သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈအေျခအေန စိတ္မေအးဖြယ္ျဖစ္ေနရဆဲ


ရခိုင္ေဒသတြင္းစစ္ပဲြေတြေၾကာင့္ ေနရပ္ခြာ ထြက္ေျပးခဲ့ၾကရတဲ့ ရခိုင္ဒုကၡသည္ မိသားစု (ေဖေဖာ္၀ါရီ ၀၇၊ ၂၀၁၉)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္အတြင္းက လူအခြင့္အေရး ခ်ိဳးေဖာက္ခံေနရတာေတြ ေဒသခံေတြ ဖမ္းဆီးစစ္ေဆးတာေတြနဲ႔ ပတ္သတ္ၿပီးေတာ့ တိုင္ၾကားမႈေတြ လုပ္ေပမဲ့ သက္ဆိုင္ရာက တာ၀န္ရွိသူေတြက ေျဖရွင္းတာေတြမရိွတဲ့အတြက္ ေဒသခံေတြ စိတ္ပ်က္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ဆကေပးထားပါတယ္။

ရခိုင္ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္အတြင္းက မင္းရြာေက်းရြာက ႏွစ္ေယာက္နဲ႔ သန္းပုန္းေခ်ာင္းေက်းရြာသား သံုး ဦးဟာ ၂၀၂၀ ခုႏွစ္ အေစာပိုင္းကတည္းက ေပ်ာက္ဆံုးသြားၿပီး ၃ လေလာက္အၾကာမွာ သူတို႔ရဲ႕အေလာင္းကို ျပန္ေတြ႔ခဲ့တယ္လို႔ ေသဆံုးသြားသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာဆိုၾကပါတယ္။

အဲဒီေသဆံုးသြားသူေတြနဲ႔ ပတ္သတ္ၿပီး စံုစမ္းေဖာ္ထုတ္ေပးဖို႔ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႕အခြင့္အေရး ေကာ္မရွင္ကို တိုင္ၾကားထားေပမဲ့လည္း အခုအခ်ိန္ထိ တစံုတရာ အေၾကာင္း မထူးေသးဘူးလို႔ ရခိုင္ျပည္နယ္ လူ႔အခြင့္ အေရးကာကြယ္ျမွင့္တင္ေပးေရး အဖြဲ႔ရဲ႕ ဒါရိုက္တာ ဦးျမတ္ထြန္းက ေျပာပါတယ္။

"ပထမႏွစ္ေယာက္ ေပ်ာက္သြားတာကို က်ေတာ့ လာၿပီးေတာ့ တိုင္တယ္။ တိုင္တဲ့အခါမွာလည္း စံုစမ္းတယ္ဆိုေပမဲ့ က်ေနာ္တို႔က အဲဒီနယ္ေျမကို သြားၿပီးေတာ့ စံုစမ္းတာ မဟုတ္ဘူး။ ကာယကံရွင္ကိုပဲ ေမးျမန္းတာေပါ့။ ထြက္ဆိုခ်က္ကို ယူၿပီးေတာ့ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရး ေကာ္မရွင္ကို တိုင္ထားတာ။ ေနာက္သံုး ေယာက္ကေတာ့ ေပ်ာက္သြားကတည္းက လာမတိုင္ဘူး ေနာက္ၿပီးမွာ ေသၿပီးဆိုၿပီး သတင္းရတယ္။ လူအခြင့္ အေရးေကာ္မရွင္ကလည္း ပထမ ႏွစ္ေယာက္နဲ႔ ပတ္သတ္ၿပီး တင္ထားတာကို ဒီေန႔အခ်ိန္ထိ တစံုတရာ ထုတ္ျပန္တာ မရွိေသးဘူး။"

ရခိုင္ေျမာက္ပိုင္းမွာ လုူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရတာေတြနဲ႔ ပတ္သတ္ၿပီး ရခိုင္ျပည္နယ္ လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့ေပမဲ့လည္း အစိုးရက အေကာ္အထည္ေဖာ္ေဆာင္ရြက္ေပးတာမရွိဘူးလို႔ မင္းျပားၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာပါတယ္။

"လူ႕အခြင့္ေရးနဲ႔ ပတ္သတ္ၿပီးေတာ့ ရခိုင္ျပည္နယ္ လႊတ္ေတာ္ထဲမွာ သီးသန္႔ေတာ့ မရွိဘူး။ ဒါေပမဲ့ ဒီ အသတ္ခံရတဲ့ ကိစၥမဟုတ္ပဲ ဖမ္းဆီးခ်ဳပ္ေႏွာင္တာေတြ ဥပေဒနဲ႔အညီ ေဆာင္ရြက္ဖို႔ သံသယနဲ႔ ဖမ္းဆီးတာေတြ ၿပီးေတာ့ စစ္ေဆးတဲ့ အခါမွာ ဥပေဒနဲ႔အညီ စစ္ေဆးတာေတြ အဲဒီအပိုင္းေတြကို လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့တာရွိတယ္။ ေဆြးေႏြးခဲ့တာေတြလည္း ရွိတယ္။ လႊတ္ေတာ္မွာလည္း အတည္ျပဳတယ္။ ဒါေပမဲ့ အစိုးရဘက္ကေတာ့ အဲဒီအေပၚမွာ တစ္စံုတရာ ေဆာင္ရြက္ခဲ့တာေတြေတာ့ မရွိခဲ့ဘူး။"

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္လူမႈကြန္ယက္ေတြလည္း ပိတ္ထားတာေၾကာင့္ ေန႔စဥ္ျဖစ္ပ်က္ေနတဲ့ အျဖစ္အပ်က္ေတြကို ေဖာ္ထုတ္ဖို႔ ခက္ခဲသလို လူကုိယ္တိုင္သြားေရာက္ စံုစမ္းဖ္ို႔အတြက္လည္း အခက္အခဲေပါင္းမ်ားစြာ ရွိတယ္လို႔ ဦးလွသိန္းေအာင္က ေျပာပါတယ္။

"ေသခ်ာတာေတာ့ အစိုးရက အင္တာနက္လိုင္းေတြ ပိတ္ထားတာေၾကာင့္ တိက်တဲ့ သတင္းအခ်က္အလက္ေတြ မရတဲ့ အပိုင္းေတြ ရွိတယ္။ က်ေနာ္တို႔ ကိုယ္တိုင္ကလည္း အဲဒီေနေျမကို သြားဖို႔ ဆိုတာကလည္း အခက္အခဲေပါင္း မ်ားစြာရွိတယ္။ စစ္ေဆးတာေတြ ရွိတယ္ ဘယ္သူမွ သြားခြင့္မျပဳတဲ့ အပိုင္းေတြ ရွိတယ္။ တကယ္လို႔ က်ေနာ္တို႔ ေဒသမွာ အင္တာနက္သာ ဖြင့္ေပးထားမယ္ဆိုရင္ အဲဒီေဒမွာ ဘာေတြ ျဖစ္ပ်က္ခဲ့လဲဆိုတာကို ့အခ်ိန္နဲ႔ တစ္ေျပးညီ ေဖာ္ထုန္ႏိုင္မယ္ဆိုရင္ မသဲမကြဲျဖစ္တဲ့ အေနအထားေတြ တဘက္ကို တဘက္ စြပ္စြဲေနၾကတဲ့ အပိုင္းေတြ ဒီလိုအေျခအေနမ်ိဳးေတြကို ေျဖရွင္းေပးႏိုင္လိမ့္မယ္လို႔ က်ေနာ္ထင္တယ္။"

လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။ AA ရခိုင္လက္ကိုင္အဖြဲ႔ကို အစိုးရက အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ၿပီးေနာက္ပိုင္း AA အဖြဲ႔ဟာ အၾကမ္းဖက္ လုပ္ရပ္ေတြကို ပိုၿပီးေတာ့ လုပ္ေဆာင္လာတယ္လို႔ တပ္မေတာ္ဘက္က ေျပာဆိုထားတာေတြလည္း ရွိေနပါ တယ္။

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္အတြင္းမွာ ေနအိမ္ေတြ မီးရိႈ႕ခံရတာေတြ ေဒသခံေတြ ဖမ္းဆီးသတ္ျဖတ္ ခံေနရတာေတြ အမ်ားအျပားရွိေနတာေၾကာင့္ ဒီျဖစ္စဥ္မွန္ေတြကို ေဖာ္ထုတ္ေပးဖို႔အတြက္လည္း ႏိုင္ငံတကာအပါအဝင္ လူ႔အခြင့္ေရးအဖြဲ႔ေတြကလည္း တိုက္တြန္းေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေရဆဲ

ရခိုင်ပြည်နယ်အတွင်းက လူအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ ဒေသခံတွေ ဖမ်းဆီးစစ်ဆေးတာတွေနဲ့ ပတ်သတ်ပြီးတော့ တိုင်ကြားမှုတွေ လုပ်ပေမဲ့ သက်ဆိုင်ရာက တာဝန်ရှိသူတွေက ဖြေရှင်းတာတွေမရှိတဲ့အတွက် ဒေသခံတွေ စိတ်ပျက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆကပေးထားပါတယ်။

ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်အတွင်းက မင်းရွာကျေးရွာက နှစ်ယောက်နဲ့ သန်းပုန်းချောင်းကျေးရွာသား သုံး ဦးဟာ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ပျောက်ဆုံးသွားပြီး ၃ လလောက်အကြာမှာ သူတို့ရဲ့အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေက ပြောဆိုကြပါတယ်။

အဲဒီသေဆုံးသွားသူတွေနဲ့ ပတ်သတ်ပြီး စုံစမ်းဖော်ထုတ်ပေးဖို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ကြားထားပေမဲ့လည်း အခုအချိန်ထိ တစုံတရာ အကြောင်း မထူးသေးဘူးလို့ ရခိုင်ပြည်နယ် လူ့အခွင့် အရေးကာကွယ်မြှင့်တင်ပေးရေး အဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

"ပထမနှစ်ယောက် ပျောက်သွားတာကို ကျတော့ လာပြီးတော့ တိုင်တယ်။ တိုင်တဲ့အခါမှာလည်း စုံစမ်းတယ်ဆိုပေမဲ့ ကျနော်တို့က အဲဒီနယ်မြေကို သွားပြီးတော့ စုံစမ်းတာ မဟုတ်ဘူး။ ကာယကံရှင်ကိုပဲ မေးမြန်းတာပေါ့။ ထွက်ဆိုချက်ကို ယူပြီးတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို တိုင်ထားတာ။ နောက်သုံး ယောက်ကတော့ ပျောက်သွားကတည်းက လာမတိုင်ဘူး နောက်ပြီးမှာ သေပြီးဆိုပြီး သတင်းရတယ်။ လူအခွင့် အရေးကော်မရှင်ကလည်း ပထမ နှစ်ယောက်နဲ့ ပတ်သတ်ပြီး တင်ထားတာကို ဒီနေ့အချိန်ထိ တစုံတရာ ထုတ်ပြန်တာ မရှိသေးဘူး။"

ရခိုင်မြောက်ပိုင်းမှာ လုူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ် လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပေမဲ့လည်း အစိုးရက အကော်အထည်ဖော်ဆောင်ရွက်ပေးတာမရှိဘူးလို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။

"လူ့အခွင့်ရေးနဲ့ ပတ်သတ်ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ သီးသန့်တော့ မရှိဘူး။ ဒါပေမဲ့ ဒီ အသတ်ခံရတဲ့ ကိစ္စမဟုတ်ပဲ ဖမ်းဆီးချုပ်နှောင်တာတွေ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ သံသယနဲ့ ဖမ်းဆီးတာတွေ ပြီးတော့ စစ်ဆေးတဲ့ အခါမှာ ဥပဒေနဲ့အညီ စစ်ဆေးတာတွေ အဲဒီအပိုင်းတွေကို လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာရှိတယ်။ ဆွေးနွေးခဲ့တာတွေလည်း ရှိတယ်။ လွှတ်တော်မှာလည်း အတည်ပြုတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ အဲဒီအပေါ်မှာ တစ်စုံတရာ ဆောင်ရွက်ခဲ့တာတွေတော့ မရှိခဲ့ဘူး။"

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့မှာ အင်တာနက်လူမှုကွန်ယက်တွေလည်း ပိတ်ထားတာကြောင့် နေ့စဉ်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဖော်ထုတ်ဖို့ ခက်ခဲသလို လူကိုယ်တိုင်သွားရောက် စုံစမ်းဖို့အတွက်လည်း အခက်အခဲပေါင်းများစွာ ရှိတယ်လို့ ဦးလှသိန်းအောင်က ပြောပါတယ်။

"သေချာတာတော့ အစိုးရက အင်တာနက်လိုင်းတွေ ပိတ်ထားတာကြောင့် တိကျတဲ့ သတင်းအချက်အလက်တွေ မရတဲ့ အပိုင်းတွေ ရှိတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း အဲဒီနေမြေကို သွားဖို့ ဆိုတာကလည်း အခက်အခဲပေါင်း များစွာရှိတယ်။ စစ်ဆေးတာတွေ ရှိတယ် ဘယ်သူမှ သွားခွင့်မပြုတဲ့ အပိုင်းတွေ ရှိတယ်။ တကယ်လို့ ကျနော်တို့ ဒေသမှာ အင်တာနက်သာ ဖွင့်ပေးထားမယ်ဆိုရင် အဲဒီဒေမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို့အချိန်နဲ့ တစ်ပြေးညီ ဖော်ထုန်နိုင်မယ်ဆိုရင် မသဲမကွဲဖြစ်တဲ့ အနေအထားတွေ တဘက်ကို တဘက် စွပ်စွဲနေကြတဲ့ အပိုင်းတွေ ဒီလိုအခြေအနေမျိုးတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။"

လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ AA ရခိုင်လက်ကိုင်အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီးနောက်ပိုင်း AA အဖွဲ့ဟာ အကြမ်းဖက် လုပ်ရပ်တွေကို ပိုပြီးတော့ လုပ်ဆောင်လာတယ်လို့ တပ်မတော်ဘက်က ပြောဆိုထားတာတွေလည်း ရှိနေပါ တယ်။

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နေအိမ်တွေ မီးရှို့ခံရတာတွေ ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ် ခံနေရတာတွေ အများအပြားရှိနေတာကြောင့် ဒီဖြစ်စဉ်မှန်တွေကို ဖော်ထုတ်ပေးဖို့အတွက်လည်း နိုင်ငံတကာအပါအဝင် လူ့အခွင့်ရေးအဖွဲ့တွေကလည်း တိုက်တွန်းတောင်းဆိုနေပါတယ်။

XS
SM
MD
LG