သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူမ်ိဳးေရးအသြင္ေဆာင္လာတဲ့ ရခိုင္ပဋိပကၡ ႏွင့္ ျပည္ေထာင္စု အႏၲရာယ္


Rakhine village on fire
ရခိုင္ပဋိပကၡ ႏွင့္ ျပည္ေထာင္စု အႏၲရာယ္
please wait

No media source currently available

0:00 0:11:29 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရး မရွိမျဖစ္ လိုအပ္ေနခ်ိန္ ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြါးေနၿပီး တျဖည္းျဖည္းနဲ႔ လူမ်ိဳးေရး အသြင္ေဆာင္လာတယ္လို႔ ဆိုရမလို ျဖစ္ေနပါတယ္။ ဒီစစ္ပြဲေၾကာင့္ အျပစ္မဲ့ ျပည္သူေတြ ေသေၾကထိခိုက္ နစ္နာရသလို ေနာက္ဆုံးတေန႔မွာ ျပည္ေထာင္စု ညီၫြတ္ေရးကိုပါ ထိခိုက္စရာ ျဖစ္လာႏိုင္တယ္ဆိုရင္ ေသာတရွင္မ်ား လက္ခံၾကပါသလား။ ဂ်ာမဏီႏိုင္ငံ Homburg တကၠသိုလ္ (ကထိကေဟာင္း) ျမန္မာ့အေရးသုံးသပ္သူ ဦးခင္ေမာင္ေစာနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံအတြက္ ၿငိမ္းခ်မ္းေရးဟာ မရိွမျဖစ္ လိုအပ္ေနတဲ့အခ်ိန္မွာ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ စစ္ပြဲေတြဟာ ဘာေၾကာင့္ ဆက္လက္ျဖစ္ေနရပါသလဲ။ ဒီစစ္ပြဲေတြ ၿငိမ္းသတ္ႏုိင္ဖို႔ ဘယ္လိုအခက္အခဲေတြ ႀကံဳေနရသလဲဆိုတာကို ဦးခင္ေမာင္ေစာက အခုလိုစတင္သံုးသပ္ပါတယ္။

ေျဖ ။ ။ က်ေနာ္ျမင္တာကေတာ့ ဒီပဋိပကၡျဖစ္ေနတာက အစိုးရနဲ႔ စစ္တပ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ လႊဲခ်ေနတယ္လို႔ပဲ ျမင္တယ္။ စစ္တပ္က သူတုိ႔ Press Conference မွာ တစ္ခါေျပာခဲ့တာက သူတုိ႔မတုိက္ခ်င္ပါဘူး။ အစိုးရက ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က အျပဳတ္တုိက္ေျပာလို႔ သူတုိ႔တုိက္ေနရတာပါလို႔ ေျပာခဲ့တယ္။ တကယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ သမၼတတုိ႔ တစ္ေယာက္ေယာက္က ဒီစစ္ပြဲေတြကို ရပ္ဖို႔အမိန္႔ေပးရင္ သူတုိ႔ရပ္ဖို႔သင့္တယ္လို႔ သူတုိ႔တစ္ခါေျပာဖူးတယ္။ ခင္မ်ားလည္း မွတ္မိလိမ့္မယ္။

ေမး ။ ။ အဲဒါက ဘယ္ေလာက္စိတ္ခ်ရသလဲ။ တကယ္တမ္း သေဘာရိုးအမွန္နဲ႔ ေျပာတယ္လို႔ ယူဆလို႔ရသလား။

ေျဖ ။ ။ အဲဒီလိုေျပာၾကတယ္။ ေျပာၿပီးေတာ့ ဒီဘက္ NLD ဘက္ကလဲ ဘာသံမွထြက္မလာဘူး။ စစ္တပ္ဘက္ကလဲ မရပ္ဘူး။

ေမး ။ ။ အဲဒီလိုဆိုေတာ့ စစ္တပ္ဘက္ကို ေျပာေနတုန္းမွာပဲ အစိုးရဘက္က NLD ဘက္က ဘာမ်ားမေက်နပ္စရာ ရိွလဲ။ ဒီမွာၾကေတာ့ ႏုိင္ငံေရးအားျဖင့္ သူတုိ႔နဲ႔ ANP ဆက္ဆံေရး မေျပလည္တာေတြ ရိွတယ္။ သူတုိ႔က ေရြးေကာက္ပြဲႏုိင္တဲ့ ANP ကို ရခိုင္အမ်ဳိးသားပါတီကို ျပည္နယ္အစိုးရဖြဲ႔ခြင့္ မေပးဘဲနဲ႔ NLD နဲ႔ ဖြဲ႔ခဲ့တယ္။ ANP နဲ႔ မေျပလည္မႈေတြ ျဖစ္ခဲ့တယ္။ ANP နဲ႔ျဖစ္တာနဲ႔ အခုစစ္တုိက္ေနတာက AA ဘာမ်ားသက္ဆိုင္လို႔လဲ ေမးစရာရိွတာေပါ့ ဒီကိစၥကိို။

ေျဖ ။ ။ အဲဒါကို က်ေနာ္လည္း စဥ္းစားလို႔ကို မရဘူး။ ဘယ္လိုျဖစ္လို႔လဲဆုိတာ မသိဘူး။ က်ေနာ္ျမင္တာကေတာ့ အခုနျမင္တဲ့အတိုင္း ေျပာၿပီးၿပီ - ႏွစ္ဘက္စလံုးက စစ္တပ္ကလဲ အစိုးရကိုလႊဲခ်ေနတယ္။ အစိုးရကလဲ ဘာသံမွမေျပာဘူး။ ရပ္ဖို႔အမိန္႔မေပးဘူးလို႔ မေျပာဘူး။ အခုထက္ထိ ဘာသံမွ မၾကားေသးဘူး။ အဲဒါ ဘယ္လိုေၾကာင့္ သူတို႔မေျပာလဲဆိုတာေတာ့ က်ေနာ္လဲ နားမလည္ဘူး။

ေမး ။ ။ ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ ပဋိပကၡေတြေၾကာင့္ ဒုကၡသည္ေတြအေနနဲ႔ ဟိုဘက္ႏိုင္ငံကို ေရာက္ေနတဲ့ကိစၥ။ အဲဒီကိစၥနဲ႔မ်ား ပတ္သက္စရာ တစံုတရာရိွမယ္ ထင္ပါသလား။

ေျဖ ။ ။ အဲဒါလဲ ေတာ္ေတာ္စဥ္းစားရခက္တဲ့ ကိစၥ။ ဒီမွာေနာက္ပိုင္း သတင္းေတြထြက္ေနတာက AA နဲ႔ ARSA ေပါင္းတယ္ေပါ့။ အဲဒါမ်ဳိးေတြလဲ သတင္းေတြ ထြက္ေနတာပဲ။ တကယ္ဟုတ္လား၊ မဟုတ္လား ဘယ္သူမွ မသိဘူး။

ေမး ။ ။ သတင္းအမွန္လဲ လိုက္ခြင့္မရိွဘူး။ အမွန္ေျပာတဲ့ …

ေျဖ ။ ။ သတင္းေတြပဲ ထြက္ေနတာ။ သတင္းအမွန္ေတြက က်ေနာ္တုိ႔ ဘာမွမသိရဘူး။ အဲဒီေတာ့ ေျပာရမွာ ေတာ္ေတာ္ေလးခက္တယ္။ ေဝဖန္ရမွာလဲ ေတာ္ေတာ္ေလးခက္တဲ့ကိစၥ ျဖစ္ေနတယ္။

ေမး ။ ။ ဆိုေတာ့ အစိုးရကျဖစ္ေစ၊ တပ္မေတာ္ကျဖစ္ေစ .. လိုက္ေနတယ္ဆိုရင္ စဥ္းစားစရာက ဒီဟာက တျဖည္းျဖည္းနဲ႔ လူမ်ဳိးေရးအသြင္ေဆာင္လာၾကတယ္။ တဘက္နဲ႔တဘက္ စစ္တိုက္တယ္ဆိုတာ မမုန္းဘဲနဲ႔ မတိုက္ၾကဘူးဆိုေတာ့ က်ေနာ္ၾကားဖူးတဲ့အတိုင္း ေျပာရရင္ တဘက္ကိုတဘက္ မုန္းေအာင္ဆိုၿပီးေတာ့ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ဟိုဘက္ကဆြေပး၊ ဒီဘက္ကဆြေပးဆိုေတာ့ လူမ်ဳိးေရးအသြင္ေဆာင္လာတဲ့ တိုက္ပြဲေတြဆိုရင္ ျပည္ေထာင္စုအတြက္ သိပ္အႏၱရာယ္ရိွတယ္လို႔ ထင္တာပဲ။

ေျဖ ။ ။ အဲဒါမွန္တယ္။ ဦးေက်ာ္ဇံသာ ျမင္သလိုပဲ ျမင္တယ္။ လူမ်ဳိးေရးအသြင္ေဆာင္လာရင္ေတာ့ မေကာင္းဘူး။ မေကာင္းတဲ့အျပင္ ျပည္ေထာင္စုဆုိတဲ့ နာမည္လဲ မေကာင္းေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုရင္ အခုဟာက ရခိုင္နဲ႔ျဖစ္ေနတယ္ထား။ ဒါဆုိရင္ ရခိုင္ေတြက အမ်ားဆံုးမပါဘူးထားအံုး၊ AA နဲ႔ ျဖစ္ေနတယ္ထားအံုး၊ AA ကို ေထာက္ခံတဲ့ ရခိုင္ေတြလည္း ေတာ္ေတာ္မ်ားမ်ား ရိွတယ္။ ရာႏႈန္းျပည့္ မေထာက္ခံရင္ေတာင္မွ ေတာ္ေတာ္မ်ားမ်ား ရိွတယ္။ ရိွေနေတာ့ အဲဒီလိုဟာမ်ဳိး ျဖစ္ေနတဲ့ ရွမ္းတုိင္းရင္းသားေတြ စိတ္ထဲမွာလဲ ငါတို႔အလွည့္ ဘယ္ေတာ့လာမလဲဆိုတာ တြက္ေကာင္းတြက္လာႏုိင္တယ္။

ေမး ။ ။ တခ်ိန္တည္းမွာပဲ သူတို႔က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးအတြက္ ဘာလုပ္မယ္၊ ညာလုပ္မယ္ ေျပာေနၾကတယ္။ အဲဒီမွာလဲ AA မပါဘူးဆိုၿပီး သူတုိ႔ခ်န္ထားျပန္တယ္။

ေျဖ ။ ။ အဲဒါလဲ က်ေနာ္ အၿမဲတမ္း ယွဥ္ေတြးမိတယ္။ အမွန္က ခဏေခၚၿပီး ေဆြးေႏြးလိုက္ရင္ ၿပီသြားမယ္ကိစၥ။ ေဆြးေႏြးၾကည့္ၿပီးမွ ႏွစ္ဦးႏွစ္ဘက္ ေဆြးေႏြးမွ တဘက္က ဘာလိုတယ္၊ တဘက္က ဘာျဖစ္ခ်င္တယ္ဆိုတာကို အကုန္သိမွာ။ မေဆြးေႏြးရင္ ဘာမွသိမွာ မဟုတ္ဘူး။ ေဆြးေႏြးၿပီးမွာ ႏွစ္ဦးႏွစ္ဘက္ ေလွ်ာ့ႏိုင္တဲ့ အေျခအေနရိွလား။ မရိွလား။ လံုးဝမရေတာ့လို႔ ဆက္တိုက္မယ္ဆို ဆက္တိုက္ၾကတာတမ်ဳိး။ အခုဟာက ဘာမွမေဆြးေႏြးဘဲ ဒီလိုစစ္ပြဲျဖစ္ေနတာေတာ့ ေကာင္းတဲ့လကၡဏာေတာ့ မဟုတ္ဘူး။ က်ေနာ္ ဦးေက်ာ္ဇံသာကိုလည္း အၿမဲတမ္း ေျပာဖူးပါတယ္။ က်ေနာ္ကေတာ့ စစ္ဆိုတာကို လံုးဝမႀကိဳက္ဘူး။ ဘယ္ဘက္က ဘယ္လိုပဲျဖစ္ေနေန၊ ဘယ္သူနဲ႔ဘယ္သူ ျဖစ္ေနေန စစ္ဆိုတာ ေကာင္းတဲ့လကၡဏာ မဟုတ္ဘူး။ ေနာက္ၿပီးေတာ့ ႏွစ္ဦးႏွစ္ဘက္ ပဋိပကၡျဖစ္တယ္ဆိုတာက ခ်ိတ္ဆိုတာက ႏွစ္ဘက္စလံုး ခ်ိတ္မွာပဲရတဲ့ဟာ။ တဘက္ကပဲခ်ိတ္ရင္ ဘယ္ေတာ့မွမရဘူး။ အဲဒီေတာ့ တဘက္နဲ႔တဘက္က အနည္းနဲ႔အမ်ားေတာ့ ရိွတာပဲ - တဘက္နဲ႔တဘက္ စစ္ျဖစ္ၾကၿပီဆိုရင္ ျဖစ္ႏုိင္တာက ႏွစ္ဘက္စလံုး ၅၀-၅၀ မွားၾကတယ္။ ဒါမွမဟုတ္ ၆၀-၄၀၊ ၇၀-၃၀ အဲဒါမ်ဳိးေတြလဲ ျဖစ္ႏိုင္တယ္။ ငါတုိ႔ဘက္က အကုန္မွန္ၿပီး၊ ဟိုဘက္က အကုန္မွားတယ္ဆိုတာေတာ့ လံုးဝမဟုတ္ဘူးလို႔ ေျပာခ်င္တယ္။

ေမး ။ ။ ေနာက္ အခုေရြးေကာက္ပြဲ နီးလာေတာ့လဲ ရခိုင္ျပည္နယ္အေျခအေန ၾကည့္လိုက္ရင္ ေရြးေကာက္ပြဲေတာင္ က်င္းပႏုိင္ပါ့မလား၊ အထူးသျဖင့္ ရခိုင္ေျမာက္ပိုင္းမွာ ဆုိေတာ့ အစိုးရကလဲ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လာၿပီ၊ ၿငိမ္းခ်မ္းေရး လိုအပ္တယ္ - ဒီကိစၥေတြမွာ ဒါကို ထည့္စဥ္းစားပံု မရဘူးလို႔ ထင္ပါတယ္။

ေျဖ ။ ။ ဒီလိုတြက္ၾကည့္မယ္ဆိုရင္လဲ တဘက္ကေန ျပန္စဥ္းစားၾကည့္မယ္ဆိုရင္ ေရြးေကာက္ပြဲ လာမယ္။ သို႔ေသာ္ ရခိုင္ျပည္နယ္မွာက သူတုိ႔ႏုိင္မယ့္ အေျခအေန မရိွဘူး - အစိုးရအဖြဲ႔က။ အၿမဲတမ္းလဲ ရခိုင္ေဒသမွာ ရခိုင္ပါတီေတြပဲ ႏုိင္ေနတယ္။ အဲဒီေတာ့ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ ျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ သူတုိ႔အတြက္ အရႈံးမရိွဘူး။ က်ေနာ္က အဲဒီလိုပဲ ျမင္တယ္။

ေမး ။ ။ NLD ပါတီဘက္က။ တပ္မေတာ္ဘက္ကို ၾကည့္မယ္ဆိုရင္ သူတို႔က ျပည္ေထာင္စုမၿပိဳကြဲေရး ဟိုဘက္က လူဝင္မႈကိစၥ သိပ္အေရးႀကီးေနတယ္ဆိုတဲ့ေနရာမွာ ရခိုင္ျပည္သူေတြနဲ႔ သူတုိ႔နဲ႔ ညီညႊတ္ဖို႔က ပိုအေရးႀကီးတယ္ ထင္တာပဲ။ ဒီကိစၥကို မစဥ္းစားဘဲနဲ႔ ဘယ္လိုေၾကာင့္ တိုက္ေနရသလဲ။

ေျဖ ။ ။ အဲဒါကေတာ့ ဗမာမဟုတ္တဲ့ တိုင္းရင္းသားေတြနဲ႔ ဗမာေတြနဲ႔ ဗမာအစိုးရေတြ ညီညႊတ္ဖို႔ကေတာ့ အေရးႀကီးဆံုးပဲ။ အဲဒါေတြ မညီညႊတ္သမွ် ကာလပတ္လံုး ဘယ္ေတာ့မွ စစ္မွန္တဲ့ ျပည္ေထာင္စုလည္း ရမွာမဟုတ္ဘူး။ ေနာက္ၿပီးေတာ့ ျပည္ေထာင္စုၿပိဳကြဲဖို႔လဲ တျဖည္းျဖည္း ပိုၿပီးအႏၱရာယ္မ်ားတယ္။ အဲဒါကို က်ေနာ္လဲ နားမလည္ဘူး။ ဘာျဖစ္လို႔ ဒီလိုကိစၥကို အခြင့္ေကာင္းမယူတာလဲ။ ရခိုင္ျပည္နယ္နဲ႔ ေဆြးေႏြးလိုက္ရင္ ၿပီသြားမယ့္ကိစၥ။ ေဆြးေႏြးလိုက္။ မေအာင္ျမင္တာ၊ ေအာင္ျမင္တာက တျခား။ ေဆြးေႏြးဖို႔ လက္လွမ္းတာေလာက္ကေတာ့ လုပ္သင့္တယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ အဲဒီလိုကိစၥေတြအျပင္ ဥပမာ ဟိုဘက္ကေျပာတဲ့ ကိစၥေတြအရဆိုရင္ စစ္သံုးပန္ေတြ ဖမ္းမိတာ လဲွလွယ္ဖို႔ကိစၥ။ တကယ့္အႀကီးအက်ယ္ ျဖစ္ေနတဲ့ အာဖရိဂန္စစ္ပြဲေတြမွာေတာင္မွ စစ္သံုးပန္ေတြ လွဲလွယ္မႈေတြ၊ အျပန္အလွန္ လႊတ္ေပးမႈေတြ ရိွၾကေသးတယ္။ အဲဒါလုပ္ဖို႔ ကမ္းလွမ္းတာကို တပ္မေတာ္ဘက္က တစ္ခါမွ လက္ခံတယ္ဆိုတာ မေျပာဘူး။ ဟိုဘက္က ေျပာလာသမွ် ဒါကမျဖစ္ႏုိင္ဘူး။ မဟုတ္တဲ့စကားေတြ Unrealistic လို႔ပဲ ေျပာေနတယ္။

ေျဖ ။ ။ အခု ျမန္မာျပည္မွာ ျဖစ္ေနတာ ရခိုင္ကတဘက္၊ အစိုးရကတဘက္၊ စစ္တပ္ကတဘက္ အဲဒီလို သံုးပြင့္ဆိုင္ ျဖစ္ေနတယ္။ လြန္ဆြဲေနတာ သံုးပြင့္ဆိုင္ ျဖစ္ေနေတာ့ အဲဒါေၾကာင့္ ညိွႏိႈင္းဖို႔ ပိုမ်ားခက္ေနသလားလို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ သူတို႔ႏွစ္ဘက္ တုိက္တာထက္ အဓိက ျပည္သူေတြ၊ အျပစ္မဲ့တဲ့လူေတြ နစ္နာတာ။ အခုေရာဂါေတြ ကပ္ဆိုးေတြ ျဖစ္လာေနတဲ့အခ်ိန္မွာ ဒီကိစၥကို ဂရုတစိုက္ ပူးေပါင္းၿပီးေတာ့ မကာကြယ္ႏိုင္တာေတြက သိပ္အႏၱရာယ္ႀကီးတဲ့ ကိစၥေတြလို႔ ထင္ပါတယ္။

ေျဖ ။ ။ အဲဒါကေတာ့ အလြန္႔အလြန္ကို အႏၱရာယ္ႀကီးတဲ့ ကိစၥပါ။ အခုဆိုရင္ စစ္ေျပးဒုကၡသည္ေတြက နည္းတာမဟုတ္ဘူး။ ရခုိင္ျပည္နယ္မွာ ေနစရာလဲမရိွ၊ ဘာမွမရိွ။ စားေသာက္စရာမရိွ၊ ေသာက္စရာေရေတာင္ မရိွ။ အခုက ကိုဗစ္ျဖစ္လို႔ရိွရင္ မ်ားမ်ားလက္ေဆးရမယ္ေျပာတယ္။ လက္ေဆးဖို႔ မေျပာနဲ႔ ေသာက္ဖို႔ေတာင္ ေရမရိွဘူး။ အဲဒီလို ျဖစ္ေနတဲ့အခ်ိန္မွာ ဒီေရာဂါသာ ဝင္လိုက္ရင္ေတာ့ မသက္သာဘူးလို႔ က်ေနာ္ထင္တယ္။ ေတာ္ေတာ္ကို ဒုကၡေရာက္လိမ့္မယ္။

ေမး ။ ။ ေနာက္တခုက ဒီပဋိပကၡကို ေျပလည္ဖုိ႔အတြက္ ၾကားဝင္ညိွႏိႈင္းေပးမယ့္ ကိစၥကို တခါတခါ စဥ္းစားၾကည့္တယ္။ ဘယ္သူေတြက ေစ့စပ္မယ္ဆိုရင္ ျဖစ္ႏုိင္မလဲဆိုတာ။ အျပင္ကတစ္ေယာက္ေယာက္၊ တဖြဲ႔ဖြဲ႔ ေစ့စပ္ေပးလို႔ ေတြ႔ဆံုၾကတယ္ဆိုတဲ့ အေျခအေနမ်ဳိးကို ျဖစ္ႏိုင္မယ္ ထင္ပါသလား။

ေျဖ ။ ။ အျပင္က ေစ့စပ္ေပးလို႔ ေဆြးေႏြးတယ္ဆိုတာကေတာ့ အရင္ ၆၃ ခုႏွစ္တုန္းက ဦးေနဝင္းတို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဆိုၿပီး ေခၚတုန္းကေတာ့ တရုတ္ျပည္ေရာက္ေနတဲ့ ဗကပေတြ ဘာေတြ လာေရာက္တက္တယ္။ အဲဒါ ဗကပေတြက တရုတ္ျပည္ကေန ေလယာဥ္ပ်ံနဲ႔ ရန္ကုန္မွာ လာတက္တာေတြ ရိွတယ္ဆိုေတာ့ အဲဒါ တရုတ္ျပည္ရဲ ႔ ၾကားဝင္ေဆာင္ရြက္မႈ မရိွဘဲနဲ႔ေတာ့ မလာႏုိင္ဘူး။ အဲဒါကေတာ့ ရွင္းတယ္။

ေမး ။ ။ သခင္ဗသိန္းတင္တို႔ အဲဒီက လာခဲ့ၾကတာပဲ။ ဒါေပမဲ့ အခုကိစၥမွာ တရုတ္က သူတို႔ရဲ ႔ အက်ဳိးစီးပြား ရိွေနတာပဲ။ သူတုိ႔ရဲ ရင္းႏီွးျမဳပ္ႏံွမႈ - အဲဒီကိစၥေတြကိုေတာ့ …

ေျဖ ။ ။ တရုတ္အေနနဲ႔ တကယ့္တကယ္ ဝင္ေရာက္တိုက္တြန္းေပးရင္ေတာ့ ရေကာင္းရမယ္လို႔ က်ေနာ္ထင္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ တရုတ္က ရခိုင္ျပည္ထဲမွာ စီးပြားေရးရင္းႏီွးျမဳပ္ႏံွမႈေတြက အမ်ားႀကီး - ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း၊ ေရနံပိုက္လိုင္း ဘာတို႔ အကုန္ရိွတယ္။ သူ႔အက်ဳိးစီးပြားကေတာ့ ရိွေနတယ္။ Middle East ယူလာတဲ့ ေရနံေတြကို ေက်ာက္ျဖဴကေန တိုက္ရိုက္ပိုက္နဲ႔ တရုတ္ျပည္ကို ပို႔ေနပါတယ္။ ရခိုင္ျပည္နယ္ထဲက ထြက္တဲ့ ဓါတ္ေငြ႔ေတြ သူတုိ႔ရတာေတြ ရိွတယ္။ သူ႔အေနနဲ႔ ဝင္ေရာက္ေဆာင္ရြက္ေပးရင္ေတာ့ ေကာင္းလည္းေကာင္းမယ္၊ အက်ဳိးလည္းရိွမယ္လို႔ ထင္ပါတယ္။

ေမး ။ ။ ဒါေပမဲ့ အခုတရုတ္ရဲ ႔ ရပ္တည္မႈက က်ေနာ္ျမင္တာက အိႏိၵယရဲ ႔ ကလၻတန္စီမံကိန္းကို ဟန္႔တားဖို႔အတြက္ AA ကို အသံုးခ်ေနတယ္ဆုိေတာ့ AA က သူတုိ႔ဘက္ပါေနတယ္ဆိုၿပီးေတာ့ တရုတ္က စိတ္ခ်လက္ခ်ပဲ AA နဲ႔ အစိုးရနဲ႔ ျဖစ္ေနတဲ့ ကိစၥကိုေတာ့ ဘာမွစိတ္ပူပန္ဟိတ္ မျပဘူး။

ေျဖ ။ ။ ဟုတ္တယ္။ အဲဒါလဲ ျပႆနာတစ္ခု။ တရုတ္က ႏွစ္ဘက္က လုပ္ေနေတာ့ .. လြတ္ေနတယ္လို႔ ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဗမာတပ္မေတာ္ဘက္က ထုတ္တဲ့ သင္တန္းေတြမွာလဲ AA က ကိုင္တဲ့ တခ်ဳိ ႔လက္နက္ေတြကလဲ တရုတ္က တင္သြင္းတဲ့လက္နက္ေတြ။ သူတုိ႔ ဗမာစစ္တပ္ကကိုင္တဲ့ လက္နက္ထက္ ပိုၿပီးေခတ္မီေနေသးတယ္ဆိုေတာ့ အဲဒီလက္နက္ေတြက ဘယ္ကရလဲ။ တရုတ္ဆီက ဝယ္ရမွာပဲ။ လက္နက္ကို ေရာင္းတဲ့လူ ရိွအံုးမွာ။ ေရာင္းတဲ့လူ မရိွရင္ ဘယ္လိုရမလဲ။ အဲဒါေတြလဲ စဥ္းစားစရာေတြက မ်ဳိးစံုပါပဲ။

ေမး ။ ။ တေလာတုန္းက တပ္မေတာ္မွာ ထိပ္တန္းေခါင္းေဆာင္ပိုင္းေတြ ေနရာမွာ လူငယ္အရာရိွေတြ အမ်ားႀကီး တိုးျမွင့္ၿပီးေတာ့ ခန္႔ထားပါတယ္။ တခါ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္လည္း သူကလဲ တိုးခ်ဲ ႔ေပးထားတဲ့ သက္တမ္းေတာင္ ေက်ာ္လြန္လာခဲ့ၿပီဆုိေတာ့ သူက အၿငိမ္းစားယူေတာ့မယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနတယ္။ ႏိုင္ငံေရးကို ဝင္မယ္လို႔ သတင္းေတြထြက္တယ္။ သံုးသပ္ၾကတယ္။ ႏုိင္ငံေရးကို ဝင္ရင္ေတာ့ လူထုေထာက္ခံမႈ ပိုရေအာင္ လုပ္ရမွာေပါ့။ ဆိုေတာ့ တပ္မေတာ္ထဲမွာ လူသစ္ေတြနဲ႔ က်န္ခဲ့မယ္ဆိုေတာ့ အဲဒီအေျခအေနကို ၾကည့္ရင္ေကာ scenario အသစ္တမ်ဳိးမ်ဳိး ပံုစံသစ္တခုခု ျဖစ္လာႏုိင္ၿပီလို႔ ထင္ႏုိင္စရာ ရိွပါသလား။

ေျဖ ။ ။ စစ္ဆိုတာကေတာ့ ခဏတျဖဳတ္ တိုက္လို႔ရိွရင္ တမ်ဳိး။ စစ္ဆိုတာ ၾကာလာလို႔ရိွရင္ ဘယ္ဘက္မဆို ႏွစ္ဘက္စလံုး တိုက္တဲ့စစ္သားေတြက ၿငီးေငြ႔လာတာပဲ။ ဟိုဘက္မွာလဲေသ၊ ဒီဘက္မွာလဲေသ။ ေနာက္ ေတာထဲေတာင္ထဲမွာ အငတ္ငတ္ အျပတ္ျပတ္ ေနရာတာဆုိေတာ့ ႏွစ္ဘက္စလံုးကေတာ့ စစ္ဆိုတာေတာ့ ၿငီးေငြ႔လာၾကမွာပဲ။ အေကာင္းဆံုးကေတာ့ ႏွစ္ဘက္စလံုး အေျခအေနမွန္ေတြကို ျမင္ၾကၿပီးေတာ့ ဘာမွအက်ဳိးမရိွတဲ့စစ္ကို ရပ္ၿပီးေတာ့ ေဆြးေႏြးပြဲ ထိုင္ၾကတာ အေကာင္းဆံုးပါ။

==Unicode ===

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး မရှိမဖြစ် လိုအပ်နေချိန် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပြီး တဖြည်းဖြည်းနဲ့ လူမျိုးရေး အသွင်ဆောင်လာတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒီစစ်ပွဲကြောင့် အပြစ်မဲ့ ပြည်သူတွေ သေကြေထိခိုက် နစ်နာရသလို နောက်ဆုံးတနေ့မှာ ပြည်ထောင်စု ညီညွတ်ရေးကိုပါ ထိခိုက်စရာ ဖြစ်လာနိုင်တယ်ဆိုရင် သောတရှင်များ လက်ခံကြပါသလား။ ဂျာမဏီနိုင်ငံ Homburg တက္ကသိုလ် (ကထိကဟောင်း) မြန်မာ့အရေးသုံးသပ်သူ ဦးခင်မောင်စောနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်နေတဲ့အချိန်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ဘာကြောင့် ဆက်လက်ဖြစ်နေရပါသလဲ။ ဒီစစ်ပွဲတွေ ငြိမ်းသတ်နိုင်ဖို့ ဘယ်လိုအခက်အခဲတွေ ကြုံနေရသလဲဆိုတာကို ဦးခင်မောင်စောက အခုလိုစတင်သုံးသပ်ပါတယ်။

ဖြေ ။ ။ ကျနော်မြင်တာကတော့ ဒီပဋိပက္ခဖြစ်နေတာက အစိုးရနဲ့ စစ်တပ်တို့ တစ်ယောက်ကိုတစ်ယောက် လွှဲချနေတယ်လို့ပဲ မြင်တယ်။ စစ်တပ်က သူတို့ Press Conference မှာ တစ်ခါပြောခဲ့တာက သူတို့မတိုက်ချင်ပါဘူး။ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြုတ်တိုက်ပြောလို့ သူတို့တိုက်နေရတာပါလို့ ပြောခဲ့တယ်။ တကယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတတို့ တစ်ယောက်ယောက်က ဒီစစ်ပွဲတွေကို ရပ်ဖို့အမိန့်ပေးရင် သူတို့ရပ်ဖို့သင့်တယ်လို့ သူတို့တစ်ခါပြောဖူးတယ်။ ခင်များလည်း မှတ်မိလိမ့်မယ်။

မေး ။ ။ အဲဒါက ဘယ်လောက်စိတ်ချရသလဲ။ တကယ်တမ်း သဘောရိုးအမှန်နဲ့ ပြောတယ်လို့ ယူဆလို့ရသလား။

ဖြေ ။ ။ အဲဒီလိုပြောကြတယ်။ ပြောပြီးတော့ ဒီဘက် NLD ဘက်ကလဲ ဘာသံမှထွက်မလာဘူး။ စစ်တပ်ဘက်ကလဲ မရပ်ဘူး။

မေး ။ ။ အဲဒီလိုဆိုတော့ စစ်တပ်ဘက်ကို ပြောနေတုန်းမှာပဲ အစိုးရဘက်က NLD ဘက်က ဘာများမကျေနပ်စရာ ရှိလဲ။ ဒီမှာကြတော့ နိုင်ငံရေးအားဖြင့် သူတို့နဲ့ ANP ဆက်ဆံရေး မပြေလည်တာတွေ ရှိတယ်။ သူတို့က ရွေးကောက်ပွဲနိုင်တဲ့ ANP ကို ရခိုင်အမျိုးသားပါတီကို ပြည်နယ်အစိုးရဖွဲ့ခွင့် မပေးဘဲနဲ့ NLD နဲ့ ဖွဲ့ခဲ့တယ်။ ANP နဲ့ မပြေလည်မှုတွေ ဖြစ်ခဲ့တယ်။ ANP နဲ့ဖြစ်တာနဲ့ အခုစစ်တိုက်နေတာက AA ဘာများသက်ဆိုင်လို့လဲ မေးစရာရှိတာပေါ့ ဒီကိစ္စကို။

ဖြေ ။ ။ အဲဒါကို ကျနော်လည်း စဉ်းစားလို့ကို မရဘူး။ ဘယ်လိုဖြစ်လို့လဲဆိုတာ မသိဘူး။ ကျနော်မြင်တာကတော့ အခုနမြင်တဲ့အတိုင်း ပြောပြီးပြီ - နှစ်ဘက်စလုံးက စစ်တပ်ကလဲ အစိုးရကိုလွှဲချနေတယ်။ အစိုးရကလဲ ဘာသံမှမပြောဘူး။ ရပ်ဖို့အမိန့်မပေးဘူးလို့ မပြောဘူး။ အခုထက်ထိ ဘာသံမှ မကြားသေးဘူး။ အဲဒါ ဘယ်လိုကြောင့် သူတို့မပြောလဲဆိုတာတော့ ကျနော်လဲ နားမလည်ဘူး။

မေး ။ ။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေအနေနဲ့ ဟိုဘက်နိုင်ငံကို ရောက်နေတဲ့ကိစ္စ။ အဲဒီကိစ္စနဲ့များ ပတ်သက်စရာ တစုံတရာရှိမယ် ထင်ပါသလား။

ဖြေ ။ ။ အဲဒါလဲ တော်တော်စဉ်းစားရခက်တဲ့ ကိစ္စ။ ဒီမှာနောက်ပိုင်း သတင်းတွေထွက်နေတာက AA နဲ့ ARSA ပေါင်းတယ်ပေါ့။ အဲဒါမျိုးတွေလဲ သတင်းတွေ ထွက်နေတာပဲ။ တကယ်ဟုတ်လား၊ မဟုတ်လား ဘယ်သူမှ မသိဘူး။

မေး ။ ။ သတင်းအမှန်လဲ လိုက်ခွင့်မရှိဘူး။ အမှန်ပြောတဲ့ …

ဖြေ ။ ။ သတင်းတွေပဲ ထွက်နေတာ။ သတင်းအမှန်တွေက ကျနော်တို့ ဘာမှမသိရဘူး။ အဲဒီတော့ ပြောရမှာ တော်တော်လေးခက်တယ်။ ဝေဖန်ရမှာလဲ တော်တော်လေးခက်တဲ့ကိစ္စ ဖြစ်နေတယ်။

မေး ။ ။ ဆိုတော့ အစိုးရကဖြစ်စေ၊ တပ်မတော်ကဖြစ်စေ .. လိုက်နေတယ်ဆိုရင် စဉ်းစားစရာက ဒီဟာက တဖြည်းဖြည်းနဲ့ လူမျိုးရေးအသွင်ဆောင်လာကြတယ်။ တဘက်နဲ့တဘက် စစ်တိုက်တယ်ဆိုတာ မမုန်းဘဲနဲ့ မတိုက်ကြဘူးဆိုတော့ ကျနော်ကြားဖူးတဲ့အတိုင်း ပြောရရင် တဘက်ကိုတဘက် မုန်းအောင်ဆိုပြီးတော့ အကြောင်းအမျိုးမျိုးနဲ့ ဟိုဘက်ကဆွပေး၊ ဒီဘက်ကဆွပေးဆိုတော့ လူမျိုးရေးအသွင်ဆောင်လာတဲ့ တိုက်ပွဲတွေဆိုရင် ပြည်ထောင်စုအတွက် သိပ်အန္တရာယ်ရှိတယ်လို့ ထင်တာပဲ။

ဖြေ ။ ။ အဲဒါမှန်တယ်။ ဦးကျော်ဇံသာ မြင်သလိုပဲ မြင်တယ်။ လူမျိုးရေးအသွင်ဆောင်လာရင်တော့ မကောင်းဘူး။ မကောင်းတဲ့အပြင် ပြည်ထောင်စုဆိုတဲ့ နာမည်လဲ မကောင်းတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုဟာက ရခိုင်နဲ့ဖြစ်နေတယ်ထား။ ဒါဆိုရင် ရခိုင်တွေက အများဆုံးမပါဘူးထားအုံး၊ AA နဲ့ ဖြစ်နေတယ်ထားအုံး၊ AA ကို ထောက်ခံတဲ့ ရခိုင်တွေလည်း တော်တော်များများ ရှိတယ်။ ရာနှုန်းပြည့် မထောက်ခံရင်တောင်မှ တော်တော်များများ ရှိတယ်။ ရှိနေတော့ အဲဒီလိုဟာမျိုး ဖြစ်နေတဲ့ ရှမ်းတိုင်းရင်းသားတွေ စိတ်ထဲမှာလဲ ငါတို့အလှည့် ဘယ်တော့လာမလဲဆိုတာ တွက်ကောင်းတွက်လာနိုင်တယ်။

မေး ။ ။ တချိန်တည်းမှာပဲ သူတို့က ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ဘာလုပ်မယ်၊ ညာလုပ်မယ် ပြောနေကြတယ်။ အဲဒီမှာလဲ AA မပါဘူးဆိုပြီး သူတို့ချန်ထားပြန်တယ်။

ဖြေ ။ ။ အဲဒါလဲ ကျနော် အမြဲတမ်း ယှဉ်တွေးမိတယ်။ အမှန်က ခဏခေါ်ပြီး ဆွေးနွေးလိုက်ရင် ပြီသွားမယ်ကိစ္စ။ ဆွေးနွေးကြည့်ပြီးမှ နှစ်ဦးနှစ်ဘက် ဆွေးနွေးမှ တဘက်က ဘာလိုတယ်၊ တဘက်က ဘာဖြစ်ချင်တယ်ဆိုတာကို အကုန်သိမှာ။ မဆွေးနွေးရင် ဘာမှသိမှာ မဟုတ်ဘူး။ ဆွေးနွေးပြီးမှာ နှစ်ဦးနှစ်ဘက် လျှော့နိုင်တဲ့ အခြေအနေရှိလား။ မရှိလား။ လုံးဝမရတော့လို့ ဆက်တိုက်မယ်ဆို ဆက်တိုက်ကြတာတမျိုး။ အခုဟာက ဘာမှမဆွေးနွေးဘဲ ဒီလိုစစ်ပွဲဖြစ်နေတာတော့ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး။ ကျနော် ဦးကျော်ဇံသာကိုလည်း အမြဲတမ်း ပြောဖူးပါတယ်။ ကျနော်ကတော့ စစ်ဆိုတာကို လုံးဝမကြိုက်ဘူး။ ဘယ်ဘက်က ဘယ်လိုပဲဖြစ်နေနေ၊ ဘယ်သူနဲ့ဘယ်သူ ဖြစ်နေနေ စစ်ဆိုတာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နောက်ပြီးတော့ နှစ်ဦးနှစ်ဘက် ပဋိပက္ခဖြစ်တယ်ဆိုတာက ချိတ်ဆိုတာက နှစ်ဘက်စလုံး ချိတ်မှာပဲရတဲ့ဟာ။ တဘက်ကပဲချိတ်ရင် ဘယ်တော့မှမရဘူး။ အဲဒီတော့ တဘက်နဲ့တဘက်က အနည်းနဲ့အများတော့ ရှိတာပဲ - တဘက်နဲ့တဘက် စစ်ဖြစ်ကြပြီဆိုရင် ဖြစ်နိုင်တာက နှစ်ဘက်စလုံး ၅၀-၅၀ မှားကြတယ်။ ဒါမှမဟုတ် ၆၀-၄၀၊ ၇၀-၃၀ အဲဒါမျိုးတွေလဲ ဖြစ်နိုင်တယ်။ ငါတို့ဘက်က အကုန်မှန်ပြီး၊ ဟိုဘက်က အကုန်မှားတယ်ဆိုတာတော့ လုံးဝမဟုတ်ဘူးလို့ ပြောချင်တယ်။

မေး ။ ။ နောက် အခုရွေးကောက်ပွဲ နီးလာတော့လဲ ရခိုင်ပြည်နယ်အခြေအနေ ကြည့်လိုက်ရင် ရွေးကောက်ပွဲတောင် ကျင်းပနိုင်ပါ့မလား၊ အထူးသဖြင့် ရခိုင်မြောက်ပိုင်းမှာ ဆိုတော့ အစိုးရကလဲ ရွေးကောက်ပွဲနဲ့ ပတ်သက်လာပြီ၊ ငြိမ်းချမ်းရေး လိုအပ်တယ် - ဒီကိစ္စတွေမှာ ဒါကို ထည့်စဉ်းစားပုံ မရဘူးလို့ ထင်ပါတယ်။

ဖြေ ။ ။ ဒီလိုတွက်ကြည့်မယ်ဆိုရင်လဲ တဘက်ကနေ ပြန်စဉ်းစားကြည့်မယ်ဆိုရင် ရွေးကောက်ပွဲ လာမယ်။ သို့သော် ရခိုင်ပြည်နယ်မှာက သူတို့နိုင်မယ့် အခြေအနေ မရှိဘူး - အစိုးရအဖွဲ့က။ အမြဲတမ်းလဲ ရခိုင်ဒေသမှာ ရခိုင်ပါတီတွေပဲ နိုင်နေတယ်။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူတို့အတွက် အရှုံးမရှိဘူး။ ကျနော်က အဲဒီလိုပဲ မြင်တယ်။

မေး ။ ။ NLD ပါတီဘက်က။ တပ်မတော်ဘက်ကို ကြည့်မယ်ဆိုရင် သူတို့က ပြည်ထောင်စုမပြိုကွဲရေး ဟိုဘက်က လူဝင်မှုကိစ္စ သိပ်အရေးကြီးနေတယ်ဆိုတဲ့နေရာမှာ ရခိုင်ပြည်သူတွေနဲ့ သူတို့နဲ့ ညီညွှတ်ဖို့က ပိုအရေးကြီးတယ် ထင်တာပဲ။ ဒီကိစ္စကို မစဉ်းစားဘဲနဲ့ ဘယ်လိုကြောင့် တိုက်နေရသလဲ။

ဖြေ ။ ။ အဲဒါကတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေနဲ့ ဗမာအစိုးရတွေ ညီညွှတ်ဖို့ကတော့ အရေးကြီးဆုံးပဲ။ အဲဒါတွေ မညီညွှတ်သမျှ ကာလပတ်လုံး ဘယ်တော့မှ စစ်မှန်တဲ့ ပြည်ထောင်စုလည်း ရမှာမဟုတ်ဘူး။ နောက်ပြီးတော့ ပြည်ထောင်စုပြိုကွဲဖို့လဲ တဖြည်းဖြည်း ပိုပြီးအန္တရာယ်များတယ်။ အဲဒါကို ကျနော်လဲ နားမလည်ဘူး။ ဘာဖြစ်လို့ ဒီလိုကိစ္စကို အခွင့်ကောင်းမယူတာလဲ။ ရခိုင်ပြည်နယ်နဲ့ ဆွေးနွေးလိုက်ရင် ပြီသွားမယ့်ကိစ္စ။ ဆွေးနွေးလိုက်။ မအောင်မြင်တာ၊ အောင်မြင်တာက တခြား။ ဆွေးနွေးဖို့ လက်လှမ်းတာလောက်ကတော့ လုပ်သင့်တယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ အဲဒီလိုကိစ္စတွေအပြင် ဥပမာ ဟိုဘက်ကပြောတဲ့ ကိစ္စတွေအရဆိုရင် စစ်သုံးပန်တွေ ဖမ်းမိတာ လဲှလှယ်ဖို့ကိစ္စ။ တကယ့်အကြီးအကျယ် ဖြစ်နေတဲ့ အာဖရိဂန်စစ်ပွဲတွေမှာတောင်မှ စစ်သုံးပန်တွေ လှဲလှယ်မှုတွေ၊ အပြန်အလှန် လွှတ်ပေးမှုတွေ ရှိကြသေးတယ်။ အဲဒါလုပ်ဖို့ ကမ်းလှမ်းတာကို တပ်မတော်ဘက်က တစ်ခါမှ လက်ခံတယ်ဆိုတာ မပြောဘူး။ ဟိုဘက်က ပြောလာသမျှ ဒါကမဖြစ်နိုင်ဘူး။ မဟုတ်တဲ့စကားတွေ Unrealistic လို့ပဲ ပြောနေတယ်။

ဖြေ ။ ။ အခု မြန်မာပြည်မှာ ဖြစ်နေတာ ရခိုင်ကတဘက်၊ အစိုးရကတဘက်၊ စစ်တပ်ကတဘက် အဲဒီလို သုံးပွင့်ဆိုင် ဖြစ်နေတယ်။ လွန်ဆွဲနေတာ သုံးပွင့်ဆိုင် ဖြစ်နေတော့ အဲဒါကြောင့် ညှိနှိုင်းဖို့ ပိုများခက်နေသလားလို့ ကျနော်ထင်တယ်။

မေး ။ ။ သူတို့နှစ်ဘက် တိုက်တာထက် အဓိက ပြည်သူတွေ၊ အပြစ်မဲ့တဲ့လူတွေ နစ်နာတာ။ အခုရောဂါတွေ ကပ်ဆိုးတွေ ဖြစ်လာနေတဲ့အချိန်မှာ ဒီကိစ္စကို ဂရုတစိုက် ပူးပေါင်းပြီးတော့ မကာကွယ်နိုင်တာတွေက သိပ်အန္တရာယ်ကြီးတဲ့ ကိစ္စတွေလို့ ထင်ပါတယ်။

ဖြေ ။ ။ အဲဒါကတော့ အလွန့်အလွန်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါ။ အခုဆိုရင် စစ်ပြေးဒုက္ခသည်တွေက နည်းတာမဟုတ်ဘူး။ ရခိုင်ပြည်နယ်မှာ နေစရာလဲမရှိ၊ ဘာမှမရှိ။ စားသောက်စရာမရှိ၊ သောက်စရာရေတောင် မရှိ။ အခုက ကိုဗစ်ဖြစ်လို့ရှိရင် များများလက်ဆေးရမယ်ပြောတယ်။ လက်ဆေးဖို့ မပြောနဲ့ သောက်ဖို့တောင် ရေမရှိဘူး။ အဲဒီလို ဖြစ်နေတဲ့အချိန်မှာ ဒီရောဂါသာ ဝင်လိုက်ရင်တော့ မသက်သာဘူးလို့ ကျနော်ထင်တယ်။ တော်တော်ကို ဒုက္ခရောက်လိမ့်မယ်။

မေး ။ ။ နောက်တခုက ဒီပဋိပက္ခကို ပြေလည်ဖို့အတွက် ကြားဝင်ညှိနှိုင်းပေးမယ့် ကိစ္စကို တခါတခါ စဉ်းစားကြည့်တယ်။ ဘယ်သူတွေက စေ့စပ်မယ်ဆိုရင် ဖြစ်နိုင်မလဲဆိုတာ။ အပြင်ကတစ်ယောက်ယောက်၊ တဖွဲ့ဖွဲ့ စေ့စပ်ပေးလို့ တွေ့ဆုံကြတယ်ဆိုတဲ့ အခြေအနေမျိုးကို ဖြစ်နိုင်မယ် ထင်ပါသလား။

ဖြေ ။ ။ အပြင်က စေ့စပ်ပေးလို့ ဆွေးနွေးတယ်ဆိုတာကတော့ အရင် ၆၃ ခုနှစ်တုန်းက ဦးနေဝင်းတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုပြီး ခေါ်တုန်းကတော့ တရုတ်ပြည်ရောက်နေတဲ့ ဗကပတွေ ဘာတွေ လာရောက်တက်တယ်။ အဲဒါ ဗကပတွေက တရုတ်ပြည်ကနေ လေယာဉ်ပျံနဲ့ ရန်ကုန်မှာ လာတက်တာတွေ ရှိတယ်ဆိုတော့ အဲဒါ တရုတ်ပြည်ရဲ့ ကြားဝင်ဆောင်ရွက်မှု မရှိဘဲနဲ့တော့ မလာနိုင်ဘူး။ အဲဒါကတော့ ရှင်းတယ်။

မေး ။ ။ သခင်ဗသိန်းတင်တို့ အဲဒီက လာခဲ့ကြတာပဲ။ ဒါပေမဲ့ အခုကိစ္စမှာ တရုတ်က သူတို့ရဲ့ အကျိုးစီးပွား ရှိနေတာပဲ။ သူတို့ရဲ ရင်းနှီးမြုပ်နံှမှု - အဲဒီကိစ္စတွေကိုတော့ …

ဖြေ ။ ။ တရုတ်အနေနဲ့ တကယ့်တကယ် ဝင်ရောက်တိုက်တွန်းပေးရင်တော့ ရကောင်းရမယ်လို့ ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ရခိုင်ပြည်ထဲမှာ စီးပွားရေးရင်းနှီးမြုပ်နံှမှုတွေက အများကြီး - ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံပိုက်လိုင်း ဘာတို့ အကုန်ရှိတယ်။ သူ့အကျိုးစီးပွားကတော့ ရှိနေတယ်။ Middle East ယူလာတဲ့ ရေနံတွေကို ကျောက်ဖြူကနေ တိုက်ရိုက်ပိုက်နဲ့ တရုတ်ပြည်ကို ပို့နေပါတယ်။ ရခိုင်ပြည်နယ်ထဲက ထွက်တဲ့ ဓါတ်ငွေ့တွေ သူတို့ရတာတွေ ရှိတယ်။ သူ့အနေနဲ့ ဝင်ရောက်ဆောင်ရွက်ပေးရင်တော့ ကောင်းလည်းကောင်းမယ်၊ အကျိုးလည်းရှိမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ အခုတရုတ်ရဲ့ ရပ်တည်မှုက ကျနော်မြင်တာက အိန္ဒိယရဲ့ ကလ္ဘတန်စီမံကိန်းကို ဟန့်တားဖို့အတွက် AA ကို အသုံးချနေတယ်ဆိုတော့ AA က သူတို့ဘက်ပါနေတယ်ဆိုပြီးတော့ တရုတ်က စိတ်ချလက်ချပဲ AA နဲ့ အစိုးရနဲ့ ဖြစ်နေတဲ့ ကိစ္စကိုတော့ ဘာမှစိတ်ပူပန်ဟိတ် မပြဘူး။

ဖြေ ။ ။ ဟုတ်တယ်။ အဲဒါလဲ ပြဿနာတစ်ခု။ တရုတ်က နှစ်ဘက်က လုပ်နေတော့ .. လွတ်နေတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာတပ်မတော်ဘက်က ထုတ်တဲ့ သင်တန်းတွေမှာလဲ AA က ကိုင်တဲ့ တချို့လက်နက်တွေကလဲ တရုတ်က တင်သွင်းတဲ့လက်နက်တွေ။ သူတို့ ဗမာစစ်တပ်ကကိုင်တဲ့ လက်နက်ထက် ပိုပြီးခေတ်မီနေသေးတယ်ဆိုတော့ အဲဒီလက်နက်တွေက ဘယ်ကရလဲ။ တရုတ်ဆီက ဝယ်ရမှာပဲ။ လက်နက်ကို ရောင်းတဲ့လူ ရှိအုံးမှာ။ ရောင်းတဲ့လူ မရှိရင် ဘယ်လိုရမလဲ။ အဲဒါတွေလဲ စဉ်းစားစရာတွေက မျိုးစုံပါပဲ။

မေး ။ ။ တလောတုန်းက တပ်မတော်မှာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ နေရာမှာ လူငယ်အရာရှိတွေ အများကြီး တိုးမြှင့်ပြီးတော့ ခန့်ထားပါတယ်။ တခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သူကလဲ တိုးချဲ့ပေးထားတဲ့ သက်တမ်းတောင် ကျော်လွန်လာခဲ့ပြီဆိုတော့ သူက အငြိမ်းစားယူတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ နိုင်ငံရေးကို ဝင်မယ်လို့ သတင်းတွေထွက်တယ်။ သုံးသပ်ကြတယ်။ နိုင်ငံရေးကို ဝင်ရင်တော့ လူထုထောက်ခံမှု ပိုရအောင် လုပ်ရမှာပေါ့။ ဆိုတော့ တပ်မတော်ထဲမှာ လူသစ်တွေနဲ့ ကျန်ခဲ့မယ်ဆိုတော့ အဲဒီအခြေအနေကို ကြည့်ရင်ကော scenario အသစ်တမျိုးမျိုး ပုံစံသစ်တခုခု ဖြစ်လာနိုင်ပြီလို့ ထင်နိုင်စရာ ရှိပါသလား။

ဖြေ ။ ။ စစ်ဆိုတာကတော့ ခဏတဖြုတ် တိုက်လို့ရှိရင် တမျိုး။ စစ်ဆိုတာ ကြာလာလို့ရှိရင် ဘယ်ဘက်မဆို နှစ်ဘက်စလုံး တိုက်တဲ့စစ်သားတွေက ငြီးငွေ့လာတာပဲ။ ဟိုဘက်မှာလဲသေ၊ ဒီဘက်မှာလဲသေ။ နောက် တောထဲတောင်ထဲမှာ အငတ်ငတ် အပြတ်ပြတ် နေရာတာဆိုတော့ နှစ်ဘက်စလုံးကတော့ စစ်ဆိုတာတော့ ငြီးငွေ့လာကြမှာပဲ။ အကောင်းဆုံးကတော့ နှစ်ဘက်စလုံး အခြေအနေမှန်တွေကို မြင်ကြပြီးတော့ ဘာမှအကျိုးမရှိတဲ့စစ်ကို ရပ်ပြီးတော့ ဆွေးနွေးပွဲ ထိုင်ကြတာ အကောင်းဆုံးပါ။

XS
SM
MD
LG