သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူမှာ COVID-19 ကူးစက်သူ ၃၀,၀၀၀ ကျော်ပြီ


စကာၤပူရှိ Asia Square Tower ထဲ မဝင်ခင် လာရောက်သူတွေကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ ဝန်ထမ်း တချို့။ (မတ် ၁၆၊ ၂၀၂၀)
စကာၤပူရှိ Asia Square Tower ထဲ မဝင်ခင် လာရောက်သူတွေကို ကိုယ်အပူချိန်တိုင်းပေးနေတဲ့ ဝန်ထမ်း တချို့။ (မတ် ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

စင်ကာပူနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ရာနဲ့ချီရှိတာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ စုစုပေါင်း ၃၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

ဒီကနေ့ ရောဂါကူးစက်ခံရသူ ၆၁၂ ယောက်ထက်မနည်းရှိပြီး အဲဒီထဲက အများစုဟာ ပြည်ပကနေ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ နိုင်ငံခြားကနေ လာပြီး အလုပ်လုပ်ကြတဲ့သူတွေနေတဲ့ အဆောင်တွေမှာ ရောဂါကူးစက်မှုတွ နေ့စဉ် ရာနဲ့ချီ ရှိနေပြီး အခုဆိုရင် ရောဂါကူးစက်ခံရသူဟာ စုစုပေါင်း ၃၀,၄၂၆ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်ရှိပါတယ်။ စင်ကာပူရဲ့ နေ့စဉ်ရောဂါကူးစက်မှုနှုန်းဟာ အာရှမှာ အမြင့်ဆုံးတွေထဲကတခုဖြစ်ပါတယ်။

စင်ကာပူမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကတည်းကကျောင်းတွေ နဲ့ အလုပ်တွေအတော်များများကို ပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားအလုပ်သမားတွေနေတဲ့ အဆောင်တွေအပြင်ဘက်မှာ ကူးစက်မှုတွေက နည်းလာတာကြောင့် ကျောင်းတွေနဲ့အတူ တချို့စီးပွားရေးလုပ်ငန်းတွေကို ဇွန်လမှာပြန်ဖွင့်ဖို့အစီအစဉ်တွေကို အစိုးရက အခုတပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုန်ထုတ်လုပ်မှုနဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေလို ရောဂါကူးစက်မှုအန္တရာယ်နည်းတဲ့ လုပ်ငန်းတွေကို ပြန်ဖွင့်သွားမှာဖြစ်ပြီး လက်လီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုတော့ ဆက်ပြီးတော့ ပိတ်ထားမှာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

[Unicode Version]

စငျ်ကာပူမှာ COVID-19 ကူးစကျသူ ၃၀,၀၀၀ ကြောျပွီ





XS
SM
MD
LG