သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းကျပန္ဝင္လာသူေတြထဲ တစ္ရက္ ၃၀၀ ဝန္းက်င္ပဲ COVID-19 စစ္ေဆးႏုိင္


မဲဆိုင္အခ်ဳပ္ေထာင္မွာက်ေနတဲ့ ျမန္မာႏိုင္ငံသားမ်ားကုိ ျမန္မာဘက္ကကို ျပန္လည္လဲႊေျပာင္းတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔ - ေမ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ေမလ ၂၂ ရက္ေန႔ကစလို႔ ထိုင္းႏိုင္ငံနယ္စပ္ေဒသအသီးသီးကေန ေနရပ္ျပန္သူ လူ ၁၀,၀၀၀ ၀န္းက်င္ရွိသြားသလို အဲဒီအထဲ လူ ၁,၀၀၀ ေက်ာ္ COVID -19 ဓါတ္ခဲြနမူနာယူရလဒ္မွာ အားလံုး ေရာဂါပိုး မေတြ႔ဘူးဆိုတဲ့အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ထို္င္းႏိုင္ငံတြင္း COVID-19 အေရးေပၚကာလမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံသားေတြနဲ႔ ထိုင္းေထာင္ကေန အက်ဥ္းက်ျပီး ျပန္လြတ္လာသူေတြကို ေမလ၂၂ ရက္ညကစျပီး ေနရပ္ျပန္ခြင့္ေပးခဲ့တာပါ။ ျမ၀တီမဲေဆာက္နယ္စပ္ကေန ျပန္၀င္လာသူက ၈,၀၀၀ ေက်ာ္ရိွၿပီး အျခားနယ္စပ္ဂိတ္ေတြပါ ေပါင္းရင္ ၁၀,၀၀၀ ၀န္းက်င္ရိွသြားပါၿပီ။

ျမန္မာအလုပ္သမား အမ်ားဆံုးျပန္ေနၾကတဲ့ မဲေဆာက္ျမ၀တီလမ္း အေျခအေနကိုေတာ့ ကရင္ျပည္နယ္ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္ကေျပာပါတယ္။

ဒီထဲက ကိုဗစ္ေရာဂါပုိး စစ္ေဆးရာမွာေတာ့ လူ ၁,၀၀၀ ေလာက္စစ္ႏိုင္ခဲ့ၿပီး အားလံုးဟာ ေရာဂါပုိး မေတြ ့ရွိဘူးလို႔ ျမ၀တီခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေတဇာေအာင္က ဆိုပါတယ္။

ျပန္လာမယ့္ လူအားလံုးကို COVID-19 ဓါတ္ခဲြနမူနာယူစစ္ေဆးသြားဖို႔ ရိွေပမဲ့ လူအင္အားနဲ႔ စစ္ေဆးႏိုင္ေခ်အရ တရက္ကို လူ ၃၀၀ ၀န္က်င္းကိုပဲ ဓါတ္ခဲြ နမူနာယူႏိုင္ေသးတယ္လို႔ ဦးေတဇေအာင္က ေျပာပါတယ္။ ဒါေပမဲ့ ျပန္လာသူအားလံုး မျဖစ္မေန ဓါတ္ခဲြနမူနာယူစစ္မယ္လို႔ ေျပာပါတယ္။

ေဒသအသီးသီးက ျပန္လာၾကတဲ့ ျမန္မာအလုပ္သမားေတြဟာ ထုိင္းျမန္မာစီစဥ္ထားတဲ့ကားေတြနဲ႔ သာမက မိမိအစီစဥ္ေတြပါ ျပန္လာၾကတာမို႔ ေန႔စဥ္ အေရအတြက္က ပုိမ်ားလာေနၾကာင္း ဦးေတဇာေအာင္ကေျပာပါတယ္။

"ပံုမွန္သံရံုးအစီအစဥ္နဲ႔ေတာ့ ကား ၂၄ စီးထြက္တယ္။ ဒါေပမဲ့ မေန့က လူမျပည့္ဘူး။ ၃၃၉ ေယာက္ရွိတယ္။ အစားထုိးတာ ၂၃ ေယာက္ရွိတယ္။ ၅၀၀ မျပည့္ဘူး အားလံုး ၃၃၉ ရွိတယ္။ သူတို႔မွာလည္း ခရီးသြားမဲ့ အပုိင္းေလးေတြ ရွိတာေပါ့။ မေန႔က ၇,၈၁၅ ေယာက္ ဒီေန႔ မပါေသးဘူး။ ေလာေလာဆယ္ ၆၀၀ ေလာက္ေတာ့ စာရင္း၀င္ေနပါျပီ။ အၾကမ္းဖ်င္းကေတာ့ ၁,၀၀၀ ေက်ာ္ေတာ့ ရွိမယ္။"

နယ္စပ္အသီးသီးကျပန္ၾကသူေတြကို ကုိဗစ္ေရာဂါပုိး ဓါတ္ခဲြနမူနာယူစစ္ေဆးမႈမွာ လက္ရိွအားျဖင့္ စစ္ေဆးၿပီးသမွ် အားလံုး ေရာဂါပိုးမေတြ႔ရဘူးလို႔ ဦးေတဇာေအာင္ကေျပာပါတယ္။

"အခု စစ္ျပီသမ်ွကေတာ့ ပထမဆံုး ၂၂၅၊ လူ ၃၀၀တို ့ ေနာက္ ၁၆၉ တို႔ ၁၇၆ ေတာက္ေလွ်ာက္တို႔ အားလံုးလည္း negative ပါပဲ။ တေန႔ ၂၅၀၊ ၃၀၀ ေလာက္၀န္းက်င္ စစ္ႏိုင္တာ က်ေနာ္တို႔ ၂၃ ကေန ၂၆ အထိ စစ္တာ ၂၇ တို႔ ၂၈ တို႔ကေတာ့ စာရင္းမထြက္ေသးဘူး။ မရေသးဘူး။ ၁,၀၀၀ ေက်ာ္ေလာက္ေတာ့ စစ္ျပီးသြားျပီ။ အားလံု negative ပါပဲ။"

အခုဆိုရင္ သက္ဆုိင္ရာတိုင္းနဲ႔ ျပည္နယ္ေတြကို မျပန္ႏိုင္ေသးတဲ့သူေတြကို ကရင္ျပည္နယ္အတြင္မွာ လက္ခံျပီး ေစာင့္ၾကည့္စစ္ေဆးတာအျပင္ ထုိင္းအက်ဥ္းေထာင္အသီးသီးကေန လြတ္ေျမာက္ျပီး ေနရပ္ကို ျပည္နွင္ဒဏ္ေပးသူေတြလည္း ဒီရက္ပုိင္းအတြင္းမွာ ရွိတာမို႔ ဒီလူေတြကိုေတာ့ ေသခ်ာစီစစ္ျပီး ကိုဗစ္အျပင္ တျခားေရာဂါေတြကိုပါ စစ္ေဆးေနရတယ္လို႔ ဆိုပါတယ္။

"ကရင္ျပည္နယ္၊ ကခ်င္၊ ရခိုင္၊ ခ်င္း၊ ေနျပည္ေတာ္ဆုိရင္ က်ေနာ္တို႔ ပံုမွန္ထားတယ္။ အိုင္ဒီစီ လ၀က ထိမ္းသိမ္းေရးစခန္းကလာတဲ့သူေတြကုိေတာ့ က်ေနာ္တို႔ဆီမွာ ပံုမွန္ထားတယ္။ ေသခ်ာစစ္ေဆးျပီးမွသာ ထပ္ျပီးပို႔တယ္။ ဟုိတေလာက မေလးရွားနယ္စပ္မွာတရားမ၀င္ ၀င္ေရာက္လုိ႔ဆုိျပီး အိုင္ဒီစီမွာ positive ေတြ႔ေတာ့ က်ေနာ္တုိ႔ ႏိုင္ငံသား ၃၄ ေယာက္သြားေတြ႔တာကို အဲဒါကုိ က်ေနာ္တုိ႔က စိတ္ပူတာကိုး။"

အခုဆိုရင္ ထုိင္းအစုိးရဘက္ကလည္း သက္ဆိုင္ရာ နယ္ေျမေတြက က်န္မားေရးေထာက္ခံစာေတြပါတယ္ဆိုရင္ နယ္ေျမ တင္းက်ပ္မႈေတြကို အနည္းငယ္ေျဖေလ်ာ့ေပးတဲ့ ပံုစံေတြလည္း လုပ္လာပါတယ္။ သံရံုးအစီအစဥ္နဲ႔ လာဖို႔ေ၀းသူေတြအေနနဲ႔ သူတို႔အစီအစဥ္နဲ႔ နယ္ေျမကို ျဖတ္သန္းလာတဲ့အခါ ေနရပ္ျပန္ ျမန္မာေတြကို အဖမ္းအဆီးလုပ္တာေတြေတာ့သိပ္ မရွိေတာ့ပါဘူး။

ထုိင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ထက္မနည္း အလုပ္လုပ္ကုိင္ေနၾကတာျဖစ္ျပီး အခုကိုဗစ္ကာလမွာ ျမန္မာအလုပ္သမားေတြဟာ အလုပ္လက္မဲ့ျဖစ္တာအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ သိန္းဂဏန္းေလာက္ထိ ေနရပ္ျပန္ၾကလိမ့္မယ္လို႔ အလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းကပြန်ဝင်လာသူတွေထဲ တစ်ရက် ၃၀၀ ဝန်းကျင်ပဲ COVID-19 စစ်ဆေးနိုင်

မေလ ၂၂ ရက်နေ့ကစလို့ ထိုင်းနိုင်ငံနယ်စပ်ဒေသအသီးသီးကနေ နေရပ်ပြန်သူ လူ ၁၀,၀၀၀ ဝန်းကျင်ရှိသွားသလို အဲဒီအထဲ လူ ၁,၀၀၀ ကျော် COVID -19 ဓါတ်ခွဲနမူနာယူရလဒ်မှာ အားလုံး ရောဂါပိုး မတွေ့ဘူးဆိုတဲ့အကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ထိုင်းနိုင်ငံတွင်း COVID-19 အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းထောင်ကနေ အကျဉ်းကျပြီး ပြန်လွတ်လာသူတွေကို မေလ၂၂ ရက်ညကစပြီး နေရပ်ပြန်ခွင့်ပေးခဲ့တာပါ။ မြဝတီမဲဆောက်နယ်စပ်ကနေ ပြန်ဝင်လာသူက ၈,၀၀၀ ကျော်ရှိပြီး အခြားနယ်စပ်ဂိတ်တွေပါ ပေါင်းရင် ၁၀,၀၀၀ ဝန်းကျင်ရှိသွားပါပြီ။

မြန်မာအလုပ်သမား အများဆုံးပြန်နေကြတဲ့ မဲဆောက်မြဝတီလမ်း အခြေအနေကိုတော့ ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

ဒီထဲက ကိုဗစ်ရောဂါပိုး စစ်ဆေးရာမှာတော့ လူ ၁၀၀၀ လောက်စစ်နိုင်ခဲ့ပြီး အားလုံးဟာ ရောဂါပိုး မတွေ့ရှိဘူးလို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဆိုပါတယ်။

ပြန်လာမယ့် လူအားလုံးကို COVID-19 ဓါတ်ခွဲနမူနာယူစစ်ဆေးသွားဖို့ ရှိပေမဲ့ လူအင်အားနဲ့ စစ်ဆေးနိုင်ချေအရ တရက်ကို လူ ၃၀၀ ဝန်ကျင်းကိုပဲ ဓါတ်ခွဲ နမူနာယူနိုင်သေးတယ်လို့ ဦးတေဇအောင်က ပြောပါတယ်။ ဒါပေမဲ့ ပြန်လာသူအားလုံး မဖြစ်မနေ ဓါတ်ခွဲနမူနာယူစစ်မယ်လို့ ပြောပါတယ်။

ဒေသအသီးသီးက ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းမြန်မာစီစဉ်ထားတဲ့ကားတွေနဲ့ သာမက မိမိအစီစဉ်တွေပါ ပြန်လာကြတာမို့ နေ့စဉ် အရေအတွက်က ပိုများလာနေကြာင်း ဦးတေဇာအောင်ကပြောပါတယ်။

"ပုံမှန်သံရုံးအစီအစဉ်နဲ့တော့ ကား ၂၄ စီးထွက်တယ်။ ဒါပေမဲ့ မနေ့က လူမပြည့်ဘူး။ ၃၃၉ ယောက်ရှိတယ်။ အစားထိုးတာ ၂၃ ယောက်ရှိတယ်။ ၅၀၀ မပြည့်ဘူး အားလုံး ၃၃၉ ရှိတယ်။ သူတို့မှာလည်း ခရီးသွားမဲ့ အပိုင်းလေးတွေ ရှိတာပေါ့။ မနေ့က ၇,၈၁၅ ယောက် ဒီနေ့ မပါသေးဘူး။ လောလောဆယ် ၆၀၀ လောက်တော့ စာရင်းဝင်နေပါပြီ။ အကြမ်းဖျင်းကတော့ ၁,၀၀၀ ကျော်တော့ ဝင်မယ်။"

နယ်စပ်အသီးသီးကပြန်ကြသူတွေကို ကိုဗစ်ရောဂါပိုး ဓါတ်ခွဲနမူနာယူစစ်ဆေးမှုမှာ လက်ရှိအားဖြင့် စစ်ဆေးပြီးသမျှ အားလုံး ရောဂါပိုးမတွေ့ရဘူးလို့ ဦးတေဇာအောင်ကပြောပါတယ်။

"အခု စစ်ပြီသမျှကတော့ ပထမဆုံး ၂၂၅၊ လူ ၃၀၀တို့ နောက် ၁၆၉ တို့ ၁၇၆ တောက်လျှောက်တို့ အားလုံးလည်း negative ပါပဲ။ တနေ့ ၂၅၀၊ ၃၀၀ လောက်ဝန်းကျင် စစ်နိုင်တာ ကျနော်တို့ ၂၃ ကနေ ၂၆ အထိ စစ်တာ ၂၇ တို့ ၂၈ တို့ကတော့ စာရင်းမထွက်သေးဘူး။ မရသေးဘူး။ ၁,၀၀၀ ကျော်လောက်တော့ စစ်ပြီးသွားပြီ။ အားလုံ negative ပါပဲ။"

အခုဆိုရင် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်တွေကို မပြန်နိုင်သေးတဲ့သူတွေကို ကရင်ပြည်နယ်အတွင်မှာ လက်ခံပြီး စောင့်ကြည့်စစ်ဆေးတာအပြင် ထိုင်းအကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်ပြီး နေရပ်ကို ပြည်နှင်ဒဏ်ပေးသူတွေလည်း ဒီရက်ပိုင်းအတွင်းမှာ ရှိတာမို့ ဒီလူတွေကိုတော့ သေချာစီစစ်ပြီး ကိုဗစ်အပြင် တခြားရောဂါတွေကိုပါ စစ်ဆေးနေရတယ်လို့ ဆိုပါတယ်။

"ကရင်ပြည်နယ်၊ ကချင်၊ ရခိုင်၊ ချင်း၊ နေပြည်တော်ဆိုရင် ကျနော်တို့ ပုံမှန်ထားတယ်။ အိုင်ဒီစီ လဝက ထိမ်းသိမ်းရေးစခန်းကလာတဲ့သူတွေကိုတော့ ကျနော်တို့ဆီမှာ ပုံမှန်ထားတယ်။ သေချာစစ်ဆေးပြီးမှသာ ထပ်ပြီးပို့တယ်။ ဟိုတလောက မလေးရှားနယ်စပ်မှာတရားမဝင် ဝင်ရောက်လို့ဆိုပြီး အိုင်ဒီစီမှာ positive တွေ့တော့ ကျနော်တို့ နိုင်ငံသား ၃၄ ယောက်သွားတွေ့တာကို အဲဒါကို ကျနော်တို့က စိတ်ပူတာကိုး။"

အခုဆိုရင် ထိုင်းအစိုးရဘက်ကလည်း သက်ဆိုင်ရာ နယ်မြေတွေက ကျန်မားရေးထောက်ခံစာတွေပါတယ်ဆိုရင် နယ်မြေ တင်းကျပ်မှုတွေကို အနည်းငယ်ဖြေလျော့ပေးတဲ့ ပုံစံတွေလည်း လုပ်လာပါတယ်။ သံရုံးအစီအစဉ်နဲ့ လာဖို့ဝေးသူတွေအနေနဲ့ သူတို့အစီအစဉ်နဲ့ နယ်မြေကို ဖြတ်သန်းလာတဲ့အခါ နေရပ်ပြန် မြန်မာတွေကို အဖမ်းအဆီးလုပ်တာတွေတော့သိပ် မရှိတော့ပါဘူး။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ ထက်မနည်း အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး အခုကိုဗစ်ကာလမှာ မြန်မာအလုပ်သမားတွေဟာ အလုပ်လက်မဲ့ဖြစ်တာအပြင် အကြောင်းအမျိုးမျိုးကြောင့် သိန်းဂဏန်းလောက်ထိ နေရပ်ပြန်ကြလိမ့်မယ်လို့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG