သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကုိရီးယားမွာ ကုိဗစ္ တေၾကာ့ျပန္ျဖစ္ေပၚလာတာေၾကာင့္ ျမန္မာသံရုံး သတိေပးခ်က္ ထုတ္ျပန္


ေတာင္ကုိရီးယားမွာ ကုိဗစ္ ေရာဂါ ရွိမရွိ စစ္ေဆးေန

(Zawgyi/Unicode)

ေတာင္ကိုရီးယားႏိုင္ငံမွာ တေၾကာ့ျပန္ျဖစ္လာတဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသားေတြ က်န္းမာေရးသတိနဲ႔ ေဘးကင္းလုံၿခဳံေအာင္ ေနထိုင္ၾကဖို႔ ဆိုးလ္ၿမဳိ့ ျမန္မာသံ႐ုံးက တိုက္တြြန္းလိုက္တဲ့ အေၾကာင္းကို တင္ျပခ်င္ပါတယ္။ ကိုဥာဏ္ဝင္းေအာင္ ေျပာျပမွာပါ။

ဆုိးလ္ၿမဳိ့လယ္ ႏိုက္ကလပ္တခုမွာ ေမလလယ္ပိုင္းက ကုိဗစ္ပုိး ကူးစက္ခဲ့သလို ၊ ဆိုးလ္နဲ႔ မနီးမေဝး ဖူခၽြန္းၿမဳိ့အေျခစိုက္တဲ့ Coupangအြန္လိုင္းကုမၸဏီက ျဖန္႔ျဖဴးလုိက္တဲ့ ပစၥည္းေတြကတဆင့္ ေရာဂါကူးစက္မႈ ရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ တရက္ထဲမွာ ကို႐ုိနာဗုိင္းရပ္စ္ ေတြ႔ရွိရသူ (၈၀)နီးပါးရွိခဲ့ၿပီး ၊ ေမလ(၂၉) ေသာၾကာေန႔မွာေတာ့ (၆၀)နီးပါးရွိခဲ့တာပါ။

ဒါေၾကာင့္ ေတာင္ကိုရီးယားႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈ တေၾကာ့ျပန္ျဖစ္လာခ်ိန္မွာ ျမန္မာႏိုင္ငံသားေတြ က်န္းမာေရးသတိနဲ႔ ေနထိုင္ၿပီး ၊ ေရာဂါကာကြယ္ေရးဆုိင္ရာ စည္းကမ္းခ်က္ေတြအတုိင္း လိုက္နာၾကဖို႔ ျမန္မာသံ႐ုံးက တုိက္တြန္းေၾကာင္း ဆိုးလ္ၿမဳိ့ ျမန္မာသံ႐ုံးရဲ႕ အလုပ္သမားေရး သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က VOA ကိုေျပာပါတယ္။

" အခု ဒီရက္ပိုင္းအတြင္းမွာပဲ ဒုတိယ အေၾကာ့အေနနဲ႔ ပစၥည္းပို႔တဲ့ ကုမၸဏီကေနၿပီး ပစၥည္းမွာ ေရာဂါပိုးကပ္ၿပီး ပါလာတယ္။ အဲဒီကေနၿပီးေတာ့ တဆင့္ ျပန္ကူးစက္ေနတယ္ဆိုတဲ့ သတင္းေတြ ရေနတယ္။ က်ေနာ္တို႔ လူမ်ဳိးေတြအေနနဲ႔ အရင္ကလုိပဲ ကုိယ့္ကိုယ္ကို က်န္းမာေရး ဂရုစိုက္ၿပီးေတာ့ သတိနဲ႔ သြားလာေနထိုင္ၾကဖို႕ ၊ အျပင္ထြက္ သြားလာတာမ်ဳိးေတြ ေစ်းဝယ္ထြက္တာေတြက အစေပါ့ အဲဒါမ်ဳိးနဲ႔ မလိုလားအပ္တဲ့ ကူးစက္မႈ ျဖစ္မွာကိုေတာ့ က်ေနာ့္အေနနဲ႔ စုိးရိမ္ပါတယ္။ အဲဒီအတြက္ က်ေနာ္တို႔ သံရုံးအေနနဲ႔က ထပ္ၿပီးေတာ့ သတိေပးခ်က္ လႈံ႔ေဆာ္သ ြားဖို႔ရာအတြက္ စီစဥ္ထားပါတယ္ခင္ဗ်။ "

ပစၥည္းျဖန္႔ေဝေရး Coupang ကုမၸဏီကေန လူအေျမာက္အမ်ားကို ကူးစက္ႏိုင္ေျခရွိတယ္လို႔ ကိုရီးယား ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးဌာန KCDC ကလည္း သတိေပးထားပါတယ္။

အခုတႀကိမ္ ကူးစက္တဲ့ ကိုဗစ္ပိုးဟာ အရင္ကထက္ ျပင္းထန္တဲ့အမ်ဳိးအစား ျဖစ္တယ္ဆိုတာ ကုိရီးယားသတင္းေတြမွာ ေဖၚျပေၾကာင္း အင္ခၽြန္းၿမဳိ႕မွာေနတဲ့ ကိုရန္ႏိုင္ထ ြန္းက ေျပာပါတယ္။

" စုိးရိမ္စရာ ေကာင္းတာက ပထမတေခါက္ ကိုရီးယားႏိုင္ငံမွာ ကူးစက္ခဲ့တဲ့ ဒီ ကိုဗစ္ေရာဂါပိုးဟာ (ေအ)အဆင့္ ရွိတယ္လို႔ သိရပါတယ္။ အခုတႀကိမ္ကေတာ့ ကိုဗစ္ေရာဂါပိုးဟာ ဥေရာပႏိုင္ငံတို႔ အေမရိကႏိုင္ငံတို႔မွာ ျဖစ္ေပၚကူးစက္ေနတဲ့ (စီ)အဆင့္ရွိတဲ့ ပိုးမ်ဳိးေပါ့။ ပိုမိုၿပီး ျပင္းထန္တဲ့ ပိုၿပီးေၾကာက္စရာေကာင္းတဲ့ ကိုဗစ္ပိုး ဆိုၿပီးေတာ့ သူတို႔က ေျပာဆိုေနၾကပါတယ္။ "

ေတာင္ကိုရီးယားႏိုင္ငံဟာ ကုိဗစ္ေရာဂါပိုးကို ဧၿပီလထဲမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ လူေတြၾကား ေရာဂါကာကြယ္ေရးဆိုင္ရာ တင္းၾကပ္တဲ့ ကန္႔သတ္ခ်က္ေတြကို ေမလ(၆)ရက္မွာ ေျဖ ေလ်ာ့လာၿပီးေနာက္ စာသင္ေက်ာင္းတခ်ဳိ႕ကို ေမလ(၂၇) ဗုဒၶဟူးေန႔က ျပန္ဖြင့္ေပးခဲ့တာပါ။ အခုေတာ့ ေရာဂါကူးစက္မႈႏႈန္း ျပန္တက္လာတာေၾကာင့္ အနည္းဆုံး ေက်ာင္းေပါင္း (၂၀၀)ေလာက္ကို အစိုးရက ျပန္ပိတ္ခိုင္းလိုက္တယ္လို႔ ကိုရန္ႏိုင္ထြန္းက ေျပာပါတယ္။

" အဲဒီေတာ့ ေက်ာင္းေတြက ဇြန္လ ၃ ရက္မွာ ျပန္ဖြင့္ေတာ့မယ္ဆိုၿပီး အစိုးရက ေၾကညာထားတဲ့ အခ်ိန္အေတာအတြင္းမွာပဲ ၊ အျပင္မွာရွိတဲ့ အလြတ္ပညာသင္ေက်ာင္း အေတာ္မ်ားမ်ားကေတာ့ ျပန္ဖြင့္လာၾကတယ္ ။ အဲလို ျပန္ဖြင့္လာၿပီး ၄၈ နာရီေလာက္ အတြင္းမွာပဲ ကေလးေတြ ေက်ာင္းသားေတြ ေရာဂါပုိး ကူးစက္မႈ ျဖစ္ေပၚလာတာကို ေတြ႔ရတယ္။ ေနရာအႏွံ႔အျပားလိုလိုမွာ ျဖစ္လာတဲ့အတြက္ေၾကာင့္ လက္ရွိအေျခေနမွာေတာ့ ကိုရီးယားဟာ ကိုဗစ္ ဒုတိယလႈိင္း႐ုိက္ခတ္မႈကို ႀကဳံေတြ႕ေနရၿပီလို႔ ေျပာလို႔ရႏိုင္ပါတယ္။ "

အခုလို ကိုဗစ္ေရာဂါပိုး ကူးစက္ေနခ်ိန္မွာ ေတာင္ကုိရီးယားႏိုင္ငံ အင္ခၽြန္းေလဆိပ္ကေန ရန္ကုန္ေလဆိပ္ၾကား ပ်ံသန္းေပးေနတဲ့ ကယ္ဆယ္ေရး ေလယာဥ္ေတြမွာ ႏိုင္ငံတကာေရာက္ ပိတ္မိေနတဲ့ ျမန္မာေတြ သူ႔အခ်ဳိးအစားအလုိက္ အိမ္ျပန္ႏိုင္ေရးအတြက္ စီစဥ္ေပးေနေၾကာင္း သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က က ေျပာပါတယ္။

" က်ေနာ္တို႔ ဒီမွာလည္း ဗီဇာသက္တမ္းကုန္ၿပီး ျပန္ဖို႔ ေစာင့္ေနသူ ၂၀၀ ဝန္းက်င္ေလာက္ က်န္ေနပါေသးတယ္ ။ က်ေနာ္တို႔ အေနနဲ႔က အျခားႏိုင္ငံေတြကိုလည္း ခ ြဲတမ္းအေနနဲ႔ စီစဥ္ေပးရတာမ်ဳိး ရွိတဲ့အတြက္ ကုိရီးယားဘက္ကလိုက္မယ့္ လူဦးေရ တျဖည္းျဖည္းခ်င္း ေလွ်ာ့ၿပီးေတာ့ စီစဥ္ေနတာေတြေတာ့ ရွိတယ္။ ဒီ ေသာၾကာေန႔ အေခါက္မွာဆိုရင္ ကိုရီးယားဘက္ကေနၿပီးေတာ့ေပါ့ေနာ္ သေဘၤာသားေတြ ဘာေတြ အပါအဝင္ ျမန္မာႏိုင္ငံသား ၃၅ ဦးကိုပဲ ပို႔ေပးႏိုင္တယ္။ "

ျမန္မာေလေၾကာင္းလိုင္း MAI ဟာ ခရီးစဥ္တေခါက္ကို လူ(၁၂၀)နဲ႔ (၁၃၀)ၾကား သယ္ေဆာင္ေလ့ ရွိပါတယ္။ ေမလ ၂၉ ေသာၾကာေန႔ အင္ခၽြန္းကေန ရန္ကုန္ပ်ံသန္းတဲ့ ေလယာဥ္ေပၚမွာ ျမန္မာႏိုင္ငံသား ၉၄ ဦး ပါဝင္တယ္လို႔ ဆိုးလ္ ျမန္မာသံ႐ုံးက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ အခုခ်ိန္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း (၁၁၄၀၀)ေက်ာ္ရွိၿပီး ၊ (၂၇၀)နီးပါး ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

တောင်ကိုရီးယားမှာ ကိုဗစ် တကြော့ပြန်ဖြစ်ပေါ်လာတာကြောင့် မြန်မာသံရုံး သတိပေးချက်ထုတ်ပြန်

(Unicode)

တောင်ကိုရီးယားနိုင်ငံမှာ တကြော့ပြန်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ကျန်းမာရေးသတိနဲ့ ဘေးကင်းလုံခြုံအောင် နေထိုင်ကြဖို့ ဆိုးလ်မြို့ မြန်မာသံရုံးက တိုက်တွန်းလိုက်တဲ့ အကြောင်းကို တင်ပြချင်ပါတယ်။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။

ဆိုးလ်မြို့လယ် နိုက်ကလပ်တခုမှာ မေလလယ်ပိုင်းက ကိုဗစ်ပိုး ကူးစက်ခဲ့သလို ၊ ဆိုးလ်နဲ့ မနီးမဝေး ဖူချွန်းမြို့အခြေစိုက်တဲ့ Coupangအွန်လိုင်းကုမ္ပဏီက ဖြန့်ဖြူးလိုက်တဲ့ ပစ္စည်းတွေကတဆင့် ရောဂါကူးစက်မှု ရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့ တရက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရသူ (၈၀)နီးပါးရှိခဲ့ပြီး ၊ မေလ(၂၉) သောကြာနေ့မှာတော့ (၆၀)နီးပါးရှိခဲ့တာပါ။

ဒါကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု တကြော့ပြန်ဖြစ်လာချိန်မှာ မြန်မာနိုင်ငံသားတွေ ကျန်းမာရေးသတိနဲ့ နေထိုင်ပြီး ၊ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်တွေအတိုင်း လိုက်နာကြဖို့ မြန်မာသံရုံးက တိုက်တွန်းကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးရဲ့ အလုပ်သမားရေး သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က VOA ကိုပြောပါတယ်။

" အခု ဒီရက်ပိုင်းအတွင်းမှာပဲ ဒုတိယ အကြော့အနေနဲ့ ပစ္စည်းပို့တဲ့ ကုမ္ပဏီကနေပြီး ပစ္စည်းမှာ ရောဂါပိုးကပ်ပြီး ပါလာတယ်။ အဲဒီကနေပြီးတော့ တဆင့် ပြန်ကူးစက်နေတယ်ဆိုတဲ့ သတင်းတွေ ရနေတယ်။ ကျနော်တို့ လူမျိုးတွေအနေနဲ့ အရင်ကလိုပဲ ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ပြီးတော့ သတိနဲ့ သွားလာနေထိုင်ကြဖို့ ၊ အပြင်ထွက် သွားလာတာမျိုးတွေ ဈေးဝယ်ထွက်တာတွေက အစပေါ့ အဲဒါမျိုးနဲ့ မလိုလားအပ်တဲ့ ကူးစက်မှု ဖြစ်မှာကိုတော့ ကျနော့်အနေနဲ့ စိုးရိမ်ပါတယ်။ အဲဒီအတွက် ကျနော်တို့ သံရုံးအနေနဲ့က ထပ်ပြီးတော့ သတိပေးချက် လှုံ့ဆော်သ ွားဖို့ရာအတွက် စီစဉ်ထားပါတယ်ခင်ဗျ။ "

ပစ္စည်းဖြန့်ဝေရေး Coupang ကုမ္ပဏီကနေ လူအမြောက်အများကို ကူးစက်နိုင်ခြေရှိတယ်လို့ ကိုရီးယား ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန KCDC ကလည်း သတိပေးထားပါတယ်။

အခုတကြိမ် ကူးစက်တဲ့ ကိုဗစ်ပိုးဟာ အရင်ကထက် ပြင်းထန်တဲ့အမျိုးအစား ဖြစ်တယ်ဆိုတာ ကိုရီးယားသတင်းတွေမှာ ဖေါ်ပြကြောင်း အင်ချွန်းမြို့မှာနေတဲ့ ကိုရန်နိုင်ထ ွန်းက ပြောပါတယ်။

" စိုးရိမ်စရာ ကောင်းတာက ပထမတခေါက် ကိုရီးယားနိုင်ငံမှာ ကူးစက်ခဲ့တဲ့ ဒီ ကိုဗစ်ရောဂါပိုးဟာ (အေ)အဆင့် ရှိတယ်လို့ သိရပါတယ်။ အခုတကြိမ်ကတော့ ကိုဗစ်ရောဂါပိုးဟာ ဥရောပနိုင်ငံတို့ အမေရိကနိုင်ငံတို့မှာ ဖြစ်ပေါ်ကူးစက်နေတဲ့ (စီ)အဆင့်ရှိတဲ့ ပိုးမျိုးပေါ့။ ပိုမိုပြီး ပြင်းထန်တဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ ကိုဗစ်ပိုး ဆိုပြီးတော့ သူတို့က ပြောဆိုနေကြပါတယ်။ "

တောင်ကိုရီးယားနိုင်ငံဟာ ကိုဗစ်ရောဂါပိုးကို ဧပြီလထဲမှာ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လူတွေကြား ရောဂါကာကွယ်ရေးဆိုင်ရာ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကို မေလ(၆)ရက်မှာ ဖြေ လျော့လာပြီးနောက် စာသင်ကျောင်းတချို့ကို မေလ(၂၇) ဗုဒ္ဓဟူးနေ့က ပြန်ဖွင့်ပေးခဲ့တာပါ။ အခုတော့ ရောဂါကူးစက်မှုနှုန်း ပြန်တက်လာတာကြောင့် အနည်းဆုံး ကျောင်းပေါင်း (၂၀၀)လောက်ကို အစိုးရက ပြန်ပိတ်ခိုင်းလိုက်တယ်လို့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

" အဲဒီတော့ ကျောင်းတွေက ဇွန်လ ၃ ရက်မှာ ပြန်ဖွင့်တော့မယ်ဆိုပြီး အစိုးရက ကြေညာထားတဲ့ အချိန်အတောအတွင်းမှာပဲ ၊ အပြင်မှာရှိတဲ့ အလွတ်ပညာသင်ကျောင်း အတော်များများကတော့ ပြန်ဖွင့်လာကြတယ် ။ အဲလို ပြန်ဖွင့်လာပြီး ၄၈ နာရီလောက် အတွင်းမှာပဲ ကလေးတွေ ကျောင်းသားတွေ ရောဂါပိုး ကူးစက်မှု ဖြစ်ပေါ်လာတာကို တွေ့ရတယ်။ နေရာအနှံ့အပြားလိုလိုမှာ ဖြစ်လာတဲ့အတွက်ကြောင့် လက်ရှိအခြေနေမှာတော့ ကိုရီးယားဟာ ကိုဗစ် ဒုတိယလှိုင်းရိုက်ခတ်မှုကို ကြုံတွေ့နေရပြီလို့ ပြောလို့ရနိုင်ပါတယ်။ "

အခုလို ကိုဗစ်ရောဂါပိုး ကူးစက်နေချိန်မှာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကနေ ရန်ကုန်လေဆိပ်ကြား ပျံသန်းပေးနေတဲ့ ကယ်ဆယ်ရေး လေယာဉ်တွေမှာ နိုင်ငံတကာရောက် ပိတ်မိနေတဲ့ မြန်မာတွေ သူ့အချိုးအစားအလိုက် အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးနေကြောင်း သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က က ပြောပါတယ်။

" ကျနော်တို့ ဒီမှာလည်း ဗီဇာသက်တမ်းကုန်ပြီး ပြန်ဖို့ စောင့်နေသူ ၂၀၀ ဝန်းကျင်လောက် ကျန်နေပါသေးတယ် ။ ကျနော်တို့ အနေနဲ့က အခြားနိုင်ငံတွေကိုလည်း ခ ွဲတမ်းအနေနဲ့ စီစဉ်ပေးရတာမျိုး ရှိတဲ့အတွက် ကိုရီးယားဘက်ကလိုက်မယ့် လူဦးရေ တဖြည်းဖြည်းချင်း လျှော့ပြီးတော့ စီစဉ်နေတာတွေတော့ ရှိတယ်။ ဒီ သောကြာနေ့ အခေါက်မှာဆိုရင် ကိုရီးယားဘက်ကနေပြီးတော့ပေါ့နော် သင်္ဘောသားတွေ ဘာတွေ အပါအဝင် မြန်မာနိုင်ငံသား ၃၅ ဦးကိုပဲ ပို့ပေးနိုင်တယ်။ "

မြန်မာလေကြောင်းလိုင်း MAI ဟာ ခရီးစဉ်တခေါက်ကို လူ(၁၂၀)နဲ့ (၁၃၀)ကြား သယ်ဆောင်လေ့ ရှိပါတယ်။ မေလ ၂၉ သောကြာနေ့ အင်ချွန်းကနေ ရန်ကုန်ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ မြန်မာနိုင်ငံသား ၉၄ ဦး ပါဝင်တယ်လို့ ဆိုးလ် မြန်မာသံရုံးက ပြောပါတယ်။

တောင်ကိုရီးယားမှာ အခုချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း (၁၁၄၀၀)ကျော်ရှိပြီး ၊ (၂၇၀)နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG