(Zawgyi / Unicode)
ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un က်န္းမာေရး မေကာင္းဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ သူသုံးေလ့ရွိတဲ့ အထူးရထားကုိ ႏိုင္ငံအေရွ႕ပိုင္း အပန္းေျဖၿမိဳ႕က သူ႔ရဲ႕အိမ္ေတာ္၀င္းထဲမွာ ရပ္ထားတဲ့ ၿဂိဳဟ္တုဓာတ္ပုံတခ်ိဳ႕ ထြက္လာပါတယ္။
ေျမာက္ကိုရီးယားအေရး ေစာင့္ၾကည့္အကဲခတ္ေနတဲ့ 38 North ဆိုတဲ့ ၀က္ဘ္ဆိုက္မွာ စေနေန႔က ဒီပံုေတြကို တင္ထားတာပါ။
ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ မိသားစု အသုံးျပဳဖို႔အတြက္ ဒီလ ၂၁ ရက္ေန႔နဲ႔ ၂၃ ရက္ေန႔အထိ ဒီရထားကို Wonsan ၿမိဳ႕မွာ ရပ္ထားခဲ့တာလို႔လည္း ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ခုလို ရထားရပ္ထားတာက ေျမာက္ကိုရီးယားေခါင္းေဆာင္ ရွိတဲ့ေနရာနဲ႔ က်န္းမာေရး အေျခအေနေတြကိုေတာ့ သက္ေသမျပႏိုင္ေၾကာင္းလည္း 38 North ဝက္ဘ္ဆုိက္က ေျပာပါတယ္။
ေခါင္းေဆာင္ Kim Jong Un ဟာ ဧၿပီ ၁၅ ရက္ေန႔မွာ က်င္းပတဲ့ ေျမာက္ကိုရီးယားႏိုင္ငံကို တည္ေထာင္သူ သူ႔ရဲ႕အဖိုး Kim Il Sung ရဲ႕ ၁၀၈ ႏွစ္ေျမာက္ ေမြးေန႔ဂုဏ္ျပဳပြဲကို တက္ေရာက္ဖို႔ ပ်က္ကြက္ခဲ့ၿပီးေနာက္ပုိင္း Kim ရဲ႕ က်န္းမာေရး အေျခအေနနဲ႔ ပတ္သက္လို႔ ခန႔္မွန္းခ်က္ေတြ ေပၚထြက္လာခဲ့တာပါ။
အိမ္နီးခ်င္း ေတာင္ကိုရီးယားႏုိင္ငံကေတာ့ ထင္ေၾကးေပး ေျပာဆိုခ်က္ေတြအေပၚ ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့သာ တုံ႔ျပန္ေျပာဆိုထားပါတယ္။
--------------------------------
(Unicode)
မကျန်းမာဘူးလို့ဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင် အပန်းဖြေမြို့ကို ရောက်နေသလား
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ သူသုံးလေ့ရှိတဲ့ အထူးရထားကို နိုင်ငံအရှေ့ပိုင်း အပန်းဖြေမြို့က သူ့ရဲ့အိမ်တော်ဝင်းထဲမှာ ရပ်ထားတဲ့ ဂြိုဟ်တုဓာတ်ပုံတချို့ ထွက်လာပါတယ်။
မြောက်ကိုရီးယားအရေး စောင့်ကြည့်အကဲခတ်နေတဲ့ 38 North ဆိုတဲ့ ဝက်ဘ်ဆိုက်မှာ စနေနေ့က ဒီပုံတွေကို တင်ထားတာပါ။
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ မိသားစု အသုံးပြုဖို့အတွက် ဒီလ ၂၁ ရက်နေ့နဲ့ ၂၃ ရက်နေ့အထိ ဒီရထားကို Wonsan မြို့မှာ ရပ်ထားခဲ့တာလို့လည်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ခုလို ရထားရပ်ထားတာက မြောက်ကိုရီးယားခေါင်းဆောင် ရှိတဲ့နေရာနဲ့ ကျန်းမာရေး အခြေအနေတွေကိုတော့ သက်သေမပြနိုင်ကြောင်းလည်း 38 North ဝက်ဘ်ဆိုက်က ပြောပါတယ်။
ခေါင်းဆောင် Kim Jong Un ဟာ ဧပြီ ၁၅ ရက်နေ့မှာ ကျင်းပတဲ့မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ သူ့ရဲ့အဖိုး Kim Il Sung ရဲ့ ၁၀၈ နှစ်မြောက် မွေးနေ့ဂုဏ်ပြုပွဲကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း Kim ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ ပေါ်ထွက်လာခဲ့တာပါ။
အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံကတော့ ထင်ကြေးပေး ပြောဆိုချက်တွေအပေါ် လျှော့လျှော့ပေါ့ပေါ့သာ တုံ့ပြန်ပြောဆိုထားပါတယ်။