သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုလအတြင္းေရးမွဴးခ်ဳပ္ ပါကစၥတန္ေရာက္ရွိ


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres.

(Zawgyi / Unicode)

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ပါကစၥတန္ သံုးရက္ၾကာခရီးကို တနဂၤေႏြေန႔မွာ စတင္လုိက္ၿပီး စစ္ဒဏ္သင့္ အာဖဂန္နစၥတန္က သန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို ဆက္ၿပီးလက္ခံထားတဲ့ ႏုိင္ငံေတြအတြက္ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းက ပံ့ပိုးၾကဖို႔လည္း တိုက္တြန္းလုိက္ပါတယ္။

အိႏၵိယနဲ႔ ပါကစၥတန္ၾကားမွာ ကက္ရွ္မီးယားေဒသအေရးနဲ႔ ပတ္သက္ၿပီး တင္းမာမႈေတြ ေလ်ာ့က်ေစေရးကိုလည္း ကုလသမဂၢ အႀကီးအကဲက ေျပာဆိုၿပီး အျငင္းပြားေနတဲ့ မြတ္စလင္အမ်ားစု ေနထုိင္ရာ ေဒသတြင္းမွာ အိႏိၵယ အာဏာပိုင္ေတြဘက္က လူ႔အခြင့္အေရးကို အျပည့္အ၀ ေလးစားလိုက္နာဖို႔ မလြဲမေသြ လိုအပ္တယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ပါကစၥတန္ၿမိဳ႕ေတာ္ အစၥလာမၼာဘတ္မွာ ပါကစၥတန္ ေခါင္းေဆာင္ေတြနဲ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ ေတြ႔ဆံုေဆြးေႏြးမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ ပါကစၥတန္ဘက္က အာဖဂန္ဒုကၡသည္ေတြကို ဆယ္စုႏွစ္ ၄ ခု ေထာက္ပံ့ေပးခဲ့မႈ အထိမ္းအမွတ္အျဖစ္ တနလၤာေန႔ က်င္းပမယ့္ ႏုိင္ငံတကာ ညီလာခံမွာလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ မိန္႔ခြန္းေျပာမွာ ျဖစ္ပါတယ္။

ပါကစၥတန္ဟာ ျပည္တြင္းမွာ စိန္ေခၚခ်က္ အခက္အခဲေတြ၊ ေနာက္ ႏုိင္ငံတကာ အသိုင္းအ၀ိုင္းရဲ႕ ေထာက္ပံ့မႈ အလံုအေလာက္ မရခဲ့ေပမယ့္ အာဖဂန္ ဒုကၡသည္ေတြကို ႏွစ္ေပါင္း ၄၀ လက္ခံခဲ့ၿပီး ဒါဟာဆိုရင္ ကမၻာေပၚမွာ ဒုတိယေျမာက္ ဒုကၡသည္အမ်ားဆံုး လက္ခံခဲ့တာလည္း ျဖစ္တယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

အာဖဂန္ႏုိင္ငံကေန ထြက္ေျပးၿပီး ျပည္ပမွာ ဒုကၡသည္အျဖစ္ မွတ္ပံုတင္ထားသူ ၂ ဒသမ ၇ သန္း အပါအ၀င္ အာဖဂန္ဒုကၡသည္ ၄ ဒသမ ၆ သန္း ရွိမယ္လို႔ ကုလသမဂၢက ခန္႔မွန္းထားပါတယ္။ ဒီထဲက ၉၀ ရာခိုင္ႏႈန္းကို ပါကစၥတန္နဲ႔ အီရန္တို႔က လက္ခံထားတာ ျဖစ္ပါတယ္။

-------------------------------------

(Unicode)

ကုလအတွင်းရေးမှူးချုပ် ပါကစ္စတန်ရောက်ရှိ

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပါကစ္စတန် သုံးရက်ကြာခရီးကို တနင်္ဂနွေနေ့မှာ စတင်လိုက်ပြီး စစ်ဒဏ်သင့် အာဖဂန်နစ္စတန်က သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ဆက်ပြီးလက်ခံထားတဲ့ နိုင်ငံတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပံ့ပိုးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ ကက်ရှ်မီးယားဒေသအရေးနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ လျော့ကျစေရေးကိုလည်း ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုပြီး အငြင်းပွားနေတဲ့ မွတ်စလင်အများစု နေထိုင်ရာ ဒေသတွင်းမှာ အိန္ဒိယ အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးကို အပြည့်အ၀ လေးစားလိုက်နာဖို့ မလွဲမသွေ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်မှာ ပါကစ္စတန် ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပါကစ္စတန်ဘက်က အာဖဂန်ဒုက္ခသည်တွေကို ဆယ်စုနှစ် ၄ ခု ထောက်ပံ့ပေးခဲ့မှု အထိမ်းအမှတ်အဖြစ် တနင်္လာနေ့ ကျင်းပမယ့် နိုင်ငံတကာ ညီလာခံမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ပါကစ္စတန်ဟာ ပြည်တွင်းမှာ စိန်ခေါ်ချက် အခက်အခဲတွေ၊ နောက် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ပံ့မှု အလုံအလောက် မရခဲ့ပေမယ့် အာဖဂန် ဒုက္ခသည်တွေကို နှစ်ပေါင်း ၄၀ လက်ခံခဲ့ပြီး ဒါဟာဆိုရင် ကမ္ဘာပေါ်မှာ ဒုတိယမြောက် ဒုက္ခသည်အများဆုံး လက်ခံခဲ့တာလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အာဖဂန်နိုင်ငံကနေ ထွက်ပြေးပြီး ပြည်ပမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၂ ဒသမ ၇ သန်း အပါအဝင် အာဖဂန်ဒုက္ခသည် ၄ ဒသမ ၆ သန်း ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ဒီထဲက ၉၀ ရာခိုင်နှုန်းကို ပါကစ္စတန်နဲ့ အီရန်တို့က လက်ခံထားတာ ဖြစ်ပါတယ်။

ကုလအတြင္းေရးမွဴးခ်ဳပ္ ပါကစၥတန္ေရာက္ရွိ
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG