သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စင္ကာပူမွာ ကန္႔သတ္ခ်က္တခ်ဳိ႕ ေရွ႕သီတင္းပတ္ ေျဖေလွ်ာ့ေတာ့မယ္


စင္ကာပူတြင္ မ်က္ႏွာဖုံးဝတ္ဆင္ၿပီး ေဈးဝယ္ရန္ တန္းစီေနသူမ်ား။ (ဧၿပီ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

စင္ကာပူႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏုိ္င္ဖို႔ ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္တခ်ိဳ႕ကို ေရွ႕လာမယ့္ သီတင္းပတ္ေတြကစၿပီး ေျဖေလွ်ာ့ေပးသြားမွာ ျဖစ္တယ္လို႔ အာဏာပိုင္ေတြက ဒီေန႔ ေျပာလိုက္ပါတယ္။

ႏုိင္ငံျခားကေန လာအလုပ္လုပ္တဲ့သူေတြၾကားမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြ တုိးေနေပမယ့္လည္း တုိင္းျပည္ရဲ႕ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တခ်ိဳ႕စီပြားေရးလုပ္ငန္းေတြကို ေမလ ၁၂ ရက္ေန႔ကစၿပီး ျပန္ဖြင့္သြားမွာ ျဖစ္ပါတယ္။

အဲဒီထဲမွာ အိမ္ေတြမွာ အေျခစိုက္ၿပီးလုပ္တဲ့ စီးပြားေရးလုပ္ငန္းေတြ၊ စားေသာက္ကုန္ထုတ္လုပ္တဲ့ လုပ္ငန္းေတြ၊ လက္လီဆုိင္ေတြ၊ အ၀တ္ေလွ်ာ္ဆုိင္ေတြ၊ တိရစာၦန္အစာေရာင္းတဲ့ ဆုိင္ေတြနဲ႔ ဆံပင္ညႇပ္ဆုိင္ေတြ ပါ၀င္ပါတယ္။

ဒါ့အျပင္ တခ်ိဳ႕ေက်ာင္းသားေတြလည္း ေမလ ၁၉ ရက္ေန႔ကစၿပီး ေက်ာင္းျပန္တက္ရမွာျဖစ္ၿပီး ျပန္တက္တဲ့အခါမွာေတာ့ လူအနည္းငယ္နဲ႔ အုပ္စုေလးေတြဖဲြ႔ၿပီး တက္ရမွာ ျဖစ္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ စင္ကာပူမွာ ၿပီးခဲ့တဲ့ မတ္လကစၿပီး လူေတြကို ၂ လၾကာ အျပင္မထြက္ဘဲေနဖို႔ အမိန္႔ထုတ္ခဲ့တာျဖစ္ၿပီး ႐ုံးေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ပိတ္ခဲ့တာေၾကာင့္ စင္ကာပူဟာ ၅၅ ႏွစ္အတြင္းမွာ အဆုိးရြားဆုံး စီးပြားေရးက်ဆင္းမႈနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။

စင္ကာပူမွာ ဒီကေန႔ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၄၄၇ ေယာက္ရွိၿပီး ဒါဟာ ၂ ပတ္အတြင္း ေန႔စဥ္ကူးစက္မႈႏႈန္း အနည္းဆုံးျဖစ္ပါတယ္။ အမ်ားစုက အေဆာင္ေတြမွာေနၾကတဲ့ ႏုိင္ငံျခားက လာအလုပ္လုပ္ၾကတဲ့သူေတြ ျဖစ္တယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဒါေၾကာင့္ အခုဆုိရင္ စင္ကာပူမွာ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၁၇၅၄၈ ေယာက္နဲ႔ ေသဆုံးသူ ၁၆ ေယာက္ရွိသြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

စင်ကာပူမှာ ကန့်သတ်ချက်တချို့ ရှေ့သီတင်းပတ် ဖြေလျှော့တော့မယ်

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ရှေ့လာမယ့် သီတင်းပတ်တွေကစပြီး ဖြေလျှော့ပေးသွားမှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။

နိုင်ငံခြားကနေ လာအလုပ်လုပ်တဲ့သူတွေကြားမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးနေပေမယ့်လည်း တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တချို့စီပွားရေးလုပ်ငန်းတွေကို မေလ ၁၂ ရက်နေ့ကစပြီး ပြန်ဖွင့်သွားမှာ ဖြစ်ပါတယ်။

အဲဒီထဲမှာ အိမ်တွေမှာ အခြေစိုက်ပြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ လက်လီဆိုင်တွေ၊ အဝတ်လျှော်ဆိုင်တွေ၊ တိရစ္ဆာန်အစာရောင်းတဲ့ ဆိုင်တွေနဲ့ ဆံပင်ညှပ်ဆိုင်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် တချို့ကျောင်းသားတွေလည်း မေလ ၁၉ ရက်နေ့ကစပြီး ကျောင်းပြန်တက်ရမှာဖြစ်ပြီး ပြန်တက်တဲ့အခါမှာတော့ လူအနည်းငယ်နဲ့ အုပ်စုလေးတွေဖွဲ့ပြီး တက်ရမှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် စင်ကာပူမှာ ပြီးခဲ့တဲ့ မတ်လကစပြီးလူတွေကို ၂ လကြာ အပြင်မထွက်ဘဲနေဖို့ အမိန့်ထုတ်ခဲ့တာဖြစ်ပြီး ရုံးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ခဲ့တာကြောင့် စင်ကာပူဟာ ၅၅ နှစ်အတွင်းမှာ အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စင်ကာပူမှာ ဒီကနေ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၄၇ ယောက်ရှိပြီး ဒါဟာ ၂ ပတ်အတွင်း နေ့စဉ်ကူးစက်မှုနှုန်း အနည်းဆုံးဖြစ်ပါတယ်။ အများစုက အဆောင်တွေမှာနေကြတဲ့ နိုင်ငံခြားက လာအလုပ်လုပ်ကြတဲ့သူတွေ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါကြောင့် အခုဆိုရင် စင်ကာပူမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၇၅၄၈ ယောက်နဲ့ သေဆုံးသူ ၁၆ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG