သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္းနဲ႔ ပလက္၀မွာ တုိက္ပြဲေတြျပင္းထန္ေနဆဲ


[Zawgyi/Unicode]

ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္ဝဘက္ေတြမွာ အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြြဲျပင္းထန္ေနၿပီး အရပ္သားထိခိုက္တာေတြလည္း ရွိေနတဲ့ အေျခအေနကို ေျပာျပေပးခ်င္ပါတယ္။ ဒီအေၾကာင္းဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ေမလအတြင္းမွာ တိုက္ပြဲေတြ ပိုမိုျပင္းထန္ေနသလို တိုက္ပြဲေျကာင့္ အိုးအိမ္စြန္႔ခြာၿပီး ထြက္ေျပးေနရသူေတြ ရွိသလို တိုက္ပြဲအတြင္း အရပ္သား ထိခိုက္ဒဏ္ရာရတာေတြလည္း ဆက္လက္ရွိေနပါတယ္။

မေန႔ကလည္း ရခိုင္ေျမာက္ပိုင္းက ပုဏၰားကြ်န္းၿမိဳ႕နယ္ ကန္သစ္ေက်းရြာမွာ မိုင္းေပါက္ကြဲတာေၾကာင့္ ဝါးခုတ္သြားတဲ့ ၿမိဳတိုင္းရင္းသားႏွစ္ဦး ေျခေထာက္ျပတ္သြားတယ္လို႔ ကန္သစ္ေက်းရြာ လူႀကီးတစ္ဦးက ေျပာပါတယ္။

"ဒဏ္ရာရတာက ဦးေဌးေအာင္ ပထမဆံုးတစ္ေယာက္ ဘယ္ဘက္ေျခေထာက္ ေျခသလံုးေအာက္က အကုန္ ပ်က္သြားတယ္။ ဒုတိယတစ္ေယာက္ကေတာ့ ညာဘက္ေျခေထာက္ ျပတ္သြားတယ္။ အခုလက္ရွိ ပုဏၰားကြ်န္းေဆးရံုမွာ ေဆးကုသမႈခံယူေနတယ္။"

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္ ေဝသာလီေက်းရြာနဲ႔ လက္ကာေက်းရြာအနီးမွာ တပ္နဲ႔ AA အဖြဲ႔တိုက္ တစ္နာရီၾကာ တိုက္ပြဲျပင္းထန္ခဲ့ၿပီး ႏွစ္ဘက္အက်အဆံုး မ်ားတယ္လို႔ AA အဖြဲ႔ကေျပာဆိုထားေပမယ့္ တပ္ဘက္ကေတာ့ အဲဒီ တိုက္ပြဲနဲ႔ ပတ္သတ္ၿပီး စိစစ္ေနတယ္လို႔ေျပာဆိုထားပါတယ္။

အခုေမလအတြင္းမွာ ရခို္င္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ ေန႔တုိင္းနီးပါး တိုက္ပြဲျပင္းေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"တိုက္ပြဲေတြကေတာ့ ေန႔တိုင္းနီးပါး ရွိေနတယ္လို႔ ေျပာလို႔ရတယ္။ ေျမျပင္မွာ ထိ္ပ္တိုက္ရင္ဆိုင္ႀကီးႀကီးမားမား မရွိရင္ေတာင္မွ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ေန႔စဥ္နီးပါး သူတို႔ပစ္ခ်င္တဲ့ အခ်ိန္ ပစ္ေနတာေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ ေလေၾကာင္းကေနၿပီးေတာ့ ဗံုးၾကဲ တိုက္ခိုက္တာေတြ စစ္ေသနတ္နဲ႔ ပစ္တာေတြ ေတာက္ေလွ်ာက္လုပ္ေနတာရွိတယ္။ "

ဒီလအတြင္းမွာ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲပိုၿပီးေတာ့ ျပင္းထန္ေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီကေျပာပါတယ္။

"ေမလမတြင္းထဲမွာ ရွိတယ္။ ဟုိတစ္ေန႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း ေျပာတာထဲမွာလည္း ပါသြားၿပီထင္တယ္။ အဓိကမ်ားတာကေတာ့ ေက်ာက္နဲ႔ ပလက္ဝဘက္မွာမ်ားပါတယ္။"

အစိုးရက ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္လိုက္တဲ့ေနာက္ပိုင္းမွာ AA ဟာ အၾကမ္းဖက္လုပ္ရပ္ေတြကို ပိုမိုလုပ္ေဆာင္လာတယ္ဆိုၿပီးေတာ့ ေမလ ၂၂ ရက္ေန႔က ျပဳလုပ္တဲ့ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ျပင္းထန္ေနတာဟာ တပ္ဘက္က ထိုးစစ္ေတြ ပိုမိုလုပ္ေဆာင္ေနတာေၾကာင့္ျဖစ္တယ္လို႔ AA အဖြ႔ဲ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"တိုက္ပြဲကေတာ့ ျမန္မာစစ္တပ္ရဲ႕ ထိုးစစ္ေပၚမွာမႈတည္တာေပါ့ေနာ္။ လက္ရွိအခ်ိ္န္ထိ ျမန္မာစစ္တပ္ဘက္ကေတာ့ ထိုးစစ္ကိုေတာ့ အရွိန္ျမင့္ေနတာေပါ့။ ဒါေၾကာင့္ စစ္ပြဲေတြကေတာ့ ေန႔စဥ္နဲ႔ အမွ်ရွိေနတယ္။ ေရွ႕မွာ ဆက္ၿပီးေတာ့ ျမန္မာစစ္တပ္ဘက္က ထိုးစစ္ျမင့္လာမယ္ဆိုရင္ တိုက္ပြဲကေတာ့ ပိုၿပီးေတာ့ ျပင္းထန္လာႏိုင္တဲ့ သေဘာရွိတယ္။"

ရခိုင္ေျမာက္ပိုင္းနဲ႔ ပလက္ဝၿမိဳ႕နယ္အတြင္းက တိုက္ပြဲေတြအတြင္းမွာ အရပ္သားထိခိုက္တာေတြ ဆက္လက္ရွိေနသလို အရပ္သားေတြ စစ္ဘက္ရာတာဝန္ရွိသူေတြဟာလည္ မၾကာခဏဆိုသလို နွစ္ဘက္လံုးရဲ႕ ဖမ္းဆီးစစ္ ေဆးတာေတြကို ခံေနၾကရတာလည္း ျဖစ္ပါတယ္။

လက္ရွိ COVID-19 ကာလအတြင္းမွာ တိုက္ပြဲေတြ ရပ္တန္႔ထားဖို႔ ႏိုင္ငံတကာအပါအဝင္အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြက ေတာင္းဆိုထားၾကေပမယ့္လည္း ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလ၀က္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြ ပိုၿပီးေတာ့ ျပင္းထန္လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝဘက်တွေမှာ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး အရပ်သားထိခိုက်တာတွေလည်း ရှိနေတဲ့ အခြေအနေကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ မေလအတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေသလို တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရသူတွေ ရှိသလို တိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရတာတွေလည်း ဆက်လက်ရှိနေပါတယ်။

မနေ့ကလည်း ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကန်သစ်ကျေးရွာမှာ မိုင်းပေါက်ကွဲတာကြောင့် ဝါးခုတ်သွားတဲ့ မြိုတိုင်းရင်းသားနှစ်ဦး ခြေထောက်ပြတ်သွားတယ်လို့ ကန်သစ်ကျေးရွာ လူကြီးတစ်ဦးက ပြောပါတယ်။

"ဒဏ်ရာရတာက ဦးဌေးအောင် ပထမဆုံးတစ်ယောက် ဘယ်ဘက်ခြေထောက် ခြေသလုံးအောက်က အကုန် ပျက်သွားတယ်။ ဒုတိယတစ်ယောက်ကတော့ ညာဘက်ခြေထောက် ပြတ်သွားတယ်။ အခုလက်ရှိ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။"

ဒါ့အပြင် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာနဲ့ လက်ကာကျေးရွာအနီးမှာ တပ်နဲ့ AA အဖွဲ့တိုက် တစ်နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဘက်အကျအဆုံး များတယ်လို့ AA အဖွဲ့ကပြောဆိုထားပေမယ့် တပ်ဘက်ကတော့ အဲဒီ တိုက်ပွဲနဲ့ ပတ်သတ်ပြီး စိစစ်နေတယ်လို့ပြောဆိုထားပါတယ်။

အခုမေလအတွင်းမှာ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"တိုက်ပွဲတွေကတော့ နေ့တိုင်းနီးပါး ရှိနေတယ်လို့ ပြောလို့ရတယ်။ မြေပြင်မှာ ထိပ်တိုက်ရင်ဆိုင်ကြီးကြီးမားမား မရှိရင်တောင်မှ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး သူတို့ပစ်ချင်တဲ့ အချိန် ပစ်နေတာတွေ ရှိတယ်။ နောက်ပြီးတော့ လေကြောင်းကနေပြီးတော့ ဗုံးကြဲ တိုက်ခိုက်တာတွေ စစ်သေနတ်နဲ့ ပစ်တာတွေ တောက်လျှောက်လုပ်နေတာရှိတယ်။ "

ဒီလအတွင်းမှာ ရခိုင်မြောက်ပိုင်းက ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲပိုပြီးတော့ ပြင်းထန်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ထွန်းထွန်းညီကပြောပါတယ်။

"မေလမတွင်းထဲမှာ ရှိတယ်။ ဟိုတစ်နေ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောတာထဲမှာလည်း ပါသွားပြီထင်တယ်။ အဓိကများတာကတော့ ကျောက်နဲ့ ပလက်ဝဘက်မှာများပါတယ်။"

အစိုးရက ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့နောက်ပိုင်းမှာ AA ဟာ အကြမ်းဖက်လုပ်ရပ်တွေကို ပိုမိုလုပ်ဆောင်လာတယ်ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဟာ တပ်ဘက်က ထိုးစစ်တွေ ပိုမိုလုပ်ဆောင်နေတာကြောင့်ဖြစ်တယ်လို့ AA အဖွ့ဲ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"တိုက်ပွဲကတော့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ပေါ်မှာမှုတည်တာပေါ့နော်။ လက်ရှိအချိန်ထိ မြန်မာစစ်တပ်ဘက်ကတော့ ထိုးစစ်ကိုတော့ အရှိန်မြင့်နေတာပေါ့။ ဒါကြောင့် စစ်ပွဲတွေကတော့ နေ့စဉ်နဲ့ အမျှရှိနေတယ်။ ရှေ့မှာ ဆက်ပြီးတော့ မြန်မာစစ်တပ်ဘက်က ထိုးစစ်မြင့်လာမယ်ဆိုရင် တိုက်ပွဲကတော့ ပိုပြီးတော့ ပြင်းထန်လာနိုင်တဲ့ သဘောရှိတယ်။"

ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲတွေအတွင်းမှာ အရပ်သားထိခိုက်တာတွေ ဆက်လက်ရှိနေသလို အရပ်သားတွေ စစ်ဘက်ရာတာဝန်ရှိသူတွေဟာလည် မကြာခဏဆိုသလို နှစ်ဘက်လုံးရဲ့ ဖမ်းဆီးစစ် ဆေးတာတွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်။

လက်ရှိ COVID-19 ကာလအတွင်းမှာ တိုက်ပွဲတွေ ရပ်တန့်ထားဖို့ နိုင်ငံတကာအပါအဝင်အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားကြပေမယ့်လည်း ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလဝက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG