သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ္းနဲ႔ေျမပံုမွာ ေလျပင္းတိုက္လို႔ စစ္ေရွာင္စခန္းေတြ ပ်က္စီးၿပီး တပ္မေတာ္သား ၁ ဦးေသဆံုး


ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ အနီးတြင္ ျဖစ္ပြားခဲ့ေသာ တိုုက္ပြဲမ်ားေၾကာင့္ တိမ္းေရွာင္ထြက္ေျပးလာခဲ့ၾကေသာ စစ္ေရွာင္မ်ား။ (ဓာတ္ပံု - Rakhine Ethnics Congress)

[Zawgyi/Unicode]

အမ္းၿမိဳ႕နယ္နဲ႔ ေျမပံုၿမိဳ႕နယ္ေတြမွာ မေန႔က မနက္ပိုင္းက ေလျပင္းတိုက္ခတ္တာေၾကာင့္ စစ္ေရွာင္စခန္း တခ်ိဳ႕နဲ႔ ေနအိမ္ေတြ ပ်က္စီးသြားသလို တပ္မေတာ္သား တစ္ဦးေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာရရွိခဲ့တဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကုိသက္ႏိုင္က ေျပာျပပါမယ္။

ရခိုင္ျပည္နယ္အတြင္းက အမ္းၿမိဳ႕နယ္မွာ မေန႔က မနက္ပိုင္းက ရုတ္တရက္ ေလျပင္းတိုက္ခတ္တာေၾကာင့္ သစ္ပင္လဲက်ၿပီး ေလဆိပ္လံုၿခံဳေရးယူေနတဲ့ တပ္မေတာ္သား တစ္ဦး ေသဆံုးၿပီး ႏွစ္ဦးဒဏ္ရာ ရရွိခဲ့တယ္လို႔ အမ္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးကိုကိုျမတ္က ေျပာပါတယ္။

"မနက္ ၅ နာရီေလာက္မွာ ေလဆိပ္လံုၿခံဳေရး ကင္းေစာင့္ေနတဲ့ ရဲေဘာ္ သံုးေယာက္ တစ္ေယာက္ေသတယ္။ ႏွစ္ေယာက္ဒဏ္ရာရတယ္။ ဟုတ္တယ္ ေလဆိပ္လံုၿခံဳေရး ေစာင့္တဲ့ ေဘးနားမွာ သစ္ပင္ရွိတယ္။ သူတို႔သံုးေယာက္ တည့္တည့္ကို လဲက်တာ။"

ဒါအျပင့္ ေျမပံုၿမိဳ႕နယ္မွာလည္း မေန႔က မနက္ပိုင္းက မိုးသည္းထန္စြာ ရြာသြန္းၿပီး ေလျပင္းတိုက္ခတ္တာေၾကာင့္ စစ္ေရွာင္စခန္းေတြ ပ်က္စီးသြားသလို၊ စစ္ေဘးေရွာင္ေတြ ေနထိုင္ေရး အခက္ႀကံဳေတြ႔ေနရတယ္လို႔ စစ္ေရွာင္စခန္း တာဝန္ရွိသူေတြက ေျပာဆိုၾကပါတယ္။

အဲဒီထဲက ကိုင္းႀကီး စစ္ေရွာင္စခန္းဟာ လံုးဝပ်က္စီးသြားၿပီး စစ္ေရွာင္ေတြအေနနဲ႔ မိုးေရထဲမွာ ျဖစ္သလို ေနထိုင္ေနၾကရတယ္လို႔ ကိုင္းႀကီးစစ္ေရွာင္စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါတယ္။

"ေျမပံုၿမိဳ႕နယ္ ကိုင္းႀကီးစစ္ေရွာင္စခန္းက အကုန္လံုး ၿပိဳသြားတယ္ဗ်ာ။ ယာယီတဲေတြလည္း တစ္ခုမွ မက်န္ဘူးဗ်ာ။ အဲဒီေန႔ညကေတာ့ မိုးစိုထဲမွာပဲ စစ္ေရွာင္ေတြက အကုန္လံုး ေနရတယ္ဗ်ာ။ အခုေလာေလာဆယ္ကေတာ့ လက္တေလာ ေကာက္ရိုးမိုးေတြနဲ႔ပဲ ေနရတယ္ဗ်ာ။ လက္ရွိလည္း မိုးရြာေနတယ္။"

ေလျပင္းေၾကာင့္ အျခားစစ္ေရွာင္စခန္းေတြလည္း ထိခိုက္ခဲ့တယ္လို႔ ကိုေရႊစိုးက ေျပာပါတယ္။ ေျမပံုၿမိဳ႕နယ္အတြင္းမွာ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္စခန္း ၁၈ ခုရွိၿပီး စစ္ေရွာင္ဦးေရ ၃,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္။

"လူကေတာ့ ထိခိုက္ဒဏ္ရာရတာ မရွိဘူး။ ဒါေပမဲ့ စခန္းတစ္ခုလံုးကေတာ့ ဘာမွမက်န္ဘူးဗ်ာ။ စညင္းစစ္ေရွာင္စခန္းလည္း ၿပိဳသြားတယ္။ ၿပီးရင္ ကိုင္းႀကီး ၿပီးေတာ့ ရက္ေခ်ာင္းမွာလည္း ၿပိဳသြားတယ္ဗ်ာ။"

ဒါ့အျပင္ မေန႔က ေလးျပင္းတိုတ္ခတ္မႈမွာ အမ္းၿမိဳ႕နယ္အတြင္းက သလူေမာ္ေက်းရြာမွာလည္း ဘုန္းႀကီးေက်ာင္း ဓမၼာရံုတစ္ေဆာင္နဲ႔ အိမ္ေျခတစ္ဆယ္ေက်ာ္ေလာက္ ပ်က္စီးသြားတယ္လို႔ ေဒသခံေက်းရြာသားေတြက ေျပာၾကပါတယ္။

လက္ရွိရခိုင္ျပည္နယ္အတြင္းမွာရွိတဲ့ စစ္ေရွာင္စခန္းအမ်ားစုဟာ ဝါး၊ တာေဘာ္လိပ္ေတြ နဲ႔ ေဆာက္လုပ္ထားတဲ့ တဲေလးေတြ ျဖစ္တာေၾကာင့္ မိုးရြာသြန္းတာေတြ ေလးျပင္းတိုက္တာေတြကို ႀကံဳေတြ႔ေနရၿပီး စစ္ေရွာင္စခန္းမွာ ရွိတဲ့ စစ္ေရွာင္ေတြအေနနဲ႔ ေနထိုင္ဖို႔ခက္ခဲ့ေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမ်းနဲ့မြေပုံမှာ လေပြင်းတိုက်လို့ စစ်ရှောင်စခန်းတွေ ပျက်စီးပြီး တပ်မတော်သား ၁ ဦးသေဆုံး

အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တွေမှာ မနေ့က မနက်ပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်စခန်း တချို့နဲ့ နေအိမ်တွေ ပျက်စီးသွားသလို တပ်မတော်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်းက အမ်းမြို့နယ်မှာ မနေ့က မနက်ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်တာကြောင့် သစ်ပင်လဲကျပြီး လေဆိပ်လုံခြုံရေးယူနေတဲ့ တပ်မတော်သား တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောပါတယ်။

"မနက် ၅ နာရီလောက်မှာ လေဆိပ်လုံခြုံရေး ကင်းစောင့်နေတဲ့ ရဲဘော် သုံးယောက် တစ်ယောက်သေတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ ဟုတ်တယ် လေဆိပ်လုံခြုံရေး စောင့်တဲ့ ဘေးနားမှာ သစ်ပင်ရှိတယ်။ သူတို့သုံးယောက် တည့်တည့်ကို လဲကျတာ။"

ဒါအပြင့် မြေပုံမြို့နယ်မှာလည်း မနေ့က မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် စစ်ရှောင်စခန်းတွေ ပျက်စီးသွားသလို၊ စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

အဲဒီထဲက ကိုင်းကြီးစစ်ရှောင်စခန်းဟာ လုံးဝပျက်စီးသွားပြီး စစ်ရှောင်တွေအနေနဲ့ မိုးရေထဲမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့ ကိုင်းကြီးစစ်ရှောင်စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။

"မြေပုံမြို့နယ် ကိုင်းကြီးစစ်ရှောင်စခန်းက အကုန်လုံး ပြိုသွားတယ်ဗျာ။ ယာယီတဲတွေလည်း တစ်ခုမှ မကျန်ဘူးဗျာ။ အဲဒီနေ့ညကတော့ မိုးစိုထဲမှာပဲ စစ်ရှောင်တွေက အကုန်လုံး နေရတယ်ဗျာ။ အခုလောလောဆယ်ကတော့ လက်တလော ကောက်ရိုးမိုးတွေနဲ့ပဲ နေရတယ်ဗျာ။ လက်ရှိလည်း မိုးရွာနေတယ်။"

လေပြင်းကြောင့် အခြားစစ်ရှောင်စခန်းတွေလည်း ထိခိုက်ခဲ့တယ်လို့ ကိုရွှေစိုးက ပြောပါတယ်။ မြေပုံမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင်စခန်း ၁၈ ခုရှိပြီး စစ်ရှောင်ဦးရေ ၃,၀၀၀ ကျော်အထိ ရှိနေပါတယ်။

"လူကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဒါပေမဲ့ စခန်းတစ်ခုလုံးကတော့ ဘာမှမကျန်ဘူးဗျာ။ စညင်းစစ်ရှောင်စခန်းလည်း ပြိုသွားတယ်။ ပြီးရင် ကိုင်းကြီး ပြီးတော့ ရက်ချောင်းမှာလည်း ပြိုသွားတယ်ဗျာ။"

ဒါ့အပြင် မနေ့က လေးပြင်းတိုတ်ခတ်မှုမှာ အမ်းမြို့နယ်အတွင်းက သလူမော်ကျေးရွာမှာလည်း ဘုန်းကြီးကျောင်း ဓမ္မာရုံတစ်ဆောင်နဲ့ အိမ်ခြေတစ်ဆယ်ကျော်လောက် ပျက်စီးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောကြပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းအများစုဟာ ဝါး၊ တာဘော်လိပ်တွေ နဲ့ ဆောက်လုပ်ထားတဲ့ တဲလေးတွေ ဖြစ်တာကြောင့် မိုးရွာသွန်းတာတွေ လေးပြင်းတိုက်တာတွေကို ကြုံတွေ့နေရပြီး စစ်ရှောင်စခန်းမှာ ရှိတဲ့ စစ်ရှောင်တွေအနေနဲ့ နေထိုင်ဖို့ခက်ခဲ့နေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG