သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ကၽြန္းသစ္ အီးယူကုန္သည္ေတြ တင္သြင္းေနဆဲ


(Zawgyi/Unicode)

ဥေရာပသမဂၢ EU ရဲ့ ဥပေဒေတြကို လက္တစ္လုံးျခားလုပ္ၿပီးျမန္မာ့ကၽြန္းသစ္ေတြကို ဥေရာပ သစ္ကုန္သည္ေတြက ဆက္လက္ တင္သြင္းေနဆဲျဖစ္ေၾကာင္း Mongabay ပတ္ဝန္းက်င္ဆိုင္ရာ သတင္းဌာနက ေျပာပါတယ္။ ျမန္မာ့ကၽြန္းသစ္ေတြကို ဥေရာပကိုဆက္လက္ တင္သြင္းေနတုန္းပဲ ဆိုတာကို ခရိုေအးရွားနိုင္ငံ စိုက္ပ်ိဳးေရး ဝန္ႀကီးဌာနက ရရွိခဲ့တဲ့ စာရြက္စာတမ္းေတြ အေပၚ အေျခခံၿပီးပတ္ဝန္းက်င္ ဆိုင္ရာ စုံစမ္းစစ္ေဆးေရးေအဂ်င္စီ (EIA) က စုံစမ္း ေတြ႕ရွိခဲ့တာလို႔ ဆိုပါတယ္။

အဲဒီ စာရြက္စာတမ္းမွာ ခရိုေအးရွားကုမၸဏီ Viator Pula က တဆင့္ ျမန္မာ့ ကၽြန္းသစ္ တင္ေဆာင္လာတဲ့ သေဘၤာ ၁၀ စင္းရွိခဲ့ၿပီး ၂၀၁၇ ခုႏွစ္ကေန၂၀၁၉ ခုႏွစ္အတြင္း ခန္႔မွန္းေျခ အေမရိကန္ ေဒၚလာ ၁ သန္း တန္ဖိုးရွိတဲ့ ကၽြန္းသစ္ ၁၄၄ တန္ ခရိုေအးရွားနိုင္ငံ Rijeka ဆိပ္ကမ္းကိုေရာက္ရွိခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီ Viator Pula ကုမၸဏီဟာ တရား မဝင္ ခုတ္လွဲတဲ့ သစ္ေတြကို ပိတ္ပင္ထားတဲ့ EU ရဲ့ ဥပေဒကို ေရွာင္ရွားၿပီး ျမန္မာ့ ကၽြန္းသစ္ေတြ တင္သြင္းရာမွာ အဓိက အခန္း က႑က ပါဝင္ ေနတယ္ လို႔လည္း EIA က ေျပာပါတယ္။

၂၀၁၅ ခုႏွစ္ကတည္းက ဥေရာပ ကုမၸဏီေတာ္ေတာ္မ်ားမ်ား ျမန္မာ့ ကၽြန္းသစ္ေတြ တင္သြင္းမႈနဲ႔ လိမ္လည္မႈေတြေၾကာင့္ တရားရင္ဆိုင္ ေနၾကရပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း ဒတ္ခ်္ ရဲတပ္ဖြဲ႕ဝင္ေတြက နယ္သာလန္နိုင္ငံအတြင္း ကၽြန္းသစ္ကုန္သည္ေတြရဲ့ ႐ုံးေတြကို ေရွာင္တခင္ ဝင္ေရာက္ စီးနင္းခဲ့ရာမွာ ခ်က္သမၼတနိုင္ငံထဲ လႈပ္ရွားေနတဲ့ သစ္တင္သြင္းတဲ့ ကြန္ရက္တစ္ခုကို စုံစမ္းေတြ႕ရွိခဲ့ တယ္လို႔ ဆိုပါတယ္။

ကမၻာ့သစ္ေတာ ေစာင့္ၾကည့္ေရးအဖြဲ႕ Global Forest Watch ရဲ့အဆိုအရ ၂၀၀၁ ခုႏွစ္က ၂၀၁၈ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ သစ္ေတာ ဟက္တာ စတုရန္းမိုင္ ၁၃၀၀၀ ဆုံးရႈံး ေပ်ာက္ကြယ္သြားခဲ့တယ္လို႔ ဆိုပါတယ္။ အဲဒီ သစ္ေတာေတြမွာ ကမၻာ့ေျမေပၚက တန္ဖိုး အရွိဆုံး သစ္ေတြ ပါဝင္ေနတယ္လို႔လည္း ဆိုပါတယ္။ ဥေရာပမွာေတာ့ အဲဒီ သစ္ေတြကို ဇိမ္ခံ ရြက္ေလွသေဘၤာေတြ တည္ေဆာက္ရာမွာ ေဈးႀကီးေပးၿပီး အသုံးျပဳၾကတာ လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာ့ကျွန်းသစ်တွေ အီးယူကုန်သည်တွေ တင်သွင်းနေဆဲ

(Unicode)

ဥရောပသမဂ္ဂ EU ရဲ့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်ပြီးမြန်မာ့ကျွန်းသစ်တွေကို ဥရောပ သစ်ကုန်သည်တွေက ဆက်လက် တင်သွင်းနေဆဲဖြစ်ကြောင်း Mongabay ပတ်ဝန်းကျင်ဆိုင်ရာ သတင်းဌာနက ပြောပါတယ်။ မြန်မာ့ကျွန်းသစ်တွေကို ဥရောပကိုဆက်လက် တင်သွင်းနေတုန်းပဲ ဆိုတာကို ခရိုအေးရှားနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနက ရရှိခဲ့တဲ့ စာရွက်စာတမ်းတွေ အပေါ် အခြေခံပြီးပတ်ဝန်းကျင် ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ (EIA) က စုံစမ်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စာရွက်စာတမ်းမှာ ခရိုအေးရှားကုမ္ပဏီ Viator Pula က တဆင့် မြန်မာ့ ကျွန်းသစ် တင်ဆောင်လာတဲ့ သင်္ဘော ၁၀ စင်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကနေ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁ သန်း တန်ဖိုးရှိတဲ့ ကျွန်းသစ် ၁၄၄ တန် ခရိုအေးရှားနိုင်ငံ Rijeka ဆိပ်ကမ်းကိုရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ Viator Pula ကုမ္ပဏီဟာ တရား မဝင် ခုတ်လှဲတဲ့ သစ်တွေကို ပိတ်ပင်ထားတဲ့ EU ရဲ့ ဥပဒေကို ရှောင်ရှားပြီး မြန်မာ့ ကျွန်းသစ်တွေ တင်သွင်းရာမှာ အဓိက အခန်း ကဏ္ဍက ပါဝင် နေတယ် လို့လည်း EIA က ပြောပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက ဥရောပ ကုမ္ပဏီတော်တော်များများ မြန်မာ့ ကျွန်းသစ်တွေ တင်သွင်းမှုနဲ့ လိမ်လည်မှုတွေကြောင့် တရားရင်ဆိုင် နေကြရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ဒတ်ချ် ရဲတပ်ဖွဲ့ဝင်တွေက နယ်သာလန်နိုင်ငံအတွင်း ကျွန်းသစ်ကုန်သည်တွေရဲ့ ရုံးတွေကို ရှောင်တခင် ဝင်ရောက် စီးနင်းခဲ့ရာမှာ ချက်သမ္မတနိုင်ငံထဲ လှုပ်ရှားနေတဲ့ သစ်တင်သွင်းတဲ့ ကွန်ရက်တစ်ခုကို စုံစမ်းတွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့သစ်တော စောင့်ကြည့်ရေးအဖွဲ့ Global Forest Watch ရဲ့အဆိုအရ ၂၀၀၁ ခုနှစ်က ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ သစ်တော ဟက်တာ စတုရန်းမိုင် ၁၃၀၀၀ ဆုံးရှုံး ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ သစ်တောတွေမှာ ကမ္ဘာ့မြေပေါ်က တန်ဖိုး အရှိဆုံး သစ်တွေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ ဥရောပမှာတော့ အဲဒီ သစ်တွေကို ဇိမ်ခံ ရွက်လှေသင်္ဘောတွေ တည်ဆောက်ရာမှာ ဈေးကြီးပေးပြီး အသုံးပြုကြတာ လည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG