သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Covid-19 တုိက္ဖ်က္ေရး ကူညီဖုိ႔ ေျမာက္ကုိရီးယားကုိ သမၼတ Trump ကမ္္းလွမ္း


ကုိ႐ုိနာဗုိင္းရပ္စ္အေရး ေျပာၾကားေနသည့္ အေမရိကန္သမၼတ Donald Trump. (မတ္ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကမၻာတ၀ွမ္း ကုိ႐ုိနာဗုိင္းရပ္စ္ ျဖစ္ေပၚေနတာေၾကာင့္ အေမရိကန္က အကူအညီေပးလုိေၾကာင္း သမၼတ Donald Trump က ေျမာက္ကုိရီးယားေခါင္းေဆာင္ Kim Jong Un ကုိ စာေရးသား ေပးပုိ႔ခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒါဟာ ေခါင္းေဆာင္ ၂ ဦးအၾကား လအတန္ၾကာအတြင္း ပထမဆုံးအႀကိမ္ ဆက္သြယ္မႈ ျပဳလုပ္တာလည္း ျဖစ္ပါတယ္။

ေခါင္းေဆာင္ ၂ ဦးအၾကား ထူးျခား ခုိင္မာတဲ့ ဆက္ဆံေရး ရွိေနတယ္ဆုိတာကုိ စာထဲမွာ ေရးသားထားေၾကာင္း ေျမာက္ကုိရီးယားအစုိးရ သတင္းဌာနျဖစ္တဲ့ KCNA မွာ ေဖာ္ျပထားၿပီး စာထဲမွာပါတဲ့ တျခားအေၾကာင္းအရာေတြကုိလည္း ေဖာ္ျပထားတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ ကမၻာတ၀ွမ္း ျဖစ္ေပၚေနတဲ့ ကပ္ေရာဂါႀကီး တုိက္ဖ်က္ေရးအတြက္ အေမရိကန္က အကူအညီေပးလုိေၾကာင္း၊ ဒီကာလအတြင္း ေျမာက္ကုိရီးယားျပည္သူေတြကုိ အကာကြယ္ေပးေနတဲ့ ေျမာက္ကုိရီးယားေခါင္းေဆာင္ရဲ႕ လုပ္ေဆာင္မႈေတြကုိ ေလးစားမိေၾကာင္း စာထဲမွာ ေရးသားထားတယ္လုိ႔ ဆုိပါတယ္။

သူတုိ႔ႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ မရွိေသးေၾကာင္း ေျမာက္ကုိရီးယားက ေျပာဆုိထားေပမယ့္ အမ်ားစုကေတာ့ ေရာဂါကူးစက္ေနတာကုိ ေျမာက္ကုိရီးယားက ဖုံးကြယ္ထားတာလုိ႔ တြက္ဆေနၾကပါတယ္။

ေျမာက္ကုိရီးယားႏုိင္ငံမွာ က်န္းမာေရးကုသမႈ ေပးႏုိင္တဲ့ ေကာင္းမြန္တဲ့ အေျခခံအေဆာက္အဦေတြ ရွိမေနတာနဲ႔ ေဆး၀ါးပစၥည္း အလုံအေလာက္ ရွိမေနတာေတြေၾကာင့္ တကယ္လုိ႔ ေရာဂါပုိးကူးစက္ခဲ့မယ္ဆုိရင္ အေသအေပ်ာက္ မ်ားႏုိင္တယ္လုိ႔ ဆုိပါတယ္။

သမၼတ Trump ေျမာက္ကုိရီးယားေခါင္းေဆာင္ကုိ စာပုိ႔ခဲ့တယ္ဆုိတာကုိ အိမ္ျဖဴေတာ္ အႀကီးတန္းအရာရွိတဦးက အတည္ျပဳပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

Covid-19 တိုက်ဖျက်ရေး ကူညီဖို့ မြောက်ကိုရီးယားကို သမ္မတ Trump ကမ်းလှမ်း

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေတာကြောင့် အမေရိကန်က အကူအညီပေးလိုကြောင်း သမ္မတ Donald Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ခေါင်းဆောင် ၂ ဦးအကြား လအတန်ကြာအတွင်း ပထမဆုံးအကြိမ် ဆက်သွယ်မှု ပြုလုပ်တာလည်း ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ဦးအကြား ထူးခြား ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေတယ်ဆိုတာကို စာထဲမှာ ရေးသားထားကြောင်း မြောက်ကိုရီးယားအစိုးရ သတင်းဌာနဖြစ်တဲ့ KCNA မှာ ဖော်ပြထားပြီး စာထဲမှာပါတဲ့ တခြားအကြောင်းအရာတွေကိုလည်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာတဝှမ်း ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီး တိုက်ဖျက်ရေးအတွက် အမေရိကန်က အကူအညီပေးလိုကြောင်း၊ ဒီကာလအတွင်း မြောက်ကိုရီးယားပြည်သူတွေကို အကာကွယ်ပေးနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ လုပ်ဆောင်မှုတွေကို လေးစားမိကြောင်း စာထဲမှာ ရေးသားထားတယ်လို့ ဆိုပါတယ်။

သူတို့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ မရှိသေးကြောင်း မြောက်ကိုရီးယားက ပြောဆိုထားပေမယ့် အများစုကတော့ ရောဂါကူးစက်နေတာကို မြောက်ကိုရီးယားက ဖုံးကွယ်ထားတာလို့ တွက်ဆနေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ကျန်းမာရေးကုသမှု ပေးနိုင်တဲ့ ကောင်းမွန်တဲ့ အခြေခံအဆောက်အဦတွေ ရှိမနေတာနဲ့ ဆေးဝါးပစ္စည်း အလုံအလောက် ရှိမနေတာတွေကြောင့် တကယ်လို့ ရောဂါပိုးကူးစက်ခဲ့မယ်ဆိုရင် အသေအပျောက် များနိုင်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump မြောက်ကိုရီးယားခေါင်းဆောင်ကို စာပို့ခဲ့တယ်ဆိုတာကို အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက အတည်ပြုပါတယ်။

XS
SM
MD
LG