သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လကၠာေက်းရြာ မီး႐ိႈ႕ဖ်က္ဆီးမႈ စံုစမ္းစစ္ေဆးဖို႔ HRW ေတာင္းဆို


ေမလ ၁၆ ရက္ေန႔က မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လကၠာေက်းရြာ။

[Zawgyi/Unicode]

တိုက္ပြဲေတြျဖစ္ေနတဲ့ ရခိုင္ျပည္နယ္အတြင္း ေမလ ၁၆ ရက္ေန႔က ေက်း႐ြာတစ္႐ြာ မီးရႈိ႕ဖ်က္ဆီးခံရၿပီး အိမ္ ၂၀၀ ေလာက္ မီးေလာင္ပ်က္စီးခဲ့တဲ့ကိစၥကို ဘက္လိုက္မႈမရွိဘဲ ခ်က္ခ်င္း စုံစမ္းစစ္ေဆးဖို႔ လိုအပ္တယ္လို႔ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ (HRW) က ေတာင္းဆိုပါတယ္။

ၿဂိဳလ္တုက ႐ိုက္ယူထားတဲ့ပုံေတြအရ ရခိုင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္အတြင္းက လကၠာေက်း႐ြာမွာ အိမ္ေျခ ၂၀၀ ဝန္းက်င္ မီးေလာင္ခဲ့တာကို ေတြ႕ရွိရတာျဖစ္တယ္လို႔ HRW အဖြဲ႔ရဲ႕ေမလ ၂၆ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေမလ ၁၆ ရက္ေန႔က မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လကၠာေက်းရြာ။
ေမလ ၁၆ ရက္ေန႔က မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လကၠာေက်းရြာ။

လကၠာေက်း႐ြာ မီးရႈိ႕ခံရတဲ့အခ်ိန္အတြင္း ေမလ ၁၆ ရက္ေန႔ ေန႔လည္ ၂ နာရီက ညေန ၅ နာရီေလာက္အတြင္းမွာ စစ္တပ္က အဲဒီ ႐ြာနားမွာ လႈပ္ရွားေနခဲ့ေၾကာင္းနဲ႔ စစ္တပ္ ႐ြာထဲဝင္သြားအၿပီးမွာ ပစ္ခတ္သံေတြ ၾကားရၿပီး မီးခိုးေတြထြက္ေပၚလာသလို ဒ႐ုန္းယာဥ္ ႏွစ္ စင္းကိုလည္း ေတြ႕ရတယ္လို႔ မ်က္ျမင္ေတြကို ကိုးကားၿပီး HRW က ေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီကေတာ့ ျပည္သူလူထုၾကားမွာ တပ္မေတာ္ကို အထင္လြဲမွားေအာင္ လကၠာ႐ြာကို AA လက္နက္ကိုင္အဖြဲ႕က တမင္မီးရႈိ႕ခဲ့တာျဖစ္တယ္လို႔ ဗီြအိုေအကို ေျပာထားပါတယ္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလကစၿပီး တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA တို႔အၾကား တိုက္ပြဲေတြေၾကာင့္ အရပ္သားေတြ ထိခိုက္ေသဆံုးၾကရသလို အိမ္ေျခ႐ြာေျခေတြလည္း ဖ်က္ဆီးခံခဲ့ရတာပါ။

ရခိုင္ေျမာက္ပိုင္းမွာ ေက်း႐ြာေတြ မီးရႈိ႕ခံရတဲ့ ျဖစ္ရပ္မ်ဳိးေပၚလာတိုင္း တပ္မေတာ္နဲ႔ AA လက္နက္ကိုင္အဖြဲ႕ၾကား တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္စြပ္စြဲေျပာဆိုေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လက္ကာကျေးရွာ မီးရှို့ဖျက်ဆီးမှု စုံစမ်းစစ်ဆေးဖို့ HRW တောင်းဆို

တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်း မေလ ၁၆ ရက်နေ့က ကျေးရွာတစ်ရွာ မီးရှို့ဖျက်ဆီးခံရပြီး အိမ် ၂၀၀ လောက် မီးလောင်ပျက်စီးခဲ့တဲ့ကိစ္စကို ဘက်လိုက်မှုမရှိဘဲ ချက်ချင်း စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုပါတယ်။

ဂြိုလ်တုက ရိုက်ယူထားတဲ့ပုံတွေအရ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက လက္ကာကျေးရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင် မီးလောင်ခဲ့တာကို တွေ့ရှိရတာဖြစ်တယ်လို့ HRW အဖွဲ့ရဲ့မေလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ေမလ ၁၆ ရက္ေန႔က မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လကၠာေက်းရြာ။
ေမလ ၁၆ ရက္ေန႔က မီးရိႈ႕ဖ်က္ဆီးခံခဲ့ရတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းရွိ လကၠာေက်းရြာ။

လက္ကာကျေးရွာ မီးရှို့ခံရတဲ့အချိန်အတွင်း မေလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီက ညနေ ၅ နာရီလောက်အတွင်းမှာ စစ်တပ်က အဲဒီ ရွာနားမှာ လှုပ်ရှားနေခဲ့ကြောင်းနဲ့ စစ်တပ် ရွာထဲဝင်သွားအပြီးမှာ ပစ်ခတ်သံတွေ ကြားရပြီး မီးခိုးတွေထွက်ပေါ်လာသလို ဒရုန်းယာဉ် နှစ် စင်းကိုလည်း တွေ့ရတယ်လို့ မျက်မြင်တွေကို ကိုးကားပြီး HRW က ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ ပြည်သူလူထုကြားမှာ တပ်မတော်ကို အထင်လွဲမှားအောင် လက္ကာရွာကို AA လက်နက်ကိုင်အဖွဲ့က တမင်မီးရှို့ခဲ့တာဖြစ်တယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလကစပြီး တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးကြရသလို အိမ်ခြေရွာခြေတွေလည်း ဖျက်ဆီးခံခဲ့ရတာပါ။

ရခိုင်မြောက်ပိုင်းမှာ ကျေးရွာတွေ မီးရှို့ခံရတဲ့ ဖြစ်ရပ်မျိုးပေါ်လာတိုင်း တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့ကြား တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန်စွပ်စွဲပြောဆိုလေ့ရှိပါတယ်။

XS
SM
MD
LG