သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါကစၥတန္မွာ တလအတြင္း ကုိဗစ္ကူးစက္သူ ၅၀၀% တုိး


Zawgyi/Unicode

ပါကစၥတန္ႏိုင္ငံတလႊားမွာ ၿပီးခဲ့တဲ့ တလအတြင္း ကိုရိုနာဗိုင္းရပ္စ္ပိုး အကူးစက္ခံရသူ အဆ ၅၀၀ ေလာက္ ျဖစ္သြားခဲ့ၿပီး ဗုဒၶဟူးေန႔ကေတာ့ လႊတ္ေတာ္အမတ္ ေနာက္ထပ္ ၂ ဦး ဒီေရာဂါ အကူးစက္ခံရၿပီး ေသဆံုးသြားခဲ့တယ္လို႔ ပါကစၥတန္က်န္းမာေရးတာဝန္ခံ ေတြက ေျပာပါတယ္။

လူဦးေရ သန္း ၂၂၀ ရွိတဲ့ ပါကစၥတန္မွာ ဒီကပ္ေရာဂါစတင္ျဖစ္ပြါးတဲ့ ေဖေဖၚဝါရီလ ေႏွာင္းပိုင္း ကစၿပီး ဒီေရာဂါနဲ႔ ေသဆံုးရသူ ၁၇၀၀ ေလာက္ရွိေနပါတယ္။ ဒီအထဲမွာ အမ်ိဳးသားနဲ႔ ခရိုင္အဆင့္ လႊတ္ေတာ္ ေတြက အမတ္ ၅ ေယာက္လည္း ပါေန ပါတယ္။

ဒီေရာဂါ အကူးစက္ခံရသူေပါင္း ရွစ္ ေသာင္းေက်ာ္ ရွိေနၿပီး ဒီအထဲမွာ ဝန္ႀကီး နဲ႔ လႊတ္ေတာ္အမတ္ အမ်ားအျပား ပါေနတယ္လို႔ က်န္းမာေရးအရာရွိေတြက အတည္ျပဳ ေျပာၾကားပါတယ္။

ပါကစၥတန္ႏိုင္ငံက လူဦးေရထူထပ္တဲ့ ပန္ဂ်ပ္ခရိုင္မွာ ဒီေရာဂါပိုး အကူးစက္ခံရသူ အမ်ားဆံုးျဖစ္ၿပီး တရားဝင္ စစ္တမ္းအရ ဆိုရင္ ခရိုင္ၿမိဳ႕ေတာ္ Lahore မွာ လူေပါင္း ၇ သိန္းေလာက္ အကူးစက္ခံ ေနရတယ္လုိ႔ ေဖၚျပပါတယ္။ ပါကစၥတန္က ဒုတိယ အႀကီးဆံုးၿမိဳ႕ႀကီးလည္း ျဖစ္တဲ့ အဲဒီၿမိဳ႕မွာ လူေပါင္း ၁၂ သန္းေလာက္ ေနထိုင္တာ ျဖစ္ၿပီး ေစ်းေတြ၊ အလုပ္ေနရာေတြနဲ႔ လူေနရပ္ကြက္ ဘယ္ေနရာမွာမွ ဒီေရာဂါ နဲ႔ ကင္းတာ မေတြ႔ရဘူးလို႔ ေတြ႔ရွိခဲ့တာပါ။ အခုလို စစ္တမ္းေကာက္ယူတာဟာ လာမယ့္ သီတင္းပတ္ေတြ အတြင္း ဒီေရာဂါတိုးလာမယ့္ အေျခေန ဘယ္ေလာက္ရွိမယ္ ဆိုတာကို အစိုးရတြက္ခ်က္ေနတာ အတြက္ အေထာက္အကူရေစမယ္လို႔ ခရိုင္ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

အခုလို ေရာဂါကူးစက္မႈ ႏႈန္းရုတ္တရက္ တိုးလာေနတာ ေတြ႔ေနရ ေပမယ့္လည္း ဒီေရာဂါ မျပန္႔ပြါးေအာင္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အသြားအလာ လံုးဝပိတ္ပင္ဖို႔ ကိစၥကို ဝန္ႀကီးခ်ဳပ္ Imran Khan လက္မခံပါဘူး။ ႏိုင္ငံတလႊားက ဆင္းရဲတြင္းနက္ေနသူေတြ အတြက္ အေရးေပၚ အစီအစဥ္နဲ႔ ႏိုင္ငံသား ၁၂ သန္းအတြက္ တိုက္ရိုက္ ေငြခ်ေပးတာကို Khan အစိုးရက လုပ္ေဆာင္ေပးခဲ့တာပါ။ ဒါေပမယ့္ လူဦးေရ သန္း ၁၅၀ ရွိတဲ့ ပါကစၥတန္ႏုိင္ငံအတြက္ ဒီလို ေပးတာကို လအနည္းငယ္ပဲ တတ္ႏိုင္ေတာ့မွာ ျဖစ္တဲ့ အတြက္ စီးပြါးေရး လုပ္ငန္းေတြ ျပန္လုပ္ခြင့္ ေပးဖို႔ လိုတယ္လို႔အဂၤါေန႔မွာပဲ ဝန္ႀကီးခ်ဳပ္က ရုပ္သံမိန္႔ခြန္းမွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]


ပါကစ္စတန်နိုင်ငံတလွှားမှာ ပြီးခဲ့တဲ့ တလအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရသူ အဆ ၅၀၀ လောက် ဖြစ်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ကတော့ လွှတ်တော်အမတ် နောက်ထပ် ၂ ဦးဒီရောဂါ အကူးစက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ပါကစ္စတန်ကျန်းမာရေးတာဝန်ခံ တွေက ပြောပါတယ်။

လူဦးရေ သန်း ၂၂၀ ရှိတဲ့ ပါကစ္စတန်မှာ ဒီကပ်ရောဂါစတင်ဖြစ်ပွါးတဲ့ ဖေဖေါ်ဝါရီလ နှောင်းပိုင်း ကစပြီး ဒီရောဂါနဲ့ သေဆုံးရသူ ၁၇၀၀ လောက်ရှိနေပါတယ်။ ဒီအထဲမှာ အမျိုးသားနဲ့ ခရိုင်အဆင့် လွှတ်တော် တွေက အမတ် ၅ ယောက်လည်း ပါနေ ပါတယ်။

ဒီရောဂါ အကူးစက်ခံရသူပေါင်း ရှစ် သောင်းကျော် ရှိနေပြီး ဒီအထဲမှာ ဝန်ကြီး နဲ့ လွှတ်တော်အမတ် အများအပြား ပါနေတယ်လို့ ကျန်းမာရေးအရာရှိတွေက အတည်ပြု ပြောကြားပါတယ်။

ပါကစ္စတန်နိုင်ငံက လူဦးရေထူထပ်တဲ့ ပန်ဂျပ်ခရိုင်မှာ ဒီရောဂါပိုး အကူးစက်ခံရသူ အများဆုံးဖြစ်ပြီး တရားဝင် စစ်တမ်းအရ ဆိုရင် ခရိုင်မြို့တော် Lahore မှာ လူပေါင်း ၇ သိန်းလောက် အကူးစက်ခံ နေရတယ်လို့ ဖေါ်ပြပါတယ်။ ပါကစ္စတန်က ဒုတိယ အကြီးဆုံးမြို့ကြီးလည်း ဖြစ်တဲ့ အဲဒီမြို့မှာ လူပေါင်း ၁၂ သန်းလောက် နေထိုင်တာ ဖြစ်ပြီး ဈေးတွေ၊ အလုပ်နေရာတွေနဲ့ လူနေရပ်ကွက် ဘယ်နေရာမှာမှဒီရောဂါ နဲ့ ကင်းတာ မတွေ့ရဘူးလို့ တွေ့ရှိခဲ့တာပါ။ အခုလို စစ်တမ်းကောက်ယူတာဟာ လာမယ့် သီတင်းပတ်တွေ အတွင်း ဒီရောဂါတိုးလာမယ့် အခြေနေ ဘယ်လောက်ရှိမယ် ဆိုတာကို အစိုးရတွက်ချက်နေတာ အတွက် အထောက်အကူရစေမယ်လို့ ခရိုင် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အခုလို ရောဂါကူးစက်မှု နှုန်းရုတ်တရက် တိုးလာနေတာ တွေ့နေရ ပေမယ့်လည်း ဒီရောဂါ မပြန့်ပွါးအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ အသွားအလာ လုံးဝပိတ်ပင်ဖို့ ကိစ္စကို ဝန်ကြီးချုပ် Imran Khan လက်မခံပါဘူး။ နိုင်ငံတလွှားက ဆင်းရဲတွင်းနက်နေသူတွေ အတွက် အရေးပေါ် အစီအစဉ်နဲ့ နိုင်ငံသား ၁၂ သန်းအတွက် တိုက်ရိုက် ငွေချပေးတာကို Khan အစိုးရက လုပ်ဆောင်ပေးခဲ့တာပါ။ ဒါပေမယ့် လူဦးရေ သန်း ၁၅၀ ရှိတဲ့ ပါကစ္စတန်နိုင်ငံအတွက် ဒီလို ပေးတာကို လအနည်းငယ်ပဲ တတ်နိုင်တော့မှာ ဖြစ်တဲ့ အတွက် စီးပွါးရေး လုပ်ငန်းတွေ ပြန်လုပ်ခွင့် ပေးဖို့ လိုတယ်လို့အင်္ဂါနေ့မှာပဲ ဝန်ကြီးချုပ်က ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

#Covid-19 / #Covid / #Coronavirus / #Pakistan / #CovidInfections

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG