သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္စစ္ေဘးဒုကၡသည္ေတြ အကူအညီေပးေရး လႊတ္ေတာ္အမတ္ေတြ တုိက္တြန္း


ရခုိင္ျပည္နယ္တြင္း တိုက္ပြဲမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည့္ ေဒသခံမ်ား။ (ၾသဂုတ္ ၂၈၊ ၂၀၁၇)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ထဲက သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္ေတြ ကပ္ေရာဂါ၊ ရာသီဥတုေဘးဒဏ္နဲ႔ လုံၿခံဳေရးပါ စုိးရိမ္ေနရတဲ့ အေျခအေနကုိ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္ေနၾကရတဲ့ ရခုိင္ျပည္နယ္ထဲက သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးဒုကၡသည္ေတြဟာ လုံၿခံဳေရး စုိးရိမ္ရတဲ့ အႏၱရာယ္၊ COVID-19 ကပ္ေရာဂါ အႏၱရာယ္နဲ႔ အခုအခါမွာေတာ့ မုိးတြင္းကာလ ဆုိးရြားတဲ့ ရာသီဥတုနဲ႔ပါ ရင္ဆုိင္ရမယ့္ အေျခအေနနဲ႔ ႀကံဳေနရတယ္လုိ႔ ရခုိင္တုိင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။ ဒီအတြက္လည္း သက္ဆုိင္ရာ တာ၀န္ရွိသူေတြဘက္က အျမန္ဆုံး ကူညီဖုိ႔ လုိအပ္ေနတယ္လုိ႔ ေျမပံုၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ေျပာျပပါတယ္။

“က်ေနာ္တို႔မွာ စစ္ေဘးစစ္ဒဏ္ေရာ ဒီ သဘာဝအႏၱရာယ္ေရာေၾကာင့္ အင္တာနက္ ျဖတ္ေတာက္ထားတဲ့ အႏၱရာယ္ေတြေၾကာင့္ ရခိုင္ျပည္နယ္ရဲ႕ အေျခအေနဟာ တုိင္းေတြ ျပည္နယ္ေတြထဲမွာ ေတာ္ေတာ့ကို အဆုိးရြားဆံုး အေျခအေနေတြနဲ႔ ႀကံဳလာရႏိုင္တယ္လို႔ တြက္ၿပီးေတာ့ ေဒသခံေတြကလည္း စိုးရိမ္ပူပန္ေနၾကတယ္။ အစိုးရအေနနဲ႔ ထိထိေရာက္ေရာက္ ကူညီႏုိင္တာ ပံ့ပိုးႏုိင္တာ ထဲထဲဝင္ဝင္ ေဆာင္ရြက္တာ ဘာတခုမွ မေတြ႔ရဘူး၊ ေတာ့္ေတာ့ကို အားနည္းတယ္လို႔ က်ေနာ္တို႔ ေျပာရမွာပါ။ က်ေနာ္တို႔ၿမိဳ႕မွာဆို စစ္ေရွာင္က ေထာင္နဲ႔ခ်ီရွိတယ္။ သူတို႔က ယာယီ အေဆာက္အဦေတြနဲ႔ စာသင္ေက်ာင္းေတြမွာ ေနၾကတယ္။ အခုက စာသင္ေက်ာင္းေတြ ျပန္ဖြင့္မယ္ဆိုေတာ့ သူတို႔အတြက္ ေနရာလိုလာတယ္။

“အဲ့ေတာ့ ရခုိင္ျပည္နယ္အစိုးရက ေနရာေတြ ေဆာက္ေပးမယ္လို႔ ေျပာေပမယ့္ ဒီေန႔ထက္ထိ တင္ဒါအဆင့္မွာပဲ ရွိေသးတယ္။ ကိုယ့္ဟာနဲ႔ကိုယ္ ခိုလံႈေနၾကရတဲ့ စခန္းေတြက်ေတာ့လည္း သူတို႔က အသိအမွတ္မျပဳဘူး။ တခ်ိဳ႕စခန္းေတြဆိုရင္ ၿဖိဳခိုင္းတယ္၊ ဖ်က္ခုိင္းတယ္။ အခုက အကူအညီကလည္း အမ်ားႀကီးနည္းတယ္။ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြဘက္ကလည္း မကူညီသေလာက္ပဲ။ ကူေပးတဲ့သူေတြကိုလည္း အကန္႔အသတ္ရွိတယ္။ ေနာက္ COVID-19 ကာလ ဝင္ေငြေတြလည္း ေလ်ာ့လာတာကလည္း တပိုင္းဆိုေတာ့ ေစတနာရွင္ေတြကလည္း သိပ္မလွဴႏုိင္ၾကေတာ့ဘူး။ အခုက မိုးလည္းက်လာၿပီဆိုေတာ့ ေနဖို႔အခက္အခဲက အေတာ္ေလးကို ရွိလာတယ္၊ ၿမိဳ႕နယ္တိုင္းလိုမွာကို ရွိလာပါတယ္။ က်ေနာ္တို႔ဆီမွာလည္း အခုက ေနရာကလည္း ဖယ္ေပးရမယ္ဆိုေတာ့ ဟိုေန႔ကပဲ အစည္းအေဝးထုိင္ၿပီး ေနရာလိုက္ရွာေနရတယ္။ ေလာေလာဆယ္ ေျမျပင္အေနအထားကေတာ့ ေတာ္ေတာ္ကို အခက္အခဲရွိတယ္။”

ကမာၻတဝန္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္မွာ အပစ္အခတ္ေတြ ရပ္ထားၾကဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္နဲ႔ ျမန္မာႏုိင္ငံအေျခစုိက္ သံတမန္ေတြကလည္း တုိက္တြန္းထားေပမယ့္ ရခုိင္ျပည္နယ္မွာေတာ့ ရခုိင္လက္နက္ကုိင္အဖဲြ႔ AA နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနတာပါ။ ဒီလုိ က်န္းမာေရးနဲ႔ လုံၿခံဳေရးအတြက္ စုိးရိမ္ေနရတဲ့ အေျခအေနေတြကုိ သက္ဆုိင္ရာ အစုိးရေတြက အျမန္ဆုံး ေျဖရွင္းဖုိ႔လည္း အမ္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမက တုိက္တြန္းထားပါတယ္။

“ရခိုင္ျပည္နယ္ထဲက တိုက္ပြဲေရွာင္ ျပည္သူမ်ားအေနနဲ႔ စစ္ပြဲေတြမရွိတဲ့ေနရာ သူတို႔အတြက္ လံုၿခံဳတဲ့ေနရာေတြမွာ ေနၾကပါတယ္။ ျပည္နယ္အစိုးရျဖစ္ျဖစ္ ျပည္ေထာင္စုအစိုးရျဖစ္ျဖစ္ ျပည္သူကို အမွန္တကယ္ ကာကြယ္ႏုိင္တဲ့ အေနအထား ရွိတယ္ဆိုရင္ အဲ့ဒီ့ေနရာေတြကို ျပည္သူက လာၾကမွာပါရွင့္။ ဒီေနရာမွာေန ဟိုေနရာမွာေန ဆိုတာထက္ အစိုးရအေနနဲ႔ သူတို႔အတြက္ Physical ပိုင္း ႐ုပ္ပိုင္းဆုိင္ရာလံုၿခံဳမႈ၊ Food Security စားနပ္ရိကၡာလံုၿခဳံမႈ ဒါေတြကို တာဝန္ယူေပးရဖို႔ဝတၱရား အစိုးရမွာ အျပည့္အဝရွိပါတယ္။ ဒီဝတၱရားေတြကို လ်စ္လ်ဴ႐ႈၿပီး ကိုယ္စားလွယ္ေတြ၊ အရပ္ဘက္အဖြဲ႔အစည္းေတြ၊ ႏုိင္ငံေရးပါတီေတြက သင့္ေတာ္တဲ့ ေနရာေတြရွာ အလွဴေငြေတြနဲ႔ ထားတာကိုလည္း အစုိးရက ျငင္းပယ္တာ ရွိေနတယ္။

“ဒီဒုကၡသည္ေတြထဲ ကေလးသူငယ္ေတြပါတယ္၊ ေက်ာင္းသားေတြပါတယ္၊ အမ်ိဳးသမီးေတြပါတယ္။ သူတို႔အတြက္ အစိုးရက ဘာမွ မေဆာင္ရြက္ေပးဘူး။ ျပည္သူအတြက္ လုပ္ေပးေနပါတယ္လို႔ ျပည္သူယံုၾကည္ေလာက္တဲ့အထိ အတုိင္းအတာတခုအထိ စီမံခန္႔ခြဲႏုိင္လို႔ရွိရင္ ျပည္သူက အလုအယက္လာမွာ။ အခုက အစိုးရကလည္း တာဝန္ပ်က္ကြက္ေသးတယ္၊ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္းေတြက ေဆာင္ရြက္ေနတာကိုလည္း ညႊန္ၾကားခ်က္အမ်ိဳးမ်ိဳးနဲ႔ ပိတ္ပင္ေနမယ္ဆို ဒါဟာ အစိုးရေကာင္းမဟုတ္ဘူး။”

အခုဆိုရင္ ရခိုင္ျပည္နယ္တြင္း ျပည္ပကျပန္လာသူေတြထဲက ကပ္ေရာဂါ ကိုဗစ္ ကူးစက္ခံရသူတခ်ိဳ႕ ရွိလာတဲ့အတြက္ ရခုိင္ျပည္နယ္တြင္း သီးျခားခြဲထားတဲ့ စင္တာေတြ လံုေလာက္မႈမရွိတာ၊ ေနာက္ အဆင့္မီ စနစ္က်တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ မရွိတဲ့အတြက္ စိုးရိမ္မႈေတြ ပိုျမင့္တက္လာေနတယ္လို႔လည္း လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေဖသန္းက ေျပာပါတယ္။

“အထူးသျဖင့္ ျပည္မကလာတဲ့သူေတြ ေနာက္ၿပီးေတာ့ ႏုိင္ငံျခားက လာတဲ့သူေတြကို ၿမိဳ႕နယ္ေတြအထိ ေရာက္လာမွာ Quarantine ဝင္ဖို႔ စိစစ္ေနရတဲ့ သေဘာရွိတယ္။ အမွန္ကေတာ့ သူတို႔ စဝင္ကတည္းက ေရေၾကာင္း ေလေၾကာင္း ကားလမ္းေတြနဲ႔ ဝင္လာကတည္းက အဲ့ဒီ့ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ အေဆာက္အဦေတြ ရွိရင္ေတာ့ ေကာင္းတာေပါ့။ အခုက ျပန္လာရင္ ၾကားကျဖတ္ၿပီး ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ေနတဲ့သူရွိတယ္။ တခ်ိဳ႕ အသိရွိတဲ့သူေတြက်ေတာ့လည္း Quarantine ဝင္ဖို႔ ၿမိဳ႕နယ္က အေၾကာင္းၾကားတဲ့အခါ လာတယ္။

“ဆိုလိုတာက ဒီ COVID-19 နဲ႔ပတ္သက္ၿပီး စိစစ္တဲ့အခါမွာေရာ ေစာင့္ေရွာက္တဲ့ အခါမွာေရာ ေတာ္ေတာ့ကို အားနည္းပါတယ္။ တကယ္လို႔ ျဖစ္လာၿပီဆိုရင္ ပိုဆိုးမွာ။ အခုက စစ္ေရွာင္စခန္းေတြကလည္း ရွိေနတယ္။ အခုက အင္တာနက္လိုင္းေတြကလည္း ျဖတ္ထားဆဲဆိုေတာ့ ဘယ္မွာ ဘယ္လိုျဖစ္တယ္ဆိုတာ အခ်ိန္နဲ႔တေျပးညီ မသိႏုိင္ဘူး။ COVID-19 နဲ႔ပတ္သက္ၿပီး ဗဟုသုတေတြကလည္း အေတာ့္ကို အားနည္းေနတာ ေတြ႔ရတယ္။ အဲ့ေတာ့ ျဖစ္လာၿပီဆိုရင္ေတာ့ အႏၱရာယ္ႀကီးတယ္။”

ရခုိင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြ စတင္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ႏွစ္ဆန္းကစလို႔ အခု ၂၀၂၀ ျပည့္ႏွစ္ ေမလဆန္းအထိဆိုရင္ စခန္းတြင္းေရာ စခန္းျပင္ပေတြမွာ စစ္ေဘးကေန တိမ္းေရွာင္ထြက္ေျပးေနရသူ ေဒသခံ ၁၆၄,၂၀၀ ေက်ာ္သြားၿပီလို႔လည္း ေဒသခံ အကူအညီေပးေရး အဖဲြ႔တခုျဖစ္တဲ့ ရခုိင္တုိင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ံုး (REC) က ဧၿပီလ ၃၀ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ရခိုင်စစ်ဘေးဒုက္ခသည်တွေ အကူအညီပေးရေး လွှတ်တော်အမတ်တွေ တိုက်တွန်း

ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကပ်ရောဂါ၊ ရာသီဥတုဘေးဒဏ်နဲ့ လုံခြုံရေးပါ စိုးရိမ်နေရတဲ့ အခြေအနေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လုံခြုံရေး စိုးရိမ်ရတဲ့ အန္တရာယ်၊ COVID-19 ကပ်ရောဂါ အန္တရာယ်နဲ့ အခုအခါမှာတော့ မိုးတွင်းကာလ ဆိုးရွားတဲ့ ရာသီဥတုနဲ့ပါ ရင်ဆိုင်ရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒီအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အမြန်ဆုံး ကူညီဖို့ လိုအပ်နေတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပြပါတယ်။

“ကျနော်တို့မှာ စစ်ဘေးစစ်ဒဏ်ရော ဒီ သဘာဝအန္တရာယ်ရောကြောင့် အင်တာနက် ဖြတ်တောက်ထားတဲ့ အန္တရာယ်တွေကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ တိုင်းတွေ ပြည်နယ်တွေထဲမှာ တော်တော့ကို အဆိုးရွားဆုံး အခြေအနေတွေနဲ့ ကြုံလာရနိုင်တယ်လို့ တွက်ပြီးတော့ ဒေသခံတွေကလည်း စိုးရိမ်ပူပန်နေကြတယ်။ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကူညီနိုင်တာ ပံ့ပိုးနိုင်တာ ထဲထဲဝင်ဝင် ဆောင်ရွက်တာ ဘာတခုမှ မတွေ့ရဘူး၊ တော့်တော့ကို အားနည်းတယ်လို့ ကျနော်တို့ ပြောရမှာပါ။ ကျနော်တို့မြို့မှာဆို စစ်ရှောင်က ထောင်နဲ့ချီရှိတယ်။ သူတို့က ယာယီ အဆောက်အဦတွေနဲ့ စာသင်ကျောင်းတွေမှာ နေကြတယ်။ အခုက စာသင်ကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတော့ သူတို့အတွက် နေရာလိုလာတယ်။

“အဲ့တော့ ရခိုင်ပြည်နယ်အစိုးရက နေရာတွေ ဆောက်ပေးမယ်လို့ ပြောပေမယ့် ဒီနေ့ထက်ထိ တင်ဒါအဆင့်မှာပဲ ရှိသေးတယ်။ ကိုယ့်ဟာနဲ့ကိုယ် ခိုလှုံနေကြရတဲ့ စခန်းတွေကျတော့လည်း သူတို့က အသိအမှတ်မပြုဘူး။ တချို့စခန်းတွေဆိုရင် ဖြိုခိုင်းတယ်၊ ဖျက်ခိုင်းတယ်။ အခုက အကူအညီကလည်း အများကြီးနည်းတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေဘက်ကလည်း မကူညီသလောက်ပဲ။ ကူပေးတဲ့သူတွေကိုလည်း အကန့်အသတ်ရှိတယ်။ နောက် COVID-19 ကာလ ဝင်ငွေတွေလည်း လျော့လာတာကလည်း တပိုင်းဆိုတော့ စေတနာရှင်တွေကလည်း သိပ်မလှူနိုင်ကြတော့ဘူး။ အခုက မိုးလည်းကျလာပြီဆိုတော့ နေဖို့အခက်အခဲက အတော်လေးကို ရှိလာတယ်၊ မြို့နယ်တိုင်းလိုမှာကို ရှိလာပါတယ်။ ကျနော်တို့ဆီမှာလည်း အခုက နေရာကလည်း ဖယ်ပေးရမယ်ဆိုတော့ ဟိုနေ့ကပဲ အစည်းအဝေးထိုင်ပြီး နေရာလိုက်ရှာနေရတယ်။ လောလောဆယ် မြေပြင်အနေအထားကတော့ တော်တော်ကို အခက်အခဲရှိတယ်။”

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ အပစ်အခတ်တွေ ရပ်ထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းထားပေမယ့် ရခိုင်ပြည်နယ်မှာတော့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ဒီလို ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ အစိုးရတွေက အမြန်ဆုံး ဖြေရှင်းဖို့လည်း အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက တိုက်တွန်းထားပါတယ်။

“ရခိုင်ပြည်နယ်ထဲက တိုက်ပွဲရှောင် ပြည်သူများအနေနဲ့ စစ်ပွဲတွေမရှိတဲ့နေရာ သူတို့အတွက် လုံခြုံတဲ့နေရာတွေမှာ နေကြပါတယ်။ ပြည်နယ်အစိုးရဖြစ်ဖြစ် ပြည်ထောင်စုအစိုးရဖြစ်ဖြစ် ပြည်သူကို အမှန်တကယ် ကာကွယ်နိုင်တဲ့ အနေအထား ရှိတယ်ဆိုရင် အဲ့ဒီ့နေရာတွေကို ပြည်သူက လာကြမှာပါရှင့်။ ဒီနေရာမှာနေ ဟိုနေရာမှာနေ ဆိုတာထက် အစိုးရအနေနဲ့ သူတို့အတွက် Physical ပိုင်း ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ Food Security စားနပ်ရိက္ခာလုံခြုံမှု ဒါတွေကို တာဝန်ယူပေးရဖို့ဝတ္တရား အစိုးရမှာ အပြည့်အဝရှိပါတယ်။ ဒီဝတ္တရားတွေကို လျစ်လျူရှုပြီး ကိုယ်စားလှယ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက သင့်တော်တဲ့ နေရာတွေရှာ အလှူငွေတွေနဲ့ ထားတာကိုလည်း အစိုးရက ငြင်းပယ်တာ ရှိနေတယ်။

“ဒီဒုက္ခသည်တွေထဲ ကလေးသူငယ်တွေပါတယ်၊ ကျောင်းသားတွေပါတယ်၊ အမျိုးသမီးတွေပါတယ်။ သူတို့အတွက် အစိုးရက ဘာမှ မဆောင်ရွက်ပေးဘူး။ ပြည်သူအတွက် လုပ်ပေးနေပါတယ်လို့ ပြည်သူယုံကြည်လောက်တဲ့အထိ အတိုင်းအတာတခုအထိ စီမံခန့်ခွဲနိုင်လို့ရှိရင် ပြည်သူက အလုအယက်လာမှာ။ အခုက အစိုးရကလည်း တာဝန်ပျက်ကွက်သေးတယ်၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဆောင်ရွက်နေတာကိုလည်း ညွှန်ကြားချက်အမျိုးမျိုးနဲ့ ပိတ်ပင်နေမယ်ဆို ဒါဟာ အစိုးရကောင်းမဟုတ်ဘူး။”

အခုဆိုရင် ရခိုင်ပြည်နယ်တွင်း ပြည်ပကပြန်လာသူတွေထဲက ကပ်ရောဂါ ကိုဗစ် ကူးစက်ခံရသူတချို့ ရှိလာတဲ့အတွက် ရခိုင်ပြည်နယ်တွင်း သီးခြားခွဲထားတဲ့ စင်တာတွေ လုံလောက်မှုမရှိတာ၊ နောက် အဆင့်မီ စနစ်ကျတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရှိတဲ့အတွက် စိုးရိမ်မှုတွေ ပိုမြင့်တက်လာနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“အထူးသဖြင့် ပြည်မကလာတဲ့သူတွေ နောက်ပြီးတော့ နိုင်ငံခြားက လာတဲ့သူတွေကို မြို့နယ်တွေအထိ ရောက်လာမှာ Quarantine ဝင်ဖို့ စိစစ်နေရတဲ့ သဘောရှိတယ်။ အမှန်ကတော့ သူတို့ စဝင်ကတည်းက ရေကြောင်း လေကြောင်း ကားလမ်းတွေနဲ့ ဝင်လာကတည်းက အဲ့ဒီ့တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အဆောက်အဦတွေ ရှိရင်တော့ ကောင်းတာပေါ့။ အခုက ပြန်လာရင် ကြားကဖြတ်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေတဲ့သူရှိတယ်။ တချို့ အသိရှိတဲ့သူတွေကျတော့လည်း Quarantine ဝင်ဖို့ မြို့နယ်က အကြောင်းကြားတဲ့အခါ လာတယ်။

“ဆိုလိုတာက ဒီ COVID-19 နဲ့ပတ်သက်ပြီး စိစစ်တဲ့အခါမှာရော စောင့်ရှောက်တဲ့ အခါမှာရော တော်တော့ကို အားနည်းပါတယ်။ တကယ်လို့ ဖြစ်လာပြီဆိုရင် ပိုဆိုးမှာ။ အခုက စစ်ရှောင်စခန်းတွေကလည်း ရှိနေတယ်။ အခုက အင်တာနက်လိုင်းတွေကလည်း ဖြတ်ထားဆဲဆိုတော့ ဘယ်မှာ ဘယ်လိုဖြစ်တယ်ဆိုတာ အချိန်နဲ့တပြေးညီ မသိနိုင်ဘူး။ COVID-19 နဲ့ပတ်သက်ပြီး ဗဟုသုတတွေကလည်း အတော့်ကို အားနည်းနေတာ တွေ့ရတယ်။ အဲ့တော့ ဖြစ်လာပြီဆိုရင်တော့ အန္တရာယ်ကြီးတယ်။”

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ စတင်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ဆန်းကစလို့ အခု ၂၀၂၀ ပြည့်နှစ် မေလဆန်းအထိဆိုရင် စခန်းတွင်းရော စခန်းပြင်ပတွေမှာ စစ်ဘေးကနေ တိမ်းရှောင်ထွက်ပြေးနေရသူ ဒေသခံ ၁၆၄,၂၀၀ ကျော်သွားပြီလို့လည်း ဒေသခံ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) က ဧပြီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG