[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဒီကေန႔ စစ္ေဆးၿပီးသေလာက္ ဓာတ္ခဲြနမူနာ ၅၆၁ ခုမွာ COVID-19 အတည္ျပဳလူနာ တစ္ေယာက္ေတြ႕႐ွိတာေၾကာင့္ ဒီေန႔အထိ စုစုေပါင္း အတည္ျပဳလူနာ ၂၀၇ ေယာက္႐ွိသြားပါၿပီ။
အခု ေရာဂါပိုးေတြ႕႐ွိသူဟာ ဧရာဝတီတိုင္းေဒသႀကီး ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕နယ္က အသက္ ၄၄ ႏွစ္အ႐ြယ္ အမ်ဳိးသားျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ည ၈ နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
သူဟာ မေလး႐ွားႏိုင္ငံကေန ျပန္လာသူျဖစ္ၿပီး အသြားအလာကန္႔သတ္ ေစာင့္ၾကည့္ခံေနရသူ့ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ ေမလ ၂၇ ရက္နဲ႔ ၂၈ ရက္ေန႔ေတြမွာ ဓာတ္ခြဲခန္း အတည္ျပဳလူနာတေယာက္မွာ မေတြ႔ခဲ့ဘဲ ဒီေန႔မွာ ၁ ေယာက္ေတြ႔႐ွိတာျဖစ္ပါတယ္။ အခုေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ အတည္ျပဳလူနာသစ္ေတြဟာ ျပည္ပက ျပန္လာၾကသူေတြ မ်ားပါတယ္။
ဒီေန႔အတြက္ ရန္ကုန္ အမ်ဳိးသားက်န္းမာေရးဓာတ္ခြဲဌာနမွာ ပထမအသုတ္အျဖစ္ ဓာတ္ခြဲနမူနာ ၄၆၉ ခု၊ တပ္မေတာ္ အမွတ္ ၁ ေဆး႐ံုႀကီးမွာ ဓာတ္ခြဲနမူနာ ၉၂ ခု စုစုေပါင္း ၅၆၁ ခုကို စစ္ေဆးခဲ့တာျဖစ္ပါတယ္။
[Unicode Version]
မြန်မာ COVID-19 ကူးစက်သူ ၁ ယောက်ထပ်တိုး
မြန်မာနိုင်ငံမှာ ဒီကနေ့ စစ်ဆေးပြီးသလောက် ဓာတ်ခွဲနမူနာ ၅၆၁ ခုမှာ COVID-19 အတည်ပြုလူနာ တစ်ယောက်တွေ့ရှိတာကြောင့် ဒီနေ့အထိ စုစုပေါင်း အတည်ပြုလူနာ ၂၀၇ ယောက်ရှိသွားပါပြီ။
အခု ရောဂါပိုးတွေ့ရှိသူဟာ ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်က အသက် ၄၄ နှစ်အရွယ် အမျိုးသားဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သူဟာ မလေးရှားနိုင်ငံကနေ ပြန်လာသူဖြစ်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရသူ့ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ဓာတ်ခွဲခန်း အတည်ပြုလူနာတယောက်မှာ မတွေ့ခဲ့ဘဲ ဒီနေ့မှာ ၁ ယောက်တွေ့ရှိတာဖြစ်ပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ အတည်ပြုလူနာသစ်တွေဟာ ပြည်ပက ပြန်လာကြသူတွေ များပါတယ်။
ဒီနေ့အတွက် ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနမှာ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၄၆၉ ခု၊ တပ်မတော် အမှတ် ၁ ဆေးရုံကြီးမှာ ဓာတ်ခွဲနမူနာ ၉၂ ခု စုစုပေါင်း ၅၆၁ ခုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။