ အန်ကယ်တို့မှာ ရှိတယ်။ အဲတော့ သူတို့ပြောသလို စိတ်ဝင်စားမှု မရှိဘူးဆိုတာကလည်း အရမ်းများသွားတယ်ထင်တယ်။ အန်ကယ်တို့မှာ တနေ့တနေ့ လုပ်ရမယ့်အလုပ်တွေကို ဘယ်လိုနည်းနဲ့ ဒီကိုဗစ်ကာလမှာဖြစ်အောင် လုပ်ရမလဲဆိုတာကို တော်တော်တွက်ရတယ်။ ဆိုတော့ သူတို့ပြောနေတဲ့ နယ်စပ်ပိုင်းမှာဖြစ်နေတယ်ဆိုတာတို့ဘာတို့ အန်ကယ်တို့အဲနေရာကို Physically သွားဖို့ဆိုတာ လောလောဆယ်အနေအထားမှာ အမှန်အတိုင်းပြောရင် မလွယ်ဘူး။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ အခြေအနေပေးတဲ့အခါမှာ ဒါတွေကမလုပ်မှာလည်းမဟုတ်ဘူး။ သို့သော် အန်ကယ်တို့နားမစွင့်နေတာတော့ မဟုတ်ဘူး။”

ဒါကတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်ပြောသွားတာဖြစ်ပါတယ်။

MNHRC အနေနဲ့ အဖွဲ့သစ်စတင်ဖွဲ့စည်းလိုက်ကတည်းက အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးတာ၊ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ ပို့ချတာအပြင် တိုင်စာလက်ခံမှုတွေရှိနေပေမယ့်လို့ ဒီကိစ္စတွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းနိုင်တာ မတွေ့ရဘူးလို့ အရပ်ဘက်အဖွဲ့တွေကိုယ်စား ဦးအောင်မျိုးမင်းက ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နေသောဒေသတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပါတယ်ဆိုပြီးတော့ တိုင်ကြားထားတဲ့သူတွေနဲ့တွေ့ဆုံတာတွေ၊ ဒီအမှုတွေကို သူတို့ကော်မရှင်ကိုတိုင်ကြားလာဖို့အတွက် ပံ့ပိုးပေးတာတွေ။ တိုင်ကြားလာတဲ့အပေါ်မှာလည်း မူတည်ပြီးတော့ ထိရောက်သော တရားဥပဒေနဲ့ ကုစားမှုဖြစ်ဖို့အတွက် လုပ်ဆောင်ပေးတဲ့အပိုင်း။ ဒီအပိုင်းတွေကို ကျနော်တို့ သေချာမတွေ့ရဘူး။ အဲတော့ သွားရောက်ပြီးတော့ထောင်ကိုလေ့လာပါတယ်။ ဒါပေမဲ့ သွားရောက်လေ့လာခြင်းကြောင့်မို့ ဘာတွေတိုးတက်လာပြီး၊ ဘာတွေပြောင်းလဲလာလဲဆိုတာ ကျနော်တို့မတွေ့ရဘူး။ ပညာပေးတယ် အဲဒါနဲ့ ပတ်သက်လို့ ဘယ်လောက်ထိတိုးတက်လာလဲဆိုတဲ့အချက်တွေ၊ ရလဒ်တွေကို ကျနော်တို့မတွေ့ရတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်မှု တိုင်းတာဖို့က အရမ်းအားနည်းပါတယ်။”

ကိုဗစ်ကာလ အခြေအနေကြောင့် ပြင်ပထွက်ရမယ့် လုပ်ငန်းတွေကို ရပ်နားထားရတယ်လို့ MNHRC ဥက္ကဋ္ဌ ဦးလှမြင့်ကလည်း တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာတဲ့အပေါ်MNHRC အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးမှု ပျက်ကွယ်နေပြီး လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှု အားနည်းနေတယ်လို့ အရပ်ဘက် ၂၂ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဝေဖန်ထားပါတယ်။

အခုနှစ်ဆန်းပိုင်းမှာ ခန့်အပ်ခဲ့တဲ့ ဒီကော်မရှင်အဖွဲ့ဝင်အများစုဟာ အစိုးရဌာနပိုင်းက ဗျူရိုကရက်အရာရှိဟောင်းတွေ အများစုဖြစ်နေတာကြောင့်၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွဆောင်ရွက်ပါ့မလားဆိုတာကို လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေက စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

XS
SM
MD
LG