သုံးရလွယ်ကူစေသည့် Link များ

မြန်မာ့သစ်တင်ပို့မှုရဲ့ ၇၂ ရာခိုင်နှုန်းကျော် တရားမ၀င်ဟု EIA ထုတ်ပြန်

  • ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံအတွင်း သစ်ကုန်သွယ်မှုဆိုင်ရာ ပြစ်မှုကျူးလွန်မှုများနဲ့ အစိုးရပိုင်းဆိုင်ရာ အကျင့်ပျက် ချစားမှုတွေ ရှိနေတဲ့အတွက် တရားမ၀င် သစ်ခုတ်မှုနဲ့ တင်ပို့ရေး အပိုင်းတွေကနေ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေကြောင်း ဗြိတိန်နဲ့ အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းရေးအဖွဲ့ EIA က ဗုဒ္ဓဟူးနေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အချက်အလက် ခြစားမှု၊ မြန်မာနိုင်ငံအတွင်း သစ်လုံးထုတ်လုပ်မှုပမာဏ အစစ်အမှန်အား ဖော်ထုတ်ခြင်း” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း သစ်ခုတ်ခြင်းနဲ့ သစ်တင်ပို့ခြင်းဆိုင်ရာ တရားဝင် ထုတ်ပြန်ချက်တွေကို အသေးစိတ် ဆန်းစစ်သုံးသပ်ပြီး အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သစ်ထုတ်လုပ်မှုနဲ့ သစ်တင်ပို့မှုလုပ်ငန်း စုစုပေါင်းရဲ့ ၂၈ ရာခိုင်နှုန်းကိုသာ မှတ်တမ်းတင်ထားနိုင်ပြီး ကျန် ၇၂ ရာခိုင်နှုန်းဟာ တရားမ၀င် ထုတ်လုပ် တင်ပို့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစိုးရပိုင်းက တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေကို လေ့လာကြည့်ခြင်း အားဖြင့် တရားမ၀င် သစ်ခိုးခုတ်မှုတွေ အစုံလိုက် အပြုံလိုက် ဖြစ်နေတယ် ဆိုတာကို ပြသနေပြီး အဲဒီလို ဖြစ်ပေါ်ဖို့အတွက်ဟာလည်း အစိုးရကိုယ်တိုင်က ပါဝင်ပတ်သက်မှ ဖြစ်နိုင်တဲ့အကြောင်း EIA ရဲ့ သစ်တောရေးရာ လှုံဆော်ရေးခေါင်းဆောင် Faith Dorothy က ပြောပါတယ်။
XS
SM
MD
LG